အမေရိကန်အထိရောက်အောင် ပဲ့ထိန်းဒုံးကျည်တွေပစ်လွှတ်နိုင်တဲ့ ငုတ်သင်္ဘော ကို ရေချနိုင်တော့မယ့်မြောက်ကိုရီးယား

ဆင်ပိုသင်္ဘောကျင်း မှာ ရေငုပ်သင်္ဘောသစ် ကို ရေချမယ့် အဆောက်အအုံကို မြောက်ကိုရီးယား တည်ဆောက်နေကြောင်း သိရပါတယ်။အခု ရေချမယ့် ရေငုပ် သင်္ဘောဟာ ပဲ့ထိန်းဒုံးကျည်တွေ တင်ဆောင်ပစ်လွှတ်နိုင်စွမ်း ရှိမယ်လို့ ယူဆရပါတယ်။ တန် ၃၀၀၀ ရေငုပ်သင်္ဘောသစ် အကြောင်း ကို မြောက်ကိုရီးယားက ထုတ်ပြန်ခဲ့တာပါ။ အဲဒီ အချိန်က တည်ဆောက်ရာ သင်္ဘောကျင်းဆီ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံးအွန်း လာရောက်လည်ပတ်မှု ကို သတင်း တင်ဆက်ခဲ့ တာ ပါ ။

အမေရိကန် ပညာရှင် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Middlebury Institute of International Studies နဲ့ ဂြိုဟ်တုအော်ပရေတာ Planet Labs တို့က သင်္ဘောရေချအဆောက်အအုံကို မကြာသေးခင် ကောင်းကင် ဓာတ်ပုံတွေကနေ တွေ့ရှိတာ ဖြစ်တယ်လို့ NHK သတင်းက ဖော်ပြ ပါတယ်။

ရိုက်ယူထားတဲ့ အဲဒီ ကောင်းကင်ဓာတ်ပုံတွေမှာ တိုင်လုံးသဏ္ဍာန် အရာဝတ္ထု ၁၃ ခုကို သင်္ဘောဆိပ်တစ်လျှောက်မှာ မြင်တွေ့ရပြီး ယာဉ်အချို့ သွားလာနေတာကို မြင်တွေ့ရတာပါ။ပုံတွေမှာတော့ သင်္ဘောဆိပ်ကနေ ရေထဲ သွယ်တန်းထားတဲ့ တိုင်ကြီးတွေကို တွေ့ရတာ ဖြစ်ပြီး ၁၉ ရက်နေ့ ပုံမှာတော့ သင်္ဘောဆိပ်တစ်ခုလုံးနီးပါး ရေချအဆောက်အအုံ ပုံစံကို တွေ့ရတာ ဖြစ်ပါတယ်။

အမေရိကန်အထိရောက်အောင် ပဲ့ထိန်းဒုံးကျည်တွေပစ်လွှတ်နိုင်တဲ့ ငုတ်သင်္ဘော ကို ရေချနိုင်တော့မယ့်မြောက်ကိုရီးယား

“ဒီ အဆောက်အအုံဟာ မီတာ ၁၀၀ လောက် ရှည်တယ်။ မြောက်ကိုရီးယား သမရိုးကျရေငုပ်သင်္ဘောတွေကို ရေချရာမှာ သုံးခဲ့တဲ့ အဆောက်အအုံမျိုးထက် တော်တော်လေး ပိုရှည်လျားတာ ဖြစ်တယ်။”လို့ NHK ကဆိုပါတယ်။

ဒီ ရေငုပ်သင်္ဘောကိုသာ ရေချပြီးရင် မြောက်ကိုရီးယားအနေနဲ့ အမေရိကန် မြေထဲ ရေငုပ်သင်္ဘောကနေ ပဲ့ထိန်းဒုံးကျည်တွေ ပစ်လွှတ်နိုင်စွမ်း ရှိလာတော့မှာ ဖြစ်ပါတယ်။

“အမေရိကန် ကုန်းမြေကနေ မီတာ ၂၀၀၀ ၀န်းကျင်ထိ မြောက်ကိုရီးယား ရေငုပ်သင်္ဘော ရောက်လာပြီး သင်္ဘောပေါ်ကနေ ပဲ့ထိန်းဒုံးတွေ ပစ်လွှတ်တိုက်ခိုက်ပြီး နိုင်ငံရင်းဆီ ပြန်သွားနိုင်တဲ့ စစ်ရေးအသာကို မြောက်ကိုရီးယားရဲ့ အခု ရေငုပ်သင်္ဘောသစ်က ရရှိစေမှာ ဖြစ်ပါတယ်။”လို့ ကိုရီးယား ကာကွယ်ရေးနှင့် လုံခြုံရေးဖိုရမ်မှ မွန်းကောင်းစစ်က ပြောခဲ့ပါတယ်။

Rf; Chosun
Writer_ မောင်သံဆင့်( XYZ News )

Add a Comment

Your email address will not be published. Required fields are marked *