ကိုဗစ္ ျပည္တြင္း ကူးစက္သူ (၁) ဦး က်န္းမာေရး၀န္ႀကီးဌာန အတည္ျပဳလိုက္

ျပည္ပခရီးသြား ရာဇ၀င္မရွိဘဲ COVID-19 ေရာဂါပိုး ကူးစက္ခံရသူ ၁ ဦး ျမန္မာႏုိင္ငံ မွာ ဒီေန႔ ေတြ႔ရွိခဲ့ တယ္ လို႔ က်န္းမာေရး နဲ႔ အားကစား ၀န္ႀကီး ဌာနက ဒီေန႔ ၾသဂုတ္လ ၁၆ ရက္ ည ၈ နာရီ သတင္း ထုတ္ျပန္ခ်က္မွာ ေျပာလို က္ ပါတယ္ ။

ဒါဟာ ၿပီးခဲ့တဲ့ ဇူလိုင္လ ၁၆ ရက္ေန ႔က ျပည္ပခရီးသြားရာဇ၀င္ မရွိဘဲ ဗုိင္းရပ္စ္ကူးစက္ခံရသူတဦးကို ေက်ာက္ေတာ္ၿမိဳ႕မွာ ေနာက္ဆုံးအႀကိမ္ ေတြ႔ရွိခဲ့ၿပီးတဲ့ေနာက္ ၁ လအၾကာမွာ ပထမဆုံး အႀကိမ္ ျပန္ေတြ႔ တာ ျဖစ္ ပါတယ္။

ဒါေၾကာင့္ ျမန္မာႏုိင္ငံ မွာ ေရာဂါကူး စက္ခံရသူ စုစုေပါင္း ၃၇၅ ေယာက္ ရွိသြားၿပီျဖစ္တယ္လို႔ က်န္းမာေရးဌာနက ေျပာပါတယ္။ ဓာတ္ခဲြနမူနာ ၆၃၄ ခုကို စမ္းသပ္စစ္ေဆး ခဲ့တာ မွာ ေရာဂါပိုးေတြ႔ ရွိသူ ၁ ဦး ေတြ႔ရွိခဲ့တာ ျဖစ္တယ္လို႔ ေျပာ ပါတယ္။

ဒီေန႔ ဗုိင္းရပ္စ္ကူးစက္ခံရ သူကေတာ့ ရခုိင္ျပည္နယ္ စစ္ေတြၿမိဳ႕ က အသက္ ၂၆ ႏွစ္အရြယ္ အမ်ိဳးသမီးတဦးျဖစ္ၿပီး ေစာင့္ၾကည့္လူနာျဖစ္တယ္လို႔ ေျပာပါတယ္။ သူမဟာ ျပည္ပခရီးသြားရာဇ၀င္ မရွိသလို ျပည္တြင္း မွာလည္း COVID-19 ေရာဂါ အတည္ျပဳလူနာနဲ႔ ထိေတြ႔ ဆက္ဆံမႈ မရွိဘူးလို႔ ေျပာပါတယ္။

ဒီေန႔မွာ ဓာတ္ခဲြ အတည္ျပဳ လူနာေဟာင္းေတြထဲက ၂ ႀကိမ္ဆက္တုိက္ ပိုးမေတြ႔သူ ၅ ဦး ထပ္ေတြ႔ခဲ့တာေၾကာင့္ ေရာဂါသက္သာ ေပ်ာက္ကင္းလာသူ ၃၂၉ ေယာက္ ရွိသြားၿပီျဖစ္ၿပီး ဒီထဲက ၃၂၁ ေယာက္ ကို ေဆး႐ုံက ဆင္းခြင့္ေပး လိုက္ၿပီး သတ္မွတ္ထား တဲ့ ေနရာေတြမွာ အသြားအလာ ကန္႔သတ္ေစာင့္ၾကည့္ေနတယ္ လို႔ ေျပာပါတယ္။

အခုခ်ိန္ ထိေတာ့ ဗုိင္းရပ္စ္ေၾကာင့္ ေသဆုံးတဲ့သူ ၆ ဦးရွိတယ္လို႔ အတည္ျပဳထားၿပီး မေန႔ ၾသဂုတ္လ ၁၅ ရက္ ေန႔လယ္ ၁၂ နာရီကေန ဒီေန႔ ေန႔လယ္အထိ ေစာင့္ၾကည့္ လူနာ ၁၉ ဦးရွိ တယ္ လို႔ က်န္းမာေရး၀န္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

တခ်ိန္တည္း မွာ ပဲ COVID-19 ကူးစက္မႈ ဒုတိယလႈိင္း ျဖစ္လာႏုိင္တဲ့အတြက္ ျပည္သူေတြေရာ၊ ေရာဂါကာကြယ္ထိန္းခ်ဳပ္ လုပ္ေနတဲ့သူေတြပါ သတိနဲ႔ သြားလာေနထိုင္ၾကဖို႔ က်န္းမာေရး၀န္ႀကီး ဌာန က ေရာဂါ သတိေပးခ်က္ တရပ္ ၾသဂုတ္လ ၁၅ ရက္ေန႔စဲြ နဲ႔ ထုတ္ျပန္ လိုက္ပါတယ္။

ဗုိင္းရပ္စ္ကူးစက္မႈ ပထမလႈိင္းအတြင္း ျမန္မာႏုိင္ငံ မွာ ကူးစက္ခံရသူ အေရအတြက္က တျခားႏုိင္ငံေတြထက္စာရင္ အလြန္နည္းေပမယ့္ ဒီဗုိင္းရပ္စ္ရဲ႕ သေဘာသဘာ၀နဲ႔ ကူးစက္မႈပုံသဏၭာန္ေၾကာင့္ ဒုတိယ လႈိင္း က ႀကီးမားႏုိင္ေၾကာင္း၊ ဒါေၾကာင့္ ျပည္သူေတြအေနနဲ႔ က်န္းမာေရး၀န္ႀကီးဌာနရဲ႕ လမ္းညႊန္ခ်က္ေတြကို ေသခ်ာ စနစ္တက်လိုက္နာၿပီး ေပါ့ေပါ့ ဆဆ မေနၾကဖို႔ ေျပာၾကား လိုက္ ပါ တယ္ ။ Source;VOA

Unicode

ပြည်ပခရီးသွား ရာဇဝင်မရှိဘဲ COVID-19 ရောဂါပိုး ကူးစက်ခံရသူ ၁ ဦး မြန်မာနိုင်ငံ မှာ ဒီနေ့ တွေ့ရှိခဲ့ တယ် လို့ ကျန်းမာရေး နဲ့ အားကစား ဝန်ကြီး ဌာနက ဒီနေ့ သြဂုတ်လ ၁၆ ရက် ည ၈ နာရီ သတင်း ထုတ်ပြန်ချက်မှာ ပြောလို က် ပါတယ် ။

ဒါဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့က ပြည်ပခရီးသွားရာဇဝင် မရှိဘဲ ဗိုင်းရပ်စ်ကူးစက်ခံရသူတဦးကို ကျောက်တော်မြို့မှာ နောက်ဆုံးအကြိမ် တွေ့ရှိခဲ့ပြီးတဲ့နောက် ၁ လအကြာမှာ ပထမဆုံး အကြိမ် ပြန်တွေ့ တာ ဖြစ် ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံ မှာ ရောဂါကူး စက်ခံရသူ စုစုပေါင်း ၃၇၅ ယောက် ရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးဌာနက ပြောပါတယ်။ ဓာတ်ခွဲနမူနာ ၆၃၄ ခုကို စမ်းသပ်စစ်ဆေး ခဲ့တာ မှာ ရောဂါပိုးတွေ့ ရှိသူ ၁ ဦး တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ပြော ပါတယ်။

ဒီနေ့ ဗိုင်းရပ်စ်ကူးစက်ခံရ သူကတော့ ရခိုင်ပြည်နယ် စစ်တွေမြို့ က အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတဦးဖြစ်ပြီး စောင့်ကြည့်လူနာဖြစ်တယ်လို့ ပြောပါတယ်။ သူမဟာ ပြည်ပခရီးသွားရာဇဝင် မရှိသလို ပြည်တွင်း မှာလည်း COVID-19 ရောဂါ အတည်ပြုလူနာနဲ့ ထိတွေ့ ဆက်ဆံမှု မရှိဘူးလို့ ပြောပါတယ်။

ဒီနေ့မှာ ဓာတ်ခွဲ အတည်ပြု လူနာဟောင်းတွေထဲက ၂ ကြိမ်ဆက်တိုက် ပိုးမတွေ့သူ ၅ ဦး ထပ်တွေ့ခဲ့တာကြောင့် ရောဂါသက်သာ ပျောက်ကင်းလာသူ ၃၂၉ ယောက် ရှိသွားပြီဖြစ်ပြီး ဒီထဲက ၃၂၁ ယောက် ကို ဆေးရုံက ဆင်းခွင့်ပေး လိုက်ပြီး သတ်မှတ်ထား တဲ့ နေရာတွေမှာ အသွားအလာ ကန့်သတ်စောင့်ကြည့်နေတယ် လို့ ပြောပါတယ်။

အခုချိန် ထိတော့ ဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့သူ ၆ ဦးရှိတယ်လို့ အတည်ပြုထားပြီး မနေ့ သြဂုတ်လ ၁၅ ရက် နေ့လယ် ၁၂ နာရီကနေ ဒီနေ့ နေ့လယ်အထိ စောင့်ကြည့် လူနာ ၁၉ ဦးရှိ တယ် လို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

တချိန်တည်း မှာ ပဲ COVID-19 ကူးစက်မှု ဒုတိယလှိုင်း ဖြစ်လာနိုင်တဲ့အတွက် ပြည်သူတွေရော၊ ရောဂါကာကွယ်ထိန်းချုပ် လုပ်နေတဲ့သူတွေပါ သတိနဲ့ သွားလာနေထိုင်ကြဖို့ ကျန်းမာရေးဝန်ကြီး ဌာန က ရောဂါ သတိပေးချက် တရပ် သြဂုတ်လ ၁၅ ရက်နေ့စွဲ နဲ့ ထုတ်ပြန် လိုက်ပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှု ပထမလှိုင်းအတွင်း မြန်မာနိုင်ငံ မှာ ကူးစက်ခံရသူ အရေအတွက်က တခြားနိုင်ငံတွေထက်စာရင် အလွန်နည်းပေမယ့် ဒီဗိုင်းရပ်စ်ရဲ့ သဘောသဘာဝနဲ့ ကူးစက်မှုပုံသဏ္ဌာန်ကြောင့် ဒုတိယ လှိုင်း က ကြီးမားနိုင်ကြောင်း၊ ဒါကြောင့် ပြည်သူတွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေကို သေချာ စနစ်တကျလိုက်နာပြီး ပေါ့ပေါ့ ဆဆ မနေကြဖို့ ပြောကြား လိုက် ပါ တယ် ။ Source;VOA

Add a Comment

Your email address will not be published. Required fields are marked *