သမိုင္းထဲက ထူးဆန္းစြာေပ်ာက္ဆုံးသြား ခဲ့ရတဲ့ ကုန္းေဘာင္ေခတ္ က ျမန္မာ့ လူေမ်ာက္ မိသားစု ရဲ႕ မ်ိဳးဆက္ ျပန္ေပၚလာ ၿပီလား…?

ပထမဆုံး လူေမ်ာက္ ျဖစ္ တဲ့ ဦးေ႐ႊေမာင္ ကို ၁၇၉၆ ခုႏွစ္ မွာ သံလြင္ျမစ္ ( သို႔ ) မုတၱျမစ္ ေဘးက ေလာ နိုင္ငံ မိုင္း႐ုံးႀကီး နယ္ မွာ ေမြးဖြား ခဲ့ တယ္ ။ ( ပထဝီ အေျခ အေနနဲ႕ အေခၚ အေဝၚ အရ အဲဒီ ေဒသ ဟာ အခု ထိုင္း နိုင္ငံ ထဲက Mae Yong ပဲ ျဖစ္ဖို႔ မ်ား ပါ တယ္ ) အဲဒီ ေဒသ ကို အပိုင္စား တဲ့ ေစာ္ဘြား တစ္ေယာက္ က ထူးထူး ဆန္းဆန္း အေမြး အမွ်င္ေတြ နဲ႕ ကေလး ငယ္ ကို ျမန္မာ ဘုရင္ ထံ အထူး အဆန္း လက္ေဆာင္ ပဏၰာ အျဖစ္ နဲ႕ ဆက္သ လိုက္တာ မို႔ သူ႕ အသက္ ငါးႏွစ္ သား အ႐ြယ္ မွာ အင္းဝ ဘုရင္ထံ ကို ေရာက္ လာ ပါ တယ္။

သမိုင္းထဲက ထူးဆန္းစြာေပ်ာက္ဆုံးသြား ခဲ့ရတဲ့ ကုန္းေဘာင္ေခတ္ က ျမန္မာ့ လူေမ်ာက္ မိသားစု ရဲ႕ မ်ိဳးဆက္ ျပန္ေပၚလာ ၿပီလား…?

သူ႕ တစ္ ကိုယ္ လုံး မွာ အေမြး ႏုႏုေလး ေတြ ရွည္လ်ားစြာ ေပါက္ေန တယ္။ သူ႕ မ်က္လုံး အသား အေရ ပုံစံ စတာ ေတြ က ျမန္မာေတြ နဲ႕ မတူဘူး လို႔ ဆိုပါတယ္။ ( ဒီ အျဖစ္အပ်က္ ေတြ ကို ၁၈၂၆ မွာ ပထမဆုံး မွတ္ တမ္း တင္နိုင္ ခဲ့ တဲ့ အဂၤလိပ္ သံအဖြဲ႕ က ကေရာဖို႔ (ဒ္) မွတ္တမ္း ကို လူထု ေဒၚအမာ ေဆာင္းပါး ထဲမွာ ဖတ္နိုင္ ပါတယ္ )

ေ႐ႊေမာင္ ဟာ အဲဒီ က တည္း က နန္း တြင္း မွာ ေပ်ာ္ေတာ္ဆက္ အျဖစ္နဲ႕ ႀကီးျပင္း လာ ခဲ့ တယ္ ။ ေမ်ာက္ေတြ လို ကျပ ေဖ်ာ္ေျဖ ရပါသတဲ့။ သူ႕မိဘေတြ မွာေရာ သူတို႔ မ်ိဳး ႏြယ္စု ထဲမွာပါ သူ႕လို အေမြး အမွ်င္ေတြ မရွိဘူး လို႔ သူက ေျပာပါတယ္။ လူပ်ိဳ အျဖစ္ ကို အသက္၂၀ အ႐ြယ္ မွ ေရာက္ပါ တယ္တဲ့။

အသက္ ၂၂ မွာ ေတာ့ ဘုရင္ က ( ဘႀကီးေတာ္ ဘုရား ) သူ႕ကို လွတဲ့ နန္းတြင္းသူ တစ္ေယာက္ နဲ႕ လက္ထပ္ ေပးပါတယ္။ သူတို႔ ကေလး ေလးေယာက္ ရခဲ့တယ္။ အားလုံး က မိန္းခေလး ေတြ ခ်ည္းပါပဲ။ ႏွစ္ေယာက္ ကေတာ့ ငယ္ငယ္ ႐ြယ္႐ြယ္နဲ႕ ဆုံးပါး သြားခဲ့ၿပီး တတိယ သမီးေလး က မိခင္ ျဖစ္သူ နဲ႕ အေတာ္ ကို တူပါ သတဲ့။

ေနာက္ဆုံး ၂ ႏွစ္ အ႐ြယ္ ကေလး တစ္ေယာက္ ကေတာ့ သူ႕ လိုပဲ အေမြး အမွ်င္ ေတြနဲ႕ ျဖစ္လာ တယ္။ အဲဒီ အငယ္ဆုံး သမီး က ေ႐ႊေမာင္ရဲ႕ အေမြ ကို ဆက္ခံတဲ့ မဖုံး ျဖစ္ ပါ တယ္။ ကေရာဖို႔(ဒ္) ရဲ႕ စာအုပ္ ထဲမွာ ကိုေ႐ႊေမာင္ နဲ႕ သမီး မဖုံး ရဲ႕ ပုံဆိုၿပီး ေဖၚျပ ခဲ့ရာမွာ ကိုေ႐ႊေမာင္ ရဲ႕ ပုံက ဟုတ္ေပမယ့္ မဖုံး ရဲ႕ ပုံက မွား ေနတယ္ လို႔ ေနာက္ ပိုင္း မွာ ဟင္နရီနယူး(လ္) က ေထာက္ျပ ခဲ့ပါတယ္။

သမိုင္းထဲက ထူးဆန္းစြာေပ်ာက္ဆုံးသြား ခဲ့ရတဲ့ ကုန္းေဘာင္ေခတ္ က ျမန္မာ့ လူေမ်ာက္ မိသားစု ရဲ႕ မ်ိဳးဆက္ ျပန္ေပၚလာ ၿပီလား…?

အဲဒီ ေနာက္ ၁၈၅၅ မွာ အင္းဝ ကို ကပၸတိန္ ဟင္နရီယူး(လ္) ေရာက္ လာခဲ့ ပါတယ္။ သူတို႔ ေရာက္လာခ်ိန္ မွာေတာ့ ကိုေ႐ႊေမာင့္ သမီး မဖုံး ဟာ အသက္ ၃၁ အ႐ြယ္ ရွိေန ပါၿပီ။ သူ႕ကို အီတလီ လူမ်ိဳး တစ္ ေယာက္ က လက္ထပ္ၿပီး နိုင္ငံျခား ကို ေခၚသြားဖို႔ ႀကိဳးစား ပါေသး တယ္။ ဒါေပမယ့္ ျမန္မာမင္း က ခြင့္မျပဳ ခဲ့ပါဘူး။ ေနာက္ဆုံး ေတာ့ မဖုံးကို ဘုရင္ ကပဲ သာမန္ အ ရပ္ သား တစ္ ေယာက္ နဲ႕ လက္ထပ္ ေပးခဲ့ တာလို႔ ဆို ရ ပါ မယ္ ။ ဟင္နရီယူး (လ္) တို႔ လာ ေရာက္ ခ်ိန္မွာ မဖုံး မွာ သားေလး ႏွစ္ေယာက္ ေတာင္ ရေန ပါၿပီ။ ဦးေ႐ႊေမာင္ ကေတာ့ လူဆိုး ဓားျပေတြ သတ္ျဖတ္ လို႔ ကြယ္လြန္ ၿပီးခဲ့ၿပီ လို႔ သိရ ပါတယ္။

မဖုံး ဟာ လည္း သူ႕ အေဖ ဦးေ႐ႊေမာင္ လိုပဲ တစ္ကိုယ္လုံးကို အေမြးရွည္ ေတြနဲ႕ ဖုံးလို႔ ေနပါတယ္။ မဖုံး ကေန သားသမီး သုံးေယာက္ ေမြးဖြား ခဲ့ၿပီး အဲဒီ အထဲက ေမာင္ဖိုးဆက္ နဲ႕ မမိ တို႔ဟာ မဖုံး လိုပဲ တစ္ ကိုယ္ လုံး မွာ အေမြးေတြ နဲ႕ ျဖ စ္ပါ တယ္။

သူတို႔ မိသားစု ဟာ သူတို႔ကို အထူး အဆန္း လာၾကည့္ တဲ့ နိုင္ငံျခား သား ေတြ ဆီကေန အခေၾကးေငြ ကို ေကာက္ခံ ၿပီး အသက္ေမြး ဝမ္းေက်ာင္းမႈ ျပဳခဲ့တယ္။ သူတို႔ ဟာ ၾကည့္ရႈသူ တစ္ေယာက္ ခ်င္း စီ ကေန ႐ူပီးေငြ ေလးဆယ္ ယူတယ္ လို႔ သိရ ပါတယ္။

နာမည္ႀကီး ေဖ်ာ္ေျဖ တင္ ဆက္ သူ တစ္ေယာက္ ျဖစ္တဲ့ ဘာနမ္ ဟာ ၁၈၇၁ ခုႏွစ္ ကတည္း က သူတို႔ကို အေမရိကန္ ေခၚၿပီး သူ႕ရဲ႕ ( Greatest Show On Earth ) ဆိုတဲ့ ဆပ္ကပ္ပြဲ ႀကီးမွာ ျပစား ဖို႔ ႀကိဳး စား ခဲ့ တယ္ ။ ဒါေပ မယ့္ ဘုရင္ က ခြင့္မျပဳ ခဲ့ဘူး။

၁၈၈၅ မွာ ေတာ့ သီေပါမင္း နန္းက်ၿပီး နန္းတြင္းေရး ေတြ ရႈပ္ေထြး ေနတဲ့ အခ်ိန္ မွာ မဖုံးတို႔ မိသားစု ဟာ ေနျပည္ေတာ္ ကေန ေတာတြင္း တစ္ေနရာ ကို ထြက္ေျပး ခဲ့ၾကတယ္။ ေမာင္ ဖိုး ဆက္ ဟာ မ်က္စိ မေကာင္းေတာ့ တဲ့ မိခင္ မဖုံး ကို ေက်ာမွာ ပိုးၿပီး ထြက္ေျပး ခဲ့တယ္လို႔ ဆိုပါတယ္။ ေတာ ထဲမွာ သူတို႔ ဒုကၡ ေရာက္ေနစဥ္ မွာပဲ သီေပါမင္း ထံမွာ အမႈ ထမ္း ခဲ့ဖူးတဲ့ အီတလီ လူမ်ိဳး အရာရွိ ကပၸတိန္ ေပပါနို က ( Captain Paperno ) သူတို႔ ကို ရွာေတြ႕ ၿပီး ကယ္တင္ ခဲ့တယ္။ ၿပီးေတာ့ သူတို႔ ကို ဥပေရာ ကို ပို႔ဖို႔ စီ စဥ္ ခဲ့ ပါ တယ္ ။

သမိုင္းထဲက ထူးဆန္းစြာေပ်ာက္ဆုံးသြား ခဲ့ရတဲ့ ကုန္းေဘာင္ေခတ္ က ျမန္မာ့ လူေမ်ာက္ မိသားစု ရဲ႕ မ်ိဳးဆက္ ျပန္ေပၚလာ ၿပီလား…?

၁၈၈၆ ဇြန္လ ထဲ မွာ မမိ ကြယ္လြန္ ခဲ့တယ္ လို႔ ဆို ပါ တယ္ ။ အသက္၂၃ ႏွစ္ အ႐ြယ္ ေလာက္ မွာ ျဖစ္ ပါလိမ့္မယ္။ ၁၈၈၆ ေႏြရာသီ မွာ ေတာ့ သူတို႔ကို လန္ဒန္ၿမိဳ႕ပီကာ ဒလီ လမ္း ေပၚက Egyptian Hall မွာ ျပန္လည္ ေတြ႕ျမင္ ရ ပါ တယ္။

၁၈၈၆ ခုႏွစ္ ေႏြ ရာသီမွာ မဖုံး နဲ႕ ေမာင္ဖိုးဆက္ တို႔ အဂၤလန္ ကို ေရာက္လာ ခဲ့ ပါ တယ္ ။ အဲဒီ အခ်ိန္မွာ မဖုံး အသက္ က ၆၂ ႏွစ္ ေလာက္ ရွိေနၿပီ ျဖစ္ၿပီး မ်က္စိ လည္း ကြယ္ ေနပါၿပီ။ ဘာနမ္ လည္း သူတို႔ ရွိရာ အဂၤလန္ ကို လိုက္လာ ပါတယ္။ သူ႕ အႀကံ က အေမရိကား မွာ စီစဥ္ တင္ဆက္ေန တဲ့ သူ႕ရဲ႕ ပြဲထဲမွာ မဖုံး တို႔ သားအမိ ႏွစ္ေယာက္ ကို ျပသ ဖို႔ပါ ပဲ ။

ဒါေပမယ့္ သူ႕ ထက္ အရင္ လာၿပီး စည္း႐ုံး ေနတဲ့ အျခားေသာ ပြဲ စီစဥ္ေနသူ ေတြ လည္း အဲဒီကို ႀကိဳေရာက္ ေနတာကို ေတြ႕ခဲ့ ရတယ္။ ေနာက္ဆုံး မွာေတာ့ ဘာနမ္ ဟာ အျခား သူေတြေပး တဲ့ ေစ်းထက္ အမ်ားႀကီး ပိုေပးၿပီး သူတို႔ မိသားစု ကို ၁ႏွစ္ စာ ခ်ဳပ္ နဲ႕ သူ႕ဆီမွာ ျပသ ဖို႔ သေဘာ တူညီခ်က္ ရရွိခဲ့ ပါတယ္။

မဖုံး နဲ႕ သားျဖစ္ သူ တို႔ဟာ ၁၈၈၇ မွာ လန္ဒန္ ကေန ျပင္သစ္ နိုင္ငံ က နာမည္ ေက်ာ္ Folies Bergere ကို လည္း ေရာက္သြား ခဲ့ပါေသး တယ္။ အဲဒီေနာက္ သူတို႔ ဟာ ဘာနမ္ နဲ႕ သေဘာ တူညီခ်က္ အရ အေမရိကန္ က ဘာနမ္ ရဲ႕ ဆပ္ကပ္ပြဲ ေတြမွာ လိုက္ပါ ေဖ်ာ္ေျဖ ခဲ့ၾကတယ္။

သမိုင္းထဲက ထူးဆန္းစြာေပ်ာက္ဆုံးသြား ခဲ့ရတဲ့ ကုန္းေဘာင္ေခတ္ က ျမန္မာ့ လူေမ်ာက္ မိသားစု ရဲ႕ မ်ိဳးဆက္ ျပန္ေပၚလာ ၿပီလား…?

စာခ်ဳပ္ သက္ တမ္း မကုန္ဆုံး မီကာလ ၁၈၈၈ ခုႏွစ္ ေဖေဖာ္ဝါရီလ မွာ ေတာ့ မဖုံး ဟာ အေမရိကန္ နိုင္ငံ ဝါရွင္တန္ ဒီစီ မွာ ကြယ္လြန္ ခဲ့တယ္။

၁၈၅၅ ကပၸတိန္ ဟနရီယူး(လ္) လာတုန္း က သူမ အသက္က ၃၁ႏွစ္ ဆို ခဲ့ေတာ့ ကြယ္လြန္ ခ်ိန္မွာ အသက္ ၆၄ ႏွစ္လို႔ မွတ္ယူ ရပါတယ္။သူ႕ စ်ာပနကို ဝါရွင္တန္ ဒီစီ သခၤ်ိဳင္း မွာ ပဲ ျမန္မာ ထုံးတမ္း စဥ္ လာ အတိုင္း သၿဂိဳဟ္ ခဲ့ တယ္ လို႔ သိရ ပါတယ္။

မဖုံး ကြယ္လြန္ သြား ေပမယ့္ ေမာင္ ဖိုးဆက္ ဟာ သူ႕ မိန္းမနဲ႕ အတူ ဆက္ၿပီး ပြဲေတြ ျပသ ခဲ့တယ္ လို႔ ယူဆရ ပါတယ္။ သူ႕မိန္းမ ဟာ တခ်ိန္ က နန္းတြင္း အပ်ိဳေတာ္ တစ္ဦး ျဖစ္ပါ တယ္။

ေမာင္ ဖိုး ဆက္ ဟာ တစ္ကိုယ္ လုံး အေမြးေတြ ဖုံးေနေပမယ့္ ခါးကေန စၿပီး ဒူးအထိ မင္ေၾကာင္ အျပည့္ ထိုးထား တယ္ ႏူးညံ့ သိမ္ေမြ႕ၿပီး ဉာဏ္ရည္ လည္း မနိမ့္က် သလို ဆက္ဆံေရး ေကာင္းမြန္ တယ္လို႔ J.J. Weir ဆိုသူ ကလည္း မွတ္တမ္း တင္ ခဲ့ တယ္။

ေမာင္ ဖိုးဆက္ အေၾကာင္း ေနာက္ဆုံး ေတြ႕ ရတာက ၁၈၉၄ ခုႏွစ္မွာ ထုတ္ေဝ ခဲ့တဲ့ World’s Columbian Dental Congress, Volume 1 မွာပါ။ အဲဒီ အထဲက ဆရာဝန္ တစ္ေယာက္ ဟာ ေမာင္ဖိုးဆက္ ကို ၁၈၉၁ မွာ ေတြ႕ဆုံ ခဲ့တယ္ လို႔ ဆိုပါတယ္။

သူ႕ရဲ႕ သြားေတြ ကို စစ္ေဆး ၾကည့္ဖို႔ ႀကိဳးစား ေပမယ့္ ပြဲ စီစဥ္သူ ေတြက ခြင့္မျပဳ ခဲ့ဘူး လို႔ ဆိုပါတယ္။ အဲဒီ ေနာက္ပိုင္း မွာေတာ့ သူတို႔ ရဲ႕ သတင္းေတြ ေပ်ာက္ကြယ္ သြားခဲ့တယ္။

ထိုကဲ့သို႔ ျမန္မာျပည္ရဲ႕ လူေမ်ာက္ မိသားစု မ်ိဳးဆက္မ်ား ထူးဆန္းစြာ ေပ်ာက္ကြယ္သြားေပမယ့္ ယေန႕အခ်ိန္မွာေတာ့ ဦးေ႐ႊေမာင္ရဲ႕ မ်ိဳးဆက္လို႔ ယူဆရတဲ့ ကေလးငယ္တဦး ရွမ္းျပည္န္ ႐ြာငံမွာ ေပၚထြက္လာၿပီျဖစ္ ပါတ ယ္။ ဦးေ႐ႊေမာ င္ရဲ႕ မ်ိဳးဆက္ လို႔ ေသခ်ာမေျပာနိုင္ေပမယ့္ လည္း ႐ြာငံက ကေလးငယ္ကေတာ့ တကိုယ္လုံးနီးပါး အေမႊးအမွ်င္ေတြ ဖုံးအုပ္ထားတာကို ထူးဆန္းစြာ ေတြ႕ျမင္ရပါတယ္။ ပညာရွင္မ်ားအေနနဲ႕ ေလ့လာၾကည့္ၾကဖို႔ တိုက္တြန္းလိုက္ရပါတယ္ ခင္ဗ်ာ။ ႐ြာငံၿမိဳ႕က ထူးဆန္းကေလးငယ္ရဲ႕ သတင္းကို ေအာက္မွာ ေဖာ္ျပလိုက္ပါတယ္-

႐ြာငံၿမိဳ႕နယ္တြင္ ေမြးရာပါတစ္ကိုယ္လုံး အေမႊးအမွ်င္မ်ားပါေနေသာ ကေလးငယ္ကို စိတ္ဝင္စားသူမ်ားေနဟုဆို

ရွမ္းျပည္နယ္ေတာင္ပိုင္း ႐ြာငံၿမိဳ႕နယ္ ၊ အလယ္ေခ်ာင္ေက်း႐ြာတြင္ ေမြးရာပါတစ္ကိုယ္လုံး အေမႊးအမွ်င္မ်ားပါေနေသာ အသက္ ၁ ႏွစ္ ၈ လအ႐ြယ္ ဓႏုတိုင္းရင္းသား ကေလးငယ္ကို စိတ္ဝင္စားသူမ်ားေနေၾကာင္း ၎၏မိခင္ေဒၚစမ္းျမင့္ေမက ေျပာသည္။

သမိုင္းထဲက ထူးဆန္းစြာေပ်ာက္ဆုံးသြား ခဲ့ရတဲ့ ကုန္းေဘာင္ေခတ္ က ျမန္မာ့ လူေမ်ာက္ မိသားစု ရဲ႕ မ်ိဳးဆက္ ျပန္ေပၚလာ ၿပီလား…?

အဆိုပါ ကေလးငယ္ ၏ အမည္သည္ ေမာင္ ထင္ရွားေအာင္ျဖစ္ၿပီး မ်က္ခုံးေမႊး၊ ပါးသိုင္းေမႊး ၊ မ်က္ေတာင္ေမႊး ႏွင့္ နဖူးျပင္တစ္ခုလုံးတြင္ ေမႊးညွင္းႏုမ်ားေပါက္ေနသည့္အျပင္ ေက်ာျပင္တြင္ လည္း အေမႊးအမွ်င္မ်ားထူပိန္းေနသည့္ အတြက္ ေဒသခံမ်ားႏွင့္ စိတ္ဝင္စားသူမ်ားလာေရာက္ ၾကည့္ရႉ႕ေလ့ရွိေၾကာင္းသိရသည္။

“ဆရာဝန္ေတြကေတာ့ ဟိုမုန္းဓာတ္မ်ားလို႔ လို႔ေျပာတယ္။ကိုယ္ဝန္ရွိစဥ္ အခ်ိန္က အားေဆးေတြအမ်ိဳးမ်ိဳးစားလို႔ ျဖစ္တာလို႔ေျပာၾကတယ္။ ကေလးရဲ႕က်န္းမာေရးကေတာ့ေကာင္း ပါတယ္။တစ္ခါတစ္ေလ နာေစး၊ ေခ်ာင္းဆိုးတာ ေလာက္ပဲရွိပါတယ္”ဟု ၎ကေျပာသည္။

ကေလးငယ္ ၏ ဖခင္ အသက္ ၅၀ အ႐ြယ္ ဓႏုတိုင္းရင္းသား ဦးမ်ိဳးေဇာ္ ႏွင့္ ဇနီးျဖစ္သူ မငယ္ (ခ) မစန္းျမင့္ေမ တို႔သည္ ယခုအခါ အိမ္ေထာင္သက္ သုံးႏွစ္သာ ရွိေသးေၾကာင္းႏွင့္ ကေလးငယ္ေရွ႕ေရးအတြက္ လူပုံအလယ္တြင္ မ်က္ႏွာငယ္မည္ကို စိုးရိမ္မူရွိေၾကာင္းသိရသည္။

သမိုင္းထဲက ထူးဆန္းစြာေပ်ာက္ဆုံးသြား ခဲ့ရတဲ့ ကုန္းေဘာင္ေခတ္ က ျမန္မာ့ လူေမ်ာက္ မိသားစု ရဲ႕ မ်ိဳးဆက္ ျပန္ေပၚလာ ၿပီလား…?

“အစ တုန္းကေတာ့ ႐ြာသားေတြက ကေလးကို လူဝင္စားတယ္။ ဘာျဖစ္တယ္လို႔ အမ်ိဳးမ်ိဳးေျပာၾကေတာ့ မိခင္တစ္ေယာက္အေနနဲ႕ အရမ္းခံစားရပါတယ္။ ေနာက္ပိုင္း လူသိမ်ား လာေတာ့၊ ဂ႐ုစိုက္မူခံလာရေတာ့ ျပန္ဝမ္းသာရပါတယ္”ဟု ၎ကထပ္မံေျပာသည္။

ကေလးငယ္ တြင္ ျဖစ္ေပၚေနေသာ အေမႊးအမွ်င္မ်ားသည္ အခ်ိန္တန္ အ႐ြယ္ေရာက္ကာ ဟိုမုန္းဓါတ္ေျပာင္းလဲလာပါက အေမႊးအမွ်င္မ်ား ေလ်ာ့နည္းလာနိုင္ေၾကာင္း သိရသည္။

သမိုင္းထဲက ထူးဆန္းစြာေပ်ာက္ဆုံးသြား ခဲ့ရတဲ့ ကုန္းေဘာင္ေခတ္ က ျမန္မာ့ လူေမ်ာက္ မိသားစု ရဲ႕ မ်ိဳးဆက္ ျပန္ေပၚလာ ၿပီလား…?

( မွတ္ခ်က္ ။ ၁၉ ရာစုႏွစ္ မွာ ခႏၶာကိုယ္ ထူးဆန္းစြာ ျဖစ္ေပၚေန တဲ့ လူမ်ား ကို ႐ုံသြင္းၿပီး အထူးအဆန္း အျဖစ္ ျပစားေလ့ ရွိတဲ့အေလ့အထ အေနာက္နိုင္ငံေတြမွာ ရွိ ခဲ့ပါတယ္။ ယေန႕ေခတ္ မွာေတာ့ လူ႕အခြင့္အေရး နဲ႕ မေလ်ာ္ညီတဲ့အတြက္ အဲဒီလို ပြဲမ်ိဳးေတြ မရွိၾကေတာ့ပါဘူး။ ျမန္မာျပည္ရဲ႕ ထူးဆန္းတဲ့ မိသားစုျဖစ္တဲ့ ဦးေ႐ႊေမာင္ မိသားစုကို ယခင္ေခတ္က သုံးႏႈန္းခဲ့တဲ့အတိုင္း လူေမ်ာက္ ဟု သုံးစြဲထားျခင္းဟာ စာ ရဲ႕ မူလအာေဘာ္ မပ်က္ေအာင္သုံးႏႈန္းထားျခင္း သာ ျဖစ္ၿပီး ႏွိမ့္ခ်ေစာ္ကား လိုတဲ့ သေဘာနဲ႕ ေခၚဆိုျခင္း မဟုတ္ေၾကာင္း ဒီေနရာကေန ရွင္းျပ လိုပါတယ္ ။ စာတည္း )

Unicode

ပထမဆုံး လူမျောက် ဖြစ် တဲ့ ဦးရွှေမောင် ကို ၁၇၉၆ ခုနှစ် မှာ သံလွင်မြစ် ( သို့ ) မုတ္တမြစ် ဘေးက လော နိုင်ငံ မိုင်းရုံးကြီး နယ် မှာ မွေးဖွား ခဲ့ တယ် ။ ( ပထဝီ အခြေ အနေနဲ့ အခေါ် အဝေါ် အရ အဲဒီ ဒေသ ဟာ အခု ထိုင်း နိုင်ငံ ထဲက Mae Yong ပဲ ဖြစ်ဖို့ များ ပါ တယ် ) အဲဒီ ဒေသ ကို အပိုင်စား တဲ့ စော်ဘွား တစ်ယောက် က ထူးထူး ဆန်းဆန်း အမွေး အမျှင်တွေ နဲ့ ကလေး ငယ် ကို မြန်မာ ဘုရင် ထံ အထူး အဆန်း လက်ဆောင် ပဏ္ဏာ အဖြစ် နဲ့ ဆက်သ လိုက်တာ မို့ သူ့ အသက် ငါးနှစ် သား အရွယ် မှာ အင်းဝ ဘုရင်ထံ ကို ရောက် လာ ပါ တယ်။

သမိုင်းထဲက ထူးဆန်းစွာပျောက်ဆုံးသွား ခဲ့ရတဲ့ ကုန်းဘောင်ခေတ် က မြန်မာ့ လူမျောက် မိသားစု ရဲ့ မျိုးဆက် ပြန်ပေါ်လာ ပြီလား…?

သူ့ တစ် ကိုယ် လုံး မှာ အမွေး နုနုလေး တွေ ရှည်လျားစွာ ပေါက်နေ တယ်။ သူ့ မျက်လုံး အသား အရေ ပုံစံ စတာ တွေ က မြန်မာတွေ နဲ့ မတူဘူး လို့ ဆိုပါတယ်။ ( ဒီ အဖြစ်အပျက် တွေ ကို ၁၈၂၆ မှာ ပထမဆုံး မှတ် တမ်း တင်နိုင် ခဲ့ တဲ့ အင်္ဂလိပ် သံအဖွဲ့ က ကရောဖို့ (ဒ်) မှတ်တမ်း ကို လူထု ဒေါ်အမာ ဆောင်းပါး ထဲမှာ ဖတ်နိုင် ပါတယ် )

ရွှေမောင် ဟာ အဲဒီ က တည်း က နန်း တွင်း မှာ ပျော်တော်ဆက် အဖြစ်နဲ့ ကြီးပြင်း လာ ခဲ့ တယ် ။ မျောက်တွေ လို ကပြ ဖျော်ဖြေ ရပါသတဲ့။ သူ့မိဘတွေ မှာရော သူတို့ မျိုး နွယ်စု ထဲမှာပါ သူ့လို အမွေး အမျှင်တွေ မရှိဘူး လို့ သူက ပြောပါတယ်။ လူပျို အဖြစ် ကို အသက်၂၀ အရွယ် မှ ရောက်ပါ တယ်တဲ့။

အသက် ၂၂ မှာ တော့ ဘုရင် က ( ဘကြီးတော် ဘုရား ) သူ့ကို လှတဲ့ နန်းတွင်းသူ တစ်ယောက် နဲ့ လက်ထပ် ပေးပါတယ်။ သူတို့ ကလေး လေးယောက် ရခဲ့တယ်။ အားလုံး က မိန်းခလေး တွေ ချည်းပါပဲ။ နှစ်ယောက် ကတော့ ငယ်ငယ် ရွယ်ရွယ်နဲ့ ဆုံးပါး သွားခဲ့ပြီး တတိယ သမီးလေး က မိခင် ဖြစ်သူ နဲ့ အတော် ကို တူပါ သတဲ့။

နောက်ဆုံး ၂ နှစ် အရွယ် ကလေး တစ်ယောက် ကတော့ သူ့ လိုပဲ အမွေး အမျှင် တွေနဲ့ ဖြစ်လာ တယ်။ အဲဒီ အငယ်ဆုံး သမီး က ရွှေမောင်ရဲ့ အမွေ ကို ဆက်ခံတဲ့ မဖုံး ဖြစ် ပါ တယ်။ ကရောဖို့(ဒ်) ရဲ့ စာအုပ် ထဲမှာ ကိုရွှေမောင် နဲ့ သမီး မဖုံး ရဲ့ ပုံဆိုပြီး ဖေါ်ပြ ခဲ့ရာမှာ ကိုရွှေမောင် ရဲ့ ပုံက ဟုတ်ပေမယ့် မဖုံး ရဲ့ ပုံက မှား နေတယ် လို့ နောက် ပိုင်း မှာ ဟင်နရီနယူး(လ်) က ထောက်ပြ ခဲ့ပါတယ်။

သမိုင်းထဲက ထူးဆန်းစွာပျောက်ဆုံးသွား ခဲ့ရတဲ့ ကုန်းဘောင်ခေတ် က မြန်မာ့ လူမျောက် မိသားစု ရဲ့ မျိုးဆက် ပြန်ပေါ်လာ ပြီလား…?

အဲဒီ နောက် ၁၈၅၅ မှာ အင်းဝ ကို ကပ္ပတိန် ဟင်နရီယူး(လ်) ရောက် လာခဲ့ ပါတယ်။ သူတို့ ရောက်လာချိန် မှာတော့ ကိုရွှေမောင့် သမီး မဖုံး ဟာ အသက် ၃၁ အရွယ် ရှိနေ ပါပြီ။ သူ့ကို အီတလီ လူမျိုး တစ် ယောက် က လက်ထပ်ပြီး နိုင်ငံခြား ကို ခေါ်သွားဖို့ ကြိုးစား ပါသေး တယ်။ ဒါပေမယ့် မြန်မာမင်း က ခွင့်မပြု ခဲ့ပါဘူး။ နောက်ဆုံး တော့ မဖုံးကို ဘုရင် ကပဲ သာမန် အ ရပ် သား တစ် ယောက် နဲ့ လက်ထပ် ပေးခဲ့ တာလို့ ဆို ရ ပါ မယ် ။ ဟင်နရီယူး (လ်) တို့ လာ ရောက် ချိန်မှာ မဖုံး မှာ သားလေး နှစ်ယောက် တောင် ရနေ ပါပြီ။ ဦးရွှေမောင် ကတော့ လူဆိုး ဓားပြတွေ သတ်ဖြတ် လို့ ကွယ်လွန် ပြီးခဲ့ပြီ လို့ သိရ ပါတယ်။

မဖုံး ဟာ လည်း သူ့ အဖေ ဦးရွှေမောင် လိုပဲ တစ်ကိုယ်လုံးကို အမွေးရှည် တွေနဲ့ ဖုံးလို့ နေပါတယ်။ မဖုံး ကနေ သားသမီး သုံးယောက် မွေးဖွား ခဲ့ပြီး အဲဒီ အထဲက မောင်ဖိုးဆက် နဲ့ မမိ တို့ဟာ မဖုံး လိုပဲ တစ် ကိုယ် လုံး မှာ အမွေးတွေ နဲ့ ဖြ စ်ပါ တယ်။

သူတို့ မိသားစု ဟာ သူတို့ကို အထူး အဆန်း လာကြည့် တဲ့ နိုင်ငံခြား သား တွေ ဆီကနေ အခကြေးငွေ ကို ကောက်ခံ ပြီး အသက်မွေး ဝမ်းကျောင်းမှု ပြုခဲ့တယ်။ သူတို့ ဟာ ကြည့်ရှုသူ တစ်ယောက် ချင်း စီ ကနေ ရူပီးငွေ လေးဆယ် ယူတယ် လို့ သိရ ပါတယ်။

နာမည်ကြီး ဖျော်ဖြေ တင် ဆက် သူ တစ်ယောက် ဖြစ်တဲ့ ဘာနမ် ဟာ ၁၈၇၁ ခုနှစ် ကတည်း က သူတို့ကို အမေရိကန် ခေါ်ပြီး သူ့ရဲ့ ( Greatest Show On Earth ) ဆိုတဲ့ ဆပ်ကပ်ပွဲ ကြီးမှာ ပြစား ဖို့ ကြိုး စား ခဲ့ တယ် ။ ဒါပေ မယ့် ဘုရင် က ခွင့်မပြု ခဲ့ဘူး။

၁၈၈၅ မှာ တော့ သီပေါမင်း နန်းကျပြီး နန်းတွင်းရေး တွေ ရှုပ်ထွေး နေတဲ့ အချိန် မှာ မဖုံးတို့ မိသားစု ဟာ နေပြည်တော် ကနေ တောတွင်း တစ်နေရာ ကို ထွက်ပြေး ခဲ့ကြတယ်။ မောင် ဖိုး ဆက် ဟာ မျက်စိ မကောင်းတော့ တဲ့ မိခင် မဖုံး ကို ကျောမှာ ပိုးပြီး ထွက်ပြေး ခဲ့တယ်လို့ ဆိုပါတယ်။ တော ထဲမှာ သူတို့ ဒုက္ခ ရောက်နေစဉ် မှာပဲ သီပေါမင်း ထံမှာ အမှု ထမ်း ခဲ့ဖူးတဲ့ အီတလီ လူမျိုး အရာရှိ ကပ္ပတိန် ပေပါနို က ( Captain Paperno ) သူတို့ ကို ရှာတွေ့ ပြီး ကယ်တင် ခဲ့တယ်။ ပြီးတော့ သူတို့ ကို ဥပရော ကို ပို့ဖို့ စီ စဉ် ခဲ့ ပါ တယ် ။

သမိုင်းထဲက ထူးဆန်းစွာပျောက်ဆုံးသွား ခဲ့ရတဲ့ ကုန်းဘောင်ခေတ် က မြန်မာ့ လူမျောက် မိသားစု ရဲ့ မျိုးဆက် ပြန်ပေါ်လာ ပြီလား…?

၁၈၈၆ ဇွန်လ ထဲ မှာ မမိ ကွယ်လွန် ခဲ့တယ် လို့ ဆို ပါ တယ် ။ အသက်၂၃ နှစ် အရွယ် လောက် မှာ ဖြစ် ပါလိမ့်မယ်။ ၁၈၈၆ နွေရာသီ မှာ တော့ သူတို့ကို လန်ဒန်မြို့ပီကာ ဒလီ လမ်း ပေါ်က Egyptian Hall မှာ ပြန်လည် တွေ့မြင် ရ ပါ တယ်။

၁၈၈၆ ခုနှစ် နွေ ရာသီမှာ မဖုံး နဲ့ မောင်ဖိုးဆက် တို့ အင်္ဂလန် ကို ရောက်လာ ခဲ့ ပါ တယ် ။ အဲဒီ အချိန်မှာ မဖုံး အသက် က ၆၂ နှစ် လောက် ရှိနေပြီ ဖြစ်ပြီး မျက်စိ လည်း ကွယ် နေပါပြီ။ ဘာနမ် လည်း သူတို့ ရှိရာ အင်္ဂလန် ကို လိုက်လာ ပါတယ်။ သူ့ အကြံ က အမေရိကား မှာ စီစဉ် တင်ဆက်နေ တဲ့ သူ့ရဲ့ ပွဲထဲမှာ မဖုံး တို့ သားအမိ နှစ်ယောက် ကို ပြသ ဖို့ပါ ပဲ ။

ဒါပေမယ့် သူ့ ထက် အရင် လာပြီး စည်းရုံး နေတဲ့ အခြားသော ပွဲ စီစဉ်နေသူ တွေ လည်း အဲဒီကို ကြိုရောက် နေတာကို တွေ့ခဲ့ ရတယ်။ နောက်ဆုံး မှာတော့ ဘာနမ် ဟာ အခြား သူတွေပေး တဲ့ ဈေးထက် အများကြီး ပိုပေးပြီး သူတို့ မိသားစု ကို ၁နှစ် စာ ချုပ် နဲ့ သူ့ဆီမှာ ပြသ ဖို့ သဘော တူညီချက် ရရှိခဲ့ ပါတယ်။

မဖုံး နဲ့ သားဖြစ် သူ တို့ဟာ ၁၈၈၇ မှာ လန်ဒန် ကနေ ပြင်သစ် နိုင်ငံ က နာမည် ကျော် Folies Bergere ကို လည်း ရောက်သွား ခဲ့ပါသေး တယ်။ အဲဒီနောက် သူတို့ ဟာ ဘာနမ် နဲ့ သဘော တူညီချက် အရ အမေရိကန် က ဘာနမ် ရဲ့ ဆပ်ကပ်ပွဲ တွေမှာ လိုက်ပါ ဖျော်ဖြေ ခဲ့ကြတယ်။

သမိုင်းထဲက ထူးဆန်းစွာပျောက်ဆုံးသွား ခဲ့ရတဲ့ ကုန်းဘောင်ခေတ် က မြန်မာ့ လူမျောက် မိသားစု ရဲ့ မျိုးဆက် ပြန်ပေါ်လာ ပြီလား…?

စာချုပ် သက် တမ်း မကုန်ဆုံး မီကာလ ၁၈၈၈ ခုနှစ် ဖေဖော်ဝါရီလ မှာ တော့ မဖုံး ဟာ အမေရိကန် နိုင်ငံ ဝါရှင်တန် ဒီစီ မှာ ကွယ်လွန် ခဲ့တယ်။

၁၈၅၅ ကပ္ပတိန် ဟနရီယူး(လ်) လာတုန်း က သူမ အသက်က ၃၁နှစ် ဆို ခဲ့တော့ ကွယ်လွန် ချိန်မှာ အသက် ၆၄ နှစ်လို့ မှတ်ယူ ရပါတယ်။သူ့ ဈာပနကို ဝါရှင်တန် ဒီစီ သင်္ချိုင်း မှာ ပဲ မြန်မာ ထုံးတမ်း စဉ် လာ အတိုင်း သဂြိုဟ် ခဲ့ တယ် လို့ သိရ ပါတယ်။

မဖုံး ကွယ်လွန် သွား ပေမယ့် မောင် ဖိုးဆက် ဟာ သူ့ မိန်းမနဲ့ အတူ ဆက်ပြီး ပွဲတွေ ပြသ ခဲ့တယ် လို့ ယူဆရ ပါတယ်။ သူ့မိန်းမ ဟာ တချိန် က နန်းတွင်း အပျိုတော် တစ်ဦး ဖြစ်ပါ တယ်။

မောင် ဖိုး ဆက် ဟာ တစ်ကိုယ် လုံး အမွေးတွေ ဖုံးနေပေမယ့် ခါးကနေ စပြီး ဒူးအထိ မင်ကြောင် အပြည့် ထိုးထား တယ် နူးညံ့ သိမ်မွေ့ပြီး ဉာဏ်ရည် လည်း မနိမ့်ကျ သလို ဆက်ဆံရေး ကောင်းမွန် တယ်လို့ J.J. Weir ဆိုသူ ကလည်း မှတ်တမ်း တင် ခဲ့ တယ်။

မောင် ဖိုးဆက် အကြောင်း နောက်ဆုံး တွေ့ ရတာက ၁၈၉၄ ခုနှစ်မှာ ထုတ်ဝေ ခဲ့တဲ့ World’s Columbian Dental Congress, Volume 1 မှာပါ။ အဲဒီ အထဲက ဆရာဝန် တစ်ယောက် ဟာ မောင်ဖိုးဆက် ကို ၁၈၉၁ မှာ တွေ့ဆုံ ခဲ့တယ် လို့ ဆိုပါတယ်။

သူ့ရဲ့ သွားတွေ ကို စစ်ဆေး ကြည့်ဖို့ ကြိုးစား ပေမယ့် ပွဲ စီစဉ်သူ တွေက ခွင့်မပြု ခဲ့ဘူး လို့ ဆိုပါတယ်။ အဲဒီ နောက်ပိုင်း မှာတော့ သူတို့ ရဲ့ သတင်းတွေ ပျောက်ကွယ် သွားခဲ့တယ်။

ထိုကဲ့သို့ မြန်မာပြည်ရဲ့ လူမျောက် မိသားစု မျိုးဆက်များ ထူးဆန်းစွာ ပျောက်ကွယ်သွားပေမယ့် ယနေ့အချိန်မှာတော့ ဦးရွှေမောင်ရဲ့ မျိုးဆက်လို့ ယူဆရတဲ့ ကလေးငယ်တဦး ရှမ်းပြည်န် ရွာငံမှာ ပေါ်ထွက်လာပြီဖြစ် ပါတ ယ်။ ဦးရွှေမော င်ရဲ့ မျိုးဆက် လို့ သေချာမပြောနိုင်ပေမယ့် လည်း ရွာငံက ကလေးငယ်ကတော့ တကိုယ်လုံးနီးပါး အမွှေးအမျှင်တွေ ဖုံးအုပ်ထားတာကို ထူးဆန်းစွာ တွေ့မြင်ရပါတယ်။ ပညာရှင်များအနေနဲ့ လေ့လာကြည့်ကြဖို့ တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ။ ရွာငံမြို့က ထူးဆန်းကလေးငယ်ရဲ့ သတင်းကို အောက်မှာ ဖော်ပြလိုက်ပါတယ်-

ရွာငံမြို့နယ်တွင် မွေးရာပါတစ်ကိုယ်လုံး အမွှေးအမျှင်များပါနေသော ကလေးငယ်ကို စိတ်ဝင်စားသူများနေဟုဆို

ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် ၊ အလယ်ချောင်ကျေးရွာတွင် မွေးရာပါတစ်ကိုယ်လုံး အမွှေးအမျှင်များပါနေသော အသက် ၁ နှစ် ၈ လအရွယ် ဓနုတိုင်းရင်းသား ကလေးငယ်ကို စိတ်ဝင်စားသူများနေကြောင်း ၎င်း၏မိခင်ဒေါ်စမ်းမြင့်မေက ပြောသည်။

သမိုင်းထဲက ထူးဆန်းစွာပျောက်ဆုံးသွား ခဲ့ရတဲ့ ကုန်းဘောင်ခေတ် က မြန်မာ့ လူမျောက် မိသားစု ရဲ့ မျိုးဆက် ပြန်ပေါ်လာ ပြီလား…?

အဆိုပါ ကလေးငယ် ၏ အမည်သည် မောင် ထင်ရှားအောင်ဖြစ်ပြီး မျက်ခုံးမွှေး၊ ပါးသိုင်းမွှေး ၊ မျက်တောင်မွှေး နှင့် နဖူးပြင်တစ်ခုလုံးတွင် မွှေးညှင်းနုများပေါက်နေသည့်အပြင် ကျောပြင်တွင် လည်း အမွှေးအမျှင်များထူပိန်းနေသည့် အတွက် ဒေသခံများနှင့် စိတ်ဝင်စားသူများလာရောက် ကြည့်ရှူ့လေ့ရှိကြောင်းသိရသည်။

“ဆရာဝန်တွေကတော့ ဟိုမုန်းဓာတ်များလို့ လို့ပြောတယ်။ကိုယ်ဝန်ရှိစဉ် အချိန်က အားဆေးတွေအမျိုးမျိုးစားလို့ ဖြစ်တာလို့ပြောကြတယ်။ ကလေးရဲ့ကျန်းမာရေးကတော့ကောင်း ပါတယ်။တစ်ခါတစ်လေ နာစေး၊ ချောင်းဆိုးတာ လောက်ပဲရှိပါတယ်”ဟု ၎င်းကပြောသည်။

ကလေးငယ် ၏ ဖခင် အသက် ၅၀ အရွယ် ဓနုတိုင်းရင်းသား ဦးမျိုးဇော် နှင့် ဇနီးဖြစ်သူ မငယ် (ခ) မစန်းမြင့်မေ တို့သည် ယခုအခါ အိမ်ထောင်သက် သုံးနှစ်သာ ရှိသေးကြောင်းနှင့် ကလေးငယ်ရှေ့ရေးအတွက် လူပုံအလယ်တွင် မျက်နှာငယ်မည်ကို စိုးရိမ်မူရှိကြောင်းသိရသည်။

သမိုင်းထဲက ထူးဆန်းစွာပျောက်ဆုံးသွား ခဲ့ရတဲ့ ကုန်းဘောင်ခေတ် က မြန်မာ့ လူမျောက် မိသားစု ရဲ့ မျိုးဆက် ပြန်ပေါ်လာ ပြီလား…?

“အစ တုန်းကတော့ ရွာသားတွေက ကလေးကို လူဝင်စားတယ်။ ဘာဖြစ်တယ်လို့ အမျိုးမျိုးပြောကြတော့ မိခင်တစ်ယောက်အနေနဲ့ အရမ်းခံစားရပါတယ်။ နောက်ပိုင်း လူသိများ လာတော့၊ ဂရုစိုက်မူခံလာရတော့ ပြန်ဝမ်းသာရပါတယ်”ဟု ၎င်းကထပ်မံပြောသည်။

ကလေးငယ် တွင် ဖြစ်ပေါ်နေသော အမွှေးအမျှင်များသည် အချိန်တန် အရွယ်ရောက်ကာ ဟိုမုန်းဓါတ်ပြောင်းလဲလာပါက အမွှေးအမျှင်များ လျော့နည်းလာနိုင်ကြောင်း သိရသည်။

သမိုင်းထဲက ထူးဆန်းစွာပျောက်ဆုံးသွား ခဲ့ရတဲ့ ကုန်းဘောင်ခေတ် က မြန်မာ့ လူမျောက် မိသားစု ရဲ့ မျိုးဆက် ပြန်ပေါ်လာ ပြီလား…?

( မှတ်ချက် ။ ၁၉ ရာစုနှစ် မှာ ခန္ဓာကိုယ် ထူးဆန်းစွာ ဖြစ်ပေါ်နေ တဲ့ လူများ ကို ရုံသွင်းပြီး အထူးအဆန်း အဖြစ် ပြစားလေ့ ရှိတဲ့အလေ့အထ အနောက်နိုင်ငံတွေမှာ ရှိ ခဲ့ပါတယ်။ ယနေ့ခေတ် မှာတော့ လူ့အခွင့်အရေး နဲ့ မလျော်ညီတဲ့အတွက် အဲဒီလို ပွဲမျိုးတွေ မရှိကြတော့ပါဘူး။ မြန်မာပြည်ရဲ့ ထူးဆန်းတဲ့ မိသားစုဖြစ်တဲ့ ဦးရွှေမောင် မိသားစုကို ယခင်ခေတ်က သုံးနှုန်းခဲ့တဲ့အတိုင်း လူမျောက် ဟု သုံးစွဲထားခြင်းဟာ စာ ရဲ့ မူလအာဘော် မပျက်အောင်သုံးနှုန်းထားခြင်း သာ ဖြစ်ပြီး နှိမ့်ချစော်ကား လိုတဲ့ သဘောနဲ့ ခေါ်ဆိုခြင်း မဟုတ်ကြောင်း ဒီနေရာကနေ ရှင်းပြ လိုပါတယ် ။ စာတည်း )

Add a Comment

Your email address will not be published. Required fields are marked *