







Unicode

တပ်မတော် အနေဖြင့် ယင်းတို့၏ မူဝါဒ လမ်းစဉ်အတိုင်း ဆက်သွားနေခြင်း သာဖြစ်ပြီး တပ်မတော် မရှိလျှင် မဖြစ်သည့် အတွက် ဝိုင်းပြီး မတိုက်ခိုက်ကြရန် အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးစိုးမောင်ကပြော လိုက် ပါတယ် ။

ပြီးခဲ့သည့် ရက်ပိုင်းက House of Orchid တွင်ပြု လုပ်သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ တွင် တရားမျှတရေး အတွက် နိုင်ငံတကာအထောက်အပံ့ရယူထားမှု ကိစ္စများအား နိုင်ငံရေးပါတီ ဥက္ကဋ္ဌကြီးများနှင့် ခေါင်းဆောင်များ ကို ရှင်းလင်းတင်ပြတိုင်ကြား သည့် အခမ်းအနား တွင် ပြောကြားခဲ့ခြင်းဖြစ် ပါတယ်။

“” တပ်မတော် ကို လာမစော်ကား နဲ့ လက်မခံဘူး…” ” ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ( ငြိမ်း ) ဦီးစိုးမောင်ပြောပြီ

“တပ်မတော်အနေ နဲ့ကတော့ သူ့လမ်းကြောင်းအ တိုင်း သူဆက်သွားနေတာ ပဲ။ တပ်မတော်မရှိ လို့ကတော့ မရဘူး။ တပ်မတော်ကို ဝိုင်းပြီး တိုက်ခိုက်နေတာ ကတော့မကောင်းဘူး တိုင်းပြည်အခြေအနေ၊ ဘယ်တပ်မတော် မှ ခြောက်ပစ်ကင်း သဲလဲစင် မရှိဘူး။ မကောင်း ရင် by name နဲ့တပ်ပြီးပြော ပါ လက်ခံတယ် ။ ဒါပေမဲ့ ဝါးလုံး သိမ်းရိုက်ပြီး တပ်မတော်တော့ လာမစော်ကား နဲ့ လက်မခံဘူး” ဟု အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ် ပါတီဥက္ကဋ္ဌ ဦးစိုးမောင်ကပြော ပါတယ်။

“” တပ်မတော် ကို လာမစော်ကား နဲ့ လက်မခံဘူး…” ” ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ( ငြိမ်း ) ဦီးစိုးမောင်ပြောပြီ

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက် ပွဲတွင် တပ်မတော်ဘက်မှ အများစုသည် အရပ်ဝတ်များဖြင့် နိုင်ငံရေးဘက် တွင်ပါဝင်လာပြီး ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မှုရှိ ခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ အလွန် တပ်မတော် ရဲ့အခန်း ကဏ္ဍလေ့လာ သုံးသပ်ရာတွင် တပ်မတော်ဘက် မှ လက်ရှိတာဝန်ထမ်းဆောင်နေ သည့် အရာရှိအများစုသည် တာဝန်ထမ်းဆောင်နေ ဆဲဖြစ်သည့် အပြင် လုံလောက်သည့် ပင်စင်စားများ ရှိနေသည့်အတွက် တပ်မတော်ဘက် မှ ထိပ်တန်း အရာရှိအမြောက်အမြား နိုင်ငံရေးဘက်သို့ ကူးပြောင်းလာရန် အလား အလာနည်းကြောင်း ၎င်းက သုံးသပ်ပြောကြား ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *