ေအေအ ကုိ မဖိတ္ပဲ ကန္႕သတ္လိုက္မႈေၾကာင့္ ေျမာက္ပုိင္း မဟာမိတ္ အဖြဲ႔ (၂၁) ရာစု ပင္လုံ ညီလာခံတက္ ဖုိ႔ မေသခ်ာေသး ဟုဆို

လာ မယ့္ ေရြးေကာက္ပြဲေတြ မတိုင္ခင္ က်င္းပဖို႔ျပင္ဆင္ေန တဲ့ ပင္လံု ညီလာခံ ကို NCA လက္မွတ္ မထိုးရေသး တဲ့ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔ေတြအေန နဲ႔ အကန္႔အသတ္ နဲ႔ တက္ေရာက္ ဖို႔ ဖိတ္ၾကားထား ပါတယ္ ။

ဒီ NCA တစ္ႏုိင္ငံ လံုး ပစ္ခတ္ တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူ စာခ်ဳပ္ ကို လက္မွတ္ မထိုးရေသး တဲ့ အဖြဲ႔ေတြ ထဲ AA ရခိုင္ လက္နက္ကိုင္ တပ္ဖြဲ႔ ကို မဖိတ္ဘဲ ကန္႔သတ္ လိုက္တာေၾကာင့္ ဒီတစ္ေခါက္ တက္သင့္ ၊ မတက္သင့္ကို စုေပါင္းေဆြးေႏြးၾကဖို႔ရွိေနပါတယ္။

ေအေအ ကုိ မဖိတ္ပဲ ကန္႕သတ္လိုက္မႈေၾကာင့္ ေျမာက္ပုိင္း မဟာမိတ္ အဖြဲ႔ (၂၁) ရာစု ပင္လုံ ညီလာခံတက္ ဖုိ႔ မေသခ်ာေသး ဟုဆို

ေရွ႕တပတ္ တည္း က်င္း ပဖို႔ ျပင္ဆင္ေ နတဲ့ ၂၁ ရာစုပင္လံု ညီလာခံ တက္ေရး မတက္ေရး NCA လက္မွတ္ မထိုးရေသး တဲ့ အဖြဲ႔ေတြ ဒီတေခါက္ေဆြးေႏြးရာမွာ ထူးျခားခ်က္ ကို UWSA ၀ လက္နက္ကိုင္အဖြဲ႔ လားရိႈးရံုး ဆက္ဆံေရး တာ၀န္ခံ ဦးညီရန္း က အခုလိုေျပာ ပါတယ္။

“ ခါတိုင္း ကေတာ့ ႏွစ္တိုင္း လိုလုိ က်င္းပ တဲ့ ၂၁ ရာစုပင္လံုက က်ေနာ္ တို႔ FPNCC (Federal Political Negotiation and Consultative Committee/ ျပည္ေထာင္စုႏုိင္ငံေရး ေဆြးေႏြးညွိႏုိင္းမႈေကာ္မီတီ) အဖြဲ႔ကေနၿပီးမွ ႀကိဳတင္ၿပီးမွ တက္ မတက္ဆိုတာ ကို ေဆြးေႏြးၾကတယ္ေပါ့ေနာ္။ အေခါက္တိုင္း လိုလိုလည္း သူ႔အခက္အခဲ နဲ႔ သူေတာ့ ရွိပါတယ္ ပံုစံခ်င္း မတူတာတခုပဲ ။ ဒါေပမယ့္ ဒီတေခါက္ ကေတာ့ AA အဖြဲ႕က မပါရဘူး ဆိုတဲ့ ကိစၥကေတာ ့နညး္နည္းေလး ဟိုဟာျဖစ္ တယ္ေလေနာ္။”

တိုင္းရင္း သားအေရး သံုးသပ္သူ ဦးေမာင္ေမာင္စိုး ကလည္း ဒီ တက္ေရာက္ဖို ႔အေပၚ အခက္အခဲတစံုတရာ ျဖစ္ေနတာ ကို အခုလို သံုးသပ္ျပ ပါတယ္။

“ဒီေျမာက္ပိုင္း မဟာမိတ္အဖြဲ႔ေတြ နဲ႔ ပတ္သက္ၿပီးေတာ့ အရင္လ ၂၀ ရက္ပတ္၀န္းက်င္က စၿပီးေတာ့ တရုတ္ ကိုယ္စားလွယ္ စြန္ေကာ့ရွန္ေပါ့ေနာ္ ေျမာက္ပိုင္းကိုယ္စားလွယ္ေတြ နဲ႔ ေတြ႔ၿပီးေတာ့ ပင္လံုညီလာခံတက္ ဖို႔ တိုက္တြန္းတယ္ ဆိုတဲ့ သတင္းစကားေတြ ၾကား ရပါတယ္။ ဒါေပမယ့္ စြန္ေကာ့ရွန္ကိုယ္တိုင္ကေတာ့ မတက္ႏိုင္ဘူး ဆိုတဲ့ သတင္းစကားေတြ ၾကား ရပါတယ္။ ထူးျခားခ်က္ကေတာ့ အားလံုး ကို ဖိတ္မယ္ဆိုရင္ေတာ့ ျပႆနာ မရွိဘူး ။ အခုက ဒီတခါက္မွာက AA ကုိမဖိတ္ဘူးဆိုတဲ့ အခါက်ေတာ့ ေျမာက္ပိုင္း မဟာမိတ္ အဖြဲ႔ေတြ အတြက္ေတာ့ စဥ္းစားစရာ ျဖစ္သြား တယ္ ။ တတိယအခ်က္အေနနဲ႔ ကေတာ့ စြန္ေကာ့ရွန္ကိုယ္တိုင္လည္း မတက္ဘူး တရုတ္ျပည္ ကလည္း မစီစဥ္တဲ့ အခါမွာ လံုၿခံဳေရး နဲ႔ ပတ္သက္ၿပီး ဘယ္သူ တာ၀န္ယူူမလဲ ဆိုတဲ့ ေမးခြန္းေတြေပၚ လာတယ္ ။”

ေအေအ ကုိ မဖိတ္ပဲ ကန္႕သတ္လိုက္မႈေၾကာင့္ ေျမာက္ပုိင္း မဟာမိတ္ အဖြဲ႔ (၂၁) ရာစု ပင္လုံ ညီလာခံတက္ ဖုိ႔ မေသခ်ာေသး ဟုဆို

အဲဒီေတာ့ NCA တစ္ႏုိင္ငံ လံုး ပစ္ခတ္ တိုက္ခိုက္မူ ရပ္စဲေရးသေဘာ တူစာခ်ဳပ္ ကို လက္မွတ္ မထိုးရေသး တဲ့ အဖြဲ႔ေတြအေန နဲ႔ တက္ႏိုင္ဖို႔အလားအလာ ဘယ္လိုျမင္ပါသလဲ လို႔ ေမးရာ ဦးညီရမ္းက

“ဗဟို ဌာနခ်ဳပ္ရယ္ ၿပီးေတာ့ FPNCC တို႔ရဲ႕ ေဆြးေႏြး သေဘာ တူညီမႈအေပၚ မွာ မူတည္ ပါတယ္ ။ အားလံုး ပါ၀င္ႏိုင္ရင္ေတာ့ ေကာင္းတာေပါ့ေနာ္ မပါပဲနဲ႔ ဒီအတိုင္းထား ရင္ေရာ ၿပီးမလားဆိုတာ က်ေနာ္တို႔ကေတာ့ စဥ္းစားစရာ ေပါ့ေနာ္။”

ဒီ NCA လက္မွတ္ မထိုးရေသးတဲ့ အဖြဲ႔ေတြ ဒီတေခါက္ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ညီလာခံ တက္ေရာက္ ႏိုင္ဖို႔ အလားအလာ ကို ဦးေမာင္ေမာင္စိုး ကေတာ့ အခုလို ခြဲျခားသံုးသပ္ျပပါတယ္။

“တပိုင္း ကေတာ့ ဒီလို မဖိတ္တဲ့ကိစၥေတြနဲ႔ ပတ္သက္လို႔ AA နဲ႔ စစ္ေရးတပ္ေပါင္းစု ဖြဲ႔ထားတာ ၃ ဖြဲ႔ရွိတာကို။ ကိုးကန္႔ရယ္၊ TNLA ရယ္၊ AA ဒါစစ္ေရးတပ္ေပါင္းစုေပါ့ FPNCC ကေတာ့ ႏိုင္ငံေရး တပ္ေပါင္းစု လို႔ ဖြဲ႔တာ ကိုး ။ စစ္ေရးတပ္ေပါင္းစု အဖြဲ႔ကေတာ့ မတက္ဖို႔ ဆႏၵျပဳဖို႔ မ်ားတယ္ ႏိုင္ငံေရးတပ္ေပါင္းစုကေတာ့ တက္မတက္ ခ်င့္ခ်ိန္ မယ္လို႔ထင္ပါတယ္။ စစ္ေရးအရ ေျပာမယ္ ဆိုရင္ AA ကို မဖိတ္ရင္ေတာ့ ျငိမ္းခ်မ္းေရးကိစၥကေတာ့ မေျပလည္ဘူးဗ် ၊

ေအေအ ကုိ မဖိတ္ပဲ ကန္႕သတ္လိုက္မႈေၾကာင့္ ေျမာက္ပုိင္း မဟာမိတ္ အဖြဲ႔ (၂၁) ရာစု ပင္လုံ ညီလာခံတက္ ဖုိ႔ မေသခ်ာေသး ဟုဆို

အခုျမန္မာျပည္မွာ တကယ္တမ္း တိုက္ေနတာက AA နဲ႔ပဲ တိုက္ေနတာကို။ ႏိုင္ငံေရး တပ္ေပါင္းစုေတြ ပါမလား ဆိုတာ နဲ႔ ပတ္သက္ၿပီးေတာ့ ေမးခြန္းေမးစရာ တခုရွိတာက ဒီတပတ္ NRPC က ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးတို႔ ေျပာတာကေတာ့ ေခါင္းေဆာင္ေတြကို By name နဲ႔ ဖိတ္ တယ္ ။ အဲဒီလူေတြပဲ တက္ရမယ္ဆိုတဲ့ သေဘာမ်ိဳး ဖိတ္တဲ့အခ်ိန္မွာ အဲဒီလူေတြ ကိုယ္တိုင္ မတက္ႏိုင္ရင္ အစားထိုးတက္မယ့္လူကို ဒီဘက္က လက္ခံႏိုင္ မခံႏိုင္ လည္း မသိဘူး ဆိုတဲ့ အခါက်ေတာ့ ဒီကိ စၥကို ေစာင့္ၾကည့္ရမယ္ လို႔ ထင္ ပါတယ္။ ”

အဲဒီေတာ့ ဒီတေခါက္ ညီလာခံ ကို ဖိတ္ၾကားမႈ မွာ အကန္ ႔အသတ္ေတြ ဘာေၾကာင့္ အခုလို ရွိတာပါ လဲလို႔ ေမးခဲ့ရာ မွာ ဦးေမာင္ေမာင္စိုးက ဆက္ၿပီးေတာ့

“တဘက္ ကလည္း COVID ကိုအေၾကာင္းျပ လို႔ရတယ္။ တဘက္ကလည္း AA ကို အၾကမ္းဖက္ အဖြဲ ႔အျဖစ္ ေၾကညာထားတဲ့ အေျခအေနေတြနဲ ႔လည္း ဆိုင္ပါတယ္။ တဘက္ကလည္း NCA မထိုးတဲ့ အဖြဲ႔ေတြ နဲ႔ ညိွႏိႈင္းလို႔မရတဲ့ အေျခအေနေတြ နဲ႔ ဆိုင္မယ္လို႔ထင္ပါတယ္။”

ေအေအ ကုိ မဖိတ္ပဲ ကန္႕သတ္လိုက္မႈေၾကာင့္ ေျမာက္ပုိင္း မဟာမိတ္ အဖြဲ႔ (၂၁) ရာစု ပင္လုံ ညီလာခံတက္ ဖုိ႔ မေသခ်ာေသး ဟုဆို

ဒါေပမယ့္ ဦးညီရမ္း က အၾကမ္းဖက္အဖြဲ႔ သတ္မွတ္တာနဲ႔ အမ်ားႀကီးမဆိုင္ဘူးလို႔ အခုလို သံုးသပ္ျပပါတယ္။

“အၾကမ္းဖက္ အဖြဲ႔ေၾကညာတာကေတာ့ ေျမာက္ပိုင္း မဟာမိတ္လည္း အၾကမ္းဖက္အဖြဲ႔ ေၾကညာတာ ပဲ။ ဒါလည္း တက္ေနတာပဲ ၊ တက္ခဲ့တာပဲ ။ ေသခ်ာတာတခုကေတာ့ ျပႆနာျဖစ္တဲ့ အဖြဲ႔ အဲဒီဘက္က ျဖစ္ေနတဲ့ အဖြဲ႔က ပိုမိုတက္ေရာက္သင့္တယ္ လို႔ ၊ ဒါက ပိုၿပီးမွ ျပႆနာျဖစ္ေနတဲ့ ရခိုင္ေဒသ မွာ အားလံုးသိေနတာပဲ ။ တက္ေရာက္တယ္ ဆိုတာက မတက္တာထက္ ေကာင္းၿပီးသားေလ ေတြ႔ဆံုေဆြးေႏြးမႈ လမ္းေၾကာင္း တခုကေတာ့ ပြင့္သြားတာေပါ့ ။ ဒါမ်ိဳးပဲ ဆက္ထားမယ္ဆိုရင္ေတာ့ တိုင္းျပည္နစ္နာတာေပါ့။”

တကယ္ေတာ့ အရင္ က်င္းပခဲ့တဲ့ ျပည္ေထာင္စု အဆင့္ ၿငိမ္းခ်မ္းေရးညီလာခံႀကီးကို NCA လက္မွတ္မထိုးရေသး တဲ့ အဖြဲ႔ေတြအေန နဲ႔ အခက္အခဲမ်ိဳးစံုၾကားက တက္ေရာက္ႏိုင္ခဲ့ေပမယ့္ ဒီတေခါက္ေတာ့ ပို ခက္ခက္ခဲခဲ ဆံုးျဖတ္ရေတာ့မယ္ လို႔ သံုးသပ္မႈေတြလည္း ရွိေန ပါတယ္။

Souce;VOA ကိုဝင္းမင္း က ေမးျမန္းထားပါသည္ ။

Unicode

လာ မယ့် ရွေးကောက်ပွဲတွေ မတိုင်ခင် ကျင်းပဖို့ပြင်ဆင်နေ တဲ့ ပင်လုံ ညီလာခံ ကို NCA လက်မှတ် မထိုးရသေး တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေ နဲ့ အကန့်အသတ် နဲ့ တက်ရောက် ဖို့ ဖိတ်ကြားထား ပါတယ် ။

ဒီ NCA တစ်နိုင်ငံ လုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် ကို လက်မှတ် မထိုးရသေး တဲ့ အဖွဲ့တွေ ထဲ AA ရခိုင် လက်နက်ကိုင် တပ်ဖွဲ့ ကို မဖိတ်ဘဲ ကန့်သတ် လိုက်တာကြောင့် ဒီတစ်ခေါက် တက်သင့် ၊ မတက်သင့်ကို စုပေါင်းဆွေးနွေးကြဖို့ရှိနေပါတယ်။

ရှေ့တပတ် တည်း ကျင်း ပဖို့ ပြင်ဆင်ေ နတဲ့ ၂၁ ရာစုပင်လုံ ညီလာခံ တက်ရေး မတက်ရေး NCA လက်မှတ် မထိုးရသေး တဲ့ အဖွဲ့တွေ ဒီတခေါက်ဆွေးနွေးရာမှာ ထူးခြားချက် ကို UWSA ၀ လက်နက်ကိုင်အဖွဲ့ လားရှိုးရုံး ဆက်ဆံရေး တာဝန်ခံ ဦးညီရန်း က အခုလိုပြော ပါတယ်။

“ ခါတိုင်း ကတော့ နှစ်တိုင်း လိုလို ကျင်းပ တဲ့ ၂၁ ရာစုပင်လုံက ကျနော် တို့ FPNCC (Federal Political Negotiation and Consultative Committee/ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနိုင်းမှုကော်မီတီ) အဖွဲ့ကနေပြီးမှ ကြိုတင်ပြီးမှ တက် မတက်ဆိုတာ ကို ဆွေးနွေးကြတယ်ပေါ့နော်။ အခေါက်တိုင်း လိုလိုလည်း သူ့အခက်အခဲ နဲ့ သူတော့ ရှိပါတယ် ပုံစံချင်း မတူတာတခုပဲ ။ ဒါပေမယ့် ဒီတခေါက် ကတော့ AA အဖွဲ့က မပါရဘူး ဆိုတဲ့ ကိစ္စကတော့နည်းနည်းလေး ဟိုဟာဖြစ် တယ်လေနော်။”

တိုင်းရင်း သားအရေး သုံးသပ်သူ ဦးမောင်မောင်စိုး ကလည်း ဒီ တက်ရောက်ဖို့အပေါ် အခက်အခဲတစုံတရာ ဖြစ်နေတာ ကို အခုလို သုံးသပ်ပြ ပါတယ်။

“ဒီမြောက်ပိုင်း မဟာမိတ်အဖွဲ့တွေ နဲ့ ပတ်သက်ပြီးတော့ အရင်လ ၂၀ ရက်ပတ်ဝန်းကျင်က စပြီးတော့ တရုတ် ကိုယ်စားလှယ် စွန်ကော့ရှန်ပေါ့နော် မြောက်ပိုင်းကိုယ်စားလှယ်တွေ နဲ့ တွေ့ပြီးတော့ ပင်လုံညီလာခံတက် ဖို့ တိုက်တွန်းတယ် ဆိုတဲ့ သတင်းစကားတွေ ကြား ရပါတယ်။ ဒါပေမယ့် စွန်ကော့ရှန်ကိုယ်တိုင်ကတော့ မတက်နိုင်ဘူး ဆိုတဲ့ သတင်းစကားတွေ ကြား ရပါတယ်။ ထူးခြားချက်ကတော့ အားလုံး ကို ဖိတ်မယ်ဆိုရင်တော့ ပြဿနာ မရှိဘူး ။ အခုက ဒီတခါက်မှာက AA ကိုမဖိတ်ဘူးဆိုတဲ့ အခါကျတော့ မြောက်ပိုင်း မဟာမိတ် အဖွဲ့တွေ အတွက်တော့ စဉ်းစားစရာ ဖြစ်သွား တယ် ။ တတိယအချက်အနေနဲ့ ကတော့ စွန်ကော့ရှန်ကိုယ်တိုင်လည်း မတက်ဘူး တရုတ်ပြည် ကလည်း မစီစဉ်တဲ့ အခါမှာ လုံခြုံရေး နဲ့ ပတ်သက်ပြီး ဘယ်သူ တာဝန်ယူူမလဲ ဆိုတဲ့ မေးခွန်းတွေပေါ် လာတယ် ။”

အဲဒီတော့ NCA တစ်နိုင်ငံ လုံး ပစ်ခတ် တိုက်ခိုက်မူ ရပ်စဲရေးသဘော တူစာချုပ် ကို လက်မှတ် မထိုးရသေး တဲ့ အဖွဲ့တွေအနေ နဲ့ တက်နိုင်ဖို့အလားအလာ ဘယ်လိုမြင်ပါသလဲ လို့ မေးရာ ဦးညီရမ်းက

“ဗဟို ဌာနချုပ်ရယ် ပြီးတော့ FPNCC တို့ရဲ့ ဆွေးနွေး သဘော တူညီမှုအပေါ် မှာ မူတည် ပါတယ် ။ အားလုံး ပါဝင်နိုင်ရင်တော့ ကောင်းတာပေါ့နော် မပါပဲနဲ့ ဒီအတိုင်းထား ရင်ရော ပြီးမလားဆိုတာ ကျနော်တို့ကတော့ စဉ်းစားစရာ ပေါ့နော်။”

ဒီ NCA လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေ ဒီတခေါက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ တက်ရောက် နိုင်ဖို့ အလားအလာ ကို ဦးမောင်မောင်စိုး ကတော့ အခုလို ခွဲခြားသုံးသပ်ပြပါတယ်။

“တပိုင်း ကတော့ ဒီလို မဖိတ်တဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ AA နဲ့ စစ်ရေးတပ်ပေါင်းစု ဖွဲ့ထားတာ ၃ ဖွဲ့ရှိတာကို။ ကိုးကန့်ရယ်၊ TNLA ရယ်၊ AA ဒါစစ်ရေးတပ်ပေါင်းစုပေါ့ FPNCC ကတော့ နိုင်ငံရေး တပ်ပေါင်းစု လို့ ဖွဲ့တာ ကိုး ။ စစ်ရေးတပ်ပေါင်းစု အဖွဲ့ကတော့ မတက်ဖို့ ဆန္ဒပြုဖို့ များတယ် နိုင်ငံရေးတပ်ပေါင်းစုကတော့ တက်မတက် ချင့်ချိန် မယ်လို့ထင်ပါတယ်။ စစ်ရေးအရ ပြောမယ် ဆိုရင် AA ကို မဖိတ်ရင်တော့ ငြိမ်းချမ်းရေးကိစ္စကတော့ မပြေလည်ဘူးဗျ ၊

အခုမြန်မာပြည်မှာ တကယ်တမ်း တိုက်နေတာက AA နဲ့ပဲ တိုက်နေတာကို။ နိုင်ငံရေး တပ်ပေါင်းစုတွေ ပါမလား ဆိုတာ နဲ့ ပတ်သက်ပြီးတော့ မေးခွန်းမေးစရာ တခုရှိတာက ဒီတပတ် NRPC က ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးတို့ ပြောတာကတော့ ခေါင်းဆောင်တွေကို By name နဲ့ ဖိတ် တယ် ။ အဲဒီလူတွေပဲ တက်ရမယ်ဆိုတဲ့ သဘောမျိုး ဖိတ်တဲ့အချိန်မှာ အဲဒီလူတွေ ကိုယ်တိုင် မတက်နိုင်ရင် အစားထိုးတက်မယ့်လူကို ဒီဘက်က လက်ခံနိုင် မခံနိုင် လည်း မသိဘူး ဆိုတဲ့ အခါကျတော့ ဒီကိ စ္စကို စောင့်ကြည့်ရမယ် လို့ ထင် ပါတယ်။ ”

အဲဒီတော့ ဒီတခေါက် ညီလာခံ ကို ဖိတ်ကြားမှု မှာ အကန့်အသတ်တွေ ဘာကြောင့် အခုလို ရှိတာပါ လဲလို့ မေးခဲ့ရာ မှာ ဦးမောင်မောင်စိုးက ဆက်ပြီးတော့

“တဘက် ကလည်း COVID ကိုအကြောင်းပြ လို့ရတယ်။ တဘက်ကလည်း AA ကို အကြမ်းဖက် အဖွဲ့အဖြစ် ကြေညာထားတဲ့ အခြေအနေတွေနဲ့လည်း ဆိုင်ပါတယ်။ တဘက်ကလည်း NCA မထိုးတဲ့ အဖွဲ့တွေ နဲ့ ညှိနှိုင်းလို့မရတဲ့ အခြေအနေတွေ နဲ့ ဆိုင်မယ်လို့ထင်ပါတယ်။”

ဒါပေမယ့် ဦးညီရမ်း က အကြမ်းဖက်အဖွဲ့ သတ်မှတ်တာနဲ့ အများကြီးမဆိုင်ဘူးလို့ အခုလို သုံးသပ်ပြပါတယ်။

“အကြမ်းဖက် အဖွဲ့ကြေညာတာကတော့ မြောက်ပိုင်း မဟာမိတ်လည်း အကြမ်းဖက်အဖွဲ့ ကြေညာတာ ပဲ။ ဒါလည်း တက်နေတာပဲ ၊ တက်ခဲ့တာပဲ ။ သေချာတာတခုကတော့ ပြဿနာဖြစ်တဲ့ အဖွဲ့ အဲဒီဘက်က ဖြစ်နေတဲ့ အဖွဲ့က ပိုမိုတက်ရောက်သင့်တယ် လို့ ၊ ဒါက ပိုပြီးမှ ပြဿနာဖြစ်နေတဲ့ ရခိုင်ဒေသ မှာ အားလုံးသိနေတာပဲ ။ တက်ရောက်တယ် ဆိုတာက မတက်တာထက် ကောင်းပြီးသားလေ တွေ့ဆုံဆွေးနွေးမှု လမ်းကြောင်း တခုကတော့ ပွင့်သွားတာပေါ့ ။ ဒါမျိုးပဲ ဆက်ထားမယ်ဆိုရင်တော့ တိုင်းပြည်နစ်နာတာပေါ့။”

တကယ်တော့ အရင် ကျင်းပခဲ့တဲ့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးညီလာခံကြီးကို NCA လက်မှတ်မထိုးရသေး တဲ့ အဖွဲ့တွေအနေ နဲ့ အခက်အခဲမျိုးစုံကြားက တက်ရောက်နိုင်ခဲ့ပေမယ့် ဒီတခေါက်တော့ ပို ခက်ခက်ခဲခဲ ဆုံးဖြတ်ရတော့မယ် လို့ သုံးသပ်မှုတွေလည်း ရှိနေ ပါတယ်။

Souce;VOA ကိုဝင်းမင်း က မေးမြန်းထားပါသည် ။

Add a Comment

Your email address will not be published. Required fields are marked *