တပ္မေတာ္ ၏ အခန္း က႑ ကို သေဘာေပါက္သူ မ်ား အား ကိုယ္စားလွယ္ေလာင္း အျဖစ္ေ႐ြးခ်ယ္ရန္ တပ္ခ်ဳပ္ တိုက္တြန္း

တပ္မေတာ္ ၏ အမ်ိဳးသား နိုင္ငံေရး ဦးေဆာင္မႈ အခန္း က႑ကို နားလည္ သေဘာေပါက္သူမ်ား ကို ကိုယ္စားလွယ္ေလာင္း အျဖစ္ ေ႐ြးခ်ယ္ၾကရန္ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္ က နိုင္ငံေရးပါတီမ်ား ကို တိုက္တြန္းေျပာၾကား ခဲ့သည္။

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ က ျပည္ခိုင္ၿဖိဳး ပါတီ ဦးေဆာင္သည့္ နိုင္ငံေရး ပါတီ ၃၄ ပါတီႏွင့္ ဩဂုတ္ ၁၄ ရက္ေန႕က ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ ရိပ္သာ ဧည့္ခန္းမေဆာင္ ၌ေတြ႕ဆုံ ၍ တပ္မေတာ္ ၏ အခန္း က႑ကို နားလည္ သေဘာေပါက္ အသိအမွတ္ျပဳသူမ်ား ကို ကိုယ္စား လွယ္ေလာင္း အျဖစ္ေ႐ြးေပးရန္ တိုက္တြန္း ခဲ့သည္။

တပ္မေတာ္ ၏ အခန္း က႑ ကို သေဘာေပါက္သူ မ်ား အား ကိုယ္စားလွယ္ေလာင္း အျဖစ္ေ႐ြးခ်ယ္ရန္ တပ္ခ်ဳပ္ တိုက္တြန္း

ျပည္သူ႕ကိုယ္စားလွယ္မ်ားကို ေ႐ြးခ်ယ္ရာ ၌ နိုင္ငံႏွင့္ေဒသ ကို လက္ေတြ႕အက်ိဳးျပဳမည့္သူ၊ တရားဥပေဒ စိုးမိုးေရးအျမင္ ရွိၿပီး ဥပေဒ စည္းမ်ဥ္း စည္းကမ္းမ်ား ကို လိုက္နာေဆာင္ ႐ြက္သူ၊ နိုင္ငံ၏ အမ်ိဳးသား အက်ိဳး စီးပြားျဖစ္သည့္ ဒို႔တာဝန္အေရးသုံးပါးကို ထိန္းသိမ္းေစာင့္ေရွာက္နိုင္သူ၊ တပ္မေတာ္၏ အမ်ိဳးသားနိုင္ငံေရး ဦးေဆာင္မႈ အခန္း က႑ကို နားလည္ သေဘာေပါက္သူ ၊ အမ်ိဳး ဘာသာသာသနာ ကို နည္းမွန္ လမ္းမွန္ျဖင့္ စနစ္တက် ထိန္းသိမ္းနိုင္ သူႏွင့္ ျပည္ပ အဖြဲ႕အစည္းမ်ား၊ နိုင္ငံျခားသားမ်ား ၏ လႊမ္းမိုးျခင္းမခံရသူ စသည့္ အခ်က္ ၆ ခ်က္ႏွင့္ ျပည့္စုံသူ တို႔ကို မွန္မွန္ ကန္ကန္ေ႐ြးခ်ယ္ၾကေစ လိုေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္က ေျပာၾကား သည္ ။

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ႏွင့္ေတြ႕ဆုံခဲ့ သည့္ ပါတီမ်ား ထဲတြင္ ေ႐ြးေကာက္ပြဲ တႀကိမ္ မွ မဝင္ဖူးေသးသည့္ ပါတီ တခ်ိဳ႕လည္း ပါဝင္ၿပီး အမ်ားစုမွာ ၂၀၁၅ ေ႐ြးေကာက္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကသည္ ။ ယင္းအထဲ မွ အမ်ားစုမွာ ကိုယ္စားလွယ္တေနရာမွ အနိုင္မ ရရွိခဲ့သည့္ ပါတီမ်ားျဖစ္သည္။

နိုင္ငံေရးႏွင့္ ပတ္သက္၍ တိုင္းျပည္ကို ေကာင္းေစ လိုသည့္ စိတ္ဆႏၵမ်ားျဖင့္သာ ေဆာင္႐ြက္ၾကေစလိုေၾကာင္း၊ နိုင္ငံေရး၌ “ေျပာသည့္အတိုင္းလုပ္ရန္ႏွင့္ လုပ္သည့္အတိုင္းေျပာရန္” လိုအပ္ေၾကာင္း ၊ လာမည့္ေ႐ြးေကာက္ ပြဲသည္ လြတ္လပ္ၿပီး တရားမွ်တသည့္ ေ႐ြးေကာက္ပြဲျဖစ္ေစေရး လုပ္ေဆာင္သင့္၊ လုပ္ေဆာင္ထိုက္သည္မ်ားကို ပူးေပါင္းေဆာင္႐ြက္ သြားမည္ျဖစ္ေၾကာင္း၊ ေ႐ြးေကာက္ပြဲ၌ ဆႏၵမဲေပးခြင့္ရွိသူအားလုံး မဲေပးၾကရန္လိုေၾကာင္း၊ မဲေပးသင့္သူကို ဆႏၵမဲေပးၾကေစေရး စည္း႐ုံးၾကေစလိုေၾကာင္း၊ တပ္မေတာ္အေနျဖင့္ တိုင္းျပည္ တိုးတက္ဖြံ႕ၿဖိဳးေရး အတြက္ အမ်ိဳးသားနိုင္ငံေရး လုပ္ေဆာင္လ်က္ ရွိသည့္ မည့္သည့္ အဖြဲ႕အစည္းမ်ားႏွင့္မဆို ပူးေပါင္းေဆာင္႐ြက္သြား မည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္က ေျပာၾကား သည္။

လာေရာက္ေတြ႕ဆုံသည့္ ပါတီမ်ားက ျပည္ေထာင္စုေ႐ြး ေကာက္ပြဲေ ကာ္မရွင္အေပၚ အျမင္မ်ား၊ တရားမွ်တ ၍ လြတ္လပ္ေသာ ေ႐ြးေကာက္ပြဲ က်င္းပနိုင္ေရးႏွင့္ တပ္မေတာ္ မွ ေဆာင္႐ြက္ေပးေစ လိုေသာ အေျခအေနမ်ား၊ တပ္မေတာ္၏ အမ်ိဳးသားနိုင္ငံေရးဦးေဆာင္မႈအခန္းက႑တြင္ အဓိကတာဝန္ရွိစြာျဖင့္ ပါဝင္ကူညီေဆာင္႐ြက္ေနမႈမ်ားကို နားလည္ သေဘာေပါက္ေၾကာင္း ေဆြးေႏြးေျပာၾကားခဲ့ၾက သည္ ဟု တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရး အဖြဲ႕က ထုတ္ျပန္ သည္ ။

မင္းထင္

Unicode

တပ်မတော် ၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်း ကဏ္ဍကို နားလည် သဘောပေါက်သူများ ကို ကိုယ်စားလှယ်လောင်း အဖြစ် ရွေးချယ်ကြရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က နိုင်ငံရေးပါတီများ ကို တိုက်တွန်းပြောကြား ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြည်ခိုင်ဖြိုး ပါတီ ဦးဆောင်သည့် နိုင်ငံရေး ပါတီ ၃၄ ပါတီနှင့် ဩဂုတ် ၁၄ ရက်နေ့က နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင် ၌တွေ့ဆုံ ၍ တပ်မတော် ၏ အခန်း ကဏ္ဍကို နားလည် သဘောပေါက် အသိအမှတ်ပြုသူများ ကို ကိုယ်စား လှယ်လောင်း အဖြစ်ရွေးပေးရန် တိုက်တွန်း ခဲ့သည်။

ပြည်သူ့ကိုယ်စားလှယ်များကို ရွေးချယ်ရာ ၌ နိုင်ငံနှင့်ဒေသ ကို လက်တွေ့အကျိုးပြုမည့်သူ၊ တရားဥပဒေ စိုးမိုးရေးအမြင် ရှိပြီး ဥပဒေ စည်းမျဉ်း စည်းကမ်းများ ကို လိုက်နာဆောင် ရွက်သူ၊ နိုင်ငံ၏ အမျိုးသား အကျိုး စီးပွားဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်နိုင်သူ၊ တပ်မတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်း ကဏ္ဍကို နားလည် သဘောပေါက်သူ ၊ အမျိုး ဘာသာသာသနာ ကို နည်းမှန် လမ်းမှန်ဖြင့် စနစ်တကျ ထိန်းသိမ်းနိုင် သူနှင့် ပြည်ပ အဖွဲ့အစည်းများ၊ နိုင်ငံခြားသားများ ၏ လွှမ်းမိုးခြင်းမခံရသူ စသည့် အချက် ၆ ချက်နှင့် ပြည့်စုံသူ တို့ကို မှန်မှန် ကန်ကန်ရွေးချယ်ကြစေ လိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြား သည် ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့ သည့် ပါတီများ ထဲတွင် ရွေးကောက်ပွဲ တကြိမ် မှ မဝင်ဖူးသေးသည့် ပါတီ တချို့လည်း ပါဝင်ပြီး အများစုမှာ ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည် ။ ယင်းအထဲ မှ အများစုမှာ ကိုယ်စားလှယ်တနေရာမှ အနိုင်မ ရရှိခဲ့သည့် ပါတီများဖြစ်သည်။

နိုင်ငံရေးနှင့် ပတ်သက်၍ တိုင်းပြည်ကို ကောင်းစေ လိုသည့် စိတ်ဆန္ဒများဖြင့်သာ ဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံရေး၌ “ပြောသည့်အတိုင်းလုပ်ရန်နှင့် လုပ်သည့်အတိုင်းပြောရန်” လိုအပ်ကြောင်း ၊ လာမည့်ရွေးကောက် ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခွင့်ရှိသူအားလုံး မဲပေးကြရန်လိုကြောင်း၊ မဲပေးသင့်သူကို ဆန္ဒမဲပေးကြစေရေး စည်းရုံးကြစေလိုကြောင်း၊ တပ်မတော်အနေဖြင့် တိုင်းပြည် တိုးတက်ဖွံ့ဖြိုးရေး အတွက် အမျိုးသားနိုင်ငံရေး လုပ်ဆောင်လျက် ရှိသည့် မည့်သည့် အဖွဲ့အစည်းများနှင့်မဆို ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြား သည်။

လာရောက်တွေ့ဆုံသည့် ပါတီများက ပြည်ထောင်စုရွေး ကောက်ပွဲေ ကာ်မရှင်အပေါ် အမြင်များ၊ တရားမျှတ ၍ လွတ်လပ်သော ရွေးကောက်ပွဲ ကျင်းပနိုင်ရေးနှင့် တပ်မတော် မှ ဆောင်ရွက်ပေးစေ လိုသော အခြေအနေများ၊ တပ်မတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် အဓိကတာဝန်ရှိစွာဖြင့် ပါဝင်ကူညီဆောင်ရွက်နေမှုများကို နားလည် သဘောပေါက်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြ သည် ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က ထုတ်ပြန် သည် ။

မင်းထင်

Add a Comment

Your email address will not be published. Required fields are marked *