တပ္မေတာ္ မရွိလွ်င္ ဘာျဖစ္သြားမလဲ…? ( သို႕ ) တပ္မေတာ္ ရွိလွ်က္ႏွင့္ ဘာမ်ားျဖစ္ခဲ့ သနည္း..?

တပ္မေတာ္ ရွိလွ်က္ႏွင့္ ဘာမ်ားျဖစ္ခဲ့ သ နည္း…?

တပ္မေတာ္ မရွိလွ်င္ ဘာျဖစ္သြား မလဲ ဟူေသာ အေျပာ အဆိုမ်ိဳးက ၁၉၈၈ ေနာက္ပိုင္း တြင္ က်ယ္ေလာင္စြာ ေျပာဆိုျခင္းမ်ား ကို ၾကားလာခဲ့ ရသည္။ တပ္မေတာ္သာ အမိ တပ္မေတာ္သာ အဖ ဟုပင္ ဆိုင္းဘုတ္မ်ား နိုင္ငံ အႏွံ႕ စိုက္ထူ ခဲ့ၾကသည္။

ဤသည္ မွာ အိုးမလုံ အုံပြင့္ေနၾကသူမ်ား ၏ ယခုတိုင္ မရိုးနိုင္ေသးေသာ ဓါတ္ျပား aဟာင္းႀကီးပင္ ျဖစ္သည္။ တကယ္ တမ္းသာ ဓါတ္ျပားတခ်ပ္ ျဖစ္ခဲ့မည္ ဆိုလွ်င္ တဂ်စ္ဂ်စ္ ႏွင့္ပင္ အသံျမည္ေန ေလာက္ၿပီ ျဖစ္သည္။

ျမန္မာျပည္ တြင္ မည္သူတစ္ဦးတေယာက္ကမွ် တပ္မေတာ္ကို ဖ်က္သိမ္းေပးပါ ဟု မေတာင္းဆိုၾကေပ။ သို႔ေသာ္ တပ္မေတာ္ မရွိရ ဟု ေျပာဆိုေနသေယာင္ စကားလုံးမ်ားသည္ လိမ္ညာ ဝါဒျဖန႔္ေနၾကျခင္းသာ ျဖစ္သည္။

ျပည္သူမ်ား ေတာင္းဆိုေနၾက သည္ မွာ ျပည္သူ႕အက်ိဳး ကို ဦးထိပ္ထားေသာ တပ္မေတာ္၊ နိုင္ငံေတာ္ ကာကြယ္ေရး အတြက္ အားထားရေသာ တပ္မေတာ္ အျဖစ္ ျပဳျပင္ ေျပာင္းလဲေပးေရးကိုသာ တစိုက္ မတ္မတ္ ေတာင္းဆိုေနၾကျခင္း ျဖစ္သည္။ ထိုသို႔ ျပဳျပင္ေျပာင္းလဲရန္ လုပ္ပိုင္ခြင့္အာဏာ ရွိပါလွ်က္ ႏွင့္ မိမိတို႔ အက်ိဳးစီးပြားကို ကာကြယ္ရန္ အတြက္ လက္ကိုင္တုတ္ အျဖစ္ အသုံးခ်ေနၾကသူမ်ား ကိုသာ ေဝဖန္ ျပစ္တင္ ေနၾကျခင္း ျဖစ္သည္။

တပ္မေတာ္သည္ ဗိုလ္ေနဝင္း၏ အာဏာရွင္ စနစ္ေအာက္ တြင္ တိုင္းျပည္မွာ အဆင္းရဲဆုံး နိုင္ငံ အျဖစ္ ဗုန္းဗုန္းလဲက် လာေနသည္ ကို မိန႔္မိန႔္ႀကီး ထိုင္ၾကည့္ေနခဲ့ၾကသည္။ မည္သို႔မွ် ဟန႔္တား ေျပာဆိုခဲ့ျခင္း မရွိေ ပ။

တပ္မေတာ္ ရွိလွ်က္ႏွင့္ ဘာမ်ားျဖစ္ခဲ့ သနည္း..?

နိုင္ငံသည္ ၁၉၈၈ မတိုင္မီ တြင္ ျပည္ပ ေႂကြးၿမီ ေဒၚလာ ၃.၅ ဘီလီယံ ရွိေနသည္ ။ နိုင္ငံျခား အရံေငြ သည္ ေဒၚလာ သန္း ၂၀ မွ ၃၅ သန္းအၾကား သာ ရွိေတာ့ သည္ ။ တိုင္းျပည္ ဝင္ေငြ၏ တဝက္ခန႔္ကို ျပည္ပေႂကြးၿမီမ်ား အတြက္ အတိုးေပးရန္ သုံးစြဲေနရသည့္ အေနအထား ျဖစ္လာသည္။ က်န္သည့္ ေငြမ်ားထဲမွ လက္နက္မ်ား ဝယ္ယူၾကရျပန္သည္။ နိုင္ငံ ဖြံ႕ၿဖိဳးေရး အတြက္ ဘာမ်ား က်န္ေပဦးေတာ့ မည္နည္း။ ျပည္တြင္းလည္ပတ္ေငြမ်ားကို ပုံႏွိပ္စက္မ်ားျဖင့္ လိုသေလာက္ ရိုက္ႏွိပ္ထုတ္ေဝခဲ့ၾကရာမွ ကိုယ့္ရႉးကိုယ္ပတ္ၿပီး ေငြစကၠဴမ်ား တရားမဝင္ ရပ္ဆိုင္းသည္ ဆိုကာ ျပည္သူတို ႔၏ ပင္ပန္းႀကီးစြာ ရွာေဖြခဲ့ရေ သာ ေခြၽးႏွဲစာမ်ား ကို ၁၉၈၇ စက္တင္ဘာလ တြင္ ျပန္လည္ လုယူခဲ့ၾကသည္။

ထိုအေန အထား တြင္ ငတ္တလွည့္ ျပတ္တလွည့္ ျဖစ္လာေနေသာ ျပည္သူမ်ားက တပ္မေတာ္ႀကီး ရွိေနပါလွ်က္ႏွင့္ အားကိုး၍ မရမွန္း သိလာၾကသည့္အခါ မိမိတို႔ လူခ်င္းတူတူ သူခ်င္း မွ်မွ် ေနနိုင္ေရးအတြက္ မိမိတို႔ဖာသာ ႐ုန္းကန္တိုက္ပြဲ ဝင္မွ ျဖစ္ေတာ့မည္ကို သေဘာေပါက္လာခဲ့ၾကသည္။ မိမိတို႔ အသက္ဆက္ ရပ္တည္နိုင္ေရး အတြက္ တိုက္ပြဲဝင္ရန္ ႀကံေနၾကေသာ အခ်ိ န္တြင္ တခါက မိမိတို႔ နိုင္ငံကို အားက်စိတ္ျဖင့္ ႀကိဳးစားခဲ့ေသာ ကြၽန္းနိုင္ငံငယ္ေလး ျဖစ္သည့္ စကၤာပူသည္ ပထမဆုံး ေျမေအာက္ အျမန္ မီးရထားကို ၁၉၈၇ နိုဝင္ဘာ ၇ ရက္ေန႕ တြင္ စတင္ေျပးဆြဲနိုင္ခဲ့ၿပီ ျဖစ္သည္။

ေအာက္ပါ အျဖစ္အပ်က္မ်ားမွာ ျမန္မာ တိုင္းရင္းသား တို႔ သည္ ၎တို႔၏ လည္ၿမိဳကို ႏွစ္ေပါင္း ၂၆ ႏွစ္ၾကာ တက္နင္းထားခဲ့ေသာ စစ္ဖိနပ္ေအာက္မွ ႐ုန္းကန္ လႈပ္ရွားခဲ့မႈႀကီး ၏ မွတ္တမ္းမ်ားပင္ ျဖစ္ေတာ့ သည္ ။

မတ္လ ၁၂၊ ၁၉၈၈

ရန္ကုန္ စက္မႈ တကၠသိုလ္ အနီး လၻက္ရည္ဆိုင္တြင္ ေက်ာင္းသား မ်ား ႏွင့္ ၿမိဳ႕နယ္ အာဏာပိုင္ တို႔၏ ပတ္သက္ရာ ပတ္သက္ေၾကာင္း လူႀကီး သား မ်ားႏွင့္ ခိုက္ရန္ ျဖစ္ပြားလာ ခဲ့သည္ ။ ေက်ာင္းသားမ်ားကို တုတ္ဓါးမ်ားႏွင့္ ရိုက္ႏွက္ခဲ့ၾကရာ ထိုသူမ်ားအားမည္သို႔မွ် အေရးမယူခဲ့မႈအေပၚ မေက်နပ္ေသာ ေက်ာင္းသားတို႔၏ ဆႏၵျပပြဲမ်ား ျဖစ္ေပၚလာခဲ့ရာမွ ေနာက္တေန႕တြင္ လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ား ၏ ပစ္ခတ္မႈေၾကာင့္ စက္မႈ တကၠသိုလ္ ေက်ာင္းသား ကိုဘုန္းေမာ္ ပြဲခ်င္းၿပီးေသဆုံးကာ မၾကာမီအတြင္းမွာပင္ ကိုစိုးနိုင္ဆိုသူသည္ ေသနတ္ဒဏ္ရာႏွင့္ ေဆး႐ုံႀကီးတြင္ ကြယ္လြန္ သြားခဲ့ရသည္။

မတ္လ ၁၆ ၊ ၁၉၈၈

ထိုသို႔ အၾကမ္းဖက္ႏွိပ္ ကြပ္မႈမ်ားေၾကာင့္ ဆႏၵျပပြဲမ်ားသည္ ရန္ကုန္ တကၠသိုလ္ သို႔ ပ်ံ့ႏွံ႕လာခဲ့ရာမွ အင္ယားကန္အနီး တံတားျဖဴတြင္ ေက်ာင္းသား မ်ား ဒါဇင္ႏွင့္ ခ်ီ၍ အသတ္ခံခဲ့ၾကရၿပီး ရာေပါင္းမ်ားစြာ အဖမ္းခံခဲ့ၾက ရသည္။ တံတားျဖဴ သည္လည္း တံတားနီ အျဖစ္ ထင္ရွားလာၿပီး၊ တကၠသိုလ္ႏွင့္ အေျခခံ ပညာေက်ာင္းမ်ားကို ပိတ္ျပစ္ခဲ့ၾကသည္။ အဖမ္းခံရေသာ ေက်ာင္းသူ အခ်ိဳ႕ မွာ ေထာင္တြင္း တြင္ အဓမၼျပဳက်င့္ခံခဲ့ရသည္ ဟူေသာ စြပ္စြဲခ်က္မ်ား ထြက္ေပၚလာခဲ့သည္။

တပ္မေတာ္ ရွိလွ်က္ႏွင့္ ဘာမ်ားျဖစ္ခဲ့ သနည္း..?

ဇြန္လ၊ ၁၉၈၈

ေက်ာင္းမ်ား ျပန္လည္ ဖြင့္လွစ္ၿပီးေနာက္ ဆႏၵျပပြဲ မ်ား ဆယ္ရက္ခန႔္ ဆက္လက္ ျဖစ္ပြားခဲ့ျပန္သည္။ ထိုအခ်ိန္တြင္ ေက်ာင္းသား ေခါင္းေဆာင္ မင္းကိုနိုင္ ႏွင့္ မိုးသီးဇြန္တို႔ ထြက္ေပၚလာခဲ့ၿပီ ျဖစ္ သည္ ။

ဇူလိုင္ ၂၃ ၊ ၁၉၈၈

ဦးေနဝင္းသည္ ျမန္မာ့ ဆိုရွယ္လစ္ ပါတီ ဥကၠဌ ရာထူးမွ ႏႈတ္ထြက္ေၾကာင္းကို တိုင္းျပည္သို႔ အသံလႊင့္ ေၾကျငာသြားခဲ့ၿပီး ဆႏၵျပသူမ်ားကို “တပ္မေတာ္” မွ ထိေအာင္ တည့္တည့္ပစ္ကာ ႏွိမ္ႏွင္းသြားမ ည္ဟု ပါ ထည့္သြင္း ႀကိမ္းေမာင္းသြား ခဲ့သည္ ။ ထိုမိန႔္ခြန္းထဲ မွာပင္ ပါတီစုံ စနစ္ က်င့္သုံးေရး အတြက္ လူထုဆႏၵခံယူပြဲ က်င္းပရန္ အဆိုျပဳလာခဲ့သည္။

ဇူလိုင္ ၂၉ ၊ ၁၉၈၈

၁၉၆၂ ရန္ကုန္ တကၠသိုလ္ ေက်ာင္းသား အမ်ားအျပား ေသြးေျမ က်ခဲ့မႈ၏ လက္သည္ တရားခံ ျဖစ္ေသာ ဦးစိန္လြင္ အား ပါတီဥကၠဌ ရာထူးတြင္ ခန႔္အပ္လိုက္ျခင္းျဖင့္ လူထု၏ ေဒါသသည္ အထြတ္ အထိပ္ သို႔ ေရာက္လာခဲ့ရၿပီး အေထြေထြ သပိတ္တိုက္ ပြဲႀကီး ဆင္ႏႊဲရန္ အရွိန္ရလာခဲ့သည္။

ဩဂုတ္ ၃ ၊ ၁၉၈၈

လူငါးဦးထက္ ပိုမစုရဟူေ သာ မာရွယ္ေလာ အမိန႔္ကို အစိုးရမွ ထုတ္ျပန္လိုက္သည္။

ဩဂုတ္ ၆ ၊ ၁၉၈၈

ေက်ာင္းသား ေခါင္းေဆာင္ ကိုေဌးႂကြယ္မွ ႏွစ္ရက္အတြင္း နိုင္ငံတဝွမ္း အေထြေထြ သပိတ္ႀကီး စတင္ေတာ့မည္ ျဖစ္ေၾကာင္း ဘီဘီစီသို႔ ထုတ္ေဖၚ ေျပာဆိုခဲ့သည္။

ဩဂုတ္ ၈ ၊ ၁၉၈၈

လူထု အင္အား သိန္း သန္း ခ်ီေသာ အေထြေထြ သပိတ္တိုက္ပြဲႀကီးသည္ နိုင္ငံ အႏွံ႕ စတင္လာခဲ့ၿပီ ျဖစ္သည္။ ထိုညမွာပင္ “တပ္မေတာ္” မွ ရန္ကုန္ ၿမိဳ႕ေတာ္ ခမ္းမေရွ႕တြင္ ဆႏၵျပသူမ်ား ကို ေသနတ္ မ်ားျဖင့္ ပစ္ခတ္ ႏွိမ္ႏွင္းလာခဲ့သည္။ ထိုအခ်ိန္မွစ၍ သပိတ္တိုက္ပြဲႀကီးသည္ ေန႕စဥ္လို ဆက္တိုက္ ျဖစ္လာေနသည္။

ဩဂုတ္ ၁၀ ၊ ၁၉၈၈

“တပ္မေတာ္” မွ ရန္ကုန္ေဆး႐ုံႀကီး ထဲသို႔ စတင္ ပစ္ခတ္ တိုက္ခိုက္လာ၍ ဆရာဝန္မ်ား၊သူနာျပဳမ်ား ထိမွန္ေသဆုံးခဲ့ၾကရျပန္သည္။

ဩဂုတ္ ၁၂၊ ၁၉၈၈

ဦးစိန္လြင္သည္ မည္ သည့္ အေၾကာင္းျပခ်က္မွ မေပးပဲ ရာထူးမွ ႏႈတ္ထြက္သြားခဲ့သည္။ ၎သည္ ပါတီဥကၠဌ အျဖစ္ ၁၄ ရက္သာ ခံခဲ့သည္။

ဩဂုတ္ ၁၉ ၊ ၁၉၈၈

အရပ္သား ပညာတတ္ ေဒါက္တာ ေမာင္ေမာင္ အား သမၼတ အျဖစ္ ခန႔္အပ္လိုက္သည္။

ဩဂုတ္ ၂၄ ၊ ၁၉၈၈

ေဒၚေအာင္ဆန္းစုၾကည္ သည္ ေသြးေျမက်ခဲ့ရေသာ ရန္ကုန္ေဆး႐ုံႀကီးတြင္ လူထု အား ပထမဆုံးအႀကိမ္ မိန႔္ခြန္း ေျပာၾကားခဲ့သည္။

ဩဂုတ္ ၂၆ ၊ ၁၉၈၈

ေဒၚေအာင္ဆန္းစုၾကည္သည္ သူမ၏ သမိုင္းတြင္မည့္ မိန႔္ခြန္းကို ေ႐ႊတိဂုံဘုရား အေနာက္ဖက္ မုဒ္တြင္ တက္ေရာက္လာေသာ ငါးသိန္းခန႔္ ရွိ လူထုႀကီးအား မိန႔္ခြန္း ေျပာၾကားခဲ့သည္။

တပ္မေတာ္ ရွိလွ်က္ႏွင့္ ဘာမ်ားျဖစ္ခဲ့ သနည္း..?

စက္တင္ဘာ ၊ ၁၉၈၈

နိုင္ငံ အႏွံ႕ ဆႏၵျပပြဲမ်ား တနိုင္ငံလုံး တြင္ အရွိန္အဟုန္ ႏွင့္ ဆက္လက္ ျဖစ္ပြားလာေနၿပီး စစ္ေထာက္လွမ္းေရး မွလည္း တန္ျပန္ သပိတ္ကို ၿဖိဳခြင္းရန္ စတင္ လႈပ္ရွားလာခဲ့သျဖင့္ လုယက္မႈ ႏွင့္ အၾကမ္းဖက္မႈ မ်ား စတင္ေပၚေပါက္လာခဲ့ရၿပီ ျဖစ္သည္။ အစိုးရ အုပ္ခ်ဳပ္ေရး ယႏၲယား ၿပိဳကြဲသြားၿပီ ျဖစ္သျဖင့္ လူထုႀကီးက တပ္မေတာ္အား ျပည္သူျပည္သားမ်ားဖက္မွ ရပ္ တည္ေပး ပါရန္ အပူတျပင္း ေတာင္းဆိုလာခဲ့ၾကသည္။

စက္တင္ဘာ ၁၈၊ ၁၉၈၈

တပ္မေတာ္မွ နိုင္ငံေတာ္ ၿငိမ္ဝပ္ပိျပားေရး ေကာင္စီ ဆို ကာ ဗိုလ္ခ်ဳပ္ႀကီး ေစာေမာင္ ဦးစီးေသာ စစ္ေခါင္းေဆာင္မ်ား က အာဏာ ကို လမ္းစဥ္ပါတီ အစိုးရထံမွ စနစ္တက် လႊဲေျပာင္းရယူလိုက္သည္။ ယင္းသည္ လြန္ခဲ့ေသာ ၂၆ ႏွစ္က စတင္ခဲ့ေသာ စစ္အုပ္ခ်ဳပ္ေရး ကို ျပန္လည္ အားသစ္ေလာင္းလိုက္ျခင္းသာ ျဖစ္သည္။ နာရီပိုင္း အတြင္းမွာပင္ ဆႏၵျပ ျပည္သူမ်ားကို ပစ္ခတ္ တိုက္ခိုက္ၿပီး သပိတ္စခန္းမ်ား ကို အင္အားသုံး ၿဖိဳခြင္းလိုက္ၾကသည္။ ထို႔အတြက္ ဩဂုတ္ လမွ စက္တင္ဘာလ အတြင္း နိုင္ငံ၏ ၿမိဳ႕ႀကီး ၆ ၿမိဳ႕တြင္ ဆႏၵျပ ျပည္သူ ေထာင္ေပါင္းမ်ားစြာ အသတ္ခံခဲ့ၾကရသည္ဟု သံတမန္မ်ား ႏွင့္ ျပည္ပ စာနယ္ဇင္းမ်ားက အတည္ျပဳခဲ့ၾကသည္။

စက္တင္ဘာ ၂၁ ၊ ၁၉၈၈

စစ္ေထာက္လွမ္းေရး မွ ရာဇဝင္ေႂကြး ဆပ္ သည့္ အေနျဖင့္ ဆႏၵျပ ေခါင္းေဆာင္မ်ားအပါအဝင္ လူရာေပါင္းမ်ားစြာ ကို စတင္ ဖမ္းဆီးလာခဲ့သည္။ ေက်ာင္းသားမ်ား၊ လူ ေထာင္ေပါင္းမ်ားစြာမွာ နယ္စပ္ေဒသမ်ား သို႔ ထြက္ေျပးခိုလႈံခဲ့ၾကရသည္။ နယ္စပ္ေဒသမ်ားရွိ တိုင္းရင္းသား လက္နက္ကိုင္ မ်ားႏွင့္ ေပါင္းစည္းကာ “တပ္မေတာ္” အား ေတာ္လွန္တိုက္ခိုက္ရန္ စတင္ လုံးပမ္းလာခဲ့ၾက သည္။

စက္တင္ဘာ ၂၇၊ ၁၉၈၈

စစ္အုပ္ခ်ဳပ္ေရး သမားမ်ားက နိုင္ငံေရး ပါတီမ်ား မွတ္ပုံ တင္နိုင္ေၾကာင္း ဥပေဒ ျပဌာန္းလာခဲ့သည္။ ထို႔အတြက္ ေဒၚေအာင္ဆန္းစုၾကည္မွ အေထြေထြ အတြင္းေရးမႉး အျဖစ္ တာဝန္ယူကာ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ ကို စတင္ဖြဲ႕စည္းလာ ခဲ့သည္။

ဇြန္ ၁၈ ၊ ၁၉၈၉

စစ္အုပ္ခ်ဳပ္ေရး အဖြဲ႕က နိုင္ငံ၏ အမည္ကို Burma မွ Myanmar သို႔ ၎တို႔သေဘာတခုတည္း ႏွင့္ ေျပာင္းလဲခဲ့ၾကသည္။

ဇူလိုင္ ၂၀ ၊ ၁၉၈၉

ေဒၚေအာင္ဆန္းစုၾကည္ အား အက်ယ္ခ်ဳပ္ ျဖင့္ စတင္ဖမ္းဆီးခဲ့သည္။ ထိုအခ်ိန္မွစ၍ ႏွစ္ေပါင္း ၂၀ လုံးလုံး အက်ယ္ခ်ဳပ္ဘဝ ျဖင့္ လြတ္လာလိုက္၊ ျပန္ဖမ္းဆီးလိုက္ျဖင့္ သံသရာလည္လာခဲ့ ရသည္ ။ သူမႏွင့္ အတူ NLD အဖြဲ႕ဝင္ အမ်ား အျပား ဖမ္းဆီးခံခဲ့ရသည္။

ေမ ၂၇၊ ၁၉၉၀

ေ႐ြးေကာက္ပြဲကို တနိုင္ငံလုံး တြင္ ျပဳလုပ္လာခဲ့ၿပီး NLD သည္ အမတ္ေနရာ ၈၀% ျဖင့္ အျပတ္အသတ္ အနိုင္ရရွိသြားခဲ့သည္။ သို႔ေသာ္ တပ္မေတာ္ ေခါင္းေဆာင္မ်ားက ၎တို႔ ဦးေဆာင္ က်င္းပ ခဲ့ေသာ ေ႐ြးေကာက္ပြဲ ရလဒ္ ကို ၎တို႔ကိုယ္တိုင္ အသိအမွတ္ျပဳရန္ ျငင္းဆန္ခဲ့ၾကၿပီး အာဏာကို ေနာက္ထပ္ အႏွစ္ႏွစ္ဆယ္ ၾကာသည့္အထိ ဆက္လက္ ဆုပ္ကိုင္ထားခဲ့ၾကသည္။

တပ္မေတာ္ ရွိလွ်က္ႏွင့္ ဘာမ်ားျဖစ္ခဲ့ သနည္း..?

စက္တင္ဘာ ၁၈-၂၆၊ ၂၀၀၇

တပ္မေတာ္သည္ မိမိတို႔ မရွိ လွ်င္ မျဖစ္ဟု ဆိုကာ လက္နက္အားကိုးျဖင့္ ဗိုလ္က်လာေနသည္ကို အားမရပဲ ေလာင္စာဆီ ေဈးႏႈန္းကို ၆၆% အထိ တိုးျမႇင့္ လာေပရာ တထြာမွ်ေသာ ဝမ္းစာကိုပင္ အလွ်င္ မီေအာင္ ႐ုန္းကန္ရင္း မေသ႐ုံတမယ္ အနိုင္နိုင္ ရပ္တည္ ေနၾကေသာ ျပည္သူမ်ား ႏွင့္ ရဟန္းသံဃာမ်ား ပူးေပါင္း၍ ေနာင္တြင္ ေ႐ႊဝါေရာင္ ေတာ္လွန္ေရးဟု ထင္ရွား လာမည့္ ကန႔္ကြက္ ဆႏၵျပပြဲမ်ား ျဖစ္ေပၚလာခဲ့ရသည္။ ဆႏၵျပသူ သံဃာေတာ္မ်ား အပါအဝင္ လူအမ်ားအျပား ေသဆုံးသည့္အထိ တပ္မေတာ္၏ ရက္စက္စြာ ႏွိပ္ကြပ္မႈ မ်ား ကို ကမာၻတဝွမ္းမွ ျပင္းထန္စြာ ကန႔္ကြက္ ရႈတ္ခ်ခဲ့ၾကၿပီး ေအာက္တိုဘာ ၁၆ ရက္တြင္ Panties for Peace ဟု ဆိုကာ ျမန္မာသံ႐ုံး အသီးသီးသို႔ အမ်ိဳးသမီး အတြင္းခံ အထုတ္မ်ား ေပးပို႔သည္အထိ ပါဝင္လာခဲ့သည္။

ဤသည္ကား စစ္ေခါင္းေဆာ င္မ်ား အဖို႔ အာဏာကို ဒီအတိုင္း ဆက္လက္ ဆုပ္ကိုင္ထား၍ မျဖစ္ေတာ့၊ အျမန္ဆုံး အရပ္ဖက္သို႔ လႊဲေျပာင္းေပးရန္ ဆုံးျဖတ္ခဲ့ျခင္း၏ အဓိက တြန္းအားႀကီးပင္ ျဖစ္ေပေတာ့ သည္။

ေမ ၁၀ ၊ ၂၀၀၈

ႏွစ္ေပါင္း ႏွစ္ဆယ္ၾကာၿပီး ေနာက္တြင္ လည္း အေရးပါေသာ တိုင္းျပည္အာဏာကို တပ္မေတာ္မွ တနည္းနည္း ျဖင့္ ဆက္လက္ ဆုပ္ကိုင္ထားနိုင္ေရး အတြက္ တတိယေျမာက္ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒကို နာဂစ္မုန္ တိုင္းက်ေန သည့္ အခ်ိန္မွာပင္ လူထု ဆႏၵခံယူပြဲ ဟုဆိုကာ အတည္ျပဳခဲ့ျပန္သည္။

တပ္မေတာ္ ရွိလွ်က္ႏွင့္ ဘာမ်ားျဖစ္ခဲ့ သနည္း..?

၁၉၉၀ – ၂၀၀၂

ထိုသို႔ တိုင္းျပည္အာဏာကို ႏွစ္ေပါက္တေပါက္ျဖင့္ အခ်င္းခ်င္း လက္ဝါး ရိုက္ကာ ဆက္လက္ ရယူ အုပ္ခ်ဳပ္ခဲ့သည့္ ႏွစ္မ်ား အတြင္း ကမာၻက်န္းမာေရး အဖြဲ႕ခ်ဳပ္၏ စာရင္းဇယားမ်ား အရ….

(၁) နိုင္ငံ၏ လူထု က်န္းမာေရးေစာင့္ေရွာက္မႈသည္ နိုင္ငံေပါင္း ၁၉၁ နိုင္ငံတြင္ အဆင့္ ၁၉၀ ျဖင့္ ရပ္တည္ခဲ့သည္။

(၂) က်န္းမာေရး အသုံးစရိတ္သည္ လူတဦးလွ်င္ ပ်မ္းမွ် အေမရိကန္ ေဒၚလာ ၅ ေဒၚလာသာ ရွိၿပီး က်န္ အာဆီယံ နိုင္ငံမ်ားသည္ ပ်မ္းမွ် ၁၃၇ ေဒၚလာ သုံးစြဲခဲ့သည္။

(၃) ငါးႏွစ္ေအာက္ ကေလး ေသဆုံးႏႈန္းသည္ ၁၀၀၀ လွ်င္ ၁၀၉ ဦး ရွိခဲ့သည္။

(၄) လူတဦးခ်င္းစီ၏ ပ်မ္းမွ် သက္တမ္းသည္ က်ား – ၅၆.၂ ႏွစ္၊ မ – ၆၁.၈ ႏွစ္ ျဖစ္သည္။ က်ား/မ ေပါင္း ဆိုက ပ်မ္းမွ် ၅၈.၉ ႏွစ္ ျဖစ္ၿပီး အာဆီယံ၏ ပ်မ္းမွ် သက္တမ္း ၆၆.၉ ႏွစ္ထက္ ၈ ႏွစ္ခန႔္ နိမ့္ဆင္းလွ်က္ ရွိသည္။

(၅) အသက္ ၅ ႏွစ္ေအာက္ အစာအဟာရ ခ်ိဳ႕တဲ့ေသာ ကေလးမ်ားသည္ စုစုေပါင္း၏ ၃၆% ရွိသည္။

ဤသည္က တပ္မေတာ္ စစ္ေခါင္းေဆာင္ႀကီး မ်ား စီမံအုပ္ခ်ဳပ္ေပး ခဲ့သည့္ ရလဒ္ မ်ားပင္ ျဖစ္ေပေတာ့ သည္…။ Hla Soewai

Unicode

တပ်မတော် ရှိလျှက်နှင့် ဘာများဖြစ်ခဲ့ သ နည်း…?

တပ်မတော် မရှိလျှင် ဘာဖြစ်သွား မလဲ ဟူသော အပြော အဆိုမျိုးက ၁၉၈၈ နောက်ပိုင်း တွင် ကျယ်လောင်စွာ ပြောဆိုခြင်းများ ကို ကြားလာခဲ့ ရသည်။ တပ်မတော်သာ အမိ တပ်မတော်သာ အဖ ဟုပင် ဆိုင်းဘုတ်များ နိုင်ငံ အနှံ့ စိုက်ထူ ခဲ့ကြသည်။

ဤသည် မှာ အိုးမလုံ အုံပွင့်နေကြသူများ ၏ ယခုတိုင် မရိုးနိုင်သေးသော ဓါတ်ပြား aဟာင်းကြီးပင် ဖြစ်သည်။ တကယ် တမ်းသာ ဓါတ်ပြားတချပ် ဖြစ်ခဲ့မည် ဆိုလျှင် တဂျစ်ဂျစ် နှင့်ပင် အသံမြည်နေ လောက်ပြီ ဖြစ်သည်။

မြန်မာပြည် တွင် မည်သူတစ်ဦးတယောက်ကမျှ တပ်မတော်ကို ဖျက်သိမ်းပေးပါ ဟု မတောင်းဆိုကြပေ။ သို့သော် တပ်မတော် မရှိရ ဟု ပြောဆိုနေသယောင် စကားလုံးများသည် လိမ်ညာ ဝါဒဖြန့်နေကြခြင်းသာ ဖြစ်သည်။

ပြည်သူများ တောင်းဆိုနေကြ သည် မှာ ပြည်သူ့အကျိုး ကို ဦးထိပ်ထားသော တပ်မတော်၊ နိုင်ငံတော် ကာကွယ်ရေး အတွက် အားထားရသော တပ်မတော် အဖြစ် ပြုပြင် ပြောင်းလဲပေးရေးကိုသာ တစိုက် မတ်မတ် တောင်းဆိုနေကြခြင်း ဖြစ်သည်။ ထိုသို့ ပြုပြင်ပြောင်းလဲရန် လုပ်ပိုင်ခွင့်အာဏာ ရှိပါလျှက် နှင့် မိမိတို့ အကျိုးစီးပွားကို ကာကွယ်ရန် အတွက် လက်ကိုင်တုတ် အဖြစ် အသုံးချနေကြသူများ ကိုသာ ဝေဖန် ပြစ်တင် နေကြခြင်း ဖြစ်သည်။

တပ်မတော်သည် ဗိုလ်နေဝင်း၏ အာဏာရှင် စနစ်အောက် တွင် တိုင်းပြည်မှာ အဆင်းရဲဆုံး နိုင်ငံ အဖြစ် ဗုန်းဗုန်းလဲကျ လာနေသည် ကို မိန့်မိန့်ကြီး ထိုင်ကြည့်နေခဲ့ကြသည်။ မည်သို့မျှ ဟန့်တား ပြောဆိုခဲ့ခြင်း မရှိေ ပ။

တပ်မတော် ရှိလျှက်နှင့် ဘာများဖြစ်ခဲ့ သနည်း..?

နိုင်ငံသည် ၁၉၈၈ မတိုင်မီ တွင် ပြည်ပ ကြွေးမြီ ဒေါ်လာ ၃.၅ ဘီလီယံ ရှိနေသည် ။ နိုင်ငံခြား အရံငွေ သည် ဒေါ်လာ သန်း ၂၀ မှ ၃၅ သန်းအကြား သာ ရှိတော့ သည် ။ တိုင်းပြည် ဝင်ငွေ၏ တဝက်ခန့်ကို ပြည်ပကြွေးမြီများ အတွက် အတိုးပေးရန် သုံးစွဲနေရသည့် အနေအထား ဖြစ်လာသည်။ ကျန်သည့် ငွေများထဲမှ လက်နက်များ ဝယ်ယူကြရပြန်သည်။ နိုင်ငံ ဖွံ့ဖြိုးရေး အတွက် ဘာများ ကျန်ပေဦးတော့ မည်နည်း။ ပြည်တွင်းလည်ပတ်ငွေများကို ပုံနှိပ်စက်များဖြင့် လိုသလောက် ရိုက်နှိပ်ထုတ်ဝေခဲ့ကြရာမှ ကိုယ့်ရှူးကိုယ်ပတ်ပြီး ငွေစက္ကူများ တရားမဝင် ရပ်ဆိုင်းသည် ဆိုကာ ပြည်သူတို့၏ ပင်ပန်းကြီးစွာ ရှာဖွေခဲ့ရေ သာ ချွေးနှဲစာများ ကို ၁၉၈၇ စက်တင်ဘာလ တွင် ပြန်လည် လုယူခဲ့ကြသည်။

ထိုအနေ အထား တွင် ငတ်တလှည့် ပြတ်တလှည့် ဖြစ်လာနေသော ပြည်သူများက တပ်မတော်ကြီး ရှိနေပါလျှက်နှင့် အားကိုး၍ မရမှန်း သိလာကြသည့်အခါ မိမိတို့ လူချင်းတူတူ သူချင်း မျှမျှ နေနိုင်ရေးအတွက် မိမိတို့ဖာသာ ရုန်းကန်တိုက်ပွဲ ဝင်မှ ဖြစ်တော့မည်ကို သဘောပေါက်လာခဲ့ကြသည်။ မိမိတို့ အသက်ဆက် ရပ်တည်နိုင်ရေး အတွက် တိုက်ပွဲဝင်ရန် ကြံနေကြသော အချိ န်တွင် တခါက မိမိတို့ နိုင်ငံကို အားကျစိတ်ဖြင့် ကြိုးစားခဲ့သော ကျွန်းနိုင်ငံငယ်လေး ဖြစ်သည့် စင်္ကာပူသည် ပထမဆုံး မြေအောက် အမြန် မီးရထားကို ၁၉၈၇ နိုဝင်ဘာ ၇ ရက်နေ့ တွင် စတင်ပြေးဆွဲနိုင်ခဲ့ပြီ ဖြစ်သည်။

အောက်ပါ အဖြစ်အပျက်များမှာ မြန်မာ တိုင်းရင်းသား တို့ သည် ၎င်းတို့၏ လည်မြိုကို နှစ်ပေါင်း ၂၆ နှစ်ကြာ တက်နင်းထားခဲ့သော စစ်ဖိနပ်အောက်မှ ရုန်းကန် လှုပ်ရှားခဲ့မှုကြီး ၏ မှတ်တမ်းများပင် ဖြစ်တော့ သည် ။

မတ်လ ၁၂၊ ၁၉၈၈

ရန်ကုန် စက်မှု တက္ကသိုလ် အနီး လ္ဘက်ရည်ဆိုင်တွင် ကျောင်းသား များ နှင့် မြို့နယ် အာဏာပိုင် တို့၏ ပတ်သက်ရာ ပတ်သက်ကြောင်း လူကြီး သား များနှင့် ခိုက်ရန် ဖြစ်ပွားလာ ခဲ့သည် ။ ကျောင်းသားများကို တုတ်ဓါးများနှင့် ရိုက်နှက်ခဲ့ကြရာ ထိုသူများအားမည်သို့မျှ အရေးမယူခဲ့မှုအပေါ် မကျေနပ်သော ကျောင်းသားတို့၏ ဆန္ဒပြပွဲများ ဖြစ်ပေါ်လာခဲ့ရာမှ နောက်တနေ့တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ ၏ ပစ်ခတ်မှုကြောင့် စက်မှု တက္ကသိုလ် ကျောင်းသား ကိုဘုန်းမော် ပွဲချင်းပြီးသေဆုံးကာ မကြာမီအတွင်းမှာပင် ကိုစိုးနိုင်ဆိုသူသည် သေနတ်ဒဏ်ရာနှင့် ဆေးရုံကြီးတွင် ကွယ်လွန် သွားခဲ့ရသည်။

မတ်လ ၁၆ ၊ ၁၉၈၈

ထိုသို့ အကြမ်းဖက်နှိပ် ကွပ်မှုများကြောင့် ဆန္ဒပြပွဲများသည် ရန်ကုန် တက္ကသိုလ် သို့ ပျံ့နှံ့လာခဲ့ရာမှ အင်ယားကန်အနီး တံတားဖြူတွင် ကျောင်းသား များ ဒါဇင်နှင့် ချီ၍ အသတ်ခံခဲ့ကြရပြီး ရာပေါင်းများစွာ အဖမ်းခံခဲ့ကြ ရသည်။ တံတားဖြူ သည်လည်း တံတားနီ အဖြစ် ထင်ရှားလာပြီး၊ တက္ကသိုလ်နှင့် အခြေခံ ပညာကျောင်းများကို ပိတ်ပြစ်ခဲ့ကြသည်။ အဖမ်းခံရသော ကျောင်းသူ အချို့ မှာ ထောင်တွင်း တွင် အဓမ္မပြုကျင့်ခံခဲ့ရသည် ဟူသော စွပ်စွဲချက်များ ထွက်ပေါ်လာခဲ့သည်။

တပ်မတော် ရှိလျှက်နှင့် ဘာများဖြစ်ခဲ့ သနည်း..?

ဇွန်လ၊ ၁၉၈၈

ကျောင်းများ ပြန်လည် ဖွင့်လှစ်ပြီးနောက် ဆန္ဒပြပွဲ များ ဆယ်ရက်ခန့် ဆက်လက် ဖြစ်ပွားခဲ့ပြန်သည်။ ထိုအချိန်တွင် ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင် နှင့် မိုးသီးဇွန်တို့ ထွက်ပေါ်လာခဲ့ပြီ ဖြစ် သည် ။

ဇူလိုင် ၂၃ ၊ ၁၉၈၈

ဦးနေဝင်းသည် မြန်မာ့ ဆိုရှယ်လစ် ပါတီ ဥက္ကဌ ရာထူးမှ နှုတ်ထွက်ကြောင်းကို တိုင်းပြည်သို့ အသံလွှင့် ကြေငြာသွားခဲ့ပြီး ဆန္ဒပြသူများကို “တပ်မတော်” မှ ထိအောင် တည့်တည့်ပစ်ကာ နှိမ်နှင်းသွားမ ည်ဟု ပါ ထည့်သွင်း ကြိမ်းမောင်းသွား ခဲ့သည် ။ ထိုမိန့်ခွန်းထဲ မှာပင် ပါတီစုံ စနစ် ကျင့်သုံးရေး အတွက် လူထုဆန္ဒခံယူပွဲ ကျင်းပရန် အဆိုပြုလာခဲ့သည်။

ဇူလိုင် ၂၉ ၊ ၁၉၈၈

၁၉၆၂ ရန်ကုန် တက္ကသိုလ် ကျောင်းသား အများအပြား သွေးမြေ ကျခဲ့မှု၏ လက်သည် တရားခံ ဖြစ်သော ဦးစိန်လွင် အား ပါတီဥက္ကဌ ရာထူးတွင် ခန့်အပ်လိုက်ခြင်းဖြင့် လူထု၏ ဒေါသသည် အထွတ် အထိပ် သို့ ရောက်လာခဲ့ရပြီး အထွေထွေ သပိတ်တိုက် ပွဲကြီး ဆင်နွှဲရန် အရှိန်ရလာခဲ့သည်။

ဩဂုတ် ၃ ၊ ၁၉၈၈

လူငါးဦးထက် ပိုမစုရဟူေ သာ မာရှယ်လော အမိန့်ကို အစိုးရမှ ထုတ်ပြန်လိုက်သည်။

ဩဂုတ် ၆ ၊ ၁၉၈၈

ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ်မှ နှစ်ရက်အတွင်း နိုင်ငံတဝှမ်း အထွေထွေ သပိတ်ကြီး စတင်တော့မည် ဖြစ်ကြောင်း ဘီဘီစီသို့ ထုတ်ဖေါ် ပြောဆိုခဲ့သည်။

ဩဂုတ် ၈ ၊ ၁၉၈၈

လူထု အင်အား သိန်း သန်း ချီသော အထွေထွေ သပိတ်တိုက်ပွဲကြီးသည် နိုင်ငံ အနှံ့ စတင်လာခဲ့ပြီ ဖြစ်သည်။ ထိုညမှာပင် “တပ်မတော်” မှ ရန်ကုန် မြို့တော် ခမ်းမရှေ့တွင် ဆန္ဒပြသူများ ကို သေနတ် များဖြင့် ပစ်ခတ် နှိမ်နှင်းလာခဲ့သည်။ ထိုအချိန်မှစ၍ သပိတ်တိုက်ပွဲကြီးသည် နေ့စဉ်လို ဆက်တိုက် ဖြစ်လာနေသည်။

ဩဂုတ် ၁၀ ၊ ၁၉၈၈

“တပ်မတော်” မှ ရန်ကုန်ဆေးရုံကြီး ထဲသို့ စတင် ပစ်ခတ် တိုက်ခိုက်လာ၍ ဆရာဝန်များ၊သူနာပြုများ ထိမှန်သေဆုံးခဲ့ကြရပြန်သည်။

ဩဂုတ် ၁၂၊ ၁၉၈၈

ဦးစိန်လွင်သည် မည် သည့် အကြောင်းပြချက်မှ မပေးပဲ ရာထူးမှ နှုတ်ထွက်သွားခဲ့သည်။ ၎င်းသည် ပါတီဥက္ကဌ အဖြစ် ၁၄ ရက်သာ ခံခဲ့သည်။

ဩဂုတ် ၁၉ ၊ ၁၉၈၈

အရပ်သား ပညာတတ် ဒေါက်တာ မောင်မောင် အား သမ္မတ အဖြစ် ခန့်အပ်လိုက်သည်။

ဩဂုတ် ၂၄ ၊ ၁၉၈၈

ဒေါ်အောင်ဆန်းစုကြည် သည် သွေးမြေကျခဲ့ရသော ရန်ကုန်ဆေးရုံကြီးတွင် လူထု အား ပထမဆုံးအကြိမ် မိန့်ခွန်း ပြောကြားခဲ့သည်။

ဩဂုတ် ၂၆ ၊ ၁၉၈၈

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ သမိုင်းတွင်မည့် မိန့်ခွန်းကို ရွှေတိဂုံဘုရား အနောက်ဖက် မုဒ်တွင် တက်ရောက်လာသော ငါးသိန်းခန့် ရှိ လူထုကြီးအား မိန့်ခွန်း ပြောကြားခဲ့သည်။

တပ်မတော် ရှိလျှက်နှင့် ဘာများဖြစ်ခဲ့ သနည်း..?

စက်တင်ဘာ ၊ ၁၉၈၈

နိုင်ငံ အနှံ့ ဆန္ဒပြပွဲများ တနိုင်ငံလုံး တွင် အရှိန်အဟုန် နှင့် ဆက်လက် ဖြစ်ပွားလာနေပြီး စစ်ထောက်လှမ်းရေး မှလည်း တန်ပြန် သပိတ်ကို ဖြိုခွင်းရန် စတင် လှုပ်ရှားလာခဲ့သဖြင့် လုယက်မှု နှင့် အကြမ်းဖက်မှု များ စတင်ပေါ်ပေါက်လာခဲ့ရပြီ ဖြစ်သည်။ အစိုးရ အုပ်ချုပ်ရေး ယန္တယား ပြိုကွဲသွားပြီ ဖြစ်သဖြင့် လူထုကြီးက တပ်မတော်အား ပြည်သူပြည်သားများဖက်မှ ရပ် တည်ပေး ပါရန် အပူတပြင်း တောင်းဆိုလာခဲ့ကြသည်။

စက်တင်ဘာ ၁၈၊ ၁၉၈၈

တပ်မတော်မှ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေး ကောင်စီ ဆို ကာ ဗိုလ်ချုပ်ကြီး စောမောင် ဦးစီးသော စစ်ခေါင်းဆောင်များ က အာဏာ ကို လမ်းစဉ်ပါတီ အစိုးရထံမှ စနစ်တကျ လွှဲပြောင်းရယူလိုက်သည်။ ယင်းသည် လွန်ခဲ့သော ၂၆ နှစ်က စတင်ခဲ့သော စစ်အုပ်ချုပ်ရေး ကို ပြန်လည် အားသစ်လောင်းလိုက်ခြင်းသာ ဖြစ်သည်။ နာရီပိုင်း အတွင်းမှာပင် ဆန္ဒပြ ပြည်သူများကို ပစ်ခတ် တိုက်ခိုက်ပြီး သပိတ်စခန်းများ ကို အင်အားသုံး ဖြိုခွင်းလိုက်ကြသည်။ ထို့အတွက် ဩဂုတ် လမှ စက်တင်ဘာလ အတွင်း နိုင်ငံ၏ မြို့ကြီး ၆ မြို့တွင် ဆန္ဒပြ ပြည်သူ ထောင်ပေါင်းများစွာ အသတ်ခံခဲ့ကြရသည်ဟု သံတမန်များ နှင့် ပြည်ပ စာနယ်ဇင်းများက အတည်ပြုခဲ့ကြသည်။

စက်တင်ဘာ ၂၁ ၊ ၁၉၈၈

စစ်ထောက်လှမ်းရေး မှ ရာဇဝင်ကြွေး ဆပ် သည့် အနေဖြင့် ဆန္ဒပြ ခေါင်းဆောင်များအပါအဝင် လူရာပေါင်းများစွာ ကို စတင် ဖမ်းဆီးလာခဲ့သည်။ ကျောင်းသားများ၊ လူ ထောင်ပေါင်းများစွာမှာ နယ်စပ်ဒေသများ သို့ ထွက်ပြေးခိုလှုံခဲ့ကြရသည်။ နယ်စပ်ဒေသများရှိ တိုင်းရင်းသား လက်နက်ကိုင် များနှင့် ပေါင်းစည်းကာ “တပ်မတော်” အား တော်လှန်တိုက်ခိုက်ရန် စတင် လုံးပမ်းလာခဲ့ကြ သည်။

စက်တင်ဘာ ၂၇၊ ၁၉၈၈

စစ်အုပ်ချုပ်ရေး သမားများက နိုင်ငံရေး ပါတီများ မှတ်ပုံ တင်နိုင်ကြောင်း ဥပဒေ ပြဌာန်းလာခဲ့သည်။ ထို့အတွက် ဒေါ်အောင်ဆန်းစုကြည်မှ အထွေထွေ အတွင်းရေးမှူး အဖြစ် တာဝန်ယူကာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကို စတင်ဖွဲ့စည်းလာ ခဲ့သည်။

ဇွန် ၁၈ ၊ ၁၉၈၉

စစ်အုပ်ချုပ်ရေး အဖွဲ့က နိုင်ငံ၏ အမည်ကို Burma မှ Myanmar သို့ ၎င်းတို့သဘောတခုတည်း နှင့် ပြောင်းလဲခဲ့ကြသည်။

ဇူလိုင် ၂၀ ၊ ၁၉၈၉

ဒေါ်အောင်ဆန်းစုကြည် အား အကျယ်ချုပ် ဖြင့် စတင်ဖမ်းဆီးခဲ့သည်။ ထိုအချိန်မှစ၍ နှစ်ပေါင်း ၂၀ လုံးလုံး အကျယ်ချုပ်ဘဝ ဖြင့် လွတ်လာလိုက်၊ ပြန်ဖမ်းဆီးလိုက်ဖြင့် သံသရာလည်လာခဲ့ ရသည် ။ သူမနှင့် အတူ NLD အဖွဲ့ဝင် အများ အပြား ဖမ်းဆီးခံခဲ့ရသည်။

မေ ၂၇၊ ၁၉၉၀

ရွေးကောက်ပွဲကို တနိုင်ငံလုံး တွင် ပြုလုပ်လာခဲ့ပြီး NLD သည် အမတ်နေရာ ၈၀% ဖြင့် အပြတ်အသတ် အနိုင်ရရှိသွားခဲ့သည်။ သို့သော် တပ်မတော် ခေါင်းဆောင်များက ၎င်းတို့ ဦးဆောင် ကျင်းပ ခဲ့သော ရွေးကောက်ပွဲ ရလဒ် ကို ၎င်းတို့ကိုယ်တိုင် အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့ကြပြီး အာဏာကို နောက်ထပ် အနှစ်နှစ်ဆယ် ကြာသည့်အထိ ဆက်လက် ဆုပ်ကိုင်ထားခဲ့ကြသည်။

တပ်မတော် ရှိလျှက်နှင့် ဘာများဖြစ်ခဲ့ သနည်း..?

စက်တင်ဘာ ၁၈-၂၆၊ ၂၀၀၇

တပ်မတော်သည် မိမိတို့ မရှိ လျှင် မဖြစ်ဟု ဆိုကာ လက်နက်အားကိုးဖြင့် ဗိုလ်ကျလာနေသည်ကို အားမရပဲ လောင်စာဆီ ဈေးနှုန်းကို ၆၆% အထိ တိုးမြှင့် လာပေရာ တထွာမျှသော ဝမ်းစာကိုပင် အလျှင် မီအောင် ရုန်းကန်ရင်း မသေရုံတမယ် အနိုင်နိုင် ရပ်တည် နေကြသော ပြည်သူများ နှင့် ရဟန်းသံဃာများ ပူးပေါင်း၍ နောင်တွင် ရွှေဝါရောင် တော်လှန်ရေးဟု ထင်ရှား လာမည့် ကန့်ကွက် ဆန္ဒပြပွဲများ ဖြစ်ပေါ်လာခဲ့ရသည်။ ဆန္ဒပြသူ သံဃာတော်များ အပါအဝင် လူအများအပြား သေဆုံးသည့်အထိ တပ်မတော်၏ ရက်စက်စွာ နှိပ်ကွပ်မှု များ ကို ကမ္ဘာတဝှမ်းမှ ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချခဲ့ကြပြီး အောက်တိုဘာ ၁၆ ရက်တွင် Panties for Peace ဟု ဆိုကာ မြန်မာသံရုံး အသီးသီးသို့ အမျိုးသမီး အတွင်းခံ အထုတ်များ ပေးပို့သည်အထိ ပါဝင်လာခဲ့သည်။

ဤသည်ကား စစ်ခေါင်းဆော င်များ အဖို့ အာဏာကို ဒီအတိုင်း ဆက်လက် ဆုပ်ကိုင်ထား၍ မဖြစ်တော့၊ အမြန်ဆုံး အရပ်ဖက်သို့ လွှဲပြောင်းပေးရန် ဆုံးဖြတ်ခဲ့ခြင်း၏ အဓိက တွန်းအားကြီးပင် ဖြစ်ပေတော့ သည်။

မေ ၁၀ ၊ ၂၀၀၈

နှစ်ပေါင်း နှစ်ဆယ်ကြာပြီး နောက်တွင် လည်း အရေးပါသော တိုင်းပြည်အာဏာကို တပ်မတော်မှ တနည်းနည်း ဖြင့် ဆက်လက် ဆုပ်ကိုင်ထားနိုင်ရေး အတွက် တတိယမြောက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို နာဂစ်မုန် တိုင်းကျနေ သည့် အချိန်မှာပင် လူထု ဆန္ဒခံယူပွဲ ဟုဆိုကာ အတည်ပြုခဲ့ပြန်သည်။

တပ်မတော် ရှိလျှက်နှင့် ဘာများဖြစ်ခဲ့ သနည်း..?

၁၉၉၀ – ၂၀၀၂

ထိုသို့ တိုင်းပြည်အာဏာကို နှစ်ပေါက်တပေါက်ဖြင့် အချင်းချင်း လက်ဝါး ရိုက်ကာ ဆက်လက် ရယူ အုပ်ချုပ်ခဲ့သည့် နှစ်များ အတွင်း ကမ္ဘာကျန်းမာရေး အဖွဲ့ချုပ်၏ စာရင်းဇယားများ အရ….

(၁) နိုင်ငံ၏ လူထု ကျန်းမာရေးစောင့်ရှောက်မှုသည် နိုင်ငံပေါင်း ၁၉၁ နိုင်ငံတွင် အဆင့် ၁၉၀ ဖြင့် ရပ်တည်ခဲ့သည်။

(၂) ကျန်းမာရေး အသုံးစရိတ်သည် လူတဦးလျှင် ပျမ်းမျှ အမေရိကန် ဒေါ်လာ ၅ ဒေါ်လာသာ ရှိပြီး ကျန် အာဆီယံ နိုင်ငံများသည် ပျမ်းမျှ ၁၃၇ ဒေါ်လာ သုံးစွဲခဲ့သည်။

(၃) ငါးနှစ်အောက် ကလေး သေဆုံးနှုန်းသည် ၁၀၀၀ လျှင် ၁၀၉ ဦး ရှိခဲ့သည်။

(၄) လူတဦးချင်းစီ၏ ပျမ်းမျှ သက်တမ်းသည် ကျား – ၅၆.၂ နှစ်၊ မ – ၆၁.၈ နှစ် ဖြစ်သည်။ ကျား/မ ပေါင်း ဆိုက ပျမ်းမျှ ၅၈.၉ နှစ် ဖြစ်ပြီး အာဆီယံ၏ ပျမ်းမျှ သက်တမ်း ၆၆.၉ နှစ်ထက် ၈ နှစ်ခန့် နိမ့်ဆင်းလျှက် ရှိသည်။

(၅) အသက် ၅ နှစ်အောက် အစာအဟာရ ချို့တဲ့သော ကလေးများသည် စုစုပေါင်း၏ ၃၆% ရှိသည်။

ဤသည်က တပ်မတော် စစ်ခေါင်းဆောင်ကြီး များ စီမံအုပ်ချုပ်ပေး ခဲ့သည့် ရလဒ် များပင် ဖြစ်ပေတော့ သည်…။ Hla Soewai

Add a Comment

Your email address will not be published. Required fields are marked *