ကိုရိုနာ ဗိုင္းရပ္စ္ေစာင့္ၾကည့္ လူနာေျခာက္ဦး ထပ္တိုးလာေၾကာင္း က်န္းမာေရးႏွင့္အားကစား ဝန္ႀကီးဌာန ထုတ္ျပန္

ျမန္မာနိုင္ငံ တြင္ ကိုရို နာဗိုင္းရပ္စ္ေစာင့္ၾကည့္ လူနာ ေျခာက္ဦးထပ္မံ တိုးလာေၾကာင္း က်န္းမာေရးႏွင့္အားကစားဝန္ ႀကီးဌာနက ယမန္ေန႕ည ၈ နာရီ တြင္ သတင္းထုတ္ျပန္သည္။

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေမာက္မယ္ၿမိဳ႕နယ္ မွ အသက္ (၁၆)ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ ဦးႏွင့္ (၁၉)ႏွစ္အ႐ြယ္အမ်ိဳးသမီး တစ္ဦးသည္ တ႐ုတ္နိုင္ငံ ေ႐ႊ လီၿမိဳ႕မွ ဇန္နဝါရီ ၂၉ ရက္တြင္ ေနရပ္သို႔ ျပန္လည္ေရာက္ရွိၿပီး ေနာက္ရက္ပိုင္းအတြင္း ဖ်ားနာ ျခင္းႏွင့္ ေခ်ာင္းဆိုးျခင္းတို႔ ခံစား ခဲ့ရသည္။ ထို႔အတူ ၎တို႔၏ မိသားစုဝင္ (၄၄)ႏွစ္အ႐ြယ္ မိခင္ ႏွင့္ဖခင္လည္း ဖ်ားနာ၊ ေခ်ာင္း ဆိုးခံစားေနရသျဖင့္ ၎တို႔ေလး ဦးကို ေစာင့္ၾကည့္လူနာအျဖစ္ သတ္မွတ္၍ ေမာက္မယ္ၿမိဳ႕နယ္ ျပည္သူ႕ေဆး႐ုံတြင္ ေစာင့္ၾကပ္ ၾကည့္ရႈကုသေနသည္။

အလားတူ တ႐ုတ္နိုင္ငံ ကူ မင္းၿမိဳ႕မွ ေဖေဖာ္ဝါရီ ၅ ရက္က ျပန္လည္ေရာက္ရွိလာေသာ ရွမ္း ျပည္နယ္အေရွ႕ပိုင္း မိုင္းခတ္ၿမိဳ႕ မွ (၃၆)ႏွစ္အ႐ြယ္အမ်ိဳးသား တစ္ဦးသည္ ေဖေဖာ္ဝါရီ ၈ ရက္ ကစ၍ ဖ်ားနာ၊ ေခ်ာင္းဆိုး၊ လည္ ပင္းနာျခင္းလကၡဏာမ်ား ခံစားရ သျဖင့္ မိုင္းခတ္ေဆး႐ုံတြင္ ေဖေဖာ္ဝါရီ ၁၀ ရက္ကစ၍ ေစာင့္ၾကပ္ၾကည့္ရႈေပးေနသည္။

ထို႔အျပင္ ေဖေဖာ္ဝါရီ ၉ ရက္က ေဝဘာဂီေဆး႐ုံသို႔ ပို႔ ေဆာင္၍ ေစာင့္ၾကပ္ၾကည့္ရႈရန္ သတ္မွတ္ထားသူ (၂၉)ႏွစ္အ ႐ြယ္အမ်ိဳးသမီးသည္ ေဖေဖာ္ဝါရီ ၁၀ ရက္၌ အဖ်ားရွိလာသျဖင့္ ေစာင့္ၾကည့္လူနာ စာရင္းတြင္ ပါဝင္လာသည္။

အဆိုပါလူနာမ်ားတြင္ အ ျခားျပင္းထန္ အသက္ရႉလမ္း ေၾကာင္းဆိုင္ရာ လကၡဏာမ်ား မေတြ႕ရွိရဘဲ ၎တို႔ထံမွ ဓာတ္ခြဲ နမူနာမ်ားရယူကာ ကမာၻ႔က်န္းမာ ေရးအဖြဲ႕ ရည္ၫႊန္းဓာတ္ခြဲခန္း သို႔ ေပးပို႔စစ္ေဆးမည္ျဖစ္ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ ႀကီးဌာနက ထုတ္ျပန္သည္။

က်န္းမာေရးႏွင့္အားကစား ဝန္ႀကီးဌာန၏ ေဖေဖာ္ဝါရီ ၉ ရက္ ထုတ္ျပန္ခ်က္အရ တစ္နိုင္ငံ လုံးတြင္ သံသယလူနာတစ္ဦး၊ ေစာင့္ၾကည့္လူနာ ၁၃ ဦးျဖင့္ စုစု ေပါင္း ၁၄ ဦးရွိသည္။ ယခုေစာင့္ ၾကည့္လူနာေျခာက္ဦးထပ္မံတိုး လာ၍ ေဖေဖာ္ဝါရီ ၁၀ ရက္ ည ၈ နာရီ အထိ သံသယလူနာတစ္ဦး ႏွင့္ ေစာင့္ၾကည့္လူနာ ၁၉ ဦး စုစု ေပါင္း ၂၀ ဦးအထိရွိေနသည္။

အဆိုပါ ၂၀ ဦးသည္ နမၼတူ ေဆး႐ုံမွ သံသယလူနာတစ္ဦး၊ ရန္ကင္းကေလးေဆး႐ုံမွ ေစာင့္ ၾကည့္လူနာတ႐ုတ္သားအမိႏွစ္ ဦး၊ ေဝဘာဂီေဆး႐ုံရွိ ပုဂၢလိက ေဆး႐ုံမွ လႊဲပို႔လူနာတစ္ဦး၊ လပြတၱာေဆး႐ုံမွ ဇနီးေမာင္ႏွံႏွစ္ ဦး၊ ပုတီးကုန္းေဆး႐ုံမွ တစ္ဦး၊ ရခိုင္ျပည္နယ္ ပုဏၰားကြၽန္းေဆး႐ုံ မွတစ္ဦး၊ ရွမ္းျပည္နယ္ေတာင္ ပိုင္း ဘန္းယဥ္ဆီဆိုင္ၿမိဳ႕နယ္မွ ေတာင္ႀကီးစဝ္စံထြန္းေဆး႐ုံသို႔ လႊဲေျပာင္း ကုသေနသူတစ္ဦး၊ မေကြးေဆး႐ုံမွတစ္ဦး၊ မႏၲေလး ေဆး႐ုံမွႏွစ္ဦး၊ မေကြးတိုင္း ေပါက္ၿမိဳ႕နယ္ေဆး႐ုံမွ တစ္ဦးႏွင့္ ေမာင္ေတာေဆး႐ုံမွ တစ္ဦး၊ မိုင္း ခတ္ေဆး႐ုံမွ တစ္ဦး၊ ေမာက္မယ္ ေဆး႐ုံမွေလးဦးႏွင့္ ေဝဘာဂီေဆး ႐ုံမွ စင္ကာပူျပန္ျမန္မာအမ်ိဳးသ မီးတစ္ဦးတို႔ျဖစ္သည္။ ၎တို႔၏ က်န္းမာေရးအေျခအေန သက္ သာေကာင္းမြန္ေနေၾကာင္း ထုတ္ ျပန္ခ်က္၌ ေဖာ္ျပထားသည္။

Unicode

မြန်မာနိုင်ငံ တွင် ကိုရို နာဗိုင်းရပ်စ်စောင့်ကြည့် လူနာ ခြောက်ဦးထပ်မံ တိုးလာကြောင်း ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာနက ယမန်နေ့ည ၈ နာရီ တွင် သတင်းထုတ်ပြန်သည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) မောက်မယ်မြို့နယ် မှ အသက် (၁၆)နှစ်အရွယ် အမျိုးသမီးတစ် ဦးနှင့် (၁၉)နှစ်အရွယ်အမျိုးသမီး တစ်ဦးသည် တရုတ်နိုင်ငံ ရွှေ လီမြို့မှ ဇန်နဝါရီ ၂၉ ရက်တွင် နေရပ်သို့ ပြန်လည်ရောက်ရှိပြီး နောက်ရက်ပိုင်းအတွင်း ဖျားနာ ခြင်းနှင့် ချောင်းဆိုးခြင်းတို့ ခံစား ခဲ့ရသည်။ ထို့အတူ ၎င်းတို့၏ မိသားစုဝင် (၄၄)နှစ်အရွယ် မိခင် နှင့်ဖခင်လည်း ဖျားနာ၊ ချောင်း ဆိုးခံစားနေရသဖြင့် ၎င်းတို့လေး ဦးကို စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ မောက်မယ်မြို့နယ် ပြည်သူ့ဆေးရုံတွင် စောင့်ကြပ် ကြည့်ရှုကုသနေသည်။

အလားတူ တရုတ်နိုင်ငံ ကူ မင်းမြို့မှ ဖေဖော်ဝါရီ ၅ ရက်က ပြန်လည်ရောက်ရှိလာသော ရှမ်း ပြည်နယ်အရှေ့ပိုင်း မိုင်းခတ်မြို့ မှ (၃၆)နှစ်အရွယ်အမျိုးသား တစ်ဦးသည် ဖေဖော်ဝါရီ ၈ ရက် ကစ၍ ဖျားနာ၊ ချောင်းဆိုး၊ လည် ပင်းနာခြင်းလက္ခဏာများ ခံစားရ သဖြင့် မိုင်းခတ်ဆေးရုံတွင် ဖေဖော်ဝါရီ ၁၀ ရက်ကစ၍ စောင့်ကြပ်ကြည့်ရှုပေးနေသည်။

ထို့အပြင် ဖေဖော်ဝါရီ ၉ ရက်က ဝေဘာဂီဆေးရုံသို့ ပို့ ဆောင်၍ စောင့်ကြပ်ကြည့်ရှုရန် သတ်မှတ်ထားသူ (၂၉)နှစ်အ ရွယ်အမျိုးသမီးသည် ဖေဖော်ဝါရီ ၁၀ ရက်၌ အဖျားရှိလာသဖြင့် စောင့်ကြည့်လူနာ စာရင်းတွင် ပါဝင်လာသည်။

အဆိုပါလူနာများတွင် အ ခြားပြင်းထန် အသက်ရှူလမ်း ကြောင်းဆိုင်ရာ လက္ခဏာများ မတွေ့ရှိရဘဲ ၎င်းတို့ထံမှ ဓာတ်ခွဲ နမူနာများရယူကာ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ ရည်ညွှန်းဓာတ်ခွဲခန်း သို့ ပေးပို့စစ်ဆေးမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနက ထုတ်ပြန်သည်။

ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ဖေဖော်ဝါရီ ၉ ရက် ထုတ်ပြန်ချက်အရ တစ်နိုင်ငံ လုံးတွင် သံသယလူနာတစ်ဦး၊ စောင့်ကြည့်လူနာ ၁၃ ဦးဖြင့် စုစု ပေါင်း ၁၄ ဦးရှိသည်။ ယခုစောင့် ကြည့်လူနာခြောက်ဦးထပ်မံတိုး လာ၍ ဖေဖော်ဝါရီ ၁၀ ရက် ည ၈ နာရီ အထိ သံသယလူနာတစ်ဦး နှင့် စောင့်ကြည့်လူနာ ၁၉ ဦး စုစု ပေါင်း ၂၀ ဦးအထိရှိနေသည်။

အဆိုပါ ၂၀ ဦးသည် နမ္မတူ ဆေးရုံမှ သံသယလူနာတစ်ဦး၊ ရန်ကင်းကလေးဆေးရုံမှ စောင့် ကြည့်လူနာတရုတ်သားအမိနှစ် ဦး၊ ဝေဘာဂီဆေးရုံရှိ ပုဂ္ဂလိက ဆေးရုံမှ လွှဲပို့လူနာတစ်ဦး၊ လပွတ္တာဆေးရုံမှ ဇနီးမောင်နှံနှစ် ဦး၊ ပုတီးကုန်းဆေးရုံမှ တစ်ဦး၊ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းဆေးရုံ မှတစ်ဦး၊ ရှမ်းပြည်နယ်တောင် ပိုင်း ဘန်းယဉ်ဆီဆိုင်မြို့နယ်မှ တောင်ကြီးစဝ်စံထွန်းဆေးရုံသို့ လွှဲပြောင်း ကုသနေသူတစ်ဦး၊ မကွေးဆေးရုံမှတစ်ဦး၊ မန္တလေး ဆေးရုံမှနှစ်ဦး၊ မကွေးတိုင်း ပေါက်မြို့နယ်ဆေးရုံမှ တစ်ဦးနှင့် မောင်တောဆေးရုံမှ တစ်ဦး၊ မိုင်း ခတ်ဆေးရုံမှ တစ်ဦး၊ မောက်မယ် ဆေးရုံမှလေးဦးနှင့် ဝေဘာဂီဆေး ရုံမှ စင်ကာပူပြန်မြန်မာအမျိုးသ မီးတစ်ဦးတို့ဖြစ်သည်။ ၎င်းတို့၏ ကျန်းမာရေးအခြေအနေ သက် သာကောင်းမွန်နေကြောင်း ထုတ် ပြန်ချက်၌ ဖော်ပြထားသည်။

Add a Comment

Your email address will not be published. Required fields are marked *