” ရိုး ဂုဏ္ ” – ႐ုပ္ရွင္ မင္းသားႀကီး အမီတာ ဘခ်မ္း ျပန္ေျပာျပ သည့္ ဇာတ္လမ္းေလး တစ္ပုဒ္

” ရိုးဂုဏ္ “ဤ ဇာတ္ လမ္း ေလး သည္ အိႏၵိယ နိုင္ငံ မွ နာမည္ေက်ာ္ ႐ုပ္ရွင္ သ႐ုပ္ေဆာင္ မင္း သားႀကီး အ မီ တာ ဘခ်မ္း ျပန္ေျပာျပ သည့္ ဇာတ္လမ္းေလး တစ္ပုဒ္ျဖစ္ ပါ သည္။

တစ္ေန႕တြင္ ဘခ်မ္း သည္ ေလယာဥ္ျဖင့္ ခရီးထြက္ရန္ ကိစၥတစ္ခုေပၚ လာသည္။ ေလယာဥ္ေပၚ ရွိ သူႏွင့္ ေဘးခ်င္းကပ္လ်က္က်ေသာ လူတစ္ေယာက္မွာ သူ႕ထက္ အသက္ႀကီးၿပီး ရိုးရိုးရွပ္ အကၤ်ီႏွင့္ ေဘာင္းဘီကိုသာ ဝတ္ထားေသာ သာမန္ လူလတ္ တန္းစား ပုံစံေပါက္ေနသည့္ လူႀကီး တစ္ေယာက္ျဖစ္သည္။

“ရိုးဂုဏ္” – ႐ုပ္ရွင္မင္းသားႀကီး အမီတာဘခ်မ္း ျပန္ေျပာျပသည့္ ဇာတ္လမ္းေလးတစ္ပုဒ္

ထိုလူႀကီးမွာ ပညာေတာ့ တတ္ ပုံ ရ သည္ ။ သတင္း စာတစ္ေစာင္ ကို ဖတ္ေန သည္ ။ ထိုစဥ္ ေလယာဥ္မယ္ေလးက လက္ဖက္ရည္ျဖင့္ လိုက္ဧည့္ခံသည္။ သူက လက္ဖက္ရည္ခြက္ကို ယူလိုက္ၿပီး ဘခ်မ္း ကို ၿပဳံးျပ လိုက္သည္ ။ ဘခ်မ္းက သူ႕ကို အခြင့္သာခိုက္ ၿပဳံးျပလိုက္ၿပီး “ဟဲလို” ဟု ႏႈတ္ဆက္လိုက္သည္။

သူ က လည္း “ဟဲလို” ဟု ျပန္ေျပာ သည္ ။ ထိုလူႀကီး က သူ႕ကို ၿပဳံးကာၾကည့္လိုက္ၿပီး “ေမာင္ရင္ ဘာမ်ားလုပ္သလဲကြယ္” ဟုေမးလိုက္သည္။

ေသခ်ာ သည္ မွာ သူ သည္ ဘခ်မ္း ၏ ႐ုပ္ရွင္မ်ား ကို မၾကည့္ဘူးပါ ။ ထို႔ေၾကာင့္ ဘခ်မ္း က ၿပဳံးလိုက္ၿပီး “ ႐ုပ္ရွင္လုပ္ငန္း လုပ္ပါတယ္ ခင္ဗ်ာ… ဦး ႐ုပ္ရွင္ၾကည့္ပါသလား”

“ရိုးဂုဏ္” – ႐ုပ္ရွင္မင္းသားႀကီး အမီတာဘခ်မ္း ျပန္ေျပာျပသည့္ ဇာတ္လမ္းေလးတစ္ပုဒ္

“အင္း ၾကည့္ေတာ့ၾကည့္ တယ္… အမ်ားႀကီးေတာ့ မဟုတ္ ဘူး… ႏွစ္ေတာ္ေတာ္ၾကာ မွ တစ္ကားေလာက္ ဆို ပါေတာ့”

ေသခ်ာ သည္ မွာ သူ သည္ ဘခ်မ္း ၏ ႐ုပ္ရွင္ေတြ ကို မၾကည့္ မိေသးေၾကာင္းျဖစ္ သည္ ။ သူ႕စိတ္ထဲ ကလည္း သူလို နာမည္ေက်ာ္ တစ္ေယာက္ကို မသိရေကာင္းလားဆို ကာ စိတ္ခု သြားမိသည္။

“ေမာင္ရင္က ႐ုပ္ရွင္ လုပ္ငန္း မွာ ဆိုေတာ့ ဘာေတြ လုပ္သလဲ”

“ကြၽန္ေတာ္ က သ႐ုပ္ေဆာင္ တစ္ ေယာက္ပါ”

“အိုး … မင္းသား လား ေကာင္း တာေပါ့” သူက ဤမွ်သာျပန္ေျပာ သည္။

“ရိုးဂုဏ္” – ႐ုပ္ရွင္မင္းသားႀကီး အမီတာဘခ်မ္း ျပန္ေျပာျပသည့္ ဇာတ္လမ္းေလးတစ္ပုဒ္

ထိုစဥ္ ေလယာဥ္ က ဆင္း သက္ေနၿပီ ။ သူတို႔ ထြက္ခြာရေ တာ့မည္။ ဘခ်မ္း က ထိုလူႀကီး ကို လက္ထိုးေပးရင္း “ ကြၽန္ေတာ္ အမီတာ ဘခ်မ္းပါ”

ထိုလူႀကီးက လည္း ၿပဳံးျပ လိုက္ၿပီး “ဟုတ္လား… ဝမ္းသာပါတယ္ ကြယ္… ဦးနာမည္လည္း မွတ္ထားပါ ေဂ် အာ ဒီ တာတာ”

အမွန္ေတာ့ တာတာ ဆိုသည္ မွာ အိႏၵိယနိုင္ငံ မွ သန္းေပါင္းမ်ား စြာ ခ်မ္းသာေသာ TATA လုပ္ငန္း ရွင္ သူေဌးႀကီး တစ္ေယာက္ျဖစ္သည္။

“ရိုးဂုဏ္” – ႐ုပ္ရွင္မင္းသားႀကီး အမီတာဘခ်မ္း ျပန္ေျပာျပသည့္ ဇာတ္လမ္းေလးတစ္ပုဒ္

ဘခ်မ္းက ျပန္ေျပာျပ သည္ မွာ.. “ကြၽန္ေတာ္ အဲဒီေန႕ကစၿပီးေတာ့ အမ်ားႀကီး သင္ခန္း စာရသြားတယ္။ ကြၽန္ေတာ္ က ကိုယ့္ကိုယ္ကိုယ္ အလြန္ႀကီးျမတ္တဲ့ ပုဂၢိဳလ္ႀကီးတစ္ေယာက္ လို႔ထင္ၿပီး ေသြးနားထင္ေရာက္ေနတာ။

သူက ကြၽန္ေတာ့္ ကို မသိဘူး ဆိုတာ စိတ္ထဲတစ္မ်ိဳးျဖစ္မိတာေပါ့ ။ ကြၽန္ေတာ့္ကို သူမသိတာ ဘာမွ မဟုတ္ပါလား… သူ႕ကို ကြၽန္ေတာ္ မသိတာ မွ ေတာ္ေတာ္ေနာင္တရသြားတာ ။ အလြန္ ရိုးသားႏွိမ့္ခ်ၿပီး သူ႕ကိုယ္ သူဘာမွန္းမသိေအာင္ ေနျပသြားတဲ့ သူေဌးႀကီးတစ္ေယာက္က ေပးသြားတဲ့ သင္ခန္းစာ က ရိုးဂုဏ္ဆို တာ တန္ဖိုးျဖတ္ လို႔ မရဘူးဆိုတာပဲ ”

တင္ၫြန႔္ (၉.၈.၂၀၂၀)

(Amithabh Bachan’s Traveling with Gentleman)

Unicode

” ရိုးဂုဏ် “ဤ ဇာတ် လမ်း လေး သည် အိန္ဒိယ နိုင်ငံ မှ နာမည်ကျော် ရုပ်ရှင် သရုပ်ဆောင် မင်း သားကြီး အ မီ တာ ဘချမ်း ပြန်ပြောပြ သည့် ဇာတ်လမ်းလေး တစ်ပုဒ်ဖြစ် ပါ သည်။

တစ်နေ့တွင် ဘချမ်း သည် လေယာဉ်ဖြင့် ခရီးထွက်ရန် ကိစ္စတစ်ခုပေါ် လာသည်။ လေယာဉ်ပေါ် ရှိ သူနှင့် ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက် အသက်ကြီးပြီး ရိုးရိုးရှပ် အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ် တန်းစား ပုံစံပေါက်နေသည့် လူကြီး တစ်ယောက်ဖြစ်သည်။

ထိုလူကြီးမှာ ပညာတော့ တတ် ပုံ ရ သည် ။ သတင်း စာတစ်စောင် ကို ဖတ်နေ သည် ။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံသည်။ သူက လက်ဖက်ရည်ခွက်ကို ယူလိုက်ပြီး ဘချမ်း ကို ပြုံးပြ လိုက်သည် ။ ဘချမ်းက သူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” ဟု နှုတ်ဆက်လိုက်သည်။

သူ က လည်း “ဟဲလို” ဟု ပြန်ပြော သည် ။ ထိုလူကြီး က သူ့ကို ပြုံးကာကြည့်လိုက်ပြီး “မောင်ရင် ဘာများလုပ်သလဲကွယ်” ဟုမေးလိုက်သည်။

သေချာ သည် မှာ သူ သည် ဘချမ်း ၏ ရုပ်ရှင်များ ကို မကြည့်ဘူးပါ ။ ထို့ကြောင့် ဘချမ်း က ပြုံးလိုက်ပြီး “ ရုပ်ရှင်လုပ်ငန်း လုပ်ပါတယ် ခင်ဗျာ… ဦး ရုပ်ရှင်ကြည့်ပါသလား”

“အင်း ကြည့်တော့ကြည့် တယ်… အများကြီးတော့ မဟုတ် ဘူး… နှစ်တော်တော်ကြာ မှ တစ်ကားလောက် ဆို ပါတော့”

သေချာ သည် မှာ သူ သည် ဘချမ်း ၏ ရုပ်ရှင်တွေ ကို မကြည့် မိသေးကြောင်းဖြစ် သည် ။ သူ့စိတ်ထဲ ကလည်း သူလို နာမည်ကျော် တစ်ယောက်ကို မသိရကောင်းလားဆို ကာ စိတ်ခု သွားမိသည်။

“မောင်ရင်က ရုပ်ရှင် လုပ်ငန်း မှာ ဆိုတော့ ဘာတွေ လုပ်သလဲ”

“ကျွန်တော် က သရုပ်ဆောင် တစ် ယောက်ပါ”

“အိုး … မင်းသား လား ကောင်း တာပေါ့” သူက ဤမျှသာပြန်ပြော သည်။

ထိုစဉ် လေယာဉ် က ဆင်း သက်နေပြီ ။ သူတို့ ထွက်ခွာရေ တာ့မည်။ ဘချမ်း က ထိုလူကြီး ကို လက်ထိုးပေးရင်း “ ကျွန်တော် အမီတာ ဘချမ်းပါ”

ထိုလူကြီးက လည်း ပြုံးပြ လိုက်ပြီး “ဟုတ်လား… ဝမ်းသာပါတယ် ကွယ်… ဦးနာမည်လည်း မှတ်ထားပါ ဂျေ အာ ဒီ တာတာ”

အမှန်တော့ တာတာ ဆိုသည် မှာ အိန္ဒိယနိုင်ငံ မှ သန်းပေါင်းများ စွာ ချမ်းသာသော TATA လုပ်ငန်း ရှင် သူဌေးကြီး တစ်ယောက်ဖြစ်သည်။

ဘချမ်းက ပြန်ပြောပြ သည် မှာ.. “ကျွန်တော် အဲဒီနေ့ကစပြီးတော့ အများကြီး သင်ခန်း စာရသွားတယ်။ ကျွန်တော် က ကိုယ့်ကိုယ်ကိုယ် အလွန်ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက် လို့ထင်ပြီး သွေးနားထင်ရောက်နေတာ။

သူက ကျွန်တော့် ကို မသိဘူး ဆိုတာ စိတ်ထဲတစ်မျိုးဖြစ်မိတာပေါ့ ။ ကျွန်တော့်ကို သူမသိတာ ဘာမှ မဟုတ်ပါလား… သူ့ကို ကျွန်တော် မသိတာ မှ တော်တော်နောင်တရသွားတာ ။ အလွန် ရိုးသားနှိမ့်ချပြီး သူ့ကိုယ် သူဘာမှန်းမသိအောင် နေပြသွားတဲ့ သူဌေးကြီးတစ်ယောက်က ပေးသွားတဲ့ သင်ခန်းစာ က ရိုးဂုဏ်ဆို တာ တန်ဖိုးဖြတ် လို့ မရဘူးဆိုတာပဲ ”

တင်ညွန့် (၉.၈.၂၀၂၀)

(Amithabh Bachan’s Traveling with Gentleman)

Add a Comment

Your email address will not be published. Required fields are marked *