နာမည္ဆိုး ျဖင့္ ေက်ာ္ၾကားေနသည့္ ပါကစၥတန္ စစ္ေထာက္လွမ္းေရး မွ ျမန္မာျပည္တြင္း မတည္ၿငိမ္မႈမ်ား ဖန္တီးရန္ လႈပ္ရွားေန ဟု ဆို

နာမည္ဆိုး ျဖင့္ ေက်ာ္ၾကားေနသည့္ ပါကစၥတန္ စစ္ေထာက္ လွန္းေရး Inter-Service Intelligence (ISI) သည္ နိုင္ငံတြင္း ရွိ ရိုဟင္ဂ်ာ ဆိုသူ အေယာက္ ၄၀ ခန႔္ကို အၾကမ္းဖက္ လုပ္ရပ္မ်ား က်ဴးလြန္ ရန္ ေလ့က်င့္ေပးလွ်က္ ရွိေနသည္ ဟု ဘဲလ္ဂ်ီယံ အေျခစိုက္ ေတာင္အာရွ ဒီမိုကရက္တစ္ ဖိုရမ္ မွ သုေတသီ Siegfried O Wolf ရဲ႕ သတိေပးခ်က္ကို ဂ်ာမန္သတင္းဌာန DW က ေဖၚျပလာ ပါတယ္။

Inter-Service Intelligence (ISI)

ပါကစၥတန္ သည္ ေဒသတြင္း မၿငိမ္မသက္ ျဖစ္ရန္ ရည္႐ြယ္ၿပီး အာဖဂန္နစၥတန္၊ အိႏၵိယ ႏွင့္ ျမန္မာတို႔ တြင္ လႈပ္ရွားနိုင္ေရး ရည္႐ြယ္ျခင္း ျဖစ္ေၾကာင္း ၎က ဆိုပါတယ္။

၂၀၁၆ ခုႏွစ္ အတြင္း ISI မွ ေလ့က်င့္ေပးထားေသာ ဘဂၤလားေဒ့ရွ္ အေျခစိုက္ ဂ်ာမက္ အာလ္ မူဂ်ာဟီဒင္ အဖြဲ႕ သည္ ဒကၠားရွိ သံတမန္ ရပ္ကြက္ အနီး လၻက္ရည္ဆိုင္ကို တိုက္ခိုက္ခဲ့ မႈေၾကာင့္ လူ ၂၂ ဦး ေသဆုံးသြား ခဲ့ၿပီး ျဖစ္ ပါတယ္။

ယခုအခါ ေကာက္ဘဇားရွိ ဒုကၡသည္ စခန္းမ်ား သည္ ၎တို႔ အတြက္ လူသစ္ စုေဆာင္းရန္ လြန္စြာ အလားအလာ ေကာင္းတဲ့ ေနရာ ျဖစ္လာရပါတယ္။ ပင္လယ္ေကြ႕ ႏွင့္ မေလးရွား နိုင္ငံမ်ားမွ အဆိုပါ လူ ၄၀ အား ေလ့က်င့္ေပးရန္ ေဒၚလာ ၁၁၇,၀၀၀ ေထာက္ပံ့ေပးေနေၾကာင္း DW သတင္း မွာ ေဖၚျပထားျပန္ပါတယ္၊ ထို႔ အတြက္ အိႏၵိယ ေထာက္လွမ္းေရးမွ ဘဂၤလားေဒ့ရွ္ အစိုးရအား အေၾကာင္းၾကား ထားၿပီး ျဖစ္သည္ဟု ဆိုပါတယ္။

နာမည္ဆိုး ျဖင့္ ေက်ာ္ၾကားေနသည့္ ပါကစၥတန္ စစ္ေထာက္လွမ္းေရး မွ ျမန္မာျပည္တြင္း မတည္ၿငိမ္မႈမ်ား ဖန္တီးရန္ လႈပ္ရွားေန ဟု ဆို

ယခင္က ကြယ္ေပ်ာက္လု နီးပါး ျဖစ္ေနတဲ့ အာဆာ အၾကမ္းဖက္ အဖြဲ႕သည္ ေဒသ အတြင္း ဧၿပီလ မွ စတင္ကာ ျပန္လည္ တက္ႂကြစြာ လႈပ္ရွားေနၿပီ ျဖစ္တယ္လို႔ ျမန္မာ စစ္ဖက္အရာရွိေတြကလည္း ဝန္ခံခဲ့ၿပီး ျဖစ္ပါတယ္။ အာဆာ အဖြဲ႕သည္ ပါကစၥတန္ တာလစ္ဘန္ မ်ား ထံမွ ေလ့က်င့္မႈ မ်ား ရေနေၾကာင္း ထုတ္ေဖၚေျပာၾကား ခဲ့ၿပီး ယင္းသည္ မွန္ကန္ေၾကာင္း ပါကစၥတန္ တာလစ္ဘန္ အဖြဲ႕ က ဂ်ာမန္ သတင္းဌာနကို အတည္ျပဳ ေပးခဲ့ တယ္လို႔ ဆိုပါတယ္။

ေကာက္ဘဇား ကို ေလ့လာ ေစာင့္ၾကည့္ေန တဲ့ သံတမန္မ်ားကေတာ့ အာဆာ သည္ ဂ်ာမက္ အာလ္ မူဂ်ာဟီဒင္ အဖြဲ႕ ႏွင့္ တြဲကာ AK-47, M-21s, M-22s ႏွင့္ M-16 ရိုင္ဖယ္မ်ား ကိုင္ေဆာင္ကာ ေလ့က်င့္လွ်က္ ရွိေနသည္မ်ား ကို ဆိုရွယ္ မီဒီယာမ်ား တြင္ ေတြ႕လာေနရေၾကာင္း ေျပာလာခဲ့ၾက ပါတယ္။

၎တို႔ ကိုင္ေဆာင္ ထားေသာ လက္နက္ အခ်ိဳ႕ သည္ ျမန္မာ နယ္ျခားရဲကင္း မ်ားကို ဝင္ေရာက္ စီးနင္းတိုက္ ခိုက္ခဲ့စဥ္ သိမ္းယူ ရရွိသြားေသာ လက္နက္မ်ား ျဖစ္ပုံရတယ္လို႔ လည္း ဆို ပါတယ္။

သတင္း အခ်က္အလက္ ကိုးကား – ANI News (India) လွစိုး​ေဝ

Unicode

နာမည်ဆိုး ဖြင့် ကျော်ကြားနေသည့် ပါကစ္စတန် စစ်ထောက် လှန်းရေး Inter-Service Intelligence (ISI) သည် နိုင်ငံတွင်း ရှိ ရိုဟင်ဂျာ ဆိုသူ အယောက် ၄၀ ခန့်ကို အကြမ်းဖက် လုပ်ရပ်များ ကျူးလွန် ရန် လေ့ကျင့်ပေးလျှက် ရှိနေသည် ဟု ဘဲလ်ဂျီယံ အခြေစိုက် တောင်အာရှ ဒီမိုကရက်တစ် ဖိုရမ် မှ သုတေသီ Siegfried O Wolf ရဲ့ သတိပေးချက်ကို ဂျာမန်သတင်းဌာန DW က ဖေါ်ပြလာ ပါတယ်။

ပါကစ္စတန် သည် ဒေသတွင်း မငြိမ်မသက် ဖြစ်ရန် ရည်ရွယ်ပြီး အာဖဂန်နစ္စတန်၊ အိန္ဒိယ နှင့် မြန်မာတို့ တွင် လှုပ်ရှားနိုင်ရေး ရည်ရွယ်ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။

၂၀၁၆ ခုနှစ် အတွင်း ISI မှ လေ့ကျင့်ပေးထားသော ဘင်္ဂလားဒေ့ရှ် အခြေစိုက် ဂျာမက် အာလ် မူဂျာဟီဒင် အဖွဲ့ သည် ဒက္ကားရှိ သံတမန် ရပ်ကွက် အနီး လ္ဘက်ရည်ဆိုင်ကို တိုက်ခိုက်ခဲ့ မှုကြောင့် လူ ၂၂ ဦး သေဆုံးသွား ခဲ့ပြီး ဖြစ် ပါတယ်။

ယခုအခါ ကောက်ဘဇားရှိ ဒုက္ခသည် စခန်းများ သည် ၎င်းတို့ အတွက် လူသစ် စုဆောင်းရန် လွန်စွာ အလားအလာ ကောင်းတဲ့ နေရာ ဖြစ်လာရပါတယ်။ ပင်လယ်ကွေ့ နှင့် မလေးရှား နိုင်ငံများမှ အဆိုပါ လူ ၄၀ အား လေ့ကျင့်ပေးရန် ဒေါ်လာ ၁၁၇,၀၀၀ ထောက်ပံ့ပေးနေကြောင်း DW သတင်း မှာ ဖေါ်ပြထားပြန်ပါတယ်၊ ထို့ အတွက် အိန္ဒိယ ထောက်လှမ်းရေးမှ ဘင်္ဂလားဒေ့ရှ် အစိုးရအား အကြောင်းကြား ထားပြီး ဖြစ်သည်ဟု ဆိုပါတယ်။

ယခင်က ကွယ်ပျောက်လု နီးပါး ဖြစ်နေတဲ့ အာဆာ အကြမ်းဖက် အဖွဲ့သည် ဒေသ အတွင်း ဧပြီလ မှ စတင်ကာ ပြန်လည် တက်ကြွစွာ လှုပ်ရှားနေပြီ ဖြစ်တယ်လို့ မြန်မာ စစ်ဖက်အရာရှိတွေကလည်း ဝန်ခံခဲ့ပြီး ဖြစ်ပါတယ်။ အာဆာ အဖွဲ့သည် ပါကစ္စတန် တာလစ်ဘန် များ ထံမှ လေ့ကျင့်မှု များ ရနေကြောင်း ထုတ်ဖေါ်ပြောကြား ခဲ့ပြီး ယင်းသည် မှန်ကန်ကြောင်း ပါကစ္စတန် တာလစ်ဘန် အဖွဲ့ က ဂျာမန် သတင်းဌာနကို အတည်ပြု ပေးခဲ့ တယ်လို့ ဆိုပါတယ်။

ကောက်ဘဇား ကို လေ့လာ စောင့်ကြည့်နေ တဲ့ သံတမန်များကတော့ အာဆာ သည် ဂျာမက် အာလ် မူဂျာဟီဒင် အဖွဲ့ နှင့် တွဲကာ AK-47, M-21s, M-22s နှင့် M-16 ရိုင်ဖယ်များ ကိုင်ဆောင်ကာ လေ့ကျင့်လျှက် ရှိနေသည်များ ကို ဆိုရှယ် မီဒီယာများ တွင် တွေ့လာနေရကြောင်း ပြောလာခဲ့ကြ ပါတယ်။

၎င်းတို့ ကိုင်ဆောင် ထားသော လက်နက် အချို့ သည် မြန်မာ နယ်ခြားရဲကင်း များကို ဝင်ရောက် စီးနင်းတိုက် ခိုက်ခဲ့စဉ် သိမ်းယူ ရရှိသွားသော လက်နက်များ ဖြစ်ပုံရတယ်လို့ လည်း ဆို ပါတယ်။

သတင်း အချက်အလက် ကိုးကား – ANI News (India) လှစိုးဝေ

Add a Comment

Your email address will not be published. Required fields are marked *