Unicode
Assaulter (သို့) အကောင်းဆုံးဝယ်ယူမှု လက်နက်ဆိုတာ စစ်တိုက်ဖို့ ဝယ်ယူတာ ဖြစ် ပါတယ် ။
ဘယ်လောက် ပဲ အမျိုးအစားကောင်းနေ ပါစေ စစ်ပွဲ မှာ မှတ်ကျောက်တင် မခံရရင် လက်နက်ကောင်း လို့ မဆိုနိုင်ပါဘူး ။မြန်မာ့တပ်မတော် ဟာ ၂၀၁၀ ပြည့်လွန်နှစ်တွေမှာ လက်နက်ဝယ်ယူမှု ပုံစံတွေပြောင်း လဲလာပါတယ်။ အရင် က တပါတ်ရစ်တွေ သာ ဝယ်ယူ ခဲ့ရကနေ ၂၀၁၀ ပြည့်လွန်နှစ်ေ တွမှာ အသစ်တွေ ကို ဝယ်လာတာ တွေ့ရပါတယ် ။ဒီအထဲမှာတော့ Assaulter တင့်ဖျက် / ပစ်ကူပေးယာဉ်ဟာ အထူးခြားဆုံး ဖြစ်ခဲ့ ပါတယ်။
မြန်မာ့ တပ်မတော် ရဲ့သမိုင်းတလျှောက် အကောင်းဆုံး စက်လက်နက် ဝယ်ယူမှု တစ်ခုဖြစ် တဲ့ Assaulter
ပြောရမယ် ဆိုရင် အာရှဒေသ မှာ တင့်ဖျက် တိုက်ယာဉ် သုံးမှု အလွန်နည်း ပါတယ် ။ ဒီအချိန်မှာ မြန်မာနိုင်ငံက Assaulter တွေကို ဝယ် ခဲ့တော့ ဒီတိုက်ယာဉ်တွေရဲ့ လက်တွေ့အသုံးဝင်မှု အပေါ် သံသယဝင်ခဲ့ကြ ပါတယ်။ တပ်မတော်နေ့စစ်ရေးပြ မှာ ထုတ်ဖော်ပြသခဲ့ ချိန်မှာ နိုင်ငံတကာက Assaulter တွေ ကို အထင်မကြီးသယောင် ပြသခဲ့ကြ ပါတယ်။ Assaulter ကို အများစုက PTL02 လို့ ယူဆနေကြ ပါတယ်။
မြန်မာ့ တပ်မတော် ရဲ့သမိုင်းတလျှောက် အကောင်းဆုံး စက်လက်နက် ဝယ်ယူမှု တစ်ခုဖြစ် တဲ့ Assaulter
အမှန်တော့ PTL02 ဟာ ၁၀၀ မီလီမီတာ အမြောက်ပဲ တပ်ဆင်ထားတာ ဖြစ် ပါတယ်။Assaulter က ၁၀၅ မီလီမီတာ အမြောက် တပ်ဆင်ထား တဲ့ WMA301 Fire Support ယာဉ် ဖြစ် ပါတယ်။ PTL 02 နဲ့ WMA301 ဟာ turret ပုံစံကွာပါတယ် ။ PTL02 ရဲ့ turret က ထောင့်ချိုးတွေ ပို များပြီး WMA301 ရဲ့ turret က wedge ပုံဖြစ်ကာ ရှေ့ကို ပို ချွန်ထွက်ပါတယ်။ (ပုံမှာပြထား ပါတယ်)
မြန်မာ့ တပ်မတော် ရဲ့သမိုင်းတလျှောက် အကောင်းဆုံး စက်လက်နက် ဝယ်ယူမှု တစ်ခုဖြစ် တဲ့ Assaulter
Assaulter ဟာ ၁၀၅ မီလီမီတာ အမြောက် တပ်ဆင် ထားပြီး APFSDS၊ HEAT ၊ HE စတဲ့ ကျည်ဆံတွေ ပစ်နိုင်ကာ NATO standard ကျည်ဆံ အားလုံး ပစ်နိုင်ပါတယ်။ Assaulter ရဲ့ ၁၀၅ မမ အမြောက် ဟာ ခေတ်ပေါ် တင့်တွေ ကို မဖျက်ဆီးနိုင်ပေမဲ့ T 55၊ T 62၊ Type 59၊ Type 69၊ M 48၊ M 60 စတဲ့ တင့်တွေကို ဖျက်ဆီးနိုင် ပါတယ်။
မြန်မာ့ တပ်မတော် ရဲ့သမိုင်းတလျှောက် အကောင်းဆုံး စက်လက်နက် ဝယ်ယူမှု တစ်ခုဖြစ် တဲ့ Assaulter
Assaulter ရဲ့ အားသာချက် က Type 92 နဲ့ အခြေခံယာဉ်တူတဲ့ WZ 551 ယာဉ်ကိုယ်ထည်ပေါ်မှာ တပ်ဆင်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ယခင်က တည်းက Type 92 တွေ တော်တော် များများသုံးနေ တဲ့ မြန်မာနိုင်ငံ အတွက် ပြုပြင်ထိန်းသိမ်းရေး၊ အပိုပစ္စည်း စတဲ့ကိစ္စတွေမှာသာမက တိုက်ယာဉ်မောင်း လေ့ကျင့်ရေးတွေမှာပါ တူညီပြီး cost effective ဖြစ်စေ ပါတယ်။
မြန်မာ့ တပ်မတော် ရဲ့သမိုင်းတလျှောက် အကောင်းဆုံး စက်လက်နက် ဝယ်ယူမှု တစ်ခုဖြစ် တဲ့ Assaulter
အင်ဂျင် ကလည်း ဂျာမနီလုပ် Deutz BF8L413F အင်ဂျင်ဖြစ် လို့ reliable ဖြစ်ပါတယ်။ ညကြည့် ကိရိယာ၊ ခေတ်မီ fire control စနစ် စတာတွေ ပါလို့ အဆင့်မြင့် တိုက်ယာဉ် တစ်စီးလို့ ဆိုနိုင်ပါတယ်။
မြန်မာ့ တပ်မတော် ရဲ့သမိုင်းတလျှောက် အကောင်းဆုံး စက်လက်နက် ဝယ်ယူမှု တစ်ခုဖြစ် တဲ့ Assaulter
http://www.military-today.com/…/top_10_fire_support_vehicle… မှာတော့ ကမ္ဘာ့အကောင်းဆုံး အဆင့် ၉ သတ်မှတ်ထား ပါတယ်။
ကမ္ဘာ့အကောင်းဆုံး စာရင်း တကယ်ဝင် မဝင် မသိနိုင်ပေမဲ့ မြန်မာ့တပ်မတော်သမိုင်းမှာတော့ စစ်မြေပြင်မှာ လက်တွေ့တိုက်ပွဲဝင်မှု အများဆုံးနဲ့ လူကြိုက်အများဆုံး တိုက်ယာဉ် ဖြစ်ခဲ့ပါတယ်။ လောက်ကိုင်ဒေသ စစ်ဆင်ရေးတွေ ကနေစပြီး မုန်းကိုး စစ်ဆင်ရေး၊ ဂီဒုံစစ်ဆင်ရေးတွေ အထိ သုံးခဲ့တဲ့ Assaulter တိုက်ယာဉ်တွေဟာ ခြေလျင်တပ်တွေကို အထိရောက်ဆုံး ပစ်ကူပေးနိုင် ခဲ့တယ်။
မြန်မာ့ တပ်မတော် ရဲ့သမိုင်းတလျှောက် အကောင်းဆုံး စက်လက်နက် ဝယ်ယူမှု တစ်ခုဖြစ် တဲ့ Assaulter
ကိုက် ၁၀၀၀ မှာ ၄ ပေပစ်မှတ်လောက် ကိုတောင် ထိအောင်ပစ်နိုင် တဲ့ Assaulter တွေရှေ့မှာ ရန်သူ့ခံစစ်ရဲ့ ဘန်ကာတွေ တစ်လုံးပြီး တစ်လုံး ပြိုကျခဲ့ရတယ်။ ဘီးတပ်တိုက်ယာဉ်ဖြ စ်လို့ ခရီးကြမ်းသွားနိုင်မှု အားနည်း တယ် ဆိုပေမဲ့ တောင်ပေါ်ဒေသစစ်ဆင်ရေးတွေ မှာတော့ အံ့အားသင့်စရာကောင်းလောက်အောင် စွမ်းဆောင်နိုင်ခဲ့ပါ တယ်။
ဒါကြောင့် မြန်မာ့တပ်မတော် ရဲ့သမိုင်းတလျှောက် လက်နက်ဝယ်ယူမှု စာရင်း မှာ Assaulter တွေဟာ အကောင်းဆုံး ဝယ်ယူမှုတွေထဲက တစ်ခုလို့ ပြောရရင် မှားနိုင် ပါဘူး။
Source;Myanmar Armed Forces Review
Add a Comment
Your email address will not be published. Required fields are marked *