









Unicode

တရုတ်နိုင်ငံ Liaoning ပြည်နယ် Dalian မြို့ကရောက် ရှိလာတဲ့ အေးခဲ ထား တဲ့ ပြည်ပသွင်းကုန်ပင်လယ်စာတွေရဲ့ ပါကင်ပေါ်မှာ ကိုရိုနာဗိုင်းရပ် ရောဂါပိုးများ တွေ့ရှိခဲ့ တယ် လို့ သြဂုတ်လ ၁၁ ရက်နေ့ မှာ ဒေသခံ အာဏာပိုင်တွေ က ထုတ်ဖော်ပြောဆို ခဲ့ ပါ တယ် ။

တရုတ်နိုင်ငံ ရှိ အေးခဲထားသော ပြည်ပသွင်းကုန် ပင်လယ်စာ များပေါ် တွင် ကိုဗစ်ပိုးများ တွေ့ရှိ ဟုအာဏာပိုင်များပြော

တရုတ်နိုင်ငံ Shando ng ပြည်နယ် Yantai မြို့မှာ ကုမ္ပဏီသုံးခုက ဝယ်ယူ ခဲ့တဲ့ ပင်လယ်စာတွေ ရဲ့ အပြင်ဘက် ပါကင် မှာ ရောဂါပိုးတွေ့ရှိခဲ့တာပါ ။ Yantai မြို့ခံအာဏာပိုင်တွေက Dalian မြို့က ရောက်ရှိလာ တဲ့ပ င်လယ်စာတွေ လို့သာပြောပြီး ဘယ်ပြည်ပနိုင်ငံက တင်သွင်းထားတာလဲ ဆိုတာတော့ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင်လတုန်း ကလည်း Dalian မြို့အကောက်ခွန် အရာရှိတွေက အီကွေဒေါ မှ တင်သွင်းလာတဲ့ အေးခဲထားတဲ့ ပုစွန်ဆိတ်ပါကင်တွေမှာ ရောဂါပိုးတွေ့ရှိတာကြောင့် အီကွေဒေါပုစွန်ဆိတ်ထုတ်လုပ်သူ (၃)ဦးဆီက သွင်းကုန်တွေ ကို တားမြစ်ခဲ့ပါတယ်။

တရုတ်နိုင်ငံ ရှိ အေးခဲထားသော ပြည်ပသွင်းကုန် ပင်လယ်စာ များပေါ် တွင် ကိုဗစ်ပိုးများ တွေ့ရှိ ဟုအာဏာပိုင်များပြော

Yantai မြို့ ကုမ္ပဏီသုံးခုက ဝယ်ယူခဲ့တဲ့ ပင်လယ်စာ တ ချို့ဟာ ပို့ကုန်အဖြစ် လုပ်ဆောင်ပြီးသားဖြစ်နေပေမယ့် အအေးခန်းထဲက ကျန်တဲ့ပင်လယ်စာတွေကတော့ ဈေးကွက်ထဲမရောက်သေးဘူးလို့ Yantai မြို့အာဏာပိုင်တွေ က ဆို ပါ တယ် ။

တရုတ်နိုင်ငံ ရှိ အေးခဲထားသော ပြည်ပသွင်းကုန် ပင်လယ်စာ များပေါ် တွင် ကိုဗစ်ပိုးများ တွေ့ရှိ ဟုအာဏာပိုင်များပြော

ပို့ကုန် အဖြစ် လုပ်ဆောင်ပြီး သား ပင်လယ်စာတွေ ကို တင်ပို့လိုက်ပြီလား ဆိုတာ ကိုတော့ တာဝန်ရှိသူတွေ က ဖြေကြားခဲ့ခြင်း မရှိပါ ဘူး ။

ရောဂါ ပိုးတွေ့ ရှိ ခဲ့ တဲ့ အေးခဲထား တဲ့ ပင်လယ်စာတွေ ကို ကိုင်တွယ်ခဲ့ သူတိုင်း ရောဂါပိုး စစ်ဆေးမှုခံယူ ခဲ့ရပြီး Negative သာထွက်ခဲ့ပေ မယ့် သီးသန့်ခွဲခြားစောင့်ကြည့်ထားတယ် လို့ သိ ရ ပါ တယ် ။

Add a Comment

Your email address will not be published. Required fields are marked *