စကားချပ်။ ။ မြန်မာ့အရေး ကို ကမ္ဘာ့အရေး နဲ့ ချိတ်ဆက် သူံးသပ်မှာ ဖြစ်တဲ့ အတွက်၊ ယခု လူထုခေါင်းဆောင် အမေစု ဦးဆောင်ရွက်‌ပေးနေသော ၊ နိုင်ငံ အတွက် ငြိမ်းချမ်းရေး‌ ‌ဆွေးနွေးပွဲကို ၊ ထိခိုက်လိုခြင်း အလျင်း မရှိပါ ၊ အပြုသဘောဆောင်သော အရေးသား သုံးသပ်မှုဖြင့် သာ၊ ခန့်မှန်းသုံးသပ် ရေးသာ မှာ ဖြစ်သည့် အတွက်၊ ငြိမ်းချမ်းရေး နောက်ကွယ် မှ အကြောင်းအရာများ ဘာတွေ ရှိနိုင်မလဲ ဆိုတာ နဲ့
ဘာကြောင့် ဆိုတော့ ယခုအချိန်ဟာ ကမ္ဘာရော မြန်မာမှာပါ အရေးကြီးဆုံး အချိန်အခါ ဖြစ်သည့်အတွက်၊ မိမိနိုင်ငံ ဘေးကင်းပြီး သာယာစိုပြေ အေးချမ်းဖို့အတွက်၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မှ ငြိမ်းချမ်းရေး မူဝါဒ ကို ကိုင်စွဲပြီး၊ နိုင်ငံပြည်သူအတွက် လုပ်ဆောင်နေသလို ၊ စစ်ဗိုလ်ချုပ်ကြ်ီး များမှလည်း အေးချမ်းစွာ အတူနေထိုင်ရေး ကို ဦးတည်ပြီး၊ ဆုံးဖြတ်ချက်ချ လုပ်ဆောင်သင့် လှပြီဖြစ်ကြောင်း အကြံပြု လိုပါတယ်။
သို့အတွက် မိမိခေါင်းေ‌ဆာင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား အောင်မြင်ဖို့၊ ပြည်သူတရပ်လုံးမှ ၀န်းရံ ၀မ်းမြောက်ပြီး၊ ထပ်တူ မျှော်လင့် စောင့်ကြည့်နေသလို၊ တဖက်မှ စစ်တပ်ရဲ့ အပြုမူများကြောင့်၊ ထိုဖြစ်စဉ်များ ရဲ့ နောက်ကွယ် အကြောင်းအရာများ ကို တွေးဆ သူံးသပ် ကြည့် မိသော်၊ ယခု ငြိမ်းချမ်းရေး ဖြစ်စဉ်ဟာ တရုတ်နဲ့ မြန်မာစစ်တပ်တို့ အမှန်တကယ် စိတ်သဘောထား ပြောင်းလဲပြီး နိုင်ငံ‌ရေး မူဝါဒအသစ် လုပ်ဆောင်ပြီလား သို့ ကမ္ဘာ့အရေး ကို ရှောင်လွဲဖို့ နည်းဗျုဟာ အခင်းကျင်းလား ဆိုတာ နောက်အပိုင်း မှာ သုံးသပ်ခန့်မှန်းကြည့်ရအောင် ဗျာ
ယခု နိုင်ငံရေးဖြစ်စဉ်များ မှ ကမ္ဘာအတွက် မိမိနိုင်ငံ အတွက် အကျိုးဖြစ်ထွန်းအောင် လုပ်ဆောင်မှ၊ အကြပ်တည်းမှ လွတ်မြောက်ပြ်ီး ရရှိအောင်မြင်နိုင်မှာ ဖြစ်သလို၊ သို့တည်းမဟုတ်ပဲ ခဏတာလွတ်မြောက်ဖို့အတွက် နိုင်ငံရေး အခင်းကျင်း ဖန်တီးကစားပြီး၊ အမေရိက န်ရဲ့ ပိတ်ဆို့မှု လက်အောက် မှနေ ရုန်းထွက် လွတ်မြောက်ဖို့ ကြံစနေသည် ဆိုလျင်တော့၊
Unicode
ရွှေရောင် အနာဂါတ်သို့ သန်းလာပြီ ဖြစ်သော ( သို့ ) UN က ပယ်ချလဲ နေတိုးနဲ့ဆော်မည့် ထရန့်
” သံမဏိလိပ်ပြာ ၏ ငြိမ်းချမ်းရေး မဟာဗျုဟာ ခြေလှမ်းများ ” အပိုင်း_၁
စကားချပ်။ ။ မြန်မာ့အရေး ကို ကမ္ဘာ့အရေး နဲ့ ချိတ်ဆက် သူံးသပ်မှာ ဖြစ်တဲ့ အတွက်၊ ယခု လူထုခေါင်းဆောင် အမေစု ဦးဆောင်ရွက်‌ပေးနေသော ၊ နိုင်ငံ အတွက် ငြိမ်းချမ်းရေး‌ ‌ဆွေးနွေးပွဲကိုု ၊ ထိခိုက်လိုခြင်း အလျင်း မရှိပါ ၊ အပြုသဘောဆောင်သော အရေးသား သုံးသပ်မှုဖြင့် သာ၊ ခန့်မှန်းသုံးသပ် ရေးသာ မှာ ဖြစ်သည့် အတွက်၊ ငြိမ်းချမ်းရေး နောက်ကွယ် မှ အကြောင်းအရာများ ဘာတွေ ရှိနိုင်မလဲ ဆိုတာ နဲ့
တရုတ် နဲ့ စစ်ဗိုလ်ချုပ်များဟာ လူထုခေါင်းဆောင်အား ငြိမ်းချမ်းရေး အကြောင်းပြ၊ ကမ္ဘာ့အရေးအား ရှောင်လွဲဖို့လား ဆိုတာနဲ့၊ အမှန်တကယ် တိုင်းပြည် အတွက် လူထုခေါင်းဆောင် နဲ့ ပူးပေါင်း ဆောင်ရွက်ပြီလားဆိုတာ၊ ခန့်မှန်း သုံးသပ်ကြည့်ရုံမျှသာပါ။ သို့ကြောင့် အမေစု လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးကို၊ ယခုလို သုံးသပ်ပြုမူတော့ ထိခိုက်မိမှာလည်း စိုးရွံမိ ပါတယ် ။ အဓိကက အမေစု နဲ့ တိုင်းရင်းသားတွေ ကို ယုံကြည်ပေမယ့်၊ စစ်တပ် ကို မယုံကြည်သေး လို့ပဲ ဖြစ် ပါတယ်။
သို့ကြောင့် အခု JICM ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဟာ သိပ်တော် သိပ်လှတဲ့ မဟာဗျုဟာတွေ၊ ခြေလှမ်းတွေလို့ ဂုဏ်ပြုမှုထက် ပိုမိုတဲ့၊ အားလုံးညီညာ အောင်‌ကြောင်းဖြာဟုသာ၊ ဂုဏ်ယူဝံ့ကြွား ထောပနာပြုလိုက်ချင်ပါရဲ့။ သို့ပေမယ့် ဒါက အစပဲ ရှိသေးတယ် ။ နောက်ထပ် ဒီထက် အောင်မြင်မှုတွေကို မျက်ဝါး ထင်ထင်၊ လက်တွေ့အဖြစ် မြင်တွေ့ချင် ပါသေးတယ်။
ဘာကြောင့် ဆိုတော့ အခုချိန် ဟာ မြန်မာနိုင်ငံ တိုးတတ်ဖို့၊ ဒီမိုကရေစီ စစ်မှန် ဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ဖို့၊ အကောင်းဆုံးသော အချိန်အခါ အခွင့်‌ကောင်းဖြစ်တဲ့ အတွက်၊ စစ်ဗိုလ်ချုပ်တွေ လိမ္မာပါးနပ်ရင် ပြည်သူ က ခွင့်လွှတ် နားလည်ပေး မည့် နိုင်ငံရေး ဖြစ်စဉ်ဆိုတော့၊ ဖြစ်နိုင်ရင် စစ်ဗိုလ်ချုပ်ကြီးတွေ မမိုက်မဲပါတော့နဲ့၊ ခုချိန်ကစ တိုင်းပြည်အတွက် ရှေ့ရှု့ပါဟု တောင်းဆိုချင်ပါတယ်။ ထိုအတွက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မှလည်း၊ ဖက်ဒရယ်နိုင်ငံဖြစ်ဖို့ အ‌ခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ချိတ်ဆက် ဆောင်ရွက်သွားမယ် ဆိုတော့၊ နိုင်ငံ အတွက် ပြည်သူ လူထု တရပ်လုံးမှ ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး ကြိုဆို မျော်လင့်နေကြပြီပေါ့။
သို့အတွက် ယခုမှနေ နိုင်ငံအတွက် ငြိမ်းချမ်းရေး ကို ဖော်ဆောင်လိုက်ရင်၊ ပြည်သူတရပ်လုံးက ခွင့်လွှတ်နားလည်ပေးပြီး၊ လက်ကမ်း ယုံကြည်လာကြမယ်ဆိုတာနဲ့ ပြည်သူချစ်တဲ့ တပ်မတော်အဖြစ်နဲ့ လူမှန်နေရာမှန်ဖြင့်၊ အစိုးရနဲ့ ပူးပေါင်း ကာ တိုင်းပြည် အရွေ့ ကို၊ ကိုယ်ကျိုး အတ္တများထက် ပြည်သူ ကို ဆပိုးတိုး ၍ တိုင်းပြည်အတွက် လုပ်ဆောင်မှ အခွင့်သာနိုင်မယ်ဆိုတာ ရှု့မြင် သိထားကြစေလိုပါတယ်။
ဘာကြောင့် ဆိုတော့ ယခုအချိန်ဟာ ကမ္ဘာရော မြန်မာမှာပါ အရေးကြီးဆ‌ုံး အချိန်အခါ ဖြစ်သည့်အတွက်၊ မိမိနိုင်ငံ ဘေးကင်းပြီး သာယာစိုပြေ အေးချမ်းဖို့အတွက်၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မှ ငြိမ်းချမ်းရေး မူဝါဒ ကို ကိုင်စွဲပြီး၊ နိုင်ငံပြည်သူအတွက် လုပ်ဆောင်နေသလို ၊ စစ်ဗိုလ်ချုပ်ြက်ီး များမှလည်း အေးချမ်းစွာ အတူနေထိုင်ရေး ကို ဦးတည်ပြီး၊ ဆုံးဖြတ်ချက်ချ လုပ်ဆောင်သင့် လှပြီဖြစ်ကြောင်း အကြံပြု လိုပါတယ်။
အဘယ့်ကြောင့်ဆိုသော် ယခုအခါ အမေရိကန်နိုင်ငံ မှ ..မြန်မာနိုင်ငံ ရဲ့ အချုပ်အခြာအာဏာ ကို အန္တရာယ်ဖြစ်စေ မည့် ဩဇာလွှမ်းမိုးမှု မှ ကာကွယ်ရန် ကူညီမည်မြန်မာကို Friendly nationality အဖြစ် သတ်မှတ်သည် ။ အရှေ့တောင်အာရှမိတ်ဆွေများကို အကာကွယ်ပေးရန် မိမိ၌ တာဝန် ရှိသည် ဟူသော Quard Alliance ရဲ့ အရှေ့အာရှ ဒီမိုကရေစီရပ်ဝန်း ဥပဒေသအရ တည်ဆောက်ဖွဲ့စည်း ထားပြီ ဖြစ်ရာ စစ်ဗိုလ်ချုပ်များ အနေဖြင့် အာဏာသိမ်းမယ် မဆိုထားနှင့်၊ ပါးစပ်နဲ့ လက်ကနေ ရေးတင်ပြော၊ လေနဲ့ ဟလို့တောင် မရဘူး ဆိုတာ သိစေချင် သည်။
အဘယ့်ကြောင့်ဆိုသော် အမေရိကန်ရဲ့ ကြေငြာချက်သည်၊ တရုတ်မှ မြန်မာကို ပြည်တွင်း နိုင်ငံရေး ဝင်စွတ် ဖက်ပြီး ကျုးကျော် သည်ရှိသော်၊ စစ်တပ်နှင့် ဗိုလ်ချုပ်များမှ အာဏာသိမ်းခဲ့သည် ရှိသော်၊ သူဝင်ရောက်ကူညီပြီး စစ်ရေးအရ အရေး ယူမယ်လို့၊ အတိလင်း ကြေငြာ အသိပေးလိုက်တဲ့အတွက်၊ လက်ရှိနိုင်ငံရေးမှာ အာဏာသိမ်းဖို့၊ တရုတ်က ဝင်ချုပ်ခြယ်ဖို့ မပြောနဲ့၊ လက်ဖျားနဲ့တောင် ထိမရတော့ ပါကြောင်း၊ သတိချပ်စေချင် သည် ။
ဒါ့အပြင် ယခု ငြိမ်းချမ်းရေး ကို အကောင်ထည် ဖော်နေသော်ငြား၊ လူထုခေါင်းဆောင် နဲ့ တိုင်းရင်းသား ခေါင်းဆောင်များ မှ နိုင်ငံအတွက် အမှန်တကယ် စွမ်းဆောင်နေပြီး၊ ကြိုးစားလုပ်ဆောင် နေကြသော်လည်း၊ တပ်မတော်အကြီး အကဲဖြစ်သူ ကာချုပ်မှ မတက်‌ရောက်ပဲ ဒုချုပ်သာ ဦးဆောင်ပြီး လုပ်ဆောင်မှု၊ ကာချုပ်မှမူ ပါတီနိုင်ငံရေးအတွက်သာ စိတ်ဝင်စားပြီး၊ နိုင်ငံ‌ရေး ပါတီ ၃၀ နဲ့ တွေ့ဆုံနေမှု တို့ကြောင့်၊ ထို့အပြင်
မြန်မာစစ်ဖက် မှ မိန့်ခွန်းများ မှာ အပြုသဘော ဆောင်သော ခွဲမထွက်ရေး နှင့် ဒီမိုကရေစီ တိုးတတ်ရေး ကို ဦးတည်သော် လည်း ၊ ကျန်သည့် အတွေး အမြင် ရပ်တည်မှုမှာ မူလထုံးနန်းစဉ်လာနဲ့ စစ်တပ်အာဘော် ကိုယ်ကျိုး အတွက် သဏ္ဍန် ၊ စကားလုံး အသုံးနှုန်း စိတ်သဘောထား မူဝါဒ ရပ်တည်မှုများ ဖြစ်သောကြောင့် ၊ သိပ်ပြီး အားရကျေနပ်မှု မရှိ စောင့်ကြည့်ဖွယ်ရာ ဖြစ် ပါသည်။
သို့အတွက် အထူး သဖြင့် နိုင်ငံ့အတွက် မေတ္တာဖြင့်၊ စေတနာအပြည့်အဝထား လုပ်ဆောင်ပေးနေသော၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်၊ နိုင်ငံအတွက် လုပ်ငန်းစဉ်များ များပြား၍၊ ပြည်သူများမှ မိမိခေါင်းဆောင်နဲ့ထပ်တူ ယခု ငြိမ်းချမ်းရေးအား အောင်မြင်စေချင်သည်မှာ၊ ပြည်သူတရပ်လုံးပင် ဖြစ်သောကြောင့်၊ နိုင်ငံကို အမှန်တကယ် တိုးတတ်အေးချမ်းလိုလျှင်၊ တဖက် တာဝန်ရှိသူများ မှ အချိန်ကုန် လူပန်းမဖြစ်စေဖို့၊ အမှန်တကယ် ပူးပေါင်းဆောင်ရွက်ကြ ဖို့ မေတ္တာရပ်ခံ မျှော်လင့်ပါသည်။
သို့အတွက် မိမိခေါင်း‌ေ‌ဆာင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား အောင်မြင်ဖို့၊ ပြည်သူတရပ်လုံးမှ ဝန်းရံ ဝမ်းမြောက်ပြီး၊ ထပ်တူ မျှော်လင့် စောင့်ကြည့်နေသလို၊ တဖက်မှ စစ်တပ်ရဲ့ အပြုမူများကြောင့်၊ ထိုဖြစ်စဉ်များ ရဲ့ နောက်ကွယ် အကြောင်းအရာများ ကို တွေးဆ သူံးသပ် ကြည့် မိသော်၊ ယခု ငြိမ်းချမ်းရေး ဖြစ်စဉ်ဟာ တရုတ်နဲ့ မြန်မာစစ်တပ်တို့ အမှန်တကယ် စိတ်သဘောထား ပြောင်းလဲပြီး နိုင်ငံ‌ရေး မူဝါဒအသစ် လုပ်ဆောင်ပြီလား သို့ ကမ္ဘာ့အရေး ကို ရှောင်လွဲဖို့ နည်းဗျုဟာ အခင်းကျင်းလား ဆိူတာ နောက်အပိုင်း မှာ သုံးသပ်ခန့်မှန်းကြည့်ရအောင် ဗျာ
အဘယ့်ကြောင့် ဆိုတော့ ကျနော်တို့နိုင်ငံဟာ ငြိမ်းချမ်းရေး နဲ့ ဖက်ဒရယ်ပြည်ထောင်စု အတွက်၊ အခုလို အချိန်ခါကောင်း မှာ အမှန်ကန်ပြောင်းလဲနိုင်ဖို့ လိုသလို၊ ကမ္ဘာ့အရေး မှာလည်း တရုတ် နဲ့ မြန်မာစစ်တပ်ဟာ မူဝါဒများ ပြောင်းလဲမှ၊ သက်သာ အဆင်‌ပြေမှာ ဖြစ်တဲ့အတွက်
ယခု နိုင်ငံရေးဖြစ်စဉ်များ မှ ကမ္ဘာအတွက် မိမိနိုင်ငံ အတွက် အကျိုးဖြစ်ထွန်းအောင် လုပ်ဆောင်မှ၊ အကြပ်တည်းမှ လွတ်မြောက်ြပ်ီး ရရှိအောင်မြင်နိုင်မှာ ဖြစ်သလို၊ သို့တည်းမဟုတ်ပဲ ခဏတာလွတ်မြောက်ဖို့အတွက် နိုင်ငံရေး အခင်းကျင်း ဖန်တီးကစားပြီး၊ အမေရိက န်ရဲ့ ပိတ်ဆို့မှု လက်အောက် မှနေ ရုန်းထွက် လွတ်မြောက်ဖို့ ကြံစနေသည် ဆိုလျင်တော့၊
လာမည့် ကမ္ဘာ့အရေးနဲ့ ပြည်တွင်းနိုင်ငံရေး ကို ချုပ်ကိုင်ချယ်လှယ်နေတဲ့ စစ်ဗိုလ်ချုပ်များ နဲ့ တရုတ်အာဏာပိုင်များကတော့ ၊ လုံးဝကို အခွင့်အရေးမသာပဲ ဒီထက် ပိုမို ဆိုးရွားသော နိုင်ငံရေး ပြစ်ဒဏ်များကိုသာ ရရှိ ခံစားကြရ လိမ့်မည် ဖြစ်ကြောင်း အသိပေး ရင်း ။
ယခု ငြိမ်းချမ်းရေး လုပ်ငန်း စဉ် ဟာ တရုတ် နဲ့ မြန်မာစစ် ဗိုလ်ချုပ်များ ၏ နိုင်ငံရေးပြောင်း လဲမှုလား သို့ အကြပ်တည်းမှ လွတ်မြောက် ဖို့ ထွက်ဖောက် ဖန်တီးခြင်းလား ဆိုတာ ၊ ငြိမ်းချမ်းရေး မိခင်ကြီးကတော့ ထိုသို့ မဖြစ်အောင် မိမိနိုင်ငံ စစ်တပ် ပြည်သူကို အလေးထား ဦးစားပေးပြီး ကူညီ ကာကွယ်နိုင်ဖို့၊ အစွမ်းကုန် ရင်နှစ်ခံစား ဦးဆောင် လမ်းပြ လုပ်ဆောင်ပေးနေပြီ ဆိုတာ၊
ယခု ကမ္ဘာ့အရေး နဲ့ မြန်မာ့အရေး ကို မြန်မာပြည်သူ တရပ်လုံးသာမက၊ တကမ္ဘာလုံးကပါ ရလဒ် ဖြစ်ရပ် လုပ်ရပ်များ ကို စောင့်မျှော် ကြည့်ရှု့နေကြပြီ ဆိုတာ၊ အထူး သတိထား သိစေချင်သည် ။ ဆက်မည် ။
သုံးသပ်မှု အနေဖြင့်သာ ရီနေဆန်းခေတ်
Add a Comment
Your email address will not be published. Required fields are marked *