အမေရိကန် စစ်ရဟတ်ယာဉ် တစ်စီး သေ န တ်ဖြင့် ပစ် ခတ် ခံရမှု ဗာဂျီးနီးယား တွင် ဖြစ်ပွား
အမေရိကန် ပြည်ထောင်စု ဗာဂျီးနီးယားတွင် အမေရိကန် စစ် ရဟတ်ယာဉ် တစ်စင်း သေနတ်ဖြင့် ပစ်ခံရ
Unicode
အေ မ ရိ ကန် ပြည် ထောင် စု ဗာ ဂျီး နီး ယား ပြည်နယ် မှာ ပုံမှန် လေ့ ကျင့် ပျံသန်းမှု လုပ် နေ တဲ့ စစ် ရ ဟတ် ယာဉ် တစ် စီး သေနတ် နဲ့ပ စ် ခံ ရ လို့ ကျည် ထိ မှ န် ခဲ့ပြီး ဖြစ် စဉ် ကို FBI က စုံစမ်း စစ်ဆေး နေ တယ် လို့ဆို ပါ တယ် ။
သေ နတ် ပစ် ခံ ရမှုကြောင့် ရဟတ် ယာဉ် အမှုထမ်း တစ်ဦး ဒဏ်ရာရ ခဲ့ပြီး ရဟတ်ယာဉ် ကို အရေးပေါ် ဆင်းသက်မှုလုပ် ခဲ့ရ ပါတယ်။ တနင်္လာနေ့က ယင်းဖြစ်ရပ်ဖြစ်ပွားခဲ့ တာဖြစ်ပြီး အခင်းဖြစ် ချိန် က ရဟတ် ယာဉ် ဟာ ပေ ၁၀၀၀ ခန့်အမြင့်မှာ ပျံသန်းနေခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောဆို ပါတယ်။ ပစ်ခတ်မှု ကို မြင်တွေ့ခဲ့သူတွေအနေ နဲ့ အသိပေး အကြောင် ကြားပေး ဖို့ ၎င်းတို့က မေတ္တာ ရပ်ခံ ခဲ့ ပါ တယ် ။
ဒဏ် ရာ ရ ခဲ့ တဲ့ ရ ဟတ် ယာဉ် အမှုထမ်း ကို ဆေး ရုံ ပို့ပေးခဲ့ပေ မယ့် နောက်ပိုင်း မှာ ပြန်ဆင်းသွားပြီဖြစ်တ ယ်လို့ သိရ ပါတယ် ။ ပစ်ခံခဲ့ရတဲ့ UH-1N အမျိုးအစား ရဟတ်ယာဉ် အနည်းငယ် ထိခိုက် ပျက်စီး မှုရှိ ခဲ့ကြောင်း အမေရိကန် လေတပ် က ပြော ဆို ပါ တယ် ။
လေ တပ် အထူး စုံ စမ်း စစ်ဆေး ရေး ရုံး အပါ အဝင် အခြား အေဂျင်စီတွေနဲ့ ပူးပေါင်းကာ ဖြစ်စဉ်ကို အတည်ပြုဆုံးဖြတ်နိုင်ဖို့လုပ်ဆောင်နေကြောင်း FBI က ပြောဆိုပါတယ်။ ထိမှန် ခဲ့ တဲ့ ကျည် ဆန် ဟာ မြေပြင် က ပစ်လိုက် တာဖြစ်ကြောင်း တာဝန်ရှိသူတွေ က ပြောပေမယ့် ရဟတ်ယာဉ် ကို ရည်ရွယ် ချက် ရှိရှိ ပစ်ခဲ့ တာလား ပရမ်းပတာ မိုးပေါ်ထောင် သေနတ် ပစ် ရင်း မတော်တဆ ထိမှန် ခဲ့ တာ လား ဆို တာ ရှင်းရှင်းလင်းလင်း မသိရေ သး ဘူး လို့ ဆို ပါ တယ် ။
Add a Comment
Your email address will not be published. Required fields are marked *