အေမရိကန္ ၾကား၀င္ေဆာင္ရြက္ မႈျဖင့္ ယူေအအီးႏွင့္ အစၥေရးနိုင္ငံ တို႔ သံတမန္ တည္ ေထာင္မႈ မဟာသီယာမိုဟာမက္ ရွဳတ္ခ်

အေမရိကန္ ၾကား၀င္ေဆာင္ရြက္ မႈျဖင့္ ယူေအအီးႏွင့္ အစၥေရးနိုင္ငံ တို႔ သံတမန္ တည္ ေထာင္မႈ မဟာ သီယာ မိုဟာမက္ ရွဳတ္ခ်၊ အေရွ႕အလယ္ပိုင္း အၾကမ္းဖက္ တိုက္ခိုက္မႈမ်ားျဖစ္ေပၚလာႏိုင္ဟုဆို

ယူေအအီး – အစၥေရး သေဘာ တူညီမွဳ မွာ မြတ္စလင္ ကမၻာ တြင္ တိုက္ခိုက္ လိုေသာ အုပ္စုမ်ား အျဖစ္ ဂုိဏ္းကြဲေစ မည့္ ျငိမ္းခ်မ္းေရးေနာက္ျပန္မွဳျဖစ္ေၾကာင္း မဟာ သီယာ ရွဳတ္ခ်။ အေရွ႕ အလယ္ ပိုင္း ေဒသ မ်ား တြင္ အၾကမ္းဖက္ တိုက္ခိုက္မႈမ်ားျဖစ္ေပၚလာႏိုင္ သည္ ဟု အင္ဒိုနီးရွား ၏ အၾကီးဆံုး ဘာသာေရးအဖြဲ႔က သတိေပး (South China Morning Post., 14 Aug, 2020, “ Malaysia’s Mahathir: UAE-Israel deal divides Muslim world into ‘warring factions’.By: Amy Chew.” ကို HtayOung OungMarine ဆီေလ်ာ္ ေအာင္ ေကာက္ႏွဳတ္ဘာသာျပန္ဆိုသည္။ )

အေမရိကန္ ၏ ၾကား၀င္ ေဆာင္ရြက္မွဳျဖင့္ ယူေအအီးႏွင့္ အစၥေရးနိုင္ငံတို႔အၾကား ပံုမွန္ဆက္ဆံေရး တည္ေဆာက္ရန္ သေဘာတူညီခ်က္ မွာ မြတ္ စ လင္ ကမၻာတြင္ စစ္တိုက္ လိုေသာ အုပ္စုမ်ား အျဖစ္ ဂိုဏ္းကြဲ ေစ မည္ျဖစ္ျပီး ျငိမ္းခ်မ္းေရး အတြက္ ေနာက္ဆုတ္ျပန္ သည့္ ေျခလွမ္း တစ္ခု သာျဖစ္ေၾကာင္း မေလးရွားနိဳင္ငံ ၌ ၀န္ၾကီးခ်ဳပ္ အျဖစ္ ၂-ၾကိမ္တာ၀န္ ယူခဲ့ဖူးသူ မဟာ သီယာ မိုဟာမက္ က ေ၀ဖန္ လိုက္ သည္ ။ အျပည့္အ၀ သံတမန္ဆက္ဆံေရး သေဘာတူညီခ်က္ေၾကာင့္ အဆိုပါေဒသႏွင့္ အေရွ႔အလယ္ပိုင္းတြင္ အၾကမ္းဖက္တိုက္ခိုက္မွဳမ်ား ျဖစ္ေပၚလာ ေစႏိုင္ေၾကာင္း အင္ဒိုနီးရွား ၏ အၾကီးဆံုး ဘာသာေရး အဖြဲ႔အစည္းျဖစ္ေသာ “ နာ့သ္ဒူ လတ္တူလ္ အူလ္မာ “ အဖြဲ႔က သတိေပးလိုက္သည္ ဟု South China Morning Post ( Aug. 14,2020 ) က ေရးသား သည္။

သိမ္းပိုက္ ထားေသာ အေနာက္ဖက္ကမ္းအား ပိုင္နက္အတြင္း ခ်ဲ႔ထြင္ ထည့္သြင္းေရး အျငင္းပြားဖြယ္ အစီအစဥ္ ကို ဆိုင္းငံ့ေပးမည္ ဆိုေသာ အစၥေရးတို႔အေနျဖင့္ မြတ္ စ လင္ တို႔ အၾကား ျငိမ္းခ်မ္းႏိုင္ျခင္း မရွိေအာင္ မီးထိုးေပး လိမ့္မည္ျဖစ္ေၾကာင္း ပါလက္စတိုင္းအေရး ရပ္တည္ခဲ့ သူ မဟာသီယာက ေျပာဆိုသည္။ “ နာ့သ္ဒူလတ္တူလ္ အူလ္မာ “ အဖြဲ႔ၾကီးမွာ မြတ္ စ လင္ ဘာသာ၀င္ အမ်ား စုေန ထိုင္ ရာ ကမၻာ့အၾကီး ဆံုးႏိုင္ငံ အင္ဒိုနီးရွား တြင္ အင္အား အမ်ားဆံုးျဖစ္ သည္ ။ ၁၉၂၆-ခုႏွစ္တြင္ တည္ေထာင္ခဲ့ျပီး လူဦးေရ သန္း ၂၇၀-အနက္ အဖြဲ႔၀င္ သန္း ၆၀ ေက်ာ္ ရွိေသာ ေရွးရိုးစြဲ ဆြန္နီ လွဳပ္ရွားမွဳ အုပ္စုျဖစ္သည္ဆို၏။

အာဆီယံအဖြဲ႔၀င္ႏိုင္ငံမ်ားျဖစ္ေသာ ဘရူႏိုင္း ၊ မေလးရွားႏွင့္ အင္ဒိုနီးရွား တို႔သည္ အစၥေရးႏွင့္ သံတမန္ အဆက္ အသြယ္ မရွိေခ် ။ သို႔ေသာ္ ယူေအအီး- အစၥေရး သေဘာတူညီခ်က္ပတ္သက္၍ သက္ဆိုင္ရာ အစိုး ရတို႔က တရား၀င္ ထုတ္ေဖာ္ေ၀ဖန္ျခင္း လည္း မေတြ႔ရေသးပါ ။

ပါလက္စ တိုင္းနယ္ေျမအား သိမ္းယူမည့္ အစီ အစဥ္ တို႔ကို ရပ္ဆိုင္းလိုက္ေၾကာင္း အစၥေရး၀န္ၾကီးခ်ဳပ္ ေနတန္ယာဟုက ကတိျပဳသည္။ သို႔ေသာ္ သိမ္းပိုက္ထားေသာ အေနာက္ဖက္ ကမ္း တြင္ ဂ်ဴးလူေန အိမ္ေျခ မ်ား တည္ ေဆာက္ရန္ႏွင့္ ေဂ်ာ္ဒန္ ေတာင္ၾကား အား ပိုင္နက္နယ္ေျမ အတြင္း ထည့္သြင္း မည့္ အစီအစဥ္ တို႔ကို စြန္႔လႊတ္သည့္ သေဘာ သက္ေရာက္ျခင္းမရွိေခ်။

ေရနံ အေပၚ မွီခိုေသာ စီးပြားေရးစံနစ္မွ ေျပာင္းလဲလွ်က္ရွိသည့္ ယူေအအီးအေနျဖင့္ အိမ္နီးခ်င္း ယီမင္ႏိုင္ငံ ျပည္တြင္းစစ္တြင္ ေဆာ္ဒီအာေရးဗီးယားဦးေဆာင္ ညြန္႔ေပါင္း တပ္မ်ားႏွင့္ အတူ စစ္ကၽြံလွ်က္ရွိသည္။ ထို႔ျပင္ ကာတာ-အီရန္-တူရကီတို႔၏ အုပ္စုဖြဲ႔မွဳကိုလည္း စိုးရြံေနရသည္။ ထိုအတြက္ အေမရိကန္၏ ကာကြယ္ေရး ထီးရိပ္ႏွင့္အတူ ေခတ္မီအဆင့္ျမင့္ စစ္လက္ နက္မ်ား ၀ယ္ယူ ခြင့္ ရရွိမည္ျဖစ္ သည္။

ျငိမ္းခ်မ္းေရး ပဏာမေျခလွမ္း အျဖစ္ အစၥေရးႏွင့္ သံတမန္ ဆက္ဆံေရး ထူေထာင္ ရ ပါေၾကာင္း ေခ်ပေျပာ ဆိုလွ်က္ ရွိသည့္ ယူေအအီးအား ပါလက္စတိုင္း( ဟားမတ္စ္ လက္နက္ကိုင္ျပည္သူ႔ စစ္မ်ား) ၊ တူရကီႏွင့္ အီရန္နိုင္ငံ တို႔က သစၥာေဖာက္ အျဖစ္ သတ္မွတ္ လိုက္ၾကသည္။

ဂါဇာကမ္းေျမာင္ေဒသ ကို အုပ္ ခ်ဳပ္ လွ်က္ ရွိေသာ ဟားမတ္စ္ စစ္ေသြးႂကြအုပ္စုကမူ ယူေအအီး ၏ လုပ္ရပ္ မွာ အစၥေရး ၏ သိမ္းပိုက္မႈ ကို အနိုင္ယူၿပီး အခြင့္အေရးကို ျပန္လည္ ထူေထာင္ ရန္ရည္ရြယ္သည့္ ပါလက္စတိုင္း တို႔၏ ေနာက္ေက်ာ ကို ဒါးႏွင့္ထိုးျခင္းျခင္း အျဖစ္ ျပင္းထန္စြာ ရွဳတ္ခ်ခဲ့ သည္။

အတိတ္သမိုင္း တြင္ အိမ္နီးခ်င္း အစၥေရးႏွင့္ ၄-ၾကိမ္တိုင္တိုင္ စစ္ခင္းခဲ့ျပီး ေနာက္ ၁၉၇၉-ခုႏွစ္၌ အီဂ်စ္ႏိုင္ငံ သည္ ျငိမ္းခ်မ္းေရးသေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့သည္။ စာခ်ဳပ္တြင္ ၁၉၆၇-ခုႏွစ္၌ သိမ္းယူ ထားျခင္းခံရေသာ ဆိုင္းႏိုင္းကၽြန္းဆြယ္မွ အစၥေရးတပ္မ်ားႏွင့္ အရပ္သားမ်ား အျပည့္အ၀ ရုတ္သိမ္းသြားေရး အပါအ၀င္ ပံုမွန္ဆက္ဆံေရးထူေထာင္ရန္ ပါရွိသည္။

ထို အတြက္ ယမ္းပံုမီးက်ျဖစ္ရ သည့္ အ စၥ လာ မ္ မစ္ အစြန္းေရာက္ တို႔က ၁၉၈၁-ခုႏွစ္ တပ္မေတာ္ေအာင္ပြဲေန႔ စစ္ေရးျပခ်ီတက္ပြဲ အခန္းအ နားတြင္ အီဂ်စ္သမၼတ အန္၀ါဆဒတ္ကို လုပ္ၾကံသတ္ျဖတ္ခဲ့ၾကသည္။

အေရွ႔ အလယ္ပိုင္း အေမရိကန္ ၏ မဟာမိတ္အာရပ္ႏိုင္ငံေခါင္းေဆာင္မ်ားအတြက္ ရတက္မေအးရသည့္ အျခားရန္သူတစ္ဦးမွာ “ အယ္လ္ကိုင္ဒါ အၾကမ္းဖက္ကြန္ရက္ “ ျဖစ္သည္။ လြန္ခဲ့သည့္လမ်ား၌ ျပန္လည္လွဳပ္ရွားစျပဳလာသည္ဟု ကုလသမဂၢကိုယ္တိုင္ သတိေပးခဲ့သည့္ အယ္လ္ကိုင္ ဒါ တို႔သည္ ေဆာ္ဒီ ေတာ္၀င္မိ သားစု အပါအ၀င္ အေမရိကန္မဟာမိတ္ အာရပ္ အစိုးရေခါင္းေဆာင္မ်ားအား လုပ္ၾကံရန္ အစဥ္ တစ္စိုက္ အားထုတ္လွ်က္ရွိသည္။

အထူးသျဖင့္ ေဆာ္ဒီေထာက္လွမ္းေရး တို႔ကလည္း အယ္လ္ကိုင္ဒါေခါင္းေဆာင္ပိုင္းႏွင့္ တပ္မွဴး တို႔အား သတ္ျဖတ္ရန္ အျပန္အလွန္ၾကိဳးစားလွ်က္ရွိေၾကာင္း အၾကမ္းဖက္ သုေတသီတစ္ဦးျဖစ္သူ ပါေမာကၡ ရိုဟန္ဂူနာရတ္နာ က Inside Al Qaeda., Global Network of Terror “ အယ္လ္ကိုင္ဒါအတြင္းေရး၊ ႏိုင္ငံတ ကာအၾကမ္းဖက္ကြန္ရက္ “ ၌ ေရးသားထားပါသည္။ ။ သတင္းဘာသာျပန္သူ

HtayOung OungMarine

Unicode

အမေရိကန် ကြားဝင်ဆောင်ရွက် မှုဖြင့် ယူအေအီးနှင့် အစ္စရေးနိုင်ငံ တို့ သံတမန် တည် ထောင်မှု မဟာ သီယာ မိုဟာမက် ရှုတ်ချ၊ အရှေ့အလယ်ပိုင်း အကြမ်းဖက် တိုက်ခိုက်မှုများဖြစ်ပေါ်လာနိုင်ဟုဆို

ယူအေအီး – အစ္စရေး သဘော တူညီမှု မှာ မွတ်စလင် ကမ္ဘာ တွင် တိုက်ခိုက် လိုသော အုပ်စုများ အဖြစ် ဂိုဏ်းကွဲစေ မည့် ငြိမ်းချမ်းရေးနောက်ပြန်မှုဖြစ်ကြောင်း မဟာ သီယာ ရှုတ်ချ။ အရှေ့ အလယ် ပိုင်း ဒေသ များ တွင် အကြမ်းဖက် တိုက်ခိုက်မှုများဖြစ်ပေါ်လာနိုင် သည် ဟု အင်ဒိုနီးရှား ၏ အကြီးဆုံး ဘာသာရေးအဖွဲ့က သတိပေး (South China Morning Post., 14 Aug, 2020, “ Malaysia’s Mahathir: UAE-Israel deal divides Muslim world into ‘warring factions’.By: Amy Chew.” ကို HtayOung OungMarine ဆီလျော် အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )

အမေရိကန် ၏ ကြားဝင် ဆောင်ရွက်မှုဖြင့် ယူအေအီးနှင့် အစ္စရေးနိုင်ငံတို့အကြား ပုံမှန်ဆက်ဆံရေး တည်ဆောက်ရန် သဘောတူညီချက် မှာ မွတ် စ လင် ကမ္ဘာတွင် စစ်တိုက် လိုသော အုပ်စုများ အဖြစ် ဂိုဏ်းကွဲ စေ မည်ဖြစ်ပြီး ငြိမ်းချမ်းရေး အတွက် နောက်ဆုတ်ပြန် သည့် ခြေလှမ်း တစ်ခု သာဖြစ်ကြောင်း မလေးရှားနိုင်ငံ ၌ ဝန်ကြီးချုပ် အဖြစ် ၂-ကြိမ်တာဝန် ယူခဲ့ဖူးသူ မဟာ သီယာ မိုဟာမက် က ဝေဖန် လိုက် သည် ။ အပြည့်အ၀ သံတမန်ဆက်ဆံရေး သဘောတူညီချက်ကြောင့် အဆိုပါဒေသနှင့် အရှေ့အလယ်ပိုင်းတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်လာ စေနိုင်ကြောင်း အင်ဒိုနီးရှား ၏ အကြီးဆုံး ဘာသာရေး အဖွဲ့အစည်းဖြစ်သော “ နာ့သ်ဒူ လတ်တူလ် အူလ်မာ “ အဖွဲ့က သတိပေးလိုက်သည် ဟု South China Morning Post ( Aug. 14,2020 ) က ရေးသား သည်။

သိမ်းပိုက် ထားသော အနောက်ဖက်ကမ်းအား ပိုင်နက်အတွင်း ချဲ့ထွင် ထည့်သွင်းရေး အငြင်းပွားဖွယ် အစီအစဉ် ကို ဆိုင်းငံ့ပေးမည် ဆိုသော အစ္စရေးတို့အနေဖြင့် မွတ် စ လင် တို့ အကြား ငြိမ်းချမ်းနိုင်ခြင်း မရှိအောင် မီးထိုးပေး လိမ့်မည်ဖြစ်ကြောင်း ပါလက်စတိုင်းအရေး ရပ်တည်ခဲ့ သူ မဟာသီယာက ပြောဆိုသည်။ “ နာ့သ်ဒူလတ်တူလ် အူလ်မာ “ အဖွဲ့ကြီးမှာ မွတ် စ လင် ဘာသာဝင် အများ စုနေ ထိုင် ရာ ကမ္ဘာ့အကြီး ဆုံးနိုင်ငံ အင်ဒိုနီးရှား တွင် အင်အား အများဆုံးဖြစ် သည် ။ ၁၉၂၆-ခုနှစ်တွင် တည်ထောင်ခဲ့ပြီး လူဦးရေ သန်း ၂၇၀-အနက် အဖွဲ့ဝင် သန်း ၆၀ ကျော် ရှိသော ရှေးရိုးစွဲ ဆွန်နီ လှုပ်ရှားမှု အုပ်စုဖြစ်သည်ဆို၏။

အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သော ဘရူနိုင်း ၊ မလေးရှားနှင့် အင်ဒိုနီးရှား တို့သည် အစ္စရေးနှင့် သံတမန် အဆက် အသွယ် မရှိချေ ။ သို့သော် ယူအေအီး- အစ္စရေး သဘောတူညီချက်ပတ်သက်၍ သက်ဆိုင်ရာ အစိုး ရတို့က တရားဝင် ထုတ်ဖော်ဝေဖန်ခြင်း လည်း မတွေ့ရသေးပါ ။

ပါလက်စ တိုင်းနယ်မြေအား သိမ်းယူမည့် အစီ အစဉ် တို့ကို ရပ်ဆိုင်းလိုက်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ကတိပြုသည်။ သို့သော် သိမ်းပိုက်ထားသော အနောက်ဖက် ကမ်း တွင် ဂျူးလူနေ အိမ်ခြေ များ တည် ဆောက်ရန်နှင့် ဂျော်ဒန် တောင်ကြား အား ပိုင်နက်နယ်မြေ အတွင်း ထည့်သွင်း မည့် အစီအစဉ် တို့ကို စွန့်လွှတ်သည့် သဘော သက်ရောက်ခြင်းမရှိချေ။

ရေနံ အပေါ် မှီခိုသော စီးပွားရေးစံနစ်မှ ပြောင်းလဲလျှက်ရှိသည့် ယူအေအီးအနေဖြင့် အိမ်နီးချင်း ယီမင်နိုင်ငံ ပြည်တွင်းစစ်တွင် ဆော်ဒီအာရေးဗီးယားဦးဆောင် ညွန့်ပေါင်း တပ်များနှင့် အတူ စစ်ကျွံလျှက်ရှိသည်။ ထို့ပြင် ကာတာ-အီရန်-တူရကီတို့၏ အုပ်စုဖွဲ့မှုကိုလည်း စိုးရွံနေရသည်။ ထိုအတွက် အမေရိကန်၏ ကာကွယ်ရေး ထီးရိပ်နှင့်အတူ ခေတ်မီအဆင့်မြင့် စစ်လက် နက်များ ဝယ်ယူ ခွင့် ရရှိမည်ဖြစ် သည်။

ငြိမ်းချမ်းရေး ပဏာမခြေလှမ်း အဖြစ် အစ္စရေးနှင့် သံတမန် ဆက်ဆံရေး ထူထောင် ရ ပါကြောင်း ချေပပြော ဆိုလျှက် ရှိသည့် ယူအေအီးအား ပါလက်စတိုင်း( ဟားမတ်စ် လက်နက်ကိုင်ပြည်သူ့ စစ်များ) ၊ တူရကီနှင့် အီရန်နိုင်ငံ တို့က သစ္စာဖောက် အဖြစ် သတ်မှတ် လိုက်ကြသည်။

ဂါဇာကမ်းမြောင်ဒေသ ကို အုပ် ချုပ် လျှက် ရှိသော ဟားမတ်စ် စစ်သွေးကြွအုပ်စုကမူ ယူအေအီး ၏ လုပ်ရပ် မှာ အစ္စရေး ၏ သိမ်းပိုက်မှု ကို အနိုင်ယူပြီး အခွင့်အရေးကို ပြန်လည် ထူထောင် ရန်ရည်ရွယ်သည့် ပါလက်စတိုင်း တို့၏ နောက်ကျော ကို ဒါးနှင့်ထိုးခြင်းခြင်း အဖြစ် ပြင်းထန်စွာ ရှုတ်ချခဲ့ သည်။

အတိတ်သမိုင်း တွင် အိမ်နီးချင်း အစ္စရေးနှင့် ၄-ကြိမ်တိုင်တိုင် စစ်ခင်းခဲ့ပြီး နောက် ၁၉၇၉-ခုနှစ်၌ အီဂျစ်နိုင်ငံ သည် ငြိမ်းချမ်းရေးသဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။ စာချုပ်တွင် ၁၉၆၇-ခုနှစ်၌ သိမ်းယူ ထားခြင်းခံရသော ဆိုင်းနိုင်းကျွန်းဆွယ်မှ အစ္စရေးတပ်များနှင့် အရပ်သားများ အပြည့်အ၀ ရုတ်သိမ်းသွားရေး အပါအဝင် ပုံမှန်ဆက်ဆံရေးထူထောင်ရန် ပါရှိသည်။

ထို အတွက် ယမ်းပုံမီးကျဖြစ်ရ သည့် အ စ္စ လာ မ် မစ် အစွန်းရောက် တို့က ၁၉၈၁-ခုနှစ် တပ်မတော်အောင်ပွဲနေ့ စစ်ရေးပြချီတက်ပွဲ အခန်းအ နားတွင် အီဂျစ်သမ္မတ အန်ဝါဆဒတ်ကို လုပ်ကြံသတ်ဖြတ်ခဲ့ကြသည်။

အရှေ့ အလယ်ပိုင်း အမေရိကန် ၏ မဟာမိတ်အာရပ်နိုင်ငံခေါင်းဆောင်များအတွက် ရတက်မအေးရသည့် အခြားရန်သူတစ်ဦးမှာ “ အယ်လ်ကိုင်ဒါ အကြမ်းဖက်ကွန်ရက် “ ဖြစ်သည်။ လွန်ခဲ့သည့်လများ၌ ပြန်လည်လှုပ်ရှားစပြုလာသည်ဟု ကုလသမဂ္ဂကိုယ်တိုင် သတိပေးခဲ့သည့် အယ်လ်ကိုင် ဒါ တို့သည် ဆော်ဒီ တော်ဝင်မိ သားစု အပါအဝင် အမေရိကန်မဟာမိတ် အာရပ် အစိုးရခေါင်းဆောင်များအား လုပ်ကြံရန် အစဉ် တစ်စိုက် အားထုတ်လျှက်ရှိသည်။

အထူးသဖြင့် ဆော်ဒီထောက်လှမ်းရေး တို့ကလည်း အယ်လ်ကိုင်ဒါခေါင်းဆောင်ပိုင်းနှင့် တပ်မှူး တို့အား သတ်ဖြတ်ရန် အပြန်အလှန်ကြိုးစားလျှက်ရှိကြောင်း အကြမ်းဖက် သုတေသီတစ်ဦးဖြစ်သူ ပါမောက္ခ ရိုဟန်ဂူနာရတ်နာ က Inside Al Qaeda., Global Network of Terror “ အယ်လ်ကိုင်ဒါအတွင်းရေး၊ နိုင်ငံတ ကာအကြမ်းဖက်ကွန်ရက် “ ၌ ရေးသားထားပါသည်။ ။ သတင်းဘာသာပြန်သူ

HtayOung OungMarine

Add a Comment

Your email address will not be published. Required fields are marked *