” သဲအင္းဆရာေတာ္ ဘုရားႀကီး ၏ ခႏၶာ ဝန္မခ်ခင္ အျဖစ္ အပ်က္မ်ား..” (ၾကည္ညို ဖြယ္ရာ ဗဟုသုတ)

ၾကည္ညို ဖြယ္ရာ ဗဟုသုတပါ…

လြန္ ခဲ့ေသာ ႏွစ္ေပါင္း ( ၄၀ ) ေက်ာ္ႏွစ္မ်ား ၌ ရန္ကုန္ၿမိဳ႕ တြင္ ကိုယ္ပိုင္ကား ကို သူေဌးမ်ားသာ စီးနိုင္ခဲ့ၾက ပါသည္။ ထိုေခတ္ကာလတြင္ နိုင္ငံေက်ာ္ ႐ုပ္ရွင္မင္းသားႀကီး မွာ ဦးေအးၾကဴျဖစ္ေပသည္ ။ သူေဌးမ်ားသာ စီးနိုင္ေသာ ေအာ္စတင္ ( AYO ) ကားသစ္ကို စီးေနသူျဖစ္သည္ ။

ထိုအခ်ိန္ သဲအင္း ဆရာေတာ္ႀကီး အတြက္ ကိုယ္ပိုင္ကား အလႉရွင္ မရွိခဲ့ေသး ပါ ။ ဆရာေတာ္ႀကီး အတြက္ သူ၏ ကားျဖင့္ အပို႔အႀကိဳ အၿမဲ အလႉ လုပ္ခဲ့ရေပသည္ ။ မၾကာခဏ နယ္တရားပြဲမ်ား သို႔လည္း လိုက္ပါေလ့ ရွိခဲ့ ပါသည္ ။ ဆရာေတာ္ႀကီး သည္ တရားပြဲမ်ား ၊ တရားေမးသူမ်ား ၊ အလႉရွင္ေပါင္းမ်ားစြာျဖင့္ အားလပ္ခ်ိန္ မရွိေအာင္ ပင္ပန္းလွေပသည္ ။ အိပ္ခ်ိန္ ဟူ၍လည္း သိပ္မရွိ။ ထို႔ေၾကာင့္ အနီးကပ္အၿမဲရွိသူ ေယာဂီဦးေအးၾကဴမွ အမွတ္တမဲ့ ေလွ်ာက္ထားမိလိုက္ေတာ့ေပသည္။

” သဲအင္းဆရာေတာ္ ဘုရားႀကီး ၏ ခႏၶာ ဝန္မခ်ခင္ အျဖစ္ အပ်က္မ်ား..”

ဦးေအးၾကဴ ။ ။ ဆရာေတာ္ႀကီး ကို တပည့္ေတာ္တို႔က အရမ္းၾကည္ညိုၾက ပါတယ္၊ ေန႕ေရာညပါ မနားမေနသာသနာျပဳေနရတာျမင္ရေတာ့ အရမ္းဘဲ ပိုၿပီး ၾကည္ညိုရျပန္ ပါတယ္။ ဒါေပမယ့္ ဆရာေတာ္ႀကီးက်န္းမာ၊ အသက္ ရွည္ဘို႔လည္း အေရးႀကီးလွ ပါတယ္။ အသက္ (၆၀)ေလာက္ေရာက္ရင္ အနားယူပါေတာ့အရွင္ဘုရား။

ထိုအခ်ိန္ တြင္ ဆရာေတာ္ႀကီး ၏ သက္ေတာ္သည္ (၅၇) ႏွစ္ရွိေနၿပီျဖစ္ ပါသည္ ။ အမွတ္ တမဲ့ စိုးရိမ္လြန္းစြာေလွ်ာက္ထားေသာ စကား ကို ၾကားလိုက္ရေသာ သဲအင္း ဆရာေတာ္ႀကီး သည္ ဆပ္ကနဲ ရပ္လိုက္ေတာ့သည္။ ၿပီးေနာက္ ႐ုတ္တရက္ စကား တစ္ခြန္း ကို ပညတ္ လိုက္ေတာ့သည္။

သဲအင္း ။ ။ ေအး။ အသက္ (၆၀) ဆိုရင္ အနားယူေတာ့မည္ ။ တရားမေဟာေတာ့ဘူး ။ ထိုစကားကိုၾကားလိုက္ရေသ ာဦးေအးၾကဴသည္ အရမ္းစိတ္မေကာင္းျဖစ္သြားၿပီး ဆရာေတာ္ႀကီးကို ျပန္၍ေလွ်ာက္တင္ရေတာ့ သည္။

ဦးေအးၾကဴ ။ ။ ဆရာေတာ္ ပင္ပန္းလြန္းလို႔ မၾကည့္ရက္နိုင္ လို႔ပါ။ ဒီစကားကို ႐ုတ္တရက္ေလွ်ာက္တင္မိ လိုက္တာပါ တပည့္ေတာ္ မွားခဲ့ရင္ ရွိခိုးေတာင္းပန္ပါတယ္ အရွင္ဘုရား။

ဆရာေတာ္ႀကီး အသက္ (၆၀) ျပည့္ခဲ့ပါၿပီ။ ဦးေအးၾကဴသည္ လည္းေမ့ေမ့ေလ်ာ့ေလ်ာ့ ျဖစ္သြားခဲ့ၿပီး ျဖစ္ေပသည္ ။ မယ္ေတာ္ႀကီး ခႏၶာ၀န္ခ်ကာနီး အခ်ိန္တြင္ သဲအင္းဆရာေတာ္ႀကီး သည္ သုႆန္ဆရာေတာ္ႀကီး၏ aဒသ တရားပြဲအၿပီး ၌ ခ်က္ျခင္း အမီျပန္လာခဲ့ေတာ့ သည္။ မယ္ေတာ္ႀကီး ကို တရားေမးေတာ့သည္ ။

” သဲအင္းဆရာေတာ္ ဘုရားႀကီး ၏ ခႏၶာ ဝန္မခ်ခင္ အျဖစ္ အပ်က္မ်ား..”

သဲအင္း ။ ။ မယ္ေတာ္ႀကီး အသိရွိသလား။ အသိလြတ္ေန သလား။ ေနာက္ဆုံးအခ်ိန္ ေရာက္ၿပီ။

မယ္ေတာ္ႀကီး ။ ။ ခႏၶာကိုယ္ မွာဘဲ အသိကပ္ ထားပါတယ္ ။ ေဝဒနာအေပၚ ခံစားမႈဘဲရွိေနပါေတာ့တယ္ ။ လြတ္ေျမာက္ေနပါၿပီ။

သဲအင္း ။ ။ ေဝဒနာ တလုံးထဲသိ။ ႐ုပ္ေဖာက္ျပန္တဲ့ အေပၚ နာမ္ခံစားမႈ တစ္ခုဘဲသိ။ မၾကာမီ နာရီအတြင္း မယ္ေတာ္ႀကီး ခႏၶာခ်ဳပ္သြားေတာ့ေပသည္။ အပယ္ေလးဘုံမွ လြတ္ေျမာက္ခဲ့ ပါၿပီ။ မယ္ေတာ္ႀကီး ခႏၶာ၀န္ခ်ၿပီးမၾကာမီ အခ်ိန္ အဓိ႒ာန္ပြဲႀကီး ရွိေလေတာ့သည္။

သၾကၤန္ အဓိ႒ာန္ပြဲႀကီးတြင္ ေယာဂီမ်ားစြာ၏ ေရွ႕တြင္ မာရ္နတ္ႀကီး၏ အသက္အလႉခံျခင္း ကို ခြင့္ျပဳလိုက္ေတာ့သည္ ။ သၾကၤန္အၿပီး ေနာက္ဆုံး ရန္ကင္းတရားပြဲတြင္ သဲအင္းက ပညတ္ေတာ့ သည္။

သဲအင္း ။ ။ ဦးပဇင္း က ေနာက္ဆုံးတရားေဟာတာဘဲ ။ ေယာဂီ တို႔ ႀကဳံတုန္း ႀကဳံခိုက္ လိုက္ၾက ။

သၾကၤန္ေက်ာ္သည္ႏွင့္ ဆရာေတာ္ႀကီး သည္ ႐ုတ္တရက္ က်န္းမာေရး ေဖာက္ျပန္လာေတာ့သည္ ။ ဆရာေတာ္ႀကီး ကို ေဆးကုေပးေသာ ဆရာ၀န္ မွာ ေဒါက္တာဦးလွေအာင္ ျဖစ္သည္။ ဆရာေတာ္ႀကီးကို ႏွစ္ေပါင္းမ်ားစြာ ကုသေပးခဲ့သူ ေယာဂီႀကီးျဖစ္ေပ သည္။

သဲအင္းဂူ တြင္ ဇရပ္ တလုံးေဆာက္ၿပီး တရားက်င့္ေနသူလည္းျဖစ္၏ ။ သူေပးေသာေဆးႏွင့္သာ ဆရာေတာ္အၿမဲက်န္းမာလာခဲ့ရေပသည္။ ဆရာ၀န္သည္ ေဆး႐ုံႀကီးပို႔ရန္ အႀကံေပးေတာ့သည္။က်န္းမာေရးခ်ဴခ်ာေနစဥ္ ဆရာေတာ္က ညီအငယ္ျဖစ္သူ ကိုခ်စ္ဖူး (တိုင္းရင္းေဆးဆရာ)ကို မိန့္မွာေတာ့ သည္။

သဲအင္း ။ ။ မင္းကငါ့ ရဲ႕ ေရာဂါကို ေပ်ာက္အာင္ကုကြာ၊ ငါက မင္းကိုကားတစီး၀ယ္ ေပးမယ္ ။

ဆရာေတာ္ သည္ ခႏၶာခ်ဳပ္ေတာ့ မွန္းသိေနေသာ္လည္း ညီငယ္ျဖစ္သူ ကုသိုလ္ရေစရန္ ေပးသမွ်ေဆးအားလုံး ကို ဝါးစားေတာ့သည္ ။ ေရာဂါသည္ ပို၍ဆိုးလာေတာ့သည္။ ဆရာေတာ္ကို ရန္ကုန္ ရွိ ေဒါက္တာေကၾကည္ေမာင္ အိမ္တြင္ ေခတၱအနား ယူေစေတာ့သည္။

အနားယူၿပီး ရန္ုကုန္ေဆး႐ုံႀကီးသို႔ ပို႔ရန္လုပ္စဥ္ ဆရာေတာ္ ကို ပို႔မည့္ကားသည္ အေနာက္ဘက္ သို႔ လိမ့္ဆင္းသြားေလေတာ့ သည္ ။ အိမ္၏ လက္ရမ္းကို၀င္တိုက္ၿပီး အုတ္နံရံပါၿပိဳေလေတာ့သည္ ။ နိမိတ္ဆိုး စတင္ျပေတာ့ သည္။

ရန္ကုန္ေဆး႐ုံႀကီး တြင္ ဆရာေတာ္ သည္ လြန္စြာေမာေနေပေတာ့သည္ ။ ႏွလုံးခြဲ စိတ္ကုသရန္ျပင္ဆင္ေတာ့ သည္ ။ နံရိုးမ်ား ခ်ိဳးရန္ ေမ့ေဆးထိုးေပးရေလသည္ ။ ဆရာေတာ္သည္ ေမ့ျခင္းမရွိ ။ အားလုံး သိေနသည္။ သမာဓိ၀င္စားေနေပေတာ့ သည္။

” သဲအင္းဆရာေတာ္ ဘုရားႀကီး ၏ ခႏၶာ ဝန္မခ်ခင္ အျဖစ္ အပ်က္မ်ား..”

ဆရာ၀န္ က အိပ္ေဆးအျပင္း ထိုးေသာ္လည္း မအိပ္ သျဖင့္ နားမလည္နိုင္ေတာ့ေပ ။ ထိုအခါ အနား တြင္ ရွိေနေသာ သံဃာ တပါး မွ ဆရာေတာ္ ကိုေလွ်ာက္ တင္ရေတာ့ သည္ ။

သံဃာ ။ ။ သမာဓိကို ေလွ်ာ့လိုက္ပါ ဆရာေတာ္ ။ သမာဓိတင္တားရင္ ေမ့ေဆးက အလကားျဖစ္ေန ပါတယ္ ။ ေမ့သြား မွ ခြဲစိတ္၍ရမွာပါ အရွင္ဘုရား။

သဲအင္း ။ ။ ေမ့ေဆးလည္း မထိုးနဲ႕ ၊ ခြဲလည္းမခြဲနဲ႕၊ ဦးပဇင္းကခြဲဆိုမွ ခြဲ။

ဆီးမွန္ရန္ ၀မ္းဗိုက္ မွ ေဖာက္ထားေသာ ႁပြန္တစ္ေခ်ာင္း ။ လက္ေကာက္၀တ္ တြင္ ဂလူးကိုးစ္ အရည္သြင္းရန္ အပ္စိုက္ ထားျခင္း။ တေတာင္ဆစ္ အထက္တြင္ ႏွလုံးအတြက္ ေဆးသြင္းရန္အပ္တစ္ေခ်ာင္း စိုက္ထားျခင္း။ ႏွာေခါင္းေပါက္ မွ အစာသြင္း ရန္ ပိုက္ တစ္ေခ်ာင္း။ ခြဲစိတ္ထားေသာနံရိုးၾကားမွ အရည္ထြက္ရန္ပိုက္တေခ်ာင္း။ ႏွာေခါင္းတဖက္တြင္ ေအာက္စီဂ်င္သြင္းရန္ ပိုက္တစ္ေခ်ာင္းျဖင့္ ႐ုပ္ေသး႐ုပ္ကို ႀကိဳးမ်ားျဖင့္ ဆိုင္းထား သကဲ့သို႔ ရွိေနသည္။ နံရိုးမ်ားလည္း အခ်ိဳးခံထားရေလသည္။

ႏွလုံးအိမ္ပတ္လည္ ကိုခြဲစိတ္ရာတြင္ ေသြးမ်ားစြာ ထြက္ေနေတာ့သ ည္။ ထို႔ေၾကာင့္ ေသြးသြင္း န္ စီမံၾကရေတာ့ျပန္သည္ ။ ေသြးအမ်ိဳးအစား တူေသာ ေျမးျဖစ္သူေမာင္ၾကည္ေအး၏ေသြးျဖင့္ အစားထည့္ရေ တာ့သည္။

ထို အခါ တြင္ ထူးဆန္းမႈမ်ား ႀကဳံရေတာ့သည္။ သြင္းလိုက္ေသာေသြးမ်ားအားလုံးသည္ ဆီးပိုက္မွ ေအာက္သို႔ ခ်က္ျခင္းက်ဆင္းေနေပေတာ့သည္။ ခႏၶာကိုယ္အတြင္းသို႔ ဝင္ခြင့္မရ ။ ထို႔ေၾကာင့္ အနီးရွိသံဃာတပါးက ႐ုတ္တရက္ေျပာမိေလေတာ့သည္။

သံဃာ ။ ။ သြင္းလိုက္တဲ့ေသြးေတြအားလုံး ဆီးပိုက္က ျပန္ဆင္းေနတယ္။ တခုခုေတာ့မွားေနၿပီ။

ထိုအခ်ိန္တြင္ ဆရာေတာ္ သည္ မ်က္လုံးကိုပြင့္သည္လည္းမဟုတ္ ၊ ပိတ္သည္လည္း မဟုတ္၊ သမာဓိအရႈ စ်ာန္၀င္စားေနသည္။ ခ်က္ျခင္းပင္ ဆရာေတာ္၏ မိန့္ၾကားသံကိုအားလုံးက ၾကားလိုက္ရေတာ့သည္။

သဲအင္း ။ ။ အရိယာတို ႔ရဲ႕ ေသြး နဲ႕ ပုထုဇ ဥ္ရဲ႕ ေသြးကဘယ္ေတာ့မွ မေရာဘူး။ ေရာလို႔မရဘူး။

ေသြးသြင္းေနေသာ ဆရာ၀န္ႀကီး မ်ားသည္ တခါဖူးမွ် မႀကဳံဖူးခဲ့ေသာ ေသြးသြင္း ၍ မရသျဖင့္ လြန္စြာအံ့ၾသေနၾကေပသည္။ အမွားကိုရွာၾကေသာ္လည္းမေတြ႕။ ထို႔ေၾကာင့္ေသြးသြင္းျခင္းကိုရပ္လိုက္ရေတာ့သည္။ ဆရာေတာ္ႀကီး ၏ အာနာပါနာအရႈကိုမူ ေဘးမွ တိုးညွင္းစြာ၊ ၾကည္ညိုဘြယ္ၾကားေနရေပသည္။

ထိုအခ်ိန္တြင္ ဦးေအးၾကဴႏွင့္ ဦးဘို သည္ ဆရာေတာ္ ၏ အနီးသို႔ ေရာက္လာၿပီး အမွတ္မထင္ တိုးတိုးေလးေျပာၾကေတာ့သည္။

ဦးဘို ။ ။ ဆရာေတာ္ႀကီးရဲ႕ တကိုယ္လုံးမွာ အပ္ေတြလည္း စိုက္ထားတယ္။ ပိုက္ေတြ ကလည္းတပ္ထားတယ္။ ၾကည့္ရက္ျမင္ရက္စရာေတာင္မရွိပါဘူး။ ခရစ္ယန္လက္ဝါးကပ္တိုင္မွာ အျပစ္ေပးခံေနရသလိုပါဘဲ။

ဆရာေတာ္ႀကီးအိပ္ေပ်ာ္ေနသည္ဟုထင္ၿပီး တီးတိုးေျပာသံ ကိုဆရာေတာ္က ၾကားေလသည္။

သဲအင္း ။ ။ အတိတ္ ဘ၀တုံးက ဦးပဇင္းက ရာဇ၀တ္သားေတြ ကို ကားစင္တင္ၿပီး သတ္ခဲ့ တယ္ ။ အခုလည္းတပုံစံတည္း ဦးပဇင္းက ၀ဋ္ေႂကြး ျပန္ဆပ္ေနရတာ။

ဦးေအးၾကဴသည္ ဆရာေတာ္၏ အသံကို ၾကားရေသာ အခါ ၀မ္းသာစြာျဖင့္ ေလွ်ာက္တင္ေလေတာ့သည္။

” သဲအင္းဆရာေတာ္ ဘုရားႀကီး ၏ ခႏၶာ ဝန္မခ်ခင္ အျဖစ္ အပ်က္မ်ား..”

ဦးေအးၾကဴ ။ ။ အာယုသခၤါရ မလႊတ္ပါနဲ႕ အရွင္ဘုရား။

သဲအင္း ။ ။ အသက္ ( ၆၀ ) ျပည့္ရင္ တရားမေဟာပါနဲ႕ေတာ့၊ အရမ္းပင္ပန္းတာ မၾကည့္ရက္ဘူးလို႔ ဒကာႀကီးေလွ်ာက္ တင္ခဲ့တယ္။ ဦးပဇင္းက ေခါင္းညိတ္ခဲ့တယ္။

ဦးေအးၾကဴသည္ ခ်က္ျခင္းသေဘာေပါက္သြားေတာ့ ၏။ ပုထုဇဥ္က်င့္ဆဲ ပုဂၢိဳလ္ တစ္ဦး၏ အမွတ္မထင္ေျပာစကား သည္ အရိယာႀကီးတပါး အတြက္ လည္းေကာင္း၊၊ သာသနာ အတြက္လည္းေကာင္း၊ လြန္စြာ ေၾကကြဲစရာျဖစ္ခဲ့ရေတာ့ သည္။

ဦးေအးၾကဴသည္ စိတ္မထိန္းနိုင္ေတာ့ ဘဲ ရွိုက္ခါ ရွိုက္ခါ ငိုေႂကြးေနေတာ့ သည္။ ဆရာေတာ္သည္ အနီးရွိသံဃာမ်ား ကို ေနာက္ဆုံး အႀကိမ္ တရားျပေတာ့သည္။

သဲအင္း ။ ။ ခႏၶာပ်က္ဘို႔ကိစၥဟာလြယ္သလား၊ ေကသရ။ ဦးေကသရသည္ ညိုးငယ္ေသာအသံျဖင့္ မခ်ိတင္ဘဲ ျပန္ေျဖရေတာ့သည္။

ေကသရ ။ ။ မလြယ္ပါဘူး အရွင္ဘုရား။

သဲအင္း ။ ။ မင္းတို႔ လည္း အသင့္ျပင္ထားၾက။

ေနာက္ (၂) ရက္ အၾကာ ၁၉၇၃ ခုႏွစ္ ဇူလိုင္ (၈)ရက္တြင္ သဲအင္းဆရာေတာ္ႀကီး ခႏၶာ၀န္ခ်ေတာ့ သည္။

သဲအင္းဆရာေတာ္ သည္ မၾကာခဏ သူ၏ ေမာင္ႏွမမ်ားကို ေျပာခဲ့ဘူး သည္။

သဲအင္း ။ ။ မယ္ေတာ္ႀကီး ရွိလို႔ ငါရွိေနတာပါ ။ မယ္ေတာ္ႀကီး မရွိေတာ့ရင္ ငါလည္း သြားေတာ့မွာပါ ။

မယ္ေတာ္ႀကီးေသၿပီး ( ၃) လအၾကာ တြင္ ဆရာေတာ္ႀကီးလည္း ခႏၶာ၀န္ခ်သြားေတာ့ သည္။

(BhikkhuTejaniya)

အရိယာသံဃာေတာ္ႀကီးမ်ား ကို အနီးကပ္ေစာင့္ေရွာက္ၾကသူမ်ား နဲ႕ ဆည္းကပ္ၾကေသာ ဒကာဒကာမတပည့္မ်ား စကားတခုခု ကို ေလွ်ာက္ဖို႔ဆိုရင္ အရင္ဆင္ျခင္သင့္တာ သင္ခန္းစာတခုအေန နဲ႕ ရလိုက္ပါတယ္။ ဆရာေတာ္ဘုရားႀကီးမ်ား အားလုံး က်န္းမာသက္ရွည္ၾကပါေစ။ (Ashin Varasami)

Unicode

ကြည်ညို ဖွယ်ရာ ဗဟုသုတပါ…

လွန် ခဲ့သော နှစ်ပေါင်း ( ၄၀ ) ကျော်နှစ်များ ၌ ရန်ကုန်မြို့ တွင် ကိုယ်ပိုင်ကား ကို သူဌေးများသာ စီးနိုင်ခဲ့ကြ ပါသည်။ ထိုခေတ်ကာလတွင် နိုင်ငံကျော် ရုပ်ရှင်မင်းသားကြီး မှာ ဦးအေးကြူဖြစ်ပေသည် ။ သူဌေးများသာ စီးနိုင်သော အော်စတင် ( AYO ) ကားသစ်ကို စီးနေသူဖြစ်သည် ။

ထိုအချိန် သဲအင်း ဆရာတော်ကြီး အတွက် ကိုယ်ပိုင်ကား အလှူရှင် မရှိခဲ့သေး ပါ ။ ဆရာတော်ကြီး အတွက် သူ၏ ကားဖြင့် အပို့အကြို အမြဲ အလှူ လုပ်ခဲ့ရပေသည် ။ မကြာခဏ နယ်တရားပွဲများ သို့လည်း လိုက်ပါလေ့ ရှိခဲ့ ပါသည် ။ ဆရာတော်ကြီး သည် တရားပွဲများ ၊ တရားမေးသူများ ၊ အလှူရှင်ပေါင်းများစွာဖြင့် အားလပ်ချိန် မရှိအောင် ပင်ပန်းလှပေသည် ။ အိပ်ချိန် ဟူ၍လည်း သိပ်မရှိ။ ထို့ကြောင့် အနီးကပ်အမြဲရှိသူ ယောဂီဦးအေးကြူမှ အမှတ်တမဲ့ လျှောက်ထားမိလိုက်တော့ပေသည်။

ဦးအေးကြူ ။ ။ ဆရာတော်ကြီး ကို တပည့်တော်တို့က အရမ်းကြည်ညိုကြ ပါတယ်၊ နေ့ရောညပါ မနားမနေသာသနာပြုနေရတာမြင်ရတော့ အရမ်းဘဲ ပိုပြီး ကြည်ညိုရပြန် ပါတယ်။ ဒါပေမယ့် ဆရာတော်ကြီးကျန်းမာ၊ အသက် ရှည်ဘို့လည်း အရေးကြီးလှ ပါတယ်။ အသက် (၆၀)လောက်ရောက်ရင် အနားယူပါတော့အရှင်ဘုရား။

ထိုအချိန် တွင် ဆရာတော်ကြီး ၏ သက်တော်သည် (၅၇) နှစ်ရှိနေပြီဖြစ် ပါသည် ။ အမှတ် တမဲ့ စိုးရိမ်လွန်းစွာလျှောက်ထားသော စကား ကို ကြားလိုက်ရသော သဲအင်း ဆရာတော်ကြီး သည် ဆပ်ကနဲ ရပ်လိုက်တော့သည်။ ပြီးနောက် ရုတ်တရက် စကား တစ်ခွန်း ကို ပညတ် လိုက်တော့သည်။

သဲအင်း ။ ။ အေး။ အသက် (၆၀) ဆိုရင် အနားယူတော့မည် ။ တရားမဟောတော့ဘူး ။ ထိုစကားကိုကြားလိုက်ရသေ ာဦးအေးကြူသည် အရမ်းစိတ်မကောင်းဖြစ်သွားပြီး ဆရာတော်ကြီးကို ပြန်၍လျှောက်တင်ရတော့ သည်။

ဦးအေးကြူ ။ ။ ဆရာတော် ပင်ပန်းလွန်းလို့ မကြည့်ရက်နိုင် လို့ပါ။ ဒီစကားကို ရုတ်တရက်လျှောက်တင်မိ လိုက်တာပါ တပည့်တော် မှားခဲ့ရင် ရှိခိုးတောင်းပန်ပါတယ် အရှင်ဘုရား။

ဆရာတော်ကြီး အသက် (၆၀) ပြည့်ခဲ့ပါပြီ။ ဦးအေးကြူသည် လည်းမေ့မေ့လျော့လျော့ ဖြစ်သွားခဲ့ပြီး ဖြစ်ပေသည် ။ မယ်တော်ကြီး ခန္ဓာဝန်ချကာနီး အချိန်တွင် သဲအင်းဆရာတော်ကြီး သည် သုဿန်ဆရာတော်ကြီး၏ aဒသ တရားပွဲအပြီး ၌ ချက်ခြင်း အမီပြန်လာခဲ့တော့ သည်။ မယ်တော်ကြီး ကို တရားမေးတော့သည် ။

သဲအင်း ။ ။ မယ်တော်ကြီး အသိရှိသလား။ အသိလွတ်နေ သလား။ နောက်ဆုံးအချိန် ရောက်ပြီ။

မယ်တော်ကြီး ။ ။ ခန္ဓာကိုယ် မှာဘဲ အသိကပ် ထားပါတယ် ။ ဝေဒနာအပေါ် ခံစားမှုဘဲရှိနေပါတော့တယ် ။ လွတ်မြောက်နေပါပြီ။

သဲအင်း ။ ။ ဝေဒနာ တလုံးထဲသိ။ ရုပ်ဖောက်ပြန်တဲ့ အပေါ် နာမ်ခံစားမှု တစ်ခုဘဲသိ။ မကြာမီ နာရီအတွင်း မယ်တော်ကြီး ခန္ဓာချုပ်သွားတော့ပေသည်။ အပယ်လေးဘုံမှ လွတ်မြောက်ခဲ့ ပါပြီ။ မယ်တော်ကြီး ခန္ဓာဝန်ချပြီးမကြာမီ အချိန် အဓိဋ္ဌာန်ပွဲကြီး ရှိလေတော့သည်။

သင်္ကြန် အဓိဋ္ဌာန်ပွဲကြီးတွင် ယောဂီများစွာ၏ ရှေ့တွင် မာရ်နတ်ကြီး၏ အသက်အလှူခံခြင်း ကို ခွင့်ပြုလိုက်တော့သည် ။ သင်္ကြန်အပြီး နောက်ဆုံး ရန်ကင်းတရားပွဲတွင် သဲအင်းက ပညတ်တော့ သည်။

သဲအင်း ။ ။ ဦးပဇင်း က နောက်ဆုံးတရားဟောတာဘဲ ။ ယောဂီ တို့ ကြုံတုန်း ကြုံခိုက် လိုက်ကြ ။

သင်္ကြန်ကျော်သည်နှင့် ဆရာတော်ကြီး သည် ရုတ်တရက် ကျန်းမာရေး ဖောက်ပြန်လာတော့သည် ။ ဆရာတော်ကြီး ကို ဆေးကုပေးသော ဆရာဝန် မှာ ဒေါက်တာဦးလှအောင် ဖြစ်သည်။ ဆရာတော်ကြီးကို နှစ်ပေါင်းများစွာ ကုသပေးခဲ့သူ ယောဂီကြီးဖြစ်ပေ သည်။

သဲအင်းဂူ တွင် ဇရပ် တလုံးဆောက်ပြီး တရားကျင့်နေသူလည်းဖြစ်၏ ။ သူပေးသောဆေးနှင့်သာ ဆရာတော်အမြဲကျန်းမာလာခဲ့ရပေသည်။ ဆရာဝန်သည် ဆေးရုံကြီးပို့ရန် အကြံပေးတော့သည်။ကျန်းမာရေးချူချာနေစဉ် ဆရာတော်က ညီအငယ်ဖြစ်သူ ကိုချစ်ဖူး (တိုင်းရင်းဆေးဆရာ)ကို မိန့်မှာတော့ သည်။

သဲအင်း ။ ။ မင်းကငါ့ ရဲ့ ရောဂါကို ပျောက်အာင်ကုကွာ၊ ငါက မင်းကိုကားတစီးဝယ် ပေးမယ် ။

ဆရာတော် သည် ခန္ဓာချုပ်တော့ မှန်းသိနေသော်လည်း ညီငယ်ဖြစ်သူ ကုသိုလ်ရစေရန် ပေးသမျှဆေးအားလုံး ကို ဝါးစားတော့သည် ။ ရောဂါသည် ပို၍ဆိုးလာတော့သည်။ ဆရာတော်ကို ရန်ကုန် ရှိ ဒေါက်တာကေကြည်မောင် အိမ်တွင် ခေတ္တအနား ယူစေတော့သည်။

အနားယူပြီး ရန်ုကုန်ဆေးရုံကြီးသို့ ပို့ရန်လုပ်စဉ် ဆရာတော် ကို ပို့မည့်ကားသည် အနောက်ဘက် သို့ လိမ့်ဆင်းသွားလေတော့ သည် ။ အိမ်၏ လက်ရမ်းကိုဝင်တိုက်ပြီး အုတ်နံရံပါပြိုလေတော့သည် ။ နိမိတ်ဆိုး စတင်ပြတော့ သည်။

ရန်ကုန်ဆေးရုံကြီး တွင် ဆရာတော် သည် လွန်စွာမောနေပေတော့သည် ။ နှလုံးခွဲ စိတ်ကုသရန်ပြင်ဆင်တော့ သည် ။ နံရိုးများ ချိုးရန် မေ့ဆေးထိုးပေးရလေသည် ။ ဆရာတော်သည် မေ့ခြင်းမရှိ ။ အားလုံး သိနေသည်။ သမာဓိဝင်စားနေပေတော့ သည်။

ဆရာဝန် က အိပ်ဆေးအပြင်း ထိုးသော်လည်း မအိပ် သဖြင့် နားမလည်နိုင်တော့ပေ ။ ထိုအခါ အနား တွင် ရှိနေသော သံဃာ တပါး မှ ဆရာတော် ကိုလျှောက် တင်ရတော့ သည် ။

သံဃာ ။ ။ သမာဓိကို လျှော့လိုက်ပါ ဆရာတော် ။ သမာဓိတင်တားရင် မေ့ဆေးက အလကားဖြစ်နေ ပါတယ် ။ မေ့သွား မှ ခွဲစိတ်၍ရမှာပါ အရှင်ဘုရား။

သဲအင်း ။ ။ မေ့ဆေးလည်း မထိုးနဲ့ ၊ ခွဲလည်းမခွဲနဲ့၊ ဦးပဇင်းကခွဲဆိုမှ ခွဲ။

ဆီးမှန်ရန် ဝမ်းဗိုက် မှ ဖောက်ထားသော ပြွန်တစ်ချောင်း ။ လက်ကောက်ဝတ် တွင် ဂလူးကိုးစ် အရည်သွင်းရန် အပ်စိုက် ထားခြင်း။ တတောင်ဆစ် အထက်တွင် နှလုံးအတွက် ဆေးသွင်းရန်အပ်တစ်ချောင်း စိုက်ထားခြင်း။ နှာခေါင်းပေါက် မှ အစာသွင်း ရန် ပိုက် တစ်ချောင်း။ ခွဲစိတ်ထားသောနံရိုးကြားမှ အရည်ထွက်ရန်ပိုက်တချောင်း။ နှာခေါင်းတဖက်တွင် အောက်စီဂျင်သွင်းရန် ပိုက်တစ်ချောင်းဖြင့် ရုပ်သေးရုပ်ကို ကြိုးများဖြင့် ဆိုင်းထား သကဲ့သို့ ရှိနေသည်။ နံရိုးများလည်း အချိုးခံထားရလေသည်။

နှလုံးအိမ်ပတ်လည် ကိုခွဲစိတ်ရာတွင် သွေးများစွာ ထွက်နေတော့သ ည်။ ထို့ကြောင့် သွေးသွင်း န် စီမံကြရတော့ပြန်သည် ။ သွေးအမျိုးအစား တူသော မြေးဖြစ်သူမောင်ကြည်အေး၏သွေးဖြင့် အစားထည့်ရေ တာ့သည်။

ထို အခါ တွင် ထူးဆန်းမှုများ ကြုံရတော့သည်။ သွင်းလိုက်သောသွေးများအားလုံးသည် ဆီးပိုက်မှ အောက်သို့ ချက်ခြင်းကျဆင်းနေပေတော့သည်။ ခန္ဓာကိုယ်အတွင်းသို့ ဝင်ခွင့်မရ ။ ထို့ကြောင့် အနီးရှိသံဃာတပါးက ရုတ်တရက်ပြောမိလေတော့သည်။

သံဃာ ။ ။ သွင်းလိုက်တဲ့သွေးတွေအားလုံး ဆီးပိုက်က ပြန်ဆင်းနေတယ်။ တခုခုတော့မှားနေပြီ။

ထိုအချိန်တွင် ဆရာတော် သည် မျက်လုံးကိုပွင့်သည်လည်းမဟုတ် ၊ ပိတ်သည်လည်း မဟုတ်၊ သမာဓိအရှု ဈာန်ဝင်စားနေသည်။ ချက်ခြင်းပင် ဆရာတော်၏ မိန့်ကြားသံကိုအားလုံးက ကြားလိုက်ရတော့သည်။

သဲအင်း ။ ။ အရိယာတို့ရဲ့ သွေး နဲ့ ပုထုဇ ဉ်ရဲ့ သွေးကဘယ်တော့မှ မရောဘူး။ ရောလို့မရဘူး။

သွေးသွင်းနေသော ဆရာဝန်ကြီး များသည် တခါဖူးမျှ မကြုံဖူးခဲ့သော သွေးသွင်း ၍ မရသဖြင့် လွန်စွာအံ့သြနေကြပေသည်။ အမှားကိုရှာကြသော်လည်းမတွေ့။ ထို့ကြောင့်သွေးသွင်းခြင်းကိုရပ်လိုက်ရတော့သည်။ ဆရာတော်ကြီး ၏ အာနာပါနာအရှုကိုမူ ဘေးမှ တိုးညှင်းစွာ၊ ကြည်ညိုဘွယ်ကြားနေရပေသည်။

ထိုအချိန်တွင် ဦးအေးကြူနှင့် ဦးဘို သည် ဆရာတော် ၏ အနီးသို့ ရောက်လာပြီး အမှတ်မထင် တိုးတိုးလေးပြောကြတော့သည်။

ဦးဘို ။ ။ ဆရာတော်ကြီးရဲ့ တကိုယ်လုံးမှာ အပ်တွေလည်း စိုက်ထားတယ်။ ပိုက်တွေ ကလည်းတပ်ထားတယ်။ ကြည့်ရက်မြင်ရက်စရာတောင်မရှိပါဘူး။ ခရစ်ယန်လက်ဝါးကပ်တိုင်မှာ အပြစ်ပေးခံနေရသလိုပါဘဲ။

ဆရာတော်ကြီးအိပ်ပျော်နေသည်ဟုထင်ပြီး တီးတိုးပြောသံ ကိုဆရာတော်က ကြားလေသည်။

သဲအင်း ။ ။ အတိတ် ဘဝတုံးက ဦးပဇင်းက ရာဇဝတ်သားတွေ ကို ကားစင်တင်ပြီး သတ်ခဲ့ တယ် ။ အခုလည်းတပုံစံတည်း ဦးပဇင်းက ဝဋ်ကြွေး ပြန်ဆပ်နေရတာ။

ဦးအေးကြူသည် ဆရာတော်၏ အသံကို ကြားရသော အခါ ဝမ်းသာစွာဖြင့် လျှောက်တင်လေတော့သည်။

ဦးအေးကြူ ။ ။ အာယုသင်္ခါရ မလွှတ်ပါနဲ့ အရှင်ဘုရား။

သဲအင်း ။ ။ အသက် ( ၆၀ ) ပြည့်ရင် တရားမဟောပါနဲ့တော့၊ အရမ်းပင်ပန်းတာ မကြည့်ရက်ဘူးလို့ ဒကာကြီးလျှောက် တင်ခဲ့တယ်။ ဦးပဇင်းက ခေါင်းညိတ်ခဲ့တယ်။

ဦးအေးကြူသည် ချက်ခြင်းသဘောပေါက်သွားတော့ ၏။ ပုထုဇဉ်ကျင့်ဆဲ ပုဂ္ဂိုလ် တစ်ဦး၏ အမှတ်မထင်ပြောစကား သည် အရိယာကြီးတပါး အတွက် လည်းကောင်း၊၊ သာသနာ အတွက်လည်းကောင်း၊ လွန်စွာ ကြေကွဲစရာဖြစ်ခဲ့ရတော့ သည်။

ဦးအေးကြူသည် စိတ်မထိန်းနိုင်တော့ ဘဲ ရှိုက်ခါ ရှိုက်ခါ ငိုကြွေးနေတော့ သည်။ ဆရာတော်သည် အနီးရှိသံဃာများ ကို နောက်ဆုံး အကြိမ် တရားပြတော့သည်။

သဲအင်း ။ ။ ခန္ဓာပျက်ဘို့ကိစ္စဟာလွယ်သလား၊ ကေသရ။ ဦးကေသရသည် ညိုးငယ်သောအသံဖြင့် မချိတင်ဘဲ ပြန်ဖြေရတော့သည်။

ကေသရ ။ ။ မလွယ်ပါဘူး အရှင်ဘုရား။

သဲအင်း ။ ။ မင်းတို့ လည်း အသင့်ပြင်ထားကြ။

နောက် (၂) ရက် အကြာ ၁၉၇၃ ခုနှစ် ဇူလိုင် (၈)ရက်တွင် သဲအင်းဆရာတော်ကြီး ခန္ဓာဝန်ချတော့ သည်။

သဲအင်းဆရာတော် သည် မကြာခဏ သူ၏ မောင်နှမများကို ပြောခဲ့ဘူး သည်။

သဲအင်း ။ ။ မယ်တော်ကြီး ရှိလို့ ငါရှိနေတာပါ ။ မယ်တော်ကြီး မရှိတော့ရင် ငါလည်း သွားတော့မှာပါ ။

မယ်တော်ကြီးသေပြီး ( ၃) လအကြာ တွင် ဆရာတော်ကြီးလည်း ခန္ဓာဝန်ချသွားတော့ သည်။

(BhikkhuTejaniya)

အရိယာသံဃာတော်ကြီးများ ကို အနီးကပ်စောင့်ရှောက်ကြသူများ နဲ့ ဆည်းကပ်ကြသော ဒကာဒကာမတပည့်များ စကားတခုခု ကို လျှောက်ဖို့ဆိုရင် အရင်ဆင်ခြင်သင့်တာ သင်ခန်းစာတခုအနေ နဲ့ ရလိုက်ပါတယ်။ ဆရာတော်ဘုရားကြီးများ အားလုံး ကျန်းမာသက်ရှည်ကြပါစေ။ (Ashin Varasami)

Add a Comment

Your email address will not be published. Required fields are marked *