တရုတ်စီးပွားရေး ဟာ စစ်အေး ခေတ် ဆိုဗီယက်ယူနီယံ ထက် ခြိမ်းခြောက် မှု ပိုကြီးထွားနေ ဟု ကန် နိုင်ငံခြားရေး ၀ န်ကြီး Mike Pompeo ပြော
ဆိုဗီ ယက်ယူနီယံ
Unicode
တရုတ် ရဲ့ စီးပွားရေး အင်အား ဟာ စစ်အေး ကာလ ဆိုဗီ ယက် ယူနီယံ ထက် ကို ကမ္ဘာ ကို တချို့သော နည်း လမ်း မျိုးတွေ နဲ့ ခြိမ်းခြောက် မှု ပိုကြီးမားနေတယ် လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က ဗုဒ္ဓဟူးနေ့ မှာ ချက်ပြည်သူ့ သမ္မတနိုင်ငံ အထက် လွှတ် တော် မှာ မိန့်ခွန်း ပြောကြားရာ မှာ ထည့်သွင်း ပြောဆိုလိုက် ပါတယ်။
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo
CCP တ ရုတ် ကွန်မြူနစ် ပါတီ ရဲ့ အနိုင်ကျင့် မှု နဲ့ ထိန်းချုပ် မှုတွေ လုပ်ဆောင်နေ တာ ဟာ ဒီကနေ့ ကာလ အတွက် ပို ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ် လာနေ ကြောင်းနဲ့ CCP ရဲ့ လုပ်ဆောင်မှုတွေကနေ ကျနော် တို့ရဲ့ စီး ပွါးရေး၊ နိုင်ငံရေးနဲ့ လူမှု အသိုင်းဝိုင်း ဟာ ရုန်းမ ထွက်နိုင်အောင် ဖြစ်နေပြီး ဒါမျိုး ကို ဆိုဗီ ယက်ယူနီယံ တုန်းက တခါမှ မကြုံခဲ့ ရဖူးဘူး လို့ လည်း ပြော ပါ တယ် ။
ဆိုဗီ ယက်ယူနီယံ
ဒါ့ အပြင် TikTok နဲ့ WeChat တို့လို တရုတ် ရဲ့ မီဒီယာ apps တွေ ဟာလည်း အမျိုးသားလုံခြုံရေး အတွက်ရော အချက်အလက် အခိုးယူခံရမှာ အတွက်ပါ အန္တရာယ် ရှိနေ တယ် လို့ ဝန်ကြီး Pompeo က သတိပေး ခဲ့ ပါ တယ် ။ ဒါ့ကြောင့် တရုတ်ကွန်မြူနစ်ပါတီ ရဲ့ လက်ထဲ အမေရိကန်နိုင်ငံသား တွေရဲ့ အချက်အလက်တွေ မရောက်စေဖို့ လုပ်ဆောင်မှာ ဖြစ်ကြောင်း လည်း ပြော ပါ တယ် ။
CCP တရုတ် ကွန်မြူနစ်ပါတီ
အမေရိကန် ပြည်ထောင်စု ဟာ နိုဝင်ဘာ သမ္မတရွေးကောက်ပွဲ မတိုင်ခင် တရုတ် အစိုးရ နဲ့ ပဋိပက္ခဖြစ်အောင် ရန်စနေတယ် လို့ ဗြိတိန်နိုင်ငံ ဆိုင်ရာ တရုတ်သံ အမတ်ကြီး ရဲ့ ပြီးခဲ့တဲ့လက စွပ်စွဲ မှုတွေ နောက်ပိုင်း အ ခု လို ဝန်ကြီး Pompeo ကပြောကြား ခဲ့ တာ ပါ ။ တရုတ် အစိုးရ ရဲ့ ကိုရိုနာ ဗိုင်းရပ်စ် ဆိုင်ရာ ကိုင်တွယ်ပုံတွေ၊ ဟောင်ကောင် အရေး နှိမ်နင်းမှုတွေနဲ့ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင် ဒေသတွင်း လုပ်ဆောင်မှုတွေ နဲ့ ပတ် သက်ပြီး အမေရိကန် တရုတ် ၂ နိုင်ငံ ဆက်ဆံရေး ဟာ ဒီနှစ်အတွင်း မှာ အတော် ကို ဆိုးဝါး ခဲ့တာ ဖြစ် ပါတယ် ။
ဥရောပ အ လယ် ပိုင်းဒေသ ကို သီတင်း တပတ်ကြာ သွားရောက် နေ တဲ့ ဝန်ကြီး Pompeo ဟာ ချက်ပြည်သူ့ သမ္မတ နိုင်ငံဝန်ကြီးချုပ် Andrej Babis နဲ့ Prague မှာ ဗုဒ္ဓဟူးနေ့ အေ စာ ပိုင်း က တွေ့ဆုံဆွေးနွေး ခဲ့ ပါ တယ် ။
ချက်ပြည်သူ့သမ္မတ နိုင်ငံဝန်ကြီးချုပ် Andrej Babis
ခေါင်းဆောင် ၂ ဦး ဟာ နျူကလီယား စွမ်း အ င်ဆိုင် ရာ ပူးပေါင်းဆောင်ရွက် ဖို့တွေနဲ့ အတူ အလယ်ပိုင်း နဲ့ အရှေ့ပိုင်း ဥရောပဒေ သတွင်း နိုင်ငံတွေကြား အခြေခံ အဆောက် အအုံတွေ ၊ စွမ်းအင် နဲ့ ဒစ်ဂျစ် တယ် နည်းပညာ ဆက် သွယ်ရေး စီမံကိန်းတွေ နဲ့ ပံပိုးပြီး ဆက် သွယ်ရေး တိုးမြှင့်ဖို့ နိုင်ငံရေး အရ ဆောင် ရွက် မယ့် Three Seas Initiative အစီစဉ်ကို ပါ ဆွေးနွေး ခဲ့ကြ တာ ပါ ။ Source; VOA
Add a Comment
Your email address will not be published. Required fields are marked *