Unicode
ဘယ်သူခွဲခွဲ တို့မကွဲ အမြဲစည်းလုံး မည် ဆိုတဲ့ဆောင်ပုဒ်ထွက်ပြီး တပ်တွင်း အာဏာလုပွဲဖြစ်သွားတာ မှာ ဦးစောမောင် လည်း အရူးလက် မှတ်ရသွားရောပဲ ။ အချုပ်အချာအာဏာတည် တန့်ခိုင်မြဲရေးဆိုတဲ့နောက် မှာ ပေါက်ဖော်တွေ ဝဖြိုး လာတယ်။ စိန့်မာတင် ကျွန်းပျောက်သွား တယ် ။
ထမင်းလုံး တစ္ဆေခြောက် ခံနေ ရ ဦး မယ့် ကွဲပြားခြင်းတွေ နဲ့ တိုင်းပြည်
စည်းလုံးခြင်း အတွက် သီချင်း တစ်ပုဒ် ယခုချိန်ထိ ရှိနေသေးတယ် ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀၀ ကျော်သွားပြီ။ ကိုလိုနီအုပ်ချုပ်နည်းငါးမျိုးထဲက သွေးခွဲခြင်းပညာကို အာဏာရှင်တွေ‌ကြေညက် တယ်။ ရွေ‌းကောက်ပွဲနီးကာလရောက်တိုင်း အနုပညာသည် တစ်ယောက်နှင့် အထက် ကို ထိုးကြွေးတတ် တယ် ။
ထမင်းလုံး တစ္ဆေခြောက် ခံနေ ရ ဦး မယ့် ကွဲပြားခြင်းတွေ နဲ့ တိုင်းပြည်
အားပေးနေသူတွေရဲ့ အရောင်အဆင်းကင်းမဲ့ခြင်းကို အခွင့်ယူပြီးသွေးခွဲတယ်။ အာရုံလွှဲတယ်။ ၃ ယောက်ရှိရင် ၂ ယောက် ရန်ဖြစ်တတ်တဲ့လူမျိုး‌နွယ်ဖြစ်တဲ့အတွက် ကိုလိုနီသက်ဆိုးရှည် ခဲ့တယ်။ အာဏာရှင်သက် တမ်း ရှည် ခဲ့တယ် ။
စည်းလုံးခြင်းဆောင် ပုဒ်ပြပြီး သွေးခွဲမှုကို သိလျှက် နဲ့ ရန်ဖြစ်ပြကြတယ် ။ စည်းလုံးခြင်းသီချင်း ဆိုပြပြီး သွေးခွဲခြင်းကို သိလျှက်နဲ့လည်း ဝါသနာအရ ရန်ဖြစ်နေကြဆဲပဲ။
ထမင်းလုံး တစ္ဆေခြောက် ခံနေ ရ ဦး မယ့် ကွဲပြားခြင်းတွေ နဲ့ တိုင်းပြည်
အနုပညာရှင်တွေ ဝင်ရောက် မနှိုးဆော်ကြဖို့ တိုက်တွန်းတယ်။ ရက်မကြာမီ အနုပညာရှင်တွေ နဲ့ ပြည်သူ ရန်ဖြစ်ရ တယ် ။ တိုက်ဆိုင်မှု ဆိုတာ နိုင်ငံရေးမှာ မရှိဘူး။
၂၁ ရာစု ပင်လုံညီလာခံ ကျင်းပတော့ မယ် ။ စည်းလုံးခြင်း ဆိုတာ ကွဲပြားခြင်း အစလား ဆိုတဲ့ တိုင်းပြည် အတွက် ထမင်းလုံးတစ္ဆေခြောက်ခံနေ ရ ဦး မှာ ပဲ ။ Myanmar Globe
Add a Comment
Your email address will not be published. Required fields are marked *