မႏၲေလး သပိတ္က်င္း တြင္ ကားလမ္းခ်ဲ့ရာ မွ ေ႐ႊေၾကာေတြ႕သည္ ဟု ဆိုကာ လူ ေထာင္နဲ႕ခ်ီ လာေရာက္ တူးေဖာ္ေန

မႏၲေလးတိုင္းေဒသႀကီး သပိတ္က်င္း ၿမိဳ႕နယ္ ေခ်ာင္းႀကီးေက်း႐ြာ သုံး ထပ္ေကြ႕ အနီး တြင္ ကားလမ္း တိုးခ်ဲ့ရန္ စက္ယႏၲရား မ်ားျဖင့္ တူးေဖာ္ရာမွ ေ႐ႊေၾကာေတြ႕သည္ဟု ဆိုကာ ေဒသခံရာႏွင့္ခ်ီ လာေရာက္၍ တူးေဖာ္ မႈမ်ားျပဳလုပ္ လ်က္ရွိေၾကာင္း သိရွိရပါတယ္။

ျဖစ္စဥ္မွာ သပိတ္က်င္းၿမိဳ႕နယ္ ေခ်ာင္း ႀကီးေက်း႐ြာ အုပ္စု သုံးထပ္ေကြ႕အနီးတြင္ ၾသဂုတ္ ၁၅ ရက္က လမ္းတိုးခ်ဲ့ရန္ ေျမသား တူးေဖာ္မႈမ်ား ေဆာင္႐ြက္ရာမွ ေ႐ႊေၾကာေပၚ သည္ဟု ဆိုကာ အဆိုပါသုံးထပ္ေကြ႕အနီး ေနရာသို႔ လူဦးေရ ရာႏွင့္ခ်ီ အလု အယက္ျဖင့္ ေရာက္ရွိလာျခင္းျဖစ္သည္ ဟု ေဒသခံတစ္ ဦးက ေျပာၾကားခဲ့ ပါတယ္။

မႏၲေလး သပိတ္က်င္း တြင္ ကားလမ္းခ်ဲ့ရာ မွ ေ႐ႊေၾကာေတြ႕သည္ ဟု ဆိုကာ လူ ေထာင္နဲ႕ခ်ီ လာေရာက္ တူးေဖာ္ေန

“သုံးထပ္ေကြ႕ လမ္းခ်ဲ့တာ ကေနၿပီးေတာ့ ေ႐ႊေၾကာေတြ႕တယ္ ဆိုလို႔ လူေတြ အုတ္ေအာ္ေသာင္းတင္း နဲ႕ လာရွာေနၾကတာ ။ သတင္းစျဖစ္တာကေတာ့ ညဦးပိုင္းေလာက္ ပဲ။ ည ၁၀ နာရီေလာက္ ေရာက္ေတာ့ လူက အရမ္းမ်ား လာတယ္” ဟု ေဒသခံတစ္ဦးက ဆိုပါတယ္။.

ယင္းသို႔ ေ႐ႊေၾကာအကြက္သစ္ေပၚ သည္ ဟု သတင္းျဖစ္ေပၚမႈႏွင့္ ပတ္သက္ ၍ ေခ်ာင္းႀကီးေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးဖိုးဆန္း က “လူဦးေရက ၆၀၀ ေလာက္ရွိမယ္။လမ္း ခ်ဲ့တာကေန ေ႐ႊေၾကာေလးပုံစံေတြ႕တာက ေန ခါးပိုက္ေလးထဲ ထည့္ယူသြားတဲ့ လူတစ္ ေယာက္ကေန စလိုက္တာ ။ ေ႐ႊက ေျပာသ ေလာက္ မပါပါဘူး ။

မႏၲေလး သပိတ္က်င္း တြင္ ကားလမ္းခ်ဲ့ရာ မွ ေ႐ႊေၾကာေတြ႕သည္ ဟု ဆိုကာ လူ ေထာင္နဲ႕ခ်ီ လာေရာက္ တူးေဖာ္ေန

အဲဒီကေနမွ သုံးေယာက္စ အုပ္စု ေလးေယာက္စအုပ္စုေတြ ေရာက္လာ ၿပီး ေနာက္ပိုင္း အုန္းအုန္းက်က္က်က္ျဖစ္သြား တာ။ အဲဒီလိုလူအုပ္ကို လမ္းက သုံးထပ္ေကြ႕ ဆိုေတာ့ အႏၲရာယ္ျဖစ္မွာစိုးတဲ့အတြက္ ယာဥ္ ေၾကာကိုပဲ ရွင္းလင္းေပးေနၿပီး လူအုပ္ ကို လည္း ေျပာလို႔ရ သေလာက္ ေျပာဆိုၿပီး ျပန္ လႊတ္ေ နပါတယ္။ အခုအေျခအေနကို လႊတ္ ေတာ္ကိုယ္စားလွယ္၊ စသုံးလုံး ရဲတပ္ဖြဲ႕၊ ရာ အိမ္မႉးဆယ္အိမ္မႉး စတဲ့သူေတြ နဲ႕ ေျဖရွင္း ေပးေနပါတယ္။ ဒီလူေတြကို မနက္မိုးလင္းတဲ့ အထိ လူစုမကြဲမခ်င္း ေစာင့္ၿပီးေတာ့ လုံၿခဳံ ေရးယူေပးမွာပါ။ ကားအသြားအလာကအစ အႏၲရာယ္မရွိေအာင္ ထိန္းေပးေနတာပါ။

လူစုကေတာ့ အစပိုင္းက ၆၀၀၊ ၁၀၀၀ ေလာက္ ထိေရာက္လာေပမယ့္ တျဖည္းျဖည္းနဲ႕ေတာ့ လူစုက ပါးလာၿပီး ကြဲစျပဳေနပါၿပီ။ သတင္းက ေကာလာဟလလိုမ်ိဳး ျပန႔္သြားတာ” ဟု ၾသဂုတ္ ၁၅ ရက္ ည ၁၂ နာရီဝန္းက်င္အခ်ိန္ခန ႔္တြင္ ေျပာၾကားခဲ့ ပါတယ္။

“လမ္းနယ္ေျမခ်ဲ့ရင္းနဲ႕ စက္ႀကီးေတြ ထိုးရာကေန အေပၚယံေၾကာေလးေတြ႕တာ ။ ဒါ ကို ဘိလပ္ေျမအိတ္ေတြ နဲ႕ သယ္ယူေနၾက ၿပီး ဘိလပ္ေျမ အိတ္တစ္အိတ္ကို ေလးငါး ေျခာက္ေထာင္ရတဲ့ သူလည္းရွိသလို ႏွစ္ ေသာင္း၊ သုံးေသာင္းရတဲ့ သူလည္း ရွိတယ္ ။ တစ္ေယာက္ နဲ႕ တစ္ေယာက္ေတာ့ မတူၾက ဘူး” ဟု ေဒသခံ ကိုေအာင္စိုးက ေျပာၾကားပါတယ္။

မႏၲေလး သပိတ္က်င္း တြင္ ကားလမ္းခ်ဲ့ရာ မွ ေ႐ႊေၾကာေတြ႕သည္ ဟု ဆိုကာ လူ ေထာင္နဲ႕ခ်ီ လာေရာက္ တူးေဖာ္ေန

ေဒသအေခၚ ေ႐ႊေတာ ဟု ေခၚေဝၚေလ့ ရွိသည့္ မႏၲေလးတိုင္းေဒသႀကီး သပိတ္က်င္း ၿမိဳ႕နယ္ တြင္ ယင္းသို႔ ေျမအေပၚယံေၾကာေပၚ မွ ေ႐ႊတူးေဖာ္ရရွိမႈမ်ား မၾကာခဏ ေတြ႕ရွိရ ေလ့ရွိေၾကာင္း သိရၿပီး ယင္းသို႔ ေတြ႕ရွိသည့္ ေနရာမ်ားတြင္ ေျမေအာက္သို႔ ဆက္လက္တူး ေဖာ္ပါက ေတြ႕ရွိမႈ မရွိသည္ မ်ားလည္းရွိ ေၾကာင္း သိရပါတယ္။

“ေ႐ႊက ‌အေပၚယံတင္ ေတြ႕တာရွိတယ္ ၊ ေျမေအာက္ အရမ္းမနက္ပဲ ေဒသခံေတြ ေတြ႕တာမ်ိဳးေပါ့ ၊ ဒါမ်ိဳးက ဒီေ႐ႊေတာမွာ ေတာ့ မၾကာခဏ ဆိုသလို ကြက္သစ္ေပၚတယ္ ဆိုၿပီး ျဖစ္ ေနက်ပါ ၊ ေဒသခံေတြ ပဲ တူးၾကရၾက ၿပီးရင္ ၿပီးသြားတာမ်ိဳးပါ ၊ဒီလို‌အေပၚယံမွာ တင္ေတြ႕တာမ်ိဳး က်ေတာ့ ကုမၸဏီ ေတြ က အလုပ္ဝင္ မလုပ္ပါဘူး ၊ ကုမၸဏီေတြ စီးပြားမျဖစ္ေပမယ့္ ေဒသခံေတြ က ေတာ့ စီးပြားျဖစ္ၾကတာေပါ့ ” လို႔ အဲ့သည္ နားမွာ ရွိတဲ့ ရပ္မိရပ္ဖ တဦးကေျပာ ပါတယ္။

Unicode

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်း မြို့နယ် ချောင်းကြီးကျေးရွာ သုံး ထပ်ကွေ့ အနီး တွင် ကားလမ်း တိုးချဲ့ရန် စက်ယန္တရား များဖြင့် တူးဖော်ရာမှ ရွှေကြောတွေ့သည်ဟု ဆိုကာ ဒေသခံရာနှင့်ချီ လာရောက်၍ တူးဖော် မှုများပြုလုပ် လျက်ရှိကြောင်း သိရှိရပါတယ်။

ဖြစ်စဉ်မှာ သပိတ်ကျင်းမြို့နယ် ချောင်း ကြီးကျေးရွာ အုပ်စု သုံးထပ်ကွေ့အနီးတွင် သြဂုတ် ၁၅ ရက်က လမ်းတိုးချဲ့ရန် မြေသား တူးဖော်မှုများ ဆောင်ရွက်ရာမှ ရွှေကြောပေါ် သည်ဟု ဆိုကာ အဆိုပါသုံးထပ်ကွေ့အနီး နေရာသို့ လူဦးရေ ရာနှင့်ချီ အလု အယက်ဖြင့် ရောက်ရှိလာခြင်းဖြစ်သည် ဟု ဒေသခံတစ် ဦးက ပြောကြားခဲ့ ပါတယ်။

“သုံးထပ်ကွေ့ လမ်းချဲ့တာ ကနေပြီးတော့ ရွှေကြောတွေ့တယ် ဆိုလို့ လူတွေ အုတ်အော်သောင်းတင်း နဲ့ လာရှာနေကြတာ ။ သတင်းစဖြစ်တာကတော့ ညဦးပိုင်းလောက် ပဲ။ ည ၁၀ နာရီလောက် ရောက်တော့ လူက အရမ်းများ လာတယ်” ဟု ဒေသခံတစ်ဦးက ဆိုပါတယ်။.

ယင်းသို့ ရွှေကြောအကွက်သစ်ပေါ် သည် ဟု သတင်းဖြစ်ပေါ်မှုနှင့် ပတ်သက် ၍ ချောင်းကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးဖိုးဆန်း က “လူဦးရေက ၆၀၀ လောက်ရှိမယ်။လမ်း ချဲ့တာကနေ ရွှေကြောလေးပုံစံတွေ့တာက နေ ခါးပိုက်လေးထဲ ထည့်ယူသွားတဲ့ လူတစ် ယောက်ကနေ စလိုက်တာ ။ ရွှေက ပြောသ လောက် မပါပါဘူး ။

အဲဒီကနေမှ သုံးယောက်စ အုပ်စု လေးယောက်စအုပ်စုတွေ ရောက်လာ ပြီး နောက်ပိုင်း အုန်းအုန်းကျက်ကျက်ဖြစ်သွား တာ။ အဲဒီလိုလူအုပ်ကို လမ်းက သုံးထပ်ကွေ့ ဆိုတော့ အန္တရာယ်ဖြစ်မှာစိုးတဲ့အတွက် ယာဉ် ကြောကိုပဲ ရှင်းလင်းပေးနေပြီး လူအုပ် ကို လည်း ပြောလို့ရ သလောက် ပြောဆိုပြီး ပြန် လွှတ်ေ နပါတယ်။ အခုအခြေအနေကို လွှတ် တော်ကိုယ်စားလှယ်၊ စသုံးလုံး ရဲတပ်ဖွဲ့၊ ရာ အိမ်မှူးဆယ်အိမ်မှူး စတဲ့သူတွေ နဲ့ ဖြေရှင်း ပေးနေပါတယ်။ ဒီလူတွေကို မနက်မိုးလင်းတဲ့ အထိ လူစုမကွဲမချင်း စောင့်ပြီးတော့ လုံခြုံ ရေးယူပေးမှာပါ။ ကားအသွားအလာကအစ အန္တရာယ်မရှိအောင် ထိန်းပေးနေတာပါ။

လူစုကတော့ အစပိုင်းက ၆၀၀၊ ၁၀၀၀ လောက် ထိရောက်လာပေမယ့် တဖြည်းဖြည်းနဲ့တော့ လူစုက ပါးလာပြီး ကွဲစပြုနေပါပြီ။ သတင်းက ကောလာဟလလိုမျိုး ပြန့်သွားတာ” ဟု သြဂုတ် ၁၅ ရက် ည ၁၂ နာရီဝန်းကျင်အချိန်ခန့်တွင် ပြောကြားခဲ့ ပါတယ်။

“လမ်းနယ်မြေချဲ့ရင်းနဲ့ စက်ကြီးတွေ ထိုးရာကနေ အပေါ်ယံကြောလေးတွေ့တာ ။ ဒါ ကို ဘိလပ်မြေအိတ်တွေ နဲ့ သယ်ယူနေကြ ပြီး ဘိလပ်မြေ အိတ်တစ်အိတ်ကို လေးငါး ခြောက်ထောင်ရတဲ့ သူလည်းရှိသလို နှစ် သောင်း၊ သုံးသောင်းရတဲ့ သူလည်း ရှိတယ် ။ တစ်ယောက် နဲ့ တစ်ယောက်တော့ မတူကြ ဘူး” ဟု ဒေသခံ ကိုအောင်စိုးက ပြောကြားပါတယ်။

ဒေသအခေါ် ရွှေတော ဟု ခေါ်ဝေါ်လေ့ ရှိသည့် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်း မြို့နယ် တွင် ယင်းသို့ မြေအပေါ်ယံကြောပေါ် မှ ရွှေတူးဖော်ရရှိမှုများ မကြာခဏ တွေ့ရှိရ လေ့ရှိကြောင်း သိရပြီး ယင်းသို့ တွေ့ရှိသည့် နေရာများတွင် မြေအောက်သို့ ဆက်လက်တူး ဖော်ပါက တွေ့ရှိမှု မရှိသည် များလည်းရှိ ကြောင်း သိရပါတယ်။

“ရွှေက ‌အပေါ်ယံတင် တွေ့တာရှိတယ် ၊ မြေအောက် အရမ်းမနက်ပဲ ဒေသခံတွေ တွေ့တာမျိုးပေါ့ ၊ ဒါမျိုးက ဒီရွှေတောမှာ တော့ မကြာခဏ ဆိုသလို ကွက်သစ်ပေါ်တယ် ဆိုပြီး ဖြစ် နေကျပါ ၊ ဒေသခံတွေ ပဲ တူးကြရကြ ပြီးရင် ပြီးသွားတာမျိုးပါ ၊ဒီလို‌အပေါ်ယံမှာ တင်တွေ့တာမျိုး ကျတော့ ကုမ္ပဏီ တွေ က အလုပ်ဝင် မလုပ်ပါဘူး ၊ ကုမ္ပဏီတွေ စီးပွားမဖြစ်ပေမယ့် ဒေသခံတွေ က တော့ စီးပွားဖြစ်ကြတာပေါ့ ” လို့ အဲ့သည် နားမှာ ရှိတဲ့ ရပ်မိရပ်ဖ တဦးကပြော ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *