တရုတ္မွာျဖစ္ေနတဲ႕ ဗိုင္းရပ္စ္အသစ္ Tick-borne virus အေၾကာင္းႏွင့္ ေဆာင္ရန္ ေရွာင္ရန္မ်ား..

တ႐ုတ္ျပည္ အေရွ႕ပိုင္း ရွိ Jiangsu တို႔ Anhui တို႔ ျပည္နယ္ေတြမွာ ေတြ႕ရွိထားသတဲ့။ Jiangsu မွာ ၃၇ ေယာက္ေတြ႕ၿပီး Anhui မွာ ၂၃ ေယာက္ေတြ႕သတဲ့ ။ Tick-brone လို႔ေခၚ ရ တာ က မႊားကိုက္ရာကေနေရာဂါ စျဖစ္လို႔ ပဲ။ Tick ကို က်ေနာ္က မႊားလို႔ အၾကမ္းဖ်င္းဘာသာျပန္တယ္။ Tick ဆိုတာ တိရိစာၦန္ေတြကိုယ္ေပၚ အေမြးၾကားမွာကပ္ေနတဲ့ ပင့္ကူမ်ိဳးႏြယ္ဝင္ ကပ္ပါး ေကာင္ တစ္မ်ိဳး ပဲ။

Tick-borne virus

flea က ေလွးကိုေခၚတာ ။ flea က ခုန္လို ႔ရ တဲ့ေျခေထာက္ေတြ ပါ တယ္ ။ Tick မွာ မပါဘူး ။ တိရိစာၦန္ေတြဆီက ေသြးစုပ္ၿပီးတာ နဲ႕ ေလထိုးထားသလိုေဖာင္းလာ တယ္ ။ ( ပုံမွာၾကည့္)

အဲ့ ဒီ tick ကိုက္တာကေန tick-borne virus ကူးၿပီး လူမွာကိုယ္ပူခ်ိန္အရမ္းတက္တဲ့ Severe Fever with Thrombocytopenia Syndrome (SFTS) ေရာဂါျဖစ္ၿပီး တ႐ုတ္ျပည္ မွာ လူ ၇ ေယာက္ေသကာ အေယာက္ ၆၀ ေရာဂါကူးစက္ခံထားရသတဲ့။ အဲ့ဒီေတာ့လည္း တ႐ုတ္မွာ သတိေပးေၾကညာခ်က္ထုတ္လာတာေပါ့။ အဲ့ဒီ SFTS ေရာဂါျဖစ္ေစ တဲ့ ဗိုင္းရပ္စ္မို႔ SFTSV လို႔အတိုေကာက္ေခၚ တယ္ ။

Tick-borne virus

ဒါဆို ရင္ေၾကာက္ဖို ႔လို သလား …။ အဲ့ဒီ tick ဆိုတဲ့ မႊားလို ကပ္ပါးေကာင္ေလးေတြကေန လူကိုကိုက္ရင္ ေရာဂါျဖစ္ေစတယ္။ လူလူခ်င္းမကူးဘူးတဲ့။ လူလူခ်င္း Covid-19 ကူးသလိုမကူးလို႔ က်ေနာ္တို႔ဆီကို တ႐ုတ္ျပည္ကေန ေရာက္လာမွာကို သိပ္စိုးရိမ္စရာမလိုပါဘူး။ ဒါေပမယ့္ အိမ္ေမြးတိရိစာၦန္ေလးေတြရဲ႕ တကိုယ္ေရသန႔္ရွင္းေရးကို ဂ႐ုစိုက္ေပးဖို႔လိုမယ္။

Tick-borne virus

အိမ္ေမြးတိရိစာၦန္ေလးေတြကေန tick အကိုက္ခံရၿပီး ကေလး၊ လူႀကီးေတြ ေရာဂါျဖစ္မွာေတာ့ သတိထားၾကပါ။

အဲ့ဒီ tick ေတြက တိရိစာၦန္ေတြ ကိုကိုက္ရင္သာ Severe Fever with Thrombocytopenia Syndrome (SFTS) ေရာဂါလကၡဏာမျပတာ လူကိုကိုက္ ရင္ေတာ့ ကိုယ္ပူခ်ိန္အလြန္ တက္တာ မ်ိဳး ေရာဂါလကၡဏာျပ ပါ သ တဲ့ ။

အဲ့ဒီ SFTS ေရာဂါက လူေသဆုံးႏႈန္းျမင့္တာကို ဂ႐ုျပဳပါ။ ဒါေၾကာင့္ WHO ရဲ႕ သတိထားရမယ့္ Top 10 priority ေရာဂါ ဆယ္မ်ိဳးထဲမွာပါတယ္။ ဒီေနရာမွာ ထပ္ျဖည့္ေျပာခ်င္ တာက tick-brone diseases (tick ကိုက္ရာကေန ျဖစ္တဲ့ေရာဂါေတြ) က ၁၆ မ်ိဳးရွိတယ္။ tick ကိုက္လို႔ ေရာဂါျဖစ္ေစတာက ဗိုင္းရပ္ေၾကာင့္ေရာ၊ ဘက္တီးရီးယားေၾကာင့္ေရာ၊ ပရိုတိုဇူဝါေၾကာင့္ေရာ ေရာဂါပိုးမ်ိဳးစုံကေန ျဖစ္နိုင္တယ္။

tick ကိုက္လို႔ ဗိုင္းရပ္ေၾကာင့္လို႔ထင္ေနေပမယ့္ တျခားေရာဂါ ပိုးေတြက လည္း တခ်ိန္တည္းမွာေရာဂါၿပိဳင္တူျဖစ္ေစတတ္တာမို႔ ေရာဂါရွာရခက္ၿပီး ကုသရာမွာ ခက္ခဲေစ တတ္ တယ္ ။ တ႐ုတ္မွာ ပဲျဖစ္တယ္ လို႔ ထင္ေန လို႔မ ရဘူး ။ အေနာက္နိုင္ငံမွာလည္း ျဖစ္ခ်င္ျဖစ္တာပဲ ။ ထင္ရွားတဲ့ ျဖစ္ရပ္ကေတာ့ မႏွစ္က ၂၀၁၉ ခုႏွစ္မွာ အသက္ ၆၆ ႏွစ္ရွိ အေမရိကန္အထက္လႊတ္ေတာ္ အမတ္ေဟာင္း Kay Hagan တစ္ေယာက္ tick အကိုက္ခံရလို႔ ေရာဂါျဖစ္ၿပီး ေသခဲ့ပါေရာလား။

Tick-borne virus

အခု တ႐ုတ္ မွာ ေရာဂါျဖစ္ေန တဲ့ tick မ်ိဳး က အာရွမ်ိဳးႏြယ္ Asian tick တဲ့ ။ အဲ့ဒီ Asian tick ကို Haemaphysalis longicornis လို႔ေခၚၿပီး SFTS ေရာဂါကိုျဖစ္ေစတဲ့ SFTSV ဗိုင္းရပ္စ္ပိုးကို သယ္ေဆာင္ တဲ့ အဓိက လက္သည္လို႔ ယူဆထား ပါတယ္။ အဲ့ဒီ ဗိုင္းရပ္စ္ပိုးကို တ႐ုတ္ျပည္ Hubei နဲ႕ Henan ျပည္နယ္ရွိ ေက်းလက္ေဒသေတြမွာ ၂၀၀၉ ခုႏွစ္က စေတြ႕ခဲ့တာပါ။ Hubei က ဝူဟန႔္ၿမိဳ႕ရွိတဲ့ ျပည္နယ္ပါ။

အဲ့ဒီ ေရာဂါျဖစ္ရင္ ေသႏႈန္း ၃၀ ရာႏႈန္းရွိပါတယ္။ ဒါေၾကာင့္ သတိထားဖို႔လိုတာပါ။ အဲ့ဒီေရာဂါက တ႐ုတ္ျပည္မွာ ပူေႏြးတဲ့ မတ္လကေန နိုဝင္ဘာလအတြင္း ျဖစ္တတ္ပါတယ္။ သုေသသနေတြအရ ဧၿပီလနဲ႕ ဇူလိုင္လထဲမွာ ျဖစ္ပြားမႈအမ်ားဆုံးလို႔ဆိုပါတယ္။ တိရိစာၦန္ေတြနဲ႕ ထိေတြ႕ရတဲ့ လယ္သမားေတြ၊ မုဆိုးေတြ၊ အိမ္မွာတိရိစာၦန္ေမြးထား သူေတြဟာ tick အကိုက္ခံ ရၿပီး tick-brone virus ကူးစက္နိုင္ ပါသတဲ့။

အထူးသျဖင့္ ဆိတ္၊ႏြား၊သိုး တို႔ကေန tick-brone virus ကူးစက္နိုင္တာေတြ႕ရပါသတဲ့။ အဲ့ဒီ SFTS ဗိုင္းရပ္စ္ကူးစက္ရင္ဘာေရာဂါလကၡဏာေတြျပသလဲ ၂၀၁၁ တုန္းက တ႐ုတ္သိပၸံပညာရွင္ေတြရဲ႕ ေလ့လာမႈအရ ေရာဂါပိုးရွင္သန္ေပါက္ပြားတဲ့ incubation period က ေရာဂါလကၡဏာတစ္ခုျပအၿပီးမွာ ၇ ရက္ကေန ၁၃ ရက္ၾကာပါသတဲ့။

Tick-borne virus

ကိုယ္ပူခ်ိန္ တက္မယ္ ၊ ပင္ပန္းႏြမ္းနယ္မယ္ ၊ ေခါင္းကိုက္မယ္ ၊ ေခါင္းမူးမယ္ ၊ ဝမ္းေလ်ာမယ္ ၊ အန္မယ္ ၊ ဗိုက္နာမယ္ ၊ myalgia လို႔ေခၚတဲ့ ႂကြက္သားေတြနာမယ္၊ anorexia လို႔ေခၚ တဲ့ အစား အေသာက္ေလ်ာ့ မယ္ ၊ ေသြးေၾကာေလးေတြကေသြး ယိုမယ္ ၊ အာ႐ုံေၾကာစနစ္လကၡဏာေတြအထိ စတာေတြပါပါသတဲ့။ စသိနိုင္တဲ့ early warning signs ေတြကေတာ့ ကိုယ္ပူခ်ိန္အရမ္းတက္တာ၊ ေသြးခဲေစတဲ့ platelet ေတြနည္းသြားလို႔ ေသြးမတိတ္ေတာ့တာ၊ ေသြးျဖဴဥနည္းတာေတြ ျဖစ္ေစပါတယ္။

အဲ့ဒီ SFTS ေရာဂါဟာ တ႐ုတ္ျပည္ျပင္ပအနီးအနားမွာ ဘယ္ေနရာမွာျဖစ္ေသး သလဲ..? ဂ်ပန္နဲ႕ 🇰🇷 ေတာင္ကိုရီးယားမွာ ဒီ SFTS ေရာဂါျဖစ္တာေတြ႕ရပါတယ္။ ၂၀၁၃ မွာ ေတာင္ကိုရီးယားမွာ ၃၆ ေယာက္ကူးစက္ ခံရတာကေန ၂၀၁၇ မွာ ၂၇၀ အထိတက္လာ ခဲ့တယ္ ။ တ႐ုတ္မွာဆိုရင္ ၂၀၁၀ မွာ ၇၁ ေယာက္အကူးခံရၿပီး ၂၀၁၆ မွာ လူ ၂၆၀၀ အထိကူးစက္ခံရ ခဲ့ပါတယ္။

Tick-borne virus

ဂ်ပန္နိုင္ငံမွာလည္း ၂၀၁၆ ကေန ၂၀၁၇ အတြင္း ေရာဂါကူးစက္ခံရမႈ ၅၀ ရာႏႈန္းတိုးလာခဲ့ပါတယ္။ အခုလို ဂ်ပန္၊ တ႐ုတ္နဲ႕ ေတာင္ကိုရီးယား သုံးနိုင္ငံမွာ ဆရာဝန္ေတြနဲ႕ ျပည္သူေတြဟာ ဒီေရာဂါအေၾကာင္းကို ပိုသိလာၾကၿပီး ဂ႐ုစိုက္ခ်ိန္မွာ ေသႏႈန္းဟာ သိသိသာသာက်သြားေၾကာင္းေလ့လာေတြ႕ ရွိခဲ့ရပါသတဲ့။

ဒါဆိုရင္ SFTS ေရာဂါကိုဘယ္လိုကုသမလဲ…? SFTS ေရာဂါကာကြယ္ေဆးက အခုထိမေပၚေသးပါဘူးတဲ့။ ႀကိဳးစားေနတုန္းပါ။ Ribavirin ေဆးကေတာ့ အဲ့ဒီေရာဂါကို ကုသရာမွာ ထိေရာက္မႈရွိတာကို ေတြ႕ရပါတယ္။ အဲ့ဒီ tick အကိုက္ခံရၿပီး tick-brone virus အကူးမခံရဖို႔က…

Tick-borne virus

ျမက္ေတာထဲ၊ သစ္ေတာထဲ သြားရင္ ေဘာင္းဘီ အ ကၤ်ီ အ တိုေတြ မ ဝတ္ ဖို႔ ၊ တိရိစာၦန္ကေန tick အကိုက္မခံရေအာင္ သတိထားဖို႔ စတာေတြ သတိျပဳရ ပါမယ္ ။ ဘာပဲျဖစ္ျဖစ္ tick ကေန tick-brone virus ကူးစက္ခံရနိုင္ တယ္ ဆို တာ လူေတြ သ တိျပဳဂ႐ုစိုက္ တတ္ လာ ရင္ ေသႏႈန္း က် ဆင္း သြား မွာ ျဖစ္ပါေၾကာင္း။

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

Richard Myo Thant

9-Aug-2020

Unicode

တရုတ်ပြည်အရှေ့ပိုင်း ရှိ Jiangsu တို့ Anhui တို့ ပြည်နယ်တွေမှာ တွေ့ရှိထားသတဲ့။ Jiangsu မှာ ၃၇ ယောက်တွေ့ပြီး Anhui မှာ ၂၃ ယောက်တွေ့သတဲ့ ။ Tick-brone လို့ခေါ်ရတာက မွှားကိုက်ရာကနေရောဂါ စဖြစ်လို့ ပဲ။ Tick ကို ကျနော်က မွှားလို့ အကြမ်းဖျင်းဘာသာပြန်တယ်။ Tick ဆိုတာ တိရိစ္ဆာန်တွေကိုယ်ပေါ် အမွေးကြားမှာကပ်နေတဲ့ ပင့်ကူမျိုးနွယ်ဝင် ကပ်ပါးကောင် တစ်မျိုး ပဲ။

Tick-borne virus

flea က လှေးကိုခေါ်တာ ။ flea က ခုန်လို့ရတဲ့ခြေထောက်တွေ ပါတယ်။ Tick မှာမပါဘူး။ တိရိစ္ဆာန်တွေဆီက သွေးစုပ်ပြီးတာနဲ့ လေထိုးထားသလိုဖောင်းလာတယ်။ (ပုံမှာကြည့်)

အဲ့ဒီ tick ကိုက်တာကနေ tick-borne virus ကူးပြီး လူမှာကိုယ်ပူချိန်အရမ်းတက်တဲ့ Severe Fever with Thrombocytopenia Syndrome (SFTS) ရောဂါဖြစ်ပြီး တရုတ်ပြည်မှာ လူ ၇ ယောက်သေကာ အယောက် ၆၀ ရောဂါကူးစက်ခံထားရသတဲ့။ အဲ့ဒီတော့လည်း တရုတ်မှာ သတိပေးကြေညာချက်ထုတ်လာတာပေါ့။ အဲ့ဒီ SFTS ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်မို့ SFTSV လို့အတိုကောက်ခေါ်တယ်။

Tick-borne virus

ဒါဆို ရင်ကြောက်ဖို့လို သလား …။ အဲ့ဒီ tick ဆိုတဲ့ မွှားလို ကပ်ပါးကောင်လေးတွေကနေ လူကိုကိုက်ရင် ရောဂါဖြစ်စေတယ်။ လူလူချင်းမကူးဘူးတဲ့။ လူလူချင်း Covid-19 ကူးသလိုမကူးလို့ ကျနော်တို့ဆီကို တရုတ်ပြည်ကနေ ရောက်လာမှာကို သိပ်စိုးရိမ်စရာမလိုပါဘူး။ ဒါပေမယ့် အိမ်မွေးတိရိစ္ဆာန်လေးတွေရဲ့ တကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပေးဖို့လိုမယ်။

Tick-borne virus

အိမ်မွေးတိရိစ္ဆာန်လေးတွေကနေ tick အကိုက်ခံရပြီး ကလေး၊ လူကြီးတွေ ရောဂါဖြစ်မှာတော့ သတိထားကြပါ။

အဲ့ဒီ tick တွေက တိရိစ္ဆာန်တွေ ကိုကိုက်ရင်သာ Severe Fever with Thrombocytopenia Syndrome (SFTS) ရောဂါလက္ခဏာမပြတာ လူကိုကိုက် ရင်တော့ ကိုယ်ပူချိန်အလွန် တက်တာ မျိုး ရောဂါလက္ခဏာပြ ပါ သ တဲ့ ။

အဲ့ဒီ SFTS ရောဂါက လူသေဆုံးနှုန်းမြင့်တာကို ဂရုပြုပါ။ ဒါကြောင့် WHO ရဲ့ သတိထားရမယ့် Top 10 priority ရောဂါ ဆယ်မျိုးထဲမှာပါတယ်။ ဒီနေရာမှာ ထပ်ဖြည့်ပြောချင် တာက tick-brone diseases (tick ကိုက်ရာကနေ ဖြစ်တဲ့ရောဂါတွေ) က ၁၆ မျိုးရှိတယ်။ tick ကိုက်လို့ ရောဂါဖြစ်စေတာက ဗိုင်းရပ်ကြောင့်ရော၊ ဘက်တီးရီးယားကြောင့်ရော၊ ပရိုတိုဇူဝါကြောင့်ရော ရောဂါပိုးမျိုးစုံကနေ ဖြစ်နိုင်တယ်။

tick ကိုက်လို့ ဗိုင်းရပ်ကြောင့်လို့ထင်နေပေမယ့် တခြားရောဂါ ပိုးတွေက လည်း တချိန်တည်းမှာရောဂါပြိုင်တူဖြစ်စေတတ်တာမို့ ရောဂါရှာရခက်ပြီး ကုသရာမှာ ခက်ခဲစေ တတ် တယ် ။ တရုတ်မှာ ပဲဖြစ်တယ် လို့ ထင်နေ လို့မ ရဘူး ။ အနောက်နိုင်ငံမှာလည်း ဖြစ်ချင်ဖြစ်တာပဲ ။ ထင်ရှားတဲ့ ဖြစ်ရပ်ကတော့ မနှစ်က ၂၀၁၉ ခုနှစ်မှာ အသက် ၆၆ နှစ်ရှိ အမေရိကန်အထက်လွှတ်တော် အမတ်ဟောင်း Kay Hagan တစ်ယောက် tick အကိုက်ခံရလို့ ရောဂါဖြစ်ပြီး သေခဲ့ပါရောလား။

Tick-borne virus

အခု တရုတ် မှာ ရောဂါဖြစ်နေ တဲ့ tick မျိုး က အာရှမျိုးနွယ် Asian tick တဲ့ ။ အဲ့ဒီ Asian tick ကို Haemaphysalis longicornis လို့ခေါ်ပြီး SFTS ရောဂါကိုဖြစ်စေတဲ့ SFTSV ဗိုင်းရပ်စ်ပိုးကို သယ်ဆောင် တဲ့ အဓိက လက်သည်လို့ ယူဆထား ပါတယ်။ အဲ့ဒီ ဗိုင်းရပ်စ်ပိုးကို တရုတ်ပြည် Hubei နဲ့ Henan ပြည်နယ်ရှိ ကျေးလက်ဒေသတွေမှာ ၂၀၀၉ ခုနှစ်က စတွေ့ခဲ့တာပါ။ Hubei က ဝူဟန့်မြို့ရှိတဲ့ ပြည်နယ်ပါ။

အဲ့ဒီ ရောဂါဖြစ်ရင် သေနှုန်း ၃၀ ရာနှုန်းရှိပါတယ်။ ဒါကြောင့် သတိထားဖို့လိုတာပါ။ အဲ့ဒီရောဂါက တရုတ်ပြည်မှာ ပူနွေးတဲ့ မတ်လကနေ နိုဝင်ဘာလအတွင်း ဖြစ်တတ်ပါတယ်။ သုသေသနတွေအရ ဧပြီလနဲ့ ဇူလိုင်လထဲမှာ ဖြစ်ပွားမှုအများဆုံးလို့ဆိုပါတယ်။ တိရိစ္ဆာန်တွေနဲ့ ထိတွေ့ရတဲ့ လယ်သမားတွေ၊ မုဆိုးတွေ၊ အိမ်မှာတိရိစ္ဆာန်မွေးထား သူတွေဟာ tick အကိုက်ခံ ရပြီး tick-brone virus ကူးစက်နိုင် ပါသတဲ့။

အထူးသဖြင့် ဆိတ်၊နွား၊သိုး တို့ကနေ tick-brone virus ကူးစက်နိုင်တာတွေ့ရပါသတဲ့။ အဲ့ဒီ SFTS ဗိုင်းရပ်စ်ကူးစက်ရင်ဘာရောဂါလက္ခဏာတွေပြသလဲ ၂၀၁၁ တုန်းက တရုတ်သိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုအရ ရောဂါပိုးရှင်သန်ပေါက်ပွားတဲ့ incubation period က ရောဂါလက္ခဏာတစ်ခုပြအပြီးမှာ ၇ ရက်ကနေ ၁၃ ရက်ကြာပါသတဲ့။

Tick-borne virus

ကိုယ်ပူချိန် တက်မယ် ၊ ပင်ပန်းနွမ်းနယ်မယ် ၊ ခေါင်းကိုက်မယ် ၊ ခေါင်းမူးမယ် ၊ ဝမ်းလျောမယ် ၊ အန်မယ် ၊ ဗိုက်နာမယ် ၊ myalgia လို့ခေါ်တဲ့ ကြွက်သားတွေနာမယ်၊ anorexia လို့ခေါ် တဲ့ အစား အသောက်လျော့ မယ် ၊ သွေးကြောလေးတွေကသွေး ယိုမယ် ၊ အာရုံကြောစနစ်လက္ခဏာတွေအထိ စတာတွေပါပါသတဲ့။ စသိနိုင်တဲ့ early warning signs တွေကတော့ ကိုယ်ပူချိန်အရမ်းတက်တာ၊ သွေးခဲစေတဲ့ platelet တွေနည်းသွားလို့ သွေးမတိတ်တော့တာ၊ သွေးဖြူဥနည်းတာတွေ ဖြစ်စေပါတယ်။

အဲ့ဒီ SFTS ရောဂါဟာ တရုတ်ပြည်ပြင်ပအနီးအနားမှာ ဘယ်နေရာမှာဖြစ်သေး သလဲ..? ဂျပန်နဲ့ 🇰🇷 တောင်ကိုရီးယားမှာ ဒီ SFTS ရောဂါဖြစ်တာတွေ့ရပါတယ်။ ၂၀၁၃ မှာ တောင်ကိုရီးယားမှာ ၃၆ ယောက်ကူးစက် ခံရတာကနေ ၂၀၁၇ မှာ ၂၇၀ အထိတက်လာ ခဲ့တယ် ။ တရုတ်မှာဆိုရင် ၂၀၁၀ မှာ ၇၁ ယောက်အကူးခံရပြီး ၂၀၁၆ မှာ လူ ၂၆၀၀ အထိကူးစက်ခံရ ခဲ့ပါတယ်။

Tick-borne virus

ဂျပန်နိုင်ငံမှာလည်း ၂၀၁၆ ကနေ ၂၀၁၇ အတွင်း ရောဂါကူးစက်ခံရမှု ၅၀ ရာနှုန်းတိုးလာခဲ့ပါတယ်။ အခုလို ဂျပန်၊ တရုတ်နဲ့ တောင်ကိုရီးယား သုံးနိုင်ငံမှာ ဆရာဝန်တွေနဲ့ ပြည်သူတွေဟာ ဒီရောဂါအကြောင်းကို ပိုသိလာကြပြီး ဂရုစိုက်ချိန်မှာ သေနှုန်းဟာ သိသိသာသာကျသွားကြောင်းလေ့လာတွေ့ ရှိခဲ့ရပါသတဲ့။

ဒါဆိုရင် SFTS ရောဂါကိုဘယ်လိုကုသမလဲ…? SFTS ရောဂါကာကွယ်ဆေးက အခုထိမပေါ်သေးပါဘူးတဲ့။ ကြိုးစားနေတုန်းပါ။ Ribavirin ဆေးကတော့ အဲ့ဒီရောဂါကို ကုသရာမှာ ထိရောက်မှုရှိတာကို တွေ့ရပါတယ်။ အဲ့ဒီ tick အကိုက်ခံရပြီး tick-brone virus အကူးမခံရဖို့က…

Tick-borne virus

မြက်တောထဲ၊ သစ်တောထဲ သွားရင် ဘောင်းဘီ အ င်္ကျီ အ တိုတွေ မ ဝတ် ဖို့ ၊ တိရိစ္ဆာန်ကနေ tick အကိုက်မခံရအောင် သတိထားဖို့ စတာတွေ သတိပြုရ ပါမယ် ။ ဘာပဲဖြစ်ဖြစ် tick ကနေ tick-brone virus ကူးစက်ခံရနိုင် တယ် ဆို တာ လူတွေ သ တိပြုဂရုစိုက် တတ် လာ ရင် သေနှုန်း ကျ ဆင်း သွား မှာ ဖြစ်ပါကြောင်း။

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

Richard Myo Thant

9-Aug-2020

Add a Comment

Your email address will not be published. Required fields are marked *