ထိုင်ဝမ်ကျွန်းစု သို့ Lockheed Martin ထုတ် နောက်ဆုံးမိုဒယ်လ် F-16 တိုက်လေယာဉ် ၆၆ စင်း ရောင်းချရန် သဘောတူညီမှု အကျိုးဆက်ကို ပြင်းထန်စွာတုံ့ပြန်မည်ဟု အမေရိကန်ကို တရုတ်ခြိမ်းခြောက်ကြုံးဝါး


ထိုင်ဝမ်ကျွန်းစု သို့ Lockheed Martin ထုတ် နောက်ဆုံးမိုဒယ်လ် F-16 တိုက်လေယာဉ် ၆၆ စင်း ရောင်းချရန် သဘောတူညီမှု အကျိုးဆက်ကို ပြင်းထန်စွာတုံ့ပြန်မည်ဟု အမေရိကန်ကို တရုတ်ခြိမ်းခြောက်ကြုံးဝါး


ထိုင်ဝမ်ကျွန်းစု သို့ Lockheed Martin ထုတ် နောက်ဆုံးမိုဒယ်လ် F-16 တိုက်လေယာဉ် ၆၆ စင်း ရောင်းချရန် သဘောတူညီမှု အကျိုးဆက်ကို ပြင်းထန်စွာတုံ့ပြန်မည်ဟု အမေရိကန်ကို တရုတ်ခြိမ်းခြောက်ကြုံးဝါး


ထိုင်ဝမ်ကျွန်းစု သို့ Lockheed Martin ထုတ် နောက်ဆုံးမိုဒယ်လ် F-16 တိုက်လေယာဉ် ၆၆ စင်း ရောင်းချရန် သဘောတူညီမှု အကျိုးဆက်ကို ပြင်းထန်စွာတုံ့ပြန်မည်ဟု အမေရိကန်ကို တရုတ်ခြိမ်းခြောက်ကြုံးဝါး


ထိုင်ဝမ်ကျွန်းစု သို့ Lockheed Martin ထုတ် နောက်ဆုံးမိုဒယ်လ် F-16 တိုက်လေယာဉ် ၆၆ စင်း ရောင်းချရန် သဘောတူညီမှု အကျိုးဆက်ကို ပြင်းထန်စွာတုံ့ပြန်မည်ဟု အမေရိကန်ကို တရုတ်ခြိမ်းခြောက်ကြုံးဝါး


Unicode

ထိုင်ဝမ် သို့ အမေရိကန် က F-16 တိုက်လေယာဉ် ဒေါ်လာ ၆၂ ဘီလီယံ ဖိုး ရောင်း မည် ။ ဒီ အရောင်း အဝယ် ကတော့ တရုတ် အတွက် ကျွဲမြီးတို ရဖွယ်ရှိနေ ပါတယ် ။

ထိုင်ဝမ် က Lockheed Martin ကော်ပိုရေးရှင်း ထံ မှ နောက်ဆုံးမိုဒယ်လ် F-16 တိုက်လေယာဉ် ၆၆ စင်း ဝယ်ယူရန် သဘောတူညီ ချက် တစ်ရပ် လက်မှတ်ရေးထိုးခဲ့ရာ အမေရိကန်နှင့် တရုတ်ကြား တင်းမာမှု များ မြင့်တက် လာစေမည့် လုပ်ဆောင်ချက် တစ်ရပ် ဖြစ်လာခဲ့သည် ။ ထိုင်ဝမ်၏ F-16 တိုက်လေယာဉ်များ ဝယ်ယူမည့် အစီအစဉ်က ၁၉၉၂ ခုနှစ်တွင် အမေရိကန် သမ္မတ ဂျော့ဘုရှ်က အက်ဖ်-၁၆ တိုက်လေယာဉ် အစင်း ၁၅၀ ရောင်းချရန် ကြေညာခဲ့ပြီး နောက်ပိုင်း အဆိုပါကျွန်းနိုင်ငံ သို့ ခေတ်မီ ဂျက်တိုက် လေယာည်များ ပထမဆုံး အကြိမ် ရောင်းချမှုဖြစ် လာသည်။

အမေရိကန် ဒေါ်လာ ၆၂ ဘီလီယံတန်ကြေး ရှိ အဆိုပါ F-16 ဂျက်တိုက်လေယာည်များ ဝယ်ယူရေး သဘော တူညီချက် ကို ပင်တဂွန်က သြဂုတ်လ ၁၄ ရက်တွင် ကြေညာ ခဲ့သည်။

ကွန်ဂရက်ထံ မှ အတည်ပြုချက် ရယူကာ ဂျက် တိုက်လေယာဉ်များ ပေးပို့ရန် နှစ်ပေါင်း များစွာကြာမြင့်နိုင် သည့် ယခုသဘော တူညီချက် ကို တရုတ်နိုင်ငံ က ရှုတ်ချဖွယ်ရှိသည် ။ အက်ဖ်-၁၆ ဂျက်တိုက် လေယာဉ် အစင်း ၉၀ ရောင်းချ ရ မည့် ယခုသဘော တူညီချက် အရ လေယာဉ်များ ထုတ်လပ်မှုကို ၂၀၂၆ ခုနှစ်ထက် နောက်မကျဘဲ တည်ဆောက် ကာ ပေးပို့ရမည်ဖြစ် သည်။

အမေရိကန်နိုင်ငံက ထိုင်ဝမ်သို့ လက်နက်ရောင်းချမှု က တရုတ် တစ်နိုင်ငံတည်း မူဝါဒ ကို ချိုးဖောက် ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီး ဌာန မှ ပြောရေးဆိုခွင့်ရ အမျိုးသမီးက ပြောကြား ခဲ့သည် ။ ထိုင်ဝမ် သို့ လက်နက်ရောင်းချမှု မပြုလုပ်ရန် တရုတ်အစိုးရက အမေရိကန်နိုင်ငံ သို့ တိုက်တွန်း ခဲ့ကြောင်း ၊ တရုတ်နိုင်ငံ ဘက် မှ ပြင်းထန်စွာ တုံ့ပြန်မည်ဖြစ် သလို အမေရိကန်ုနိုင်ငံ အနေဖြင့် အကျိုးဆက်များ ခံစားရမည် ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး ဟွာချင်းရင်က ပြောသည် ။

Add a Comment

Your email address will not be published. Required fields are marked *