ကမာ႐ြတ္ အႏုၾကမ္း စီးမႈ မွာ မိန္းမရႈပ္ တဲ့ အမ်ိဳးသား ကို ဆုံးမေပးဖို႔ ခိုင္းေစခဲ့ျခင္း ဟု က်ဴးလြန္သူမ်ား ထြက္ဆို..အဓိက ခိုင္းေစသူ အမ်ိဳးသမီး ထြက္ေျပးတိမ္းေရွာင္ေန

ဒီလုယက္မႈဟာ မိန္းမရႈပ္ တဲ့ အမ်ိဳးသား တစ္ဦး ကို မွတ္ေလာက္ သားေလာက္ေအာင္ ဆုံးမေပး ဖို႔ ခိုင္းေစခဲ့ျခင္းျဖစ္ တယ္ လို႔ ျပစ္မႈ က်ဴးလြန္သူေတြက ထြက္ဆိုထားတယ္ လို႔ တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕ကေန ယေန႕ ၾသဂုတ္လ ၁၇ ရက္ မွာ သိရ ပါ တယ္ ။

ကမာ႐ြတ္ၿမိဳ႕နယ္ မွာျဖစ္ပြား ခဲ့ တဲ့ အႏုၾကမ္း စီးမႈ တရားခံေတြ အနက္ ျပစ္မႈက်ဴးလြန္သူ ၆ ဦးကို ဖမ္းဆီးရမိ ခဲ့ၿပီး အဓိကခိုင္းေစသူ အမ်ိဳးသမီးကမူ ထြက္ေျပးတိမ္းေရွာင္ေန သျဖင့္ ဖမ္းဆီးရမိမႈမရွိေသးဘူး လို႔ သိရပါတယ္။

ၿပီး ခဲ့ တဲ့ ၾသဂုတ္လ ၁၀ ရက္ေန႕က ကမာ႐ြတ္ၿမိဳ႕နယ္ ေ႐ႊကြန္းကြန္ဒို မွာ ေနထိုင္တဲ့ အမ်ိဳးသားတစ္ဦးကို အမည္မသိအမ်ိဳးသား ၃ ဦးက ဖမ္းဆီးခ်ဳပ္ေႏွာင္ၿပီး ေငြက်ပ္ Phone X တစ္လုံးနဲ႕ iPad 3 တစ္လုံး (စုစုေပါင္း ခန႔္မွန္း တန္ဖိုး ၁,၉ဝဝ,ဝဝဝ က်ပ္ဖိုး) လုယူ ထြက္ေျပးသြား ခဲ့တာေၾကာင့္ ကမာ႐ြတ္ၿမိဳ႕မ ရဲစခန္း မွာ အမႈဖြင့္တိုင္ တန္းထား ခဲ့တာ ျဖစ္ ပါတယ္ ။

“အခင္းျဖစ္ တဲ့ေန႕က တရားလိုေနအိမ္ ကို သူ နဲ႕ လြန္ခဲ့တဲ့ တပတ္ေလာက္က ရင္းနီးခဲ့တယ္ ဆိုသူ မနီနီဝင္း လာၿပီး ခဏအၾကာ အမည္မသိ လူငယ္(၃)ဦး ေနအိမ္ထဲ ဝင္လာၿပီး ဝိုင္းခ်ဳပ္ေႏွာင္လို႔ ျပန္လည္ခုခံေတာ့ အသင့္ ယူလာတဲ့ ဓား နဲ႕ ထိမိၿပီး တရားလိုယာဘက္ေပါင္နဲ႕ ယာဘက္လက္ဖဝါးမွာ ျပတ္ရွဒဏ္ရာ(၁) ခ်က္စီ ရရွိ ခဲ့တယ္။ ေနာက္ တရားလိုကို ပါးစပ္ နဲ႕ လက္ႏွစ္ဘက္ ကို တိတ္နဲ႕ တုပ္ေႏွာင္ၿပီး ေျခေထာက္ကိုပါ လက္ထိပ္ခပ္ထားတယ္ ။ ၿပီးေတာ့ iPhone X အနက္ေရာင္ဖုန္း ( ၁ )လုံး ၊ iPad 3 ေငြေရာင္( ၁ )လုံး ၊ စုစုေပါင္း တန္ဖိုး ၁,၉ဝဝ,ဝဝဝ က်ပ္ဖိုး လုယူ ထြက္ေျပးသြား လို႔ လူငယ္( ၃ ) ဦး နဲ႕ မနီနီဝင္း ကို အေရးယူေပး ဖို႔ ကမာ႐ြတ္ ရဲစခန္းမွာ အမႈဖြင့္ ခဲ့တယ္ ။ ခုေတာ့ က်ဴးလြန္သူ ေတြကိုမိၿပီ ၊တစ္ေယာက္ပဲ က်န္ေတာ့တယ္လို႔ ” ကမာ႐ြတ္ ၿမိဳ႕မရဲစခန္း မွ တာဝန္ရွိသူ တစ္ဦးကေျပာ ပါတယ္။

ဒါေၾကာင့္ လုယက္မႈ ရဲ႕ ျပစ္မႈက်ဴးလြန္သူေတြကို စုံစမ္း ရွာေဖြဖမ္း ဆီးခဲ့ရာ မနီနီဝင္း၊ ဝင္းမင္းထြန္း(ခ)စြမ္းထက္( ခ )ဖန္သီ၊ ေက်ာ္ၿငိမ္း(ခ) ေက်ာက္က်ားေက်ာ္၊ နိုင္းနိုင္း(ခ)နဂါး(ခ)မင္းဟိန္း၊ သွ်ားေလး(ခ)သွ်ား၊ စေနေမာင္(ခ) ထက္အာကာေဇာ္ တို႔ကို ဖမ္းဆီးရမိခဲ့ၿပီလို႔သိ ရပါတယ္။

ဖမ္းဆီးရမိသူေတြကို စစ္ေဆးခဲ့ရာ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ မိေက်ာင္းကန္ အမွတ္(၁) ရပ္ကြက္၊ ေဝဇယႏ္္ၱာလမ္းႏွင့္ ရိပ္သာ(၅)လမ္း၊ အမွတ္(၇၇/၇၈)ေန ေဒၚခင္ခင္ဝင္း က ၎ႏွင့္ ပတ္သက္ ေနတဲ့ အမ်ိဳးသားဟာ တျခားအမ်ိဳးသမီးေတြ နဲ႕ ရႈပ္ေပြေနတာေၾကာင့္ မွတ္ေလာက္ သားေလာက္ေအာင္ ဆုံးမေပးဖို႔ မနီနီဝင္းႏွင့္ ဝင္းမင္းထြန္း(ခ)စြမ္းထက္(ခ)ဖန္သီ တို႔ကို အကူအညီေတာင္းခံခဲ့ေၾကာင္း၊ ဝင္းမင္းထြန္း(ခ)စြမ္းထက္(ခ)ဖန္သီ ကမွ လွိုင္သာယာၿမိဳ႕ေန နိုင္းနိုင္း(ခ)နဂါး(ခ)မင္းဟိန္းပါ (၃)ဦးကို ေငြက်ပ္(၂၅)သိန္းျဖင့္ ငွားရမ္းၿပီး ျပစ္မႈအား ပူးေပါင္းက်ဴးလြန္ ခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့တယ္ လို႔ တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕ရဲ႕ သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒါေၾကာင့္ ေဒၚခင္ခင္ဝင္း ကို ဖမ္းဆီးရမိေရေဆာင္႐ြက္ခဲ့ေပ မယ့္ ၎က ျပစ္မႈက်ဴးလြန္ၿပီးေနာက္ ေနအိမ္ကေန ထြက္ေျပး တိမ္းေရွာင္သြား တာေၾကာင့္ဖမ္းဆီးရမိေရး လုပ္ေဆာင္ေနၾက ပါတယ္။ လတ္တေလာ ဖမ္းဆီးရမိသူ ၆ ဦး ကိုေတာ့ ဥပေဒႏွင့္ အညီ တရားစြဲတင္ပို႔နိုင္ေရးလုပ္ေနတယ္လို႔ သိရပါတယ္။ Source;ဓူ၀ံ

Unicode

ဒီလုယက်မှုဟာ မိန်းမရှုပ် တဲ့ အမျိုးသား တစ်ဦး ကို မှတ်လောက် သားလောက်အောင် ဆုံးမပေး ဖို့ ခိုင်းစေခဲ့ခြင်းဖြစ် တယ် လို့ ပြစ်မှု ကျူးလွန်သူတွေက ထွက်ဆိုထားတယ် လို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ ယနေ့ သြဂုတ်လ ၁၇ ရက် မှာ သိရ ပါ တယ် ။

ကမာရွတ်မြို့နယ် မှာဖြစ်ပွား ခဲ့ တဲ့ အနုကြမ်း စီးမှု တရားခံတွေ အနက် ပြစ်မှုကျူးလွန်သူ ၆ ဦးကို ဖမ်းဆီးရမိ ခဲ့ပြီး အဓိကခိုင်းစေသူ အမျိုးသမီးကမူ ထွက်ပြေးတိမ်းရှောင်နေ သဖြင့် ဖမ်းဆီးရမိမှုမရှိသေးဘူး လို့ သိရပါတယ်။

ပြီး ခဲ့ တဲ့ သြဂုတ်လ ၁၀ ရက်နေ့က ကမာရွတ်မြို့နယ် ရွှေကွန်းကွန်ဒို မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးကို အမည်မသိအမျိုးသား ၃ ဦးက ဖမ်းဆီးချုပ်နှောင်ပြီး ငွေကျပ် Phone X တစ်လုံးနဲ့ iPad 3 တစ်လုံး (စုစုပေါင်း ခန့်မှန်း တန်ဖိုး ၁,၉ဝဝ,ဝဝဝ ကျပ်ဖိုး) လုယူ ထွက်ပြေးသွား ခဲ့တာကြောင့် ကမာရွတ်မြို့မ ရဲစခန်း မှာ အမှုဖွင့်တိုင် တန်းထား ခဲ့တာ ဖြစ် ပါတယ် ။

“အခင်းဖြစ် တဲ့နေ့က တရားလိုနေအိမ် ကို သူ နဲ့ လွန်ခဲ့တဲ့ တပတ်လောက်က ရင်းနီးခဲ့တယ် ဆိုသူ မနီနီဝင်း လာပြီး ခဏအကြာ အမည်မသိ လူငယ်(၃)ဦး နေအိမ်ထဲ ဝင်လာပြီး ဝိုင်းချုပ်နှောင်လို့ ပြန်လည်ခုခံတော့ အသင့် ယူလာတဲ့ ဓား နဲ့ ထိမိပြီး တရားလိုယာဘက်ပေါင်နဲ့ ယာဘက်လက်ဖဝါးမှာ ပြတ်ရှဒဏ်ရာ(၁) ချက်စီ ရရှိ ခဲ့တယ်။ နောက် တရားလိုကို ပါးစပ် နဲ့ လက်နှစ်ဘက် ကို တိတ်နဲ့ တုပ်နှောင်ပြီး ခြေထောက်ကိုပါ လက်ထိပ်ခပ်ထားတယ် ။ပြီးတော့ iPhone X အနက်ရောင်ဖုန်း ( ၁ )လုံး ၊ iPad 3 ငွေရောင်( ၁ )လုံး ၊ စုစုပေါင်း တန်ဖိုး ၁,၉ဝဝ,ဝဝဝ ကျပ်ဖိုး လုယူ ထွက်ပြေးသွား လို့ လူငယ်( ၃ ) ဦး နဲ့ မနီနီဝင်း ကို အရေးယူပေး ဖို့ ကမာရွတ် ရဲစခန်းမှာ အမှုဖွင့် ခဲ့တယ် ။ ခုတော့ ကျူးလွန်သူ တွေကိုမိပြီ ၊တစ်ယောက်ပဲ ကျန်တော့တယ်လို့ ” ကမာရွတ် မြို့မရဲစခန်း မှ တာဝန်ရှိသူ တစ်ဦးကပြော ပါတယ်။

ဒါကြောင့် လုယက်မှု ရဲ့ ပြစ်မှုကျူးလွန်သူတွေကို စုံစမ်း ရှာဖွေဖမ်း ဆီးခဲ့ရာ မနီနီဝင်း၊ ဝင်းမင်းထွန်း(ခ)စွမ်းထက်( ခ )ဖန်သီ၊ ကျော်ငြိမ်း(ခ) ကျောက်ကျားကျော်၊ နိုင်းနိုင်း(ခ)နဂါး(ခ)မင်းဟိန်း၊ သျှားလေး(ခ)သျှား၊ စနေမောင်(ခ) ထက်အာကာဇော် တို့ကို ဖမ်းဆီးရမိခဲ့ပြီလို့သိ ရပါတယ်။

ဖမ်းဆီးရမိသူတွေကို စစ်ဆေးခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန် အမှတ်(၁) ရပ်ကွက်၊ ဝေဇယန်္တာလမ်းနှင့် ရိပ်သာ(၅)လမ်း၊ အမှတ်(၇၇/၇၈)နေ ဒေါ်ခင်ခင်ဝင်း က ၎င်းနှင့် ပတ်သက် နေတဲ့ အမျိုးသားဟာ တခြားအမျိုးသမီးတွေ နဲ့ ရှုပ်ပွေနေတာကြောင့် မှတ်လောက် သားလောက်အောင် ဆုံးမပေးဖို့ မနီနီဝင်းနှင့် ဝင်းမင်းထွန်း(ခ)စွမ်းထက်(ခ)ဖန်သီ တို့ကို အကူအညီတောင်းခံခဲ့ကြောင်း၊ ဝင်းမင်းထွန်း(ခ)စွမ်းထက်(ခ)ဖန်သီ ကမှ လှိုင်သာယာမြို့နေ နိုင်းနိုင်း(ခ)နဂါး(ခ)မင်းဟိန်းပါ (၃)ဦးကို ငွေကျပ်(၂၅)သိန်းဖြင့် ငှားရမ်းပြီး ပြစ်မှုအား ပူးပေါင်းကျူးလွန် ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ် လို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ဒေါ်ခင်ခင်ဝင်း ကို ဖမ်းဆီးရမိရေဆောင်ရွက်ခဲ့ပေ မယ့် ၎င်းက ပြစ်မှုကျူးလွန်ပြီးနောက် နေအိမ်ကနေ ထွက်ပြေး တိမ်းရှောင်သွား တာကြောင့်ဖမ်းဆီးရမိရေး လုပ်ဆောင်နေကြ ပါတယ်။ လတ်တလော ဖမ်းဆီးရမိသူ ၆ ဦး ကိုတော့ ဥပဒေနှင့် အညီ တရားစွဲတင်ပို့နိုင်ရေးလုပ်နေတယ်လို့ သိရပါတယ်။ Source;ဓူဝံ

Add a Comment

Your email address will not be published. Required fields are marked *