အေရးပါလွေသာ သံတမန္ဆက္ဆံေရး တစ္ခု အျဖစ္ ကိုဗစ္ကာလ အတြင္း ပထမဆုံးအၾကိမ္ ဂ်ပန္နိုင္ငံျခားေရး ဝန္ႀကီး ျမန္မာနိုင္ငံသို႔ တရားဝင္ ခရီးစဥ္ လာေရာက္မည္

ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိုလ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ေတြ႕ဆုံနိုင္ဖြယ္ ရွိကာ ကိုဗစ္ကာကြယ္ တားဆီးေရး အတြက္ ေဆြးေႏြးသြားရန္ ရွိဟု ဆို

ကိုဗစ္ ကာလ အတြင္း ပထမဆုံး အျဖစ္ ဂ်ပန္နိုင္ငံျခားေရး ဝန္ႀကီး Toshimitsu Motegi သည္ ျမန္မာနိုင္ငံ အပါအဝင္ အေရွ႕ေတာင္အာရွနိုင္ငံမ်ား ႏွင့္ ပါပူအာ နယူးဂီနီနိုင္ငံ တို႔သို႔ တရားဝင္ ခရီးစဥ္ အျဖစ္ လာေရာက္ လည္ပတ္ မည္ျဖစ္ေၾကာင္း သိ ရ သည္။

၎သည္ အဆိုပါ ခရီးစဥ္အတြင္း သက္ဆိုင္ ရာနိုင္ငံမ်ား ၏ နိုင္ငံျခားေရး ဝန္ႀကီးမ်ားႏွင့္ ေတြ႕ဆုံသြား မည္ျဖစ္ကာ ကမာၻလုံးဆိုင္ရာ ကပ္ေရာဂါ ကိုရိုနာဗိုင္းရပ္စ္ တိုက္ဖ်က္ကာကြယ္တားဆီးေရး လုပ္ငန္းစည္မ်ား ကို ပူးေပါင္းေဆာင္႐ြက္ေရး ေဆြးေႏြးမည္ျဖစ္ေၾကာင္း ဂ်ပန္နိုင္ငံျခားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားသည္။

ဂ်ပန္နိုင္ငံျခားေရး ဝန္ႀကီး Toshimitsu Motegi

သို႔ရာ တြင္ ကြၽမ္းက်င္သူ မ်ား ကမူ ၎ခရီးစဥ္ သည္ အေမရိကန္ႏွင့္ တ႐ုတ္နိုင္ငံတို ႔အၾကား အေရွ႕ေတာင္အာရွေဒသကို အေၾကာင္းျပဳ ၍ သ‌ေဘာထား တင္းမာလာမႈ အရွိန္ျမင့္တက္ေန သည့္ ကာလတြင္ ယခုကဲ့သို႔ သံတမန္ဆက္ဆံေရး အတြက္ အေရးပါေသာ အေရွ႕ေတာင္အာရွေဒသ သို႔ လာေရာက္ လည္ပတ္ျခင္းျဖစ္ေၾကာင္း သုံးသပ္ထားၾကသည္။

ဂ်ပန္နိုင္ငံျခားေရးဝန္ႀကီးသည္ ကိုဗစ္အလြန္ကာလတြင္ အေရွ႕ေတာင္အာရွေဒသအတြင္း တ႐ုတ္ ၏ ၾသဇာလႊမ္းမိုးမႈ ကို ေလွ်ာ့ခ်လိဳေနျခင္းျဖစ္သလို ေတာင္တ႐ုတ္ ပင္လယ္အေရး အျငင္းပြားမႈ ကိုလည္း ယခုခရီးစဥ္ အတြင္း ထည့္သြင္းေဆြးေႏြးသြား ဖြယ္ရွိေနေၾကာင္း ခန႔္မွန္းၾကသည္။

ကိုဗစ္ကာလ အတြင္း ပထမဆုံးအၾကိမ္ ဂ်ပန္နိုင္ငံျခားေရး ဝန္ႀကီး ျမန္မာနိုင္ငံသို႔ တရားဝင္ ခရီးစဥ္ လာေရာက္မည္

Motegi သည္ လာမည့္ၾသဂုတ္လ ၂၀ ရက္မွ ၂၅ ရက္ အတြင္း ျမန္မာနိုင္ငံ၊ ကေမာၻဒီးယား၊ လာအိုႏွင့္ ပါပူအာ နယူးဂီနီနိုင္ငံမ်ားသို႔လာေရာက္လည္ပတ္မည္ျဖစ္သည္။

အဆိုပါခရီးစဥ္ မတိုင္မီ ပထမခရီးစဥ္ အျဖစ္ ယေန႕တြင္ စင္ကာပူ သမၼတနိုင္ငံသို႔ စတင္ေရာက္ ရွိမည္ျဖစ္ၿပီး အဆိုပါခရီးစဥ္ သည္ ကိုဗစ္ကာလ ပိတ္ဆို႔ကန႔္သတ္မႈ မ်ားထားရွိေနစဥ္ အ တြင္း စင္ကာပူသို႔ ပထမဆုံးလာေရာက္သည့္ နိုင္ငံျခားအစိုးရဧည့္သည္ျဖစ္ေၾကာင္းလည္းသိရ သည္။

ကိုဗစ္ကာလ အတြင္း ပထမဆုံးအၾကိမ္ ဂ်ပန္နိုင္ငံျခားေရး ဝန္ႀကီး ျမန္မာနိုင္ငံသို႔ တရားဝင္ ခရီးစဥ္ လာေရာက္မည္

Motegi သည္ စင္ကာပူနိုင္င္ငံ တြင္ ဝန္ႀကီးခ်ဳပ္ လီရွန္လြန္း ၊ စင္ကာပူနိုင္ငံျခားေရးဝန္ႀကီးတို႔ႏွင့္ ေတြ႕ဆုံသြား မည္ျဖစ္ၿပီး ထိုမွတစ္ဆင့္ မေလးရွားနိုင္ငံသို႔ ၾသဂုတ္လ ၁၄ ရက္ေန႕တြင္ သြားေရာက္မည္ ျဖစ္သည္။

ၾသဂုတ္လ ၁၅ ရက္ေန႕တြင္ ဂ်ပန္နိုင္ငံ သို႔ ျပန္လည္ ထြက္ခြာမည္ျဖစ္ ကာ ၾသဂုတ္လ ၂၀-၂၅ အတြင္း ျမန္မာနိုင္ငံ၊ ကေမာၻဒီးယား၊ လာအိုႏွင့္ ပါပူအာ နယူးဂီနီနိုင္ငံမ်ားသို႔သြားေရာက္ မည္ျဖစ္ေၾကာင္း The Japan Times သတင္းစာက ေရးသား ထား သည္။ Myanmar Harp

Unicode

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ဖွယ် ရှိကာ ကိုဗစ်ကာကွယ် တားဆီးရေး အတွက် ဆွေးနွေးသွားရန် ရှိဟု ဆို

ကိုဗစ် ကာလ အတွင်း ပထမဆုံး အဖြစ် ဂျပန်နိုင်ငံခြားရေး ဝန်ကြီး Toshimitsu Motegi သည် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံများ နှင့် ပါပူအာ နယူးဂီနီနိုင်ငံ တို့သို့ တရားဝင် ခရီးစဉ် အဖြစ် လာရောက် လည်ပတ် မည်ဖြစ်ကြောင်း သိ ရ သည်။

၎င်းသည် အဆိုပါ ခရီးစဉ်အတွင်း သက်ဆိုင် ရာနိုင်ငံများ ၏ နိုင်ငံခြားရေး ဝန်ကြီးများနှင့် တွေ့ဆုံသွား မည်ဖြစ်ကာ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ကာကွယ်တားဆီးရေး လုပ်ငန်းစည်များ ကို ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

သို့ရာ တွင် ကျွမ်းကျင်သူ များ ကမူ ၎င်းခရီးစဉ် သည် အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား အရှေ့တောင်အာရှဒေသကို အကြောင်းပြု ၍ သ‌ဘောထား တင်းမာလာမှု အရှိန်မြင့်တက်နေ သည့် ကာလတွင် ယခုကဲ့သို့ သံတမန်ဆက်ဆံရေး အတွက် အရေးပါသော အရှေ့တောင်အာရှဒေသ သို့ လာရောက် လည်ပတ်ခြင်းဖြစ်ကြောင်း သုံးသပ်ထားကြသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးသည် ကိုဗစ်အလွန်ကာလတွင် အရှေ့တောင်အာရှဒေသအတွင်း တရုတ် ၏ သြဇာလွှမ်းမိုးမှု ကို လျှော့ချလိုနေခြင်းဖြစ်သလို တောင်တရုတ် ပင်လယ်အရေး အငြင်းပွားမှု ကိုလည်း ယခုခရီးစဉ် အတွင်း ထည့်သွင်းဆွေးနွေးသွား ဖွယ်ရှိနေကြောင်း ခန့်မှန်းကြသည်။

Motegi သည် လာမည့်သြဂုတ်လ ၂၀ ရက်မှ ၂၅ ရက် အတွင်း မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ပါပူအာ နယူးဂီနီနိုင်ငံများသို့လာရောက်လည်ပတ်မည်ဖြစ်သည်။

အဆိုပါခရီးစဉ် မတိုင်မီ ပထမခရီးစဉ် အဖြစ် ယနေ့တွင် စင်ကာပူ သမ္မတနိုင်ငံသို့ စတင်ရောက် ရှိမည်ဖြစ်ပြီး အဆိုပါခရီးစဉ် သည် ကိုဗစ်ကာလ ပိတ်ဆို့ကန့်သတ်မှု များထားရှိနေစဉ် အ တွင်း စင်ကာပူသို့ ပထမဆုံးလာရောက်သည့် နိုင်ငံခြားအစိုးရဧည့်သည်ဖြစ်ကြောင်းလည်းသိရ သည်။

Motegi သည် စင်ကာပူနိုင်င်ငံ တွင် ဝန်ကြီးချုပ် လီရှန်လွန်း ၊ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံသွား မည်ဖြစ်ပြီး ထိုမှတစ်ဆင့် မလေးရှားနိုင်ငံသို့ သြဂုတ်လ ၁၄ ရက်နေ့တွင် သွားရောက်မည် ဖြစ်သည်။

သြဂုတ်လ ၁၅ ရက်နေ့တွင် ဂျပန်နိုင်ငံ သို့ ပြန်လည် ထွက်ခွာမည်ဖြစ် ကာ သြဂုတ်လ ၂၀-၂၅ အတွင်း မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ပါပူအာ နယူးဂီနီနိုင်ငံများသို့သွားရောက် မည်ဖြစ်ကြောင်း The Japan Times သတင်းစာက ရေးသား ထား သည်။ Myanmar Harp

Add a Comment

Your email address will not be published. Required fields are marked *