ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးဟာ ဘယ္ေတာ့ မွ ရွာမေတြ႕တာလဲ ျဖစ္ေကာင္း ျဖစ္နိုင္ေၾကာင္း WHO သတိေပး

ကို ရိုနာ ဗိုင္း ရပ္စ္ေၾကာင့္ ျဖစ္ပြား တဲ့ COVID-19 ေရာဂါ ကာ ကြယ္ေဆး ေမွ်ာ္လင့္ ခ်က္ေတြ သန္း လာေပ မယ့္ ကမာၻ႔ က်န္း မာေရး အဖြဲ႕ႀကီး WHO အႀကီးအကဲ ကာကြယ္ေဆး ဟာ ဘယ္ေတာ့ မွ ရွာမေတြ႕ဘဲ ျဖစ္ေကာ င္းျဖစ္နိုင္ တယ္ လို႔ ေျပာလာ ပါတယ္။

“လက္ရွိ မွာ ေငြက် ည္ဆန္ မရွိေသးပါ။ (သမန္း ဝံပုေလြေတြကို သတ္ျဖတ္နိုင္တဲ့ ေငြက်ည္ဆန္ဆိုတဲ့ ေရွးရိုးစြဲ အယူကို ရည္ၫႊန္းၿပီး ကိုရိုနာဗိုင္းရပ္စ္ကို တိုက္ဖ်က္နိုင္တာ မရွိေသးဘူးလို႔ ဆိုလို။) ဘယ္ေတာ့မွ လည္း ရွိမ လာတာလည္း ျဖစ္ လာနိုင္ တယ္။”လို႔ တက္ဒေရာ့စ္ က ေျပာပါတယ္။ WHO အႀကီးအကဲ တက္ဒေရာ့စ္ ဟာ လူခြာေနျခင္း၊ လက္ေဆးျခင္းနဲ႕ ႏွာေခါင္းစည္း တပ္ဆင္းျခင္းေတြ လို လုပ္ထုံး လုပ္နည္းေတြကို လိုက္နာၾကဖို႔ ကမာ ၻတစ္လႊားက ျပည္သူေတြ ကိုလည္း အႏူးအၫြတ္ ေမတၱာရပ္ခံပါတယ္။

“ဒါေတြ အားလုံးကို လိုက္နာက်င့္ႀကံၾကပါ။”

ကမာၻ တစ္ဝန္းမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ျဖစ္ပြား သူေပါင္း ၁၈ သန္းေက်ာ္ထက္ မနည္း ရွိေနၿပီ ျဖစ္ပါတယ္။ ေသဆုံးသူဦးေရဟာ ၆၈၉၀၀၀ ဦးအထိ ရွိေနေၾကာင္း အေမရိကန္အေျခစိုက္ ဂြၽန္ေဟာ့ကင္း တကၠသိုလ္ရဲ႕ စာရင္းဇယားေတြအရ သိရပါတယ္။ ကာကြယ္ေဆး လုပ္ငန္းစဥ္မွာ တိုးတက္မႈေတြေတာ့ ရွိေနတယ္လို႔ ဂ်ီနီဗာက ႐ုံးခ်ဳပ္မွာ တက္ဒေရာ့စ္က ေျပာပါတယ္။

“ကာကြယ္ေဆး ေတာ္ေတာ္မ်ားမ်ားက စမ္းသပ္အဆင့္ ၃ ကို ေရာက္ရွိေနပါၿပီ။ ျပည္သူေတြကို ကူးစက္မႈကေန တားနိုင္မယ့္ ထိေရာက္တဲ့ ကာကြယ္ေဆးေတြ ထြက္ေပၚလာဖို႔ ကြၽန္ေတာ္တို႔ အားလုံး ေမွ်ာ္လင့္ပါတယ္။”လို႔ သူက ေျပာပါတယ္။

ဒါေပမယ့္ ခုခ်ိန္မွာေတာ့ ေငြက်ည္ဆန္ မရွိေသးဘဲ ဘယ္ေတာ့မွလည္း မရွိဘဲလည္း ျဖစ္နိုင္တာပါပဲ။”လို႔ တက္ဒေရာ့စ္က သတိေပးပါတယ္။

“ခုထိအတြက္ေတာ့ အမ်ားျပည္သူ က်န္းမာေရးရဲ႕ အုတ္ျမစ္ဟာ ကူးစက္ျဖစ္ပြားမႈ ရပ္တန႔္ေရးနဲ႕ ေရာဂါကို ထိန္းခ်ဳပ္နိုင္ေရးပဲ ျဖစ္ပါတယ္။ စမ္းသပ္စစ္ေဆးတာ၊ သီးျခားခြဲေနတာ၊ လူနာေတြကို ကုသေစာင့္ေရွာက္တာနဲ႕ ေျခရာခံလိုက္လံတာရယ္၊ ထိေတြ႕ဆက္ဆံသူေတြကို ေရာဂါေျခခ်ဳပ္ ထားတာေတြကပဲ အားကိုးစရာ ျဖစ္ေနပါတယ္။”လို႔ သူက ေျပာခဲ့ပါတယ္။

Unicode

ကို ရိုနာ ဗိုင်း ရပ်စ်ကြောင့် ဖြစ်ပွား တဲ့ COVID-19 ရောဂါ ကာ ကွယ်ဆေး မျှော်လင့် ချက်တွေ သန်း လာပေ မယ့် ကမ္ဘာ့ ကျန်း မာရေး အဖွဲ့ကြီး WHO အကြီးအကဲ ကာကွယ်ဆေး ဟာ ဘယ်တော့ မှ ရှာမတွေ့ဘဲ ဖြစ်ကော င်းဖြစ်နိုင် တယ် လို့ ပြောလာ ပါတယ်။

“လက်ရှိ မှာ ငွေကျ ည်ဆန် မရှိသေးပါ။ (သမန်း ဝံပုလွေတွေကို သတ်ဖြတ်နိုင်တဲ့ ငွေကျည်ဆန်ဆိုတဲ့ ရှေးရိုးစွဲ အယူကို ရည်ညွှန်းပြီး ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်နိုင်တာ မရှိသေးဘူးလို့ ဆိုလို။) ဘယ်တော့မှ လည်း ရှိမ လာတာလည်း ဖြစ် လာနိုင် တယ်။”လို့ တက်ဒရော့စ် က ပြောပါတယ်။ WHO အကြီးအကဲ တက်ဒရော့စ် ဟာ လူခွာနေခြင်း၊ လက်ဆေးခြင်းနဲ့ နှာခေါင်းစည်း တပ်ဆင်းခြင်းတွေ လို လုပ်ထုံး လုပ်နည်းတွေကို လိုက်နာကြဖို့ ကမာ ္ဘတစ်လွှားက ပြည်သူတွေ ကိုလည်း အနူးအညွတ် မေတ္တာရပ်ခံပါတယ်။

“ဒါတွေ အားလုံးကို လိုက်နာကျင့်ကြံကြပါ။”

ကမ္ဘာ တစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွား သူပေါင်း ၁၈ သန်းကျော်ထက် မနည်း ရှိနေပြီ ဖြစ်ပါတယ်။ သေဆုံးသူဦးရေဟာ ၆၈၉၀၀၀ ဦးအထိ ရှိနေကြောင်း အမေရိကန်အခြေစိုက် ဂျွန်ဟော့ကင်း တက္ကသိုလ်ရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။ ကာကွယ်ဆေး လုပ်ငန်းစဉ်မှာ တိုးတက်မှုတွေတော့ ရှိနေတယ်လို့ ဂျီနီဗာက ရုံးချုပ်မှာ တက်ဒရော့စ်က ပြောပါတယ်။

“ကာကွယ်ဆေး တော်တော်များများက စမ်းသပ်အဆင့် ၃ ကို ရောက်ရှိနေပါပြီ။ ပြည်သူတွေကို ကူးစက်မှုကနေ တားနိုင်မယ့် ထိရောက်တဲ့ ကာကွယ်ဆေးတွေ ထွက်ပေါ်လာဖို့ ကျွန်တော်တို့ အားလုံး မျှော်လင့်ပါတယ်။”လို့ သူက ပြောပါတယ်။

ဒါပေမယ့် ခုချိန်မှာတော့ ငွေကျည်ဆန် မရှိသေးဘဲ ဘယ်တော့မှလည်း မရှိဘဲလည်း ဖြစ်နိုင်တာပါပဲ။”လို့ တက်ဒရော့စ်က သတိပေးပါတယ်။

“ခုထိအတွက်တော့ အများပြည်သူ ကျန်းမာရေးရဲ့ အုတ်မြစ်ဟာ ကူးစက်ဖြစ်ပွားမှု ရပ်တန့်ရေးနဲ့ ရောဂါကို ထိန်းချုပ်နိုင်ရေးပဲ ဖြစ်ပါတယ်။ စမ်းသပ်စစ်ဆေးတာ၊ သီးခြားခွဲနေတာ၊ လူနာတွေကို ကုသစောင့်ရှောက်တာနဲ့ ခြေရာခံလိုက်လံတာရယ်၊ ထိတွေ့ဆက်ဆံသူတွေကို ရောဂါခြေချုပ် ထားတာတွေကပဲ အားကိုးစရာ ဖြစ်နေပါတယ်။”လို့ သူက ပြောခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *