ေနျပည္ေတာ္ တပ္ကုန္းၿမိဳ႕နယ္ တြင္ ေမွာက္ေနေသာ လင္ခ႐ူဇာတစ္စီးေပၚမွ တရားမဝင္ ခိုးဝင္လာေသာ တ႐ုတ္နိုင္ငံသားမ်ားအား ဖမ္းဆီးရမိ

ေနျပည္ေတာ္ တပ္ကုန္းၿမိဳ႕နယ္ တြင္ တရားမဝင္ ခိုးဝင္လာေသာ တ႐ုတ္နိုင္ငံသားမ်ား ဖမ္းဆီးရမိမႈ ယမန္ေန႕ ျဖစ္ခဲ့ေၾကာင္း သိရ ပါ တယ္ ။

ၾသဂုတ္ ၁၆၊ ၂၀၂၀

ယမန္ေန႕ နံနက္ ၁ နာရီခန ႔္က ရန္ကုန္-မႏၲေလးအျမန္ လမ္းမႀကီး၊ တပ္ကုန္းလမ္းခြဲ မွ တပ္ကုန္းၿမိဳ႕ သို႔ေမာင္းႏွင္ လာေသာ လင္ခ႐ူဇာ အမ်ိဳးအစား ေမာ္ေတာ္ယာဥ္ တစ္စီးသည္ အိုက္က်ယ္႐ြာ ႏွင့္ ေဂြ႕ႀကီး႐ြာၾကား အေရာက္၌ အရွိန္မထိန္းနိုင္ ဘဲ လမ္း၏ ဝဲဘက္ျခမ္း သို႔ တိမ္းေမွာက္မႈျဖစ္စဥ္ ျဖစ္ပြား ခဲ့ေၾကာင္း သတင္း ရရွိသျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား က သြားေရာက္ စစ္ေဆးခဲ့ရာမွ တဆင့္ တရားမဝင္ ခိုးဝင္လာေသာ တ႐ုတ္နိုင္ငံသားမ်ား ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ ပါတယ္။ ယာဥ္ေမာင္း မွာ ထြက္ေျပးတိမ္းေရွာင္သြားသည္ဟု သိရပါတယ္။

တရားမဝင္ ခိုးဝင္လာေသာ တ႐ုတ္နိုင္ငံသားမ်ားအား ဖမ္းဆီးရမိ

အဆိုပါ ေမာ္ေတာ္ယာဥ္ေပၚ ၌ တ႐ုတ္နိုင္ငံသား ၁၁ ဦးပါရွိၿပီး ခ်ဴးဟြန္ပီး ၂၈ ႏွစ္၊ ဖူးက်န္ၿမိဳ႕၊ တ႐ုတ္နိုင္ငံေနသူ တစ္ဦးတည္းသာ နိုင္ငံကူးလက္မွတ္ပါရွိကာ က်န္ ၁၀ ဦးမွာ နိုင္ငံကူး လက္မွတ္ႏွင့္ အေထာက္ အထား တစ္စုံတစ္ရာ ျပသနိုင္ျခင္းမရွိေၾကာင္းႏွင့္ ယာဥ္တိမ္းေမွာက္မႈျဖစ္စဥ္ေၾကာင့္ ဒဏ္ရာ ရရွိေသာ တ႐ုတ္နိုင္ငံသား ၆ ဦးကို အနီးဝန္းက်င္ရွိ အိုက္က်ယ္ေက်း႐ြာသားမ်ားက တပ္ကုန္းၿမိဳ႕နယ္ျပည္သူ႕ေဆး႐ုံ သို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရွိရသည္။

အဆိုပါျဖစ္စဥ္ တြင္ တရားမဝင္ ခိုးဝင္လာေသာ တ႐ုတ္နိုင္ငံသားမ်ား ကို တပ္ကုန္းၿမိဳ႕မ ရဲစခန္းတြင္ တရားဉပေဒႏွင့္အညီအေရးယူနိုင္ေရး အမႈဖြင့္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သတင္း ရရွိသည္ ။

Unicode

နေပြည်တော် တပ်ကုန်းမြို့နယ် တွင် တရားမဝင် ခိုးဝင်လာသော တရုတ်နိုင်ငံသားများ ဖမ်းဆီးရမိမှု ယမန်နေ့ ဖြစ်ခဲ့ကြောင်း သိရ ပါ တယ် ။

သြဂုတ် ၁၆၊ ၂၀၂၀

ယမန်နေ့ နံနက် ၁ နာရီခန့်က ရန်ကုန်-မန္တလေးအမြန် လမ်းမကြီး၊ တပ်ကုန်းလမ်းခွဲ မှ တပ်ကုန်းမြို့ သို့မောင်းနှင် လာသော လင်ခရူဇာ အမျိုးအစား မော်တော်ယာဉ် တစ်စီးသည် အိုက်ကျယ်ရွာ နှင့် ဂွေ့ကြီးရွာကြား အရောက်၌ အရှိန်မထိန်းနိုင် ဘဲ လမ်း၏ ဝဲဘက်ခြမ်း သို့ တိမ်းမှောက်မှုဖြစ်စဉ် ဖြစ်ပွား ခဲ့ကြောင်း သတင်း ရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ က သွားရောက် စစ်ဆေးခဲ့ရာမှ တဆင့် တရားမဝင် ခိုးဝင်လာသော တရုတ်နိုင်ငံသားများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ် ပါတယ်။ ယာဉ်မောင်း မှာ ထွက်ပြေးတိမ်းရှောင်သွားသည်ဟု သိရပါတယ်။

အဆိုပါ မော်တော်ယာဉ်ပေါ် ၌ တရုတ်နိုင်ငံသား ၁၁ ဦးပါရှိပြီး ချူးဟွန်ပီး ၂၈ နှစ်၊ ဖူးကျန်မြို့၊ တရုတ်နိုင်ငံနေသူ တစ်ဦးတည်းသာ နိုင်ငံကူးလက်မှတ်ပါရှိကာ ကျန် ၁၀ ဦးမှာ နိုင်ငံကူး လက်မှတ်နှင့် အထောက် အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိကြောင်းနှင့် ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် ဒဏ်ရာ ရရှိသော တရုတ်နိုင်ငံသား ၆ ဦးကို အနီးဝန်းကျင်ရှိ အိုက်ကျယ်ကျေးရွာသားများက တပ်ကုန်းမြို့နယ်ပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ် တွင် တရားမဝင် ခိုးဝင်လာသော တရုတ်နိုင်ငံသားများ ကို တပ်ကုန်းမြို့မ ရဲစခန်းတွင် တရားဉပဒေနှင့်အညီအရေးယူနိုင်ရေး အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည် ။

Add a Comment

Your email address will not be published. Required fields are marked *