











Unicode

ရု ရှား သတင်း အေဂျင်စီ တစ် ခုဖြစ် တဲ့ Fontanka ရဲ့ဖော်ပြချက် အရ သမ္မတဗလာ ဒီမာပူတင် ရဲ့ ကိုဗစ် ကာကွယ်ဆေး ဟာ လူ ၃၈ ဦးမှာပဲ စမ်းသပ်ပြီး ခွင့်ပြုပေးခဲ့တာ လို့ သိ ရ ပါ တယ်။

ရုရှားကာကွယ်ဆေး ရဲ့ အမှောင်ဖက်ခြမ်း က ဆိုးကျိုး ဖြစ်စဉ်တွေ ကို ရုရှား သတင်း အေဂျင်စီ က ဖွင့်ချလိုက်ပြီ

သြဂုတ်လ ၁၁ ရက် မှာ ပူတင်က နှစ်လကြာ စမ်းသပ်မှုတွေပြီး တဲ့နောက် Sputnik V လို့နာမည်ပေးထားတဲ့ COVID-19 ကာကွယ်ဆေး ကို ခွင့်ပြုချက်ေ ပးလိုက်ပြီဖြစ်ပြီး အောက်တို ဘာလ မှာ အများအပြား ထုတ်လုပ်သွားမယ် လို့ ကြေညာခဲ့ပေ မယ့် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO ကတော့ ဆေးကိုလေ့လာဆန်းစစ်ခွင့်ရဖို့ ရုရှားအာဏာပိုင်တွေနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေ ပါတယ် ။

Fontanka သတင်း အေဂျင်စီ ကတော့ ၄၂ ရက် သာ လေ့လာမှုတွေ လုပ်ဆောင် ခဲ့တဲ့ ကိုဗစ် ကာကွယ်ဆေး ဟာ ထိရောက်မှု ရှိ မရှိ ပြောလို့မရသေးဘူးလို့ ဆိုထား ပါတယ်။

ပူတင် ရဲ့သမီးကိုယ်တိုင် ကာကွယ်ဆေး ထိုးခံထားပြီးဖြစ်သလို ပူတင် ကလည်း သမီးဖြစ်သူ မှာ Antibodies ဖြစ်ပေါ်လာကြောင်း နဲ့ အပူချိန်နည်းနည်းတက်ရုံကလွဲပြီး ဆိုးကျိုးတွေမခံစားခဲ့ရဘူး လို့ ဆိုပါတယ်။

ရုရှားကာကွယ်ဆေး ရဲ့ အမှောင်ဖက်ခြမ်း က ဆိုးကျိုး ဖြစ်စဉ်တွေ ကို ရုရှား သတင်း အေဂျင်စီ က ဖွင့်ချလိုက်ပြီ

Fontanka ကတော့ ကာကွယ်ဆေး မှာ ရောင်ရမ်းခြင်း၊ နာကျင်ခြင်း၊ ပုံမှန်မဟုတ်ဘဲ ကိုယ်အပူချိန်မြင့်တက်ခြင်းနဲ့ ဆေးထိုးထားတဲ့နေရာမှာ ယားယံခြင်းအပါအဝင် ဆိုးကျိုးတွေအများကြီးကို မြင်တွေ့ခဲ့ရတယ် လို့ ဆိုထား ပါတယ်။

ဆေးထုတ်လုပ် တဲ့ Gamaleya Research Institute က စမ်းသပ်မှုမှာ ပါဝင်သူအနည်းငယ်သာရှိခဲ့တာကြောင့် ဆိုးကျိုးတွေကိုအတိအကျမဆုံးဖြတ်နိုင်ခဲ့ဘူးလို့ ဆိုထား ပါတယ်။ စမ်းသပ်မှုမှာပါဝ င်ခဲ့တဲ့ အရွယ်ရောက်ပြီး လူကြီး ၃၈ ဦးမှာ ဆိုးကျိုးဖြစ်စဉ်ပေါင်း ၁၄၄ ခုရှိခဲ့တယ် လို့ Fontanka က ဆို ပါတယ်။

ရုရှားကာကွယ်ဆေး ရဲ့ အမှောင်ဖက်ခြမ်း က ဆိုးကျိုး ဖြစ်စဉ်တွေ ကို ရုရှား သတင်း အေဂျင်စီ က ဖွင့်ချလိုက်ပြီ

လက်ရှိ လေ့လာမှုေ တွအရ အသက် ၁၈ နှစ်အောက် နဲ့ အသက် ၆၀ ကျော်သူတွေ ကို ကာကွယ်ဆေးထိုးပေးမှာမ ဟုတ်သလို ကိုယ်ဝန်ဆောင်တွေ နဲ့နို့တိုက် မိခင်တွေမှာ လည်း ဆေးအသုံးမပြုဖို့ ဆိုထား ပါ တယ်။

ကျောက်ကပ် နဲ့ အသည်း ရောဂါ၊ ဆီးချို၊ ဝက်ရူးပြန်ရောဂါ၊ နှလုံးသွေးကြောရောဂါ၊ ကိုယ်ခံအား စနစ် အားနည်းခြင်း နဲ့ ဓာတ်မတည့်တဲ့ရောဂါတွေ အပါအဝင် ရောဂါအခံရှိသူတွေမှာ လည်း ကာကွယ် ဆေး ကို သတိနဲ့အသုံးပြုဖို့ အကြံပြုထား တယ် လို့ သိရ ပါ တယ် ။

Add a Comment

Your email address will not be published. Required fields are marked *