သူတစ်ပါး မြေကို တစ်လက်မတောင် သိမ်းယူခြင်း မရှိတဲ့ ကမ္ဘာပေါ်က ပထမဆုံး နိုင်ငံဖြစ်ကြောင်း တရုတ်ပြော


သူတစ်ပါး မြေကို တစ်လက်မတောင် သိမ်းယူခြင်း မရှိတဲ့ ကမ္ဘာပေါ်က ပထမဆုံး နိုင်ငံဖြစ်ကြောင်း တရုတ်ပြော


သူတစ်ပါး မြေကို တစ်လက်မတောင် သိမ်းယူခြင်း မရှိတဲ့ ကမ္ဘာပေါ်က ပထမဆုံး နိုင်ငံဖြစ်ကြောင်း တရုတ်ပြော



သူတစ်ပါး မြေကို တစ်လက်မတောင် သိမ်းယူခြင်း မရှိတဲ့ ကမ္ဘာပေါ်က ပထမဆုံး နိုင်ငံဖြစ်ကြောင်း တရုတ်ပြော


Tala Ban

Unicode

တရုတ်နိုင်ငံ သည် တာဝန်ခံ တာဝန်ယူမှု ရှိသော နိုင်ငံကြီးဖြစ်ရာ မိမိတို့ အနေဖြင့် မှန်မှန် ကန်ကန် ပွင့်ပွင့်လင်းလင်း အမေရိကန်နှင့် ထိရောက် ပွင့်လင်းသော ဆွေးနွေးမှုများပြုလုပ် သွား လိုကြောင်း၊ တရုတ်နိုင်ငံ က အေးဆေး တည်ငြိမ် မှန်ကန်စွာဖြင့် အမေရိကန် ၏ ပူပန်မှု အာဃာတတွေ ကို ရင်ဆိုင်သွားရန် ပြင်ဆင်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ က ဆက်လက်ပြောကြား ခဲ့ သည်။

မိမိတို့အနေဖြင့် အမေရိကန်နှင့် အလွှာစုံ၊ ကဏ္ဍစုံ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများ ကို အချိန်မရွေးပြုလုပ်နိုင်သ လို ၊ မည်သည့်ပြသာနာအရေး ကိစ္စရပ် ကို မဆို စားပွဲဝိုင်းတွင် ဆွေးနွေးနိုင်ကြောင်း ၊ ပူးပေါင်းဆောင်ရွက် မှု၊ တွေ့ဆုံဆွေးနွေးမှု၊ ကွဲလွဲမှုများ ကို စီမံထိန်းချုပ်မှုနှင့် သက်ဆိုင်သော အသေး စိတ်ရှင်းတမ်းအား ရှင်းလင်း သတ်မှတ်ရန်၊ ဆွေးနွေးမှု၏ နောက်ခြေလှမ်း လမ်းကြောင်း ကို အတည်ပြု သတ်မှတ်ရန် အဆိုပြုထားကြောင်း ဝမ်ရိ က ဆိုသည် ။

တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ က

“ တရုတ်နိုင်ငံသည် စစ်ပွဲတစ်ခုကို ဘယ်သောအခါ မှ စတင်ခဲ့ခြင်း မရှိခဲ့သလို အခြားသူများ ၏ မြေ ကို တစ်လက်မမျှ သိမ်းပိုက်ခဲ့ခြင်း မရှိကြောင်း မှတ်ချက်ပြုခဲ့သည်။

“ ကျွန်တော် တို့က အဲဒီလို တည်ကြည်လေးနက် တဲ့ ကတိ ကဝတ် ကို လုပ်ဆောင် မယ့် ကမ္ဘာပေါ်က ပထမဆုံး နိုင်ငံဖြစ် ပါတယ် ။ ဗိုလ်ကျခြင်း ဒါမှမဟုတ် နယ်ချဲ့ခြင်းကို လည်း ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး။ ကျွန်တော် တို့က ငြိမ်းချမ်းရေး အတွက် အမြဲတစေ သစ္စာရှိစွာ ထိန်းသိမ်းသွား မှာပါ” ဟု ဝမ်က အလေးထားပြော ခဲ့သည်။

Tala Ban

Add a Comment

Your email address will not be published. Required fields are marked *