ေသာက္စားမူးယစ္ျပီး ေက်ာင္းဝန္း အတြင္း ဝင္ေရာက္ ကာ ဆဲဆို ျပ သ နာ ရွာေသာ အမ်ိဳး သား အား ဘုန္းႀကီး က ဓားျဖင့္ ထိုး

စစ္ကိုင္းၿမိဳ႕ ၊ ေ႐ႊမင္းဝံ ရပ္ကြက္ ၌ ဩ ဂုတ္ ၁၃ ညပိုင္း က အရက္ေသစာ ေသာက္စား မူးယစ္ၿပီး ေက်ာင္း ဝန္း အတြင္းဝင္ ေရာက္ ကာ ဆဲဆို ျပသနာရွာ ေသာ အမ်ိဳးသားအား ဘုန္းႀကီး က ဓားျဖင့္ ထိုး သတ္ မႈျဖစ္ပြား ခဲ့ေၾကာင္း စစ္ကိုင္းၿမိဳ႕မ ရဲ စခန္း မွ သိ ရ သည္။

စစ္ ကိုင္းၿမိဳ႕၊ေ႐ႊမင္းဝံ ရပ္ ကြက္ ၊(ည)နယ္ေျမက်ဳးေက်ာ္ရပ္၊ ေပၚေတာ္မူဘုရားဝန္း၊ေစတီယပါလ ဘုန္းေတာ္ႀကီးေက်ာင္းဝန္း အတြင္း ဩဂုတ္၁၃ပိုင္းက လူသတ္မႈျဖစ္ ပြားေၾကာင္း သတင္းအရ စစ္ကိုင္းၿမိဳ႕နယ္ရဲ တပ္ဖြဲ႕မႈးယာယီရဲမႈး စိုးမိုးနိုင္ ၊စစ္ကိုင္း ၿမိဳ႕မစခန္းမႈးဒု ရဲမႈးဝင္းေဇာ္မိုး ဦးေဆာင္ေသာ ရဲတပ္ဖြဲ႕ဝင္မ်ားသြားေရာက္စစ္ေဆးရာ

အရက္ ေသာက္စားမူးယစ္ၿပီး ေက်ာင္းဝန္း အတြင္းဝင္ေရာက္ ကာဆဲဆို ျပသနာရွာေသာ အမ်ိဳးသားအား ဘုန္းႀကီး က ဓားျဖင့္ ထိုးသတ္

ည ၉နာရီ ခန႔္က ေစတီယပါလဘုန္းေတာ္ႀကီးေက်ာင္း ၀န္းအတြင္းခန္း‌ေနဦးဇင္းဦးေဝပုလႅသည္ ေက်ာင္းထိုင္ဆရာေတာ္ဦးဝိသုဒၶ၊ ဦးဇ၀န တို႔ႏွင့္ အတူ ေက်ာင္းခန္းေပါက္ထိုင္ေနစဥ္ ည နယ္ေျမက်ဴး ေက်ာ္ရပ္ေန မ်ိဳးဝင္း (၄၈ )ႏွစ္ သည္ အရက္ေသစာ ေသာက္စားမူး ယစ္ၿပီးေက်ာင္းဝန္းအတြင္းသို႔ေရာက္ရွိလာသျဖင့္ ဦးဇင္းေဝပုလႅမွ “မင္း အရက္မူးေနတာ မဟုတ္လား၊အိမ္ျပန္”ဟု ေျပာရာ မ်ိဳးဝင္းမွမျပန္ဘဲ ျပသနာရွာေနသျဖင့္ ဝါးတုတ္တစ္ေခ်ာင္းျဖင့္ ေနာက္ေက်ာအားတစ္ခ်က္ရိုက္ၿပီး ေက်ာင္းဝန္းအတြင္းမွ ထြက္သြားရန္ႏွင္ထုတ္ခဲ့ေၾကာင္း ရဲမႈခင္းမွတ္တမ္း အရ သိရသည္။

အရက္ ေသာက္စားမူးယစ္ၿပီး ေက်ာင္းဝန္း အတြင္းဝင္ေရာက္ ကာဆဲဆို ျပသနာရွာေသာ အမ်ိဳးသားအား ဘုန္းႀကီး က ဓားျဖင့္ ထိုးသတ္

ည ၁၀နာရီ ၄၅ တြင္ ေက်ာင္းဝန္းအတြင္းသို႔ မ်ိဳးဝင္း ျပန္လည္ေရာက္ရွိၿပီး ဦးဇင္းေဝပုလႅအား ဆဲဆိုႀကိမ္းေမာင္းရာ ဦးဇင္းေဝပုလႅမွ ကုတင္ေျခရင္းရွိ အရိုး ၆ လက္မ၊အသြား ၁၁ လက္မ၊ဗ်က္ ၁ လက္မ ဓားခြၽန္ျဖင့္ မ်ိဳးဝင္း၏ ဝဲဘက္ရင္ၫႊန႔္အား ထိုးသြင္းခဲ့သျဖင့္ အခင္းျဖစ္ေနရာတြင္မ်ိဳးဝင္း ေသဆုံးခဲ့ေၾကာင္း ရဲမႈခင္းမွတ္တမ္းမ်ားအရသိရသည္။

ေသဆုံးသူ မ်ိဳးဝင္း ၏ ႐ုပ္အေလာင္းအား စစ္ကိုင္းခုတင္၂၀၀ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ၿပီး ျပစ္မႈက်ဳးလြန္သူ ဦးဇင္းေဝပုလႅ(ခ)လွမ်ိဳး (၄၉)ႏွစ္အား သိကၡာခ်လဴဝတ္လဲ၍ စစ္ကိုင္းၿမိဳ႕မ ရဲစခန္း တြင္ (ပ)၅၅၄ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၃၀၂ျဖင့္ အမႈဖြင့္ ဖမ္းဆီးအေရးယူ ထားေၾကာင္း သိရသည္။ ေဇယ်ာတိုင္းမ္ စစ္ကိုင္း

Unicode

စစ်ကိုင်းမြို့ ၊ ရွှေမင်းဝံ ရပ်ကွက် ၌ ဩ ဂုတ် ၁၃ ညပိုင်း က အရက်သေစာ သောက်စား မူးယစ်ပြီး ကျောင်း ဝန်း အတွင်းဝင် ရောက် ကာ ဆဲဆို ပြသနာရှာ သော အမျိုးသားအား ဘုန်းကြီး က ဓားဖြင့် ထိုး သတ် မှုဖြစ်ပွား ခဲ့ကြောင်း စစ်ကိုင်းမြို့မ ရဲ စခန်း မှ သိ ရ သည်။

စစ် ကိုင်းမြို့၊ရွှေမင်းဝံ ရပ် ကွက် ၊(ည)နယ်မြေကျုးကျော်ရပ်၊ ပေါ်တော်မူဘုရားဝန်း၊စေတီယပါလ ဘုန်းတော်ကြီးကျောင်းဝန်း အတွင်း ဩဂုတ်၁၃ပိုင်းက လူသတ်မှုဖြစ် ပွားကြောင်း သတင်းအရ စစ်ကိုင်းမြို့နယ်ရဲ တပ်ဖွဲ့မှုးယာယီရဲမှုး စိုးမိုးနိုင် ၊စစ်ကိုင်း မြို့မစခန်းမှုးဒု ရဲမှုးဝင်းဇော်မိုး ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များသွားရောက်စစ်ဆေးရာ

အရက် သောက်စားမူးယစ်ပြီး ကျောင်းဝန်း အတွင်းဝင်ရောက် ကာဆဲဆို ပြသနာရှာသော အမျိုးသားအား ဘုန်းကြီး က ဓားဖြင့် ထိုးသတ်

ည ၉နာရီ ခန့်က စေတီယပါလဘုန်းတော်ကြီးကျောင်း ဝန်းအတွင်းခန်း‌နေဦးဇင်းဦးဝေပုလ္လသည် ကျောင်းထိုင်ဆရာတော်ဦးဝိသုဒ္ဓ၊ ဦးဇဝန တို့နှင့် အတူ ကျောင်းခန်းပေါက်ထိုင်နေစဉ် ည နယ်မြေကျူး ကျော်ရပ်နေ မျိုးဝင်း (၄၈ )နှစ် သည် အရက်သေစာ သောက်စားမူး ယစ်ပြီးကျောင်းဝန်းအတွင်းသို့ရောက်ရှိလာသဖြင့် ဦးဇင်းဝေပုလ္လမှ “မင်း အရက်မူးနေတာ မဟုတ်လား၊အိမ်ပြန်”ဟု ပြောရာ မျိုးဝင်းမှမပြန်ဘဲ ပြသနာရှာနေသဖြင့် ဝါးတုတ်တစ်ချောင်းဖြင့် နောက်ကျောအားတစ်ချက်ရိုက်ပြီး ကျောင်းဝန်းအတွင်းမှ ထွက်သွားရန်နှင်ထုတ်ခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်း အရ သိရသည်။

အရက် သောက်စားမူးယစ်ပြီး ကျောင်းဝန်း အတွင်းဝင်ရောက် ကာဆဲဆို ပြသနာရှာသော အမျိုးသားအား ဘုန်းကြီး က ဓားဖြင့် ထိုးသတ်

ည ၁၀နာရီ ၄၅ တွင် ကျောင်းဝန်းအတွင်းသို့ မျိုးဝင်း ပြန်လည်ရောက်ရှိပြီး ဦးဇင်းဝေပုလ္လအား ဆဲဆိုကြိမ်းမောင်းရာ ဦးဇင်းဝေပုလ္လမှ ကုတင်ခြေရင်းရှိ အရိုး ၆ လက်မ၊အသွား ၁၁ လက်မ၊ဗျက် ၁ လက်မ ဓားချွန်ဖြင့် မျိုးဝင်း၏ ဝဲဘက်ရင်ညွှန့်အား ထိုးသွင်းခဲ့သဖြင့် အခင်းဖြစ်နေရာတွင်မျိုးဝင်း သေဆုံးခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းများအရသိရသည်။

သေဆုံးသူ မျိုးဝင်း ၏ ရုပ်အလောင်းအား စစ်ကိုင်းခုတင်၂၀၀ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ပြစ်မှုကျုးလွန်သူ ဦးဇင်းဝေပုလ္လ(ခ)လှမျိုး (၄၉)နှစ်အား သိက္ခာချလူဝတ်လဲ၍ စစ်ကိုင်းမြို့မ ရဲစခန်း တွင် (ပ)၅၅၄ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူ ထားကြောင်း သိရသည်။ ဇေယျာတိုင်းမ် စစ်ကိုင်း

Add a Comment

Your email address will not be published. Required fields are marked *