အယ္လ္ရွာဘက္ အၾကမ္းဖက္အဖြဲ႔ မိုဂါဒစ္ရွဴး ဟိုတယ္ အပိုင္စီးမွဳ အၾကမ္းဖက္ သမား ၄ – ဦး ကို လံုျခံဳေရးတပ္ ဖြဲ႔၀င္မ်ားက အေသပစ္သတ္ ဖမ္းဆီး

ၾသဂုတ္ – ၁၇ ၊ ၂၀၂၀

ဆိုမာလီနိုင္ငံ မိုဂါဒစ္ရွဴးၿမိဳ႕ေတာ္ တြင္ အယ္လ္ကိုင္ဒါ အစြန္းေရာက္ အၾကမ္းဖက္ အဖြဲ ႔၏ ေဒသႏၱရ အဖြဲ႔ခြဲ တစ္ခုျဖစ္ေသာ “ အယ္လ္ရွာဘက္ “လက္နက္ကိုင္ အဖြဲ႔၏ ပင္လယ္ကမ္းေျခရွိ အဆင့္ျမင့္ ဟိုတယ္ တစ္ခုအား စီးနင္းသိမ္းပိုက္မွဳ မွာ လံုျခံဳေရးတပ္ဖြဲ႔ ၀င္မ်ားႏွင့္ ၃-နာရီေက်ာ္ၾကာ ျပင္းထန္စြာ တိုက္ပြဲျဖစ္ပြားျပီးေနာက္ အဆံုးသတ္သြားခဲ့ျပီျဖစ္ေၾကာင္း Al Jazeera က ယေန႔ေရး သားသည္။

တိုက္ပြဲျဖစ္ပြား စဥ္ အယ္လ္ရွာဘက္ တိုက္ခိုက္ေရးသမားမ်ား ၏ ေသနတ္ႏွင့္ ဗုံးခြဲတိုက္ခိုက္မႈေၾကာင့္ အနည္းဆုံး လူ ၁၇ ဦး ေသဆုံးၿပီး လူေပါင္းမ်ားစြာ ဒဏ္ရာရရွိေၾကာင္း ဆိုမာလီလံုျခံဳေရး အရာရွိမ်ားႏွင့္ မ်က္ျမင္ သက္ေသမ်ားက ေျပာဆိုသည္။

ေသဆုံးသူ ၁၂ ဦး တြင္ အစိုးရ ၀န္ထမ္း- ၂ ဦး၊ ဟိုတယ္လုံျခဳံေရးအေစာင့္ – ၃ ဦး တို႔လည္း ပါ၀င္ျပီး ဟိုတယ္ အပိုင္စီးသူ အၾကမ္းဖက္သမား ၄ – ဦး ကို လံုျခံဳေရးတပ္ ဖြဲ႔၀င္မ်ားက အေသပစ္သတ္ ဖမ္းဆီးခဲ့သည္ ဆို၏။

ယမန္ေန႔ ညေနပိုင္းတြင္ အၾကမ္းဖက္ တိုက္ခိုက္ေရး သမားမ်ား သည္ ဟိုတယ္ လံုျခံဳေရးဂိတ္၀အနီးရွိ ကားတစ္စီးအား ဗံုးေဖာက္ခြဲျပီးေနာက္ ဟိုတယ္ အေဆာက္အအံုအား အပိုင္စီးခဲ့ၾကျခင္းျဖစ္သည္။ ထို႔ေနာက္ ဟိုတယ္ ထမင္းစားခန္း အတြင္ အမ်ိဳးသမီးႏွင့္ လူငယ္မ်ားစြာ တို႔ကို စုေ၀းေစ ၍ ဓါးစာခံအျဖစ္ ဖမ္းဆီးထား ခဲ့သည္။

လံုျခံဳေရးတပ္ဖြဲ႔ ၀င္မ်ား ၏ ရွင္းလင္းမွဳ စတင္ခ်ိန္တြင္ ျပင္းထန္ေသာ ေပါက္ကြဲသံႏွင့္အတူ ဟိုတယ္ဧရိယာအနီးတစ္၀ွိဳက္၌ လွ်ပ္စစ္မီး ျပတ္ေတာက္သြားျပီး ေသနတ္ပစ္ခတ္သံ မ်ား၊ အေရးေပၚ လူနာ တင္ယာဥ္ ဥၾသသံမ်ား ၾကားေနၾကရသည္။ ညအေမွာင္တြင္ လံုျခံဳေရးတပ္ဖြဲ႔၀င္မ်ား က ဟိုတယ္ပတ္၀န္းက်င္၌ ၀ိုင္းရံထားၾက၍ စစ္ဖက္ေမာ္ေတာ္ ယာဥ္မ်ားကိုလည္း ေတြ႔ျမင္ၾက ရသည္ ။

အထပ္ ၄-ထပ္ပါ ဟိုတယ္ အေဆာက္ အအံု မွ ဧည့္သည္ အမ်ားစုကို ကယ္တင္ႏိုင္ခဲ့သည္ဟု သိရွိရျပီး ဒါဏ္ရာရရွိသူ ၂၈-ဦးကို ေဆးရံုသို႔ ပို႔ေဆာင္ခဲ့ရေၾကာင္း ေဒသခံ အေရးေပၚဝန္ေဆာင္မႈ႒ာနက ေျပာဆိုသည္။

မိုဂါဒစ္ရွဴး ဟိုတယ္ တိုက္ခိုက္မွဳ မွာ မိမိတို႔ လက္ခ်က္ျဖစ္သည္ ဟု “ အယ္လ္ရွာဘက္ “ အဖြဲ႔က သတင္းထုတ္ျပန္ေၾကာင္း ၊ တိုက္ပြဲေခၚသံ ကို ေမွ်ာ္လင့္လွ်က္ရွိေသာ အယ္လ္ရွာဘက္ အာဇာနည္ တို႔က ဟိုတယ္အား ထိန္းခ်ဳပ္ထား သည္ဟု ပါရွိေၾကာင္း အေမရိကန္အေျခစိုက္ SITE ေထာက္လွမ္းေရးအဖြဲ႔က ေဖာ္ျပသည္။

ဆိုမာလီယာသည္ ၁၉၉၁ တြင္ သမၼတ ဆာအိဒ္ဘာရီ၏ စစ္အစိုးရျပဳတ္က်ျပီးေနာက္ ႏိုင္ငံတစ္၀ွမ္းလံုး ပရမ္းပတာျဖစ္ကာ လက္နက္ကိုင္တိုက္ပြဲမ်ား အဆက္မျပတ္ျဖစ္ေပၚလွ်က္ ရွိသည္ ။ ႏုိင္ငံ ၏ နယ္ေျမ အမ်ားစုႏွင့္ ျမိဳ႔ေတာ္ မုိဂါဒစ္ရွဴးတို႔ကို ထိန္းခ်ဳပ္ခဲ့ဖူးေသာ “ အယ္လ္ရွာဘက္ “ လက္နက္ကိုင္အဖြဲ႔၏ ထၾကြေသာင္းက်န္းမွဳ မ်ား အရွိန္ျမင့္ တက္လွ်က္ ရွိသည္။

၂၀၁၁ ခုႏွစ္တြင္ အယ္လ္ရွာဘက္ တို႔သည္ ျမိဳ႕ေတာ္အား လက္လႊတ္ခဲ့ ရေသာ္လည္း ဆိုမာလီ အစိုးရအား ဖယ္ရွားေရး ပုံမွန္တိုက္ခိုက္မႈမ်ား ဆက္လက္ျပဳလုပ္ေနသည္။

လြန္ခဲ့သည့္ ရက္သတၱပတ္တြင္လည္း မိုဂါဒစ္ရွဴးဗဟိုအက်ဥ္းေထာင္ တြင္ ထိန္းသိမ္းထားေသာ အယ္လ္ရွာဘက္ တိုက္ခိုက္ေရးသမား ၄-ဦးတို႔မွာ လက္နက္ခိုးသြင္း ရန္ၾကံစည္ေၾကာင္း သတင္းအရ ရွာေဖြစဥ္ လံုျခံဳေရး တပ္ဖြဲ႔၀င္မ်ား ၏ လက္ခ်က္ျဖင့္ ေသဆံုးခဲ့ရသည္။

စစ္မက္ျဖစ္ပြားျခင္းႏွင့္ ပတ္သက္ ၍ ႏိုင္ငံတကာ သေဘာတူညီခ်က္မ်ား ရွိေသာ္လည္း “ အၾကမ္းဖက္ျခင္း၊ အၾကမ္းဖက္အဖြဲ႔အစည္း ဆိုင္ရာ “ ႏိုင္ငံတကာ သေဘာ တူညီခ်က္မ်ား ယေန႔တိုင္ မရွိေသးပါ ။

သို႔ေသာ္ ဘာသာေရး အစြန္းေရာက္ Al Qaeda “ အယ္လ္ကိုင္ဒါ “ လက္နက္ကိုင္အဖြဲ႔အား “ အၾကမ္းဖက္ အဖြဲ႔အစည္း “ အျဖစ္ ကမၻာ့ကုလသမဂၢ အဖြဲ႔၀င္ႏိုင္ငံမ်ားက တစ္ညီ တစ္ညြတ္တည္း သတ္မွတ္ထားၾကသည္။ အယ္လ္ကိုင္ဒါ၏ လုပ္ရပ္မ်ားကိုလည္း “ အၾကမ္းဖက္ျခင္း” အျဖစ္ ေဖာ္ျပၾကပါသည္။ ကမၻာအရပ္ရပ္ရွိ အယ္လ္ကိုင္ဒါႏွင့္ ဆက္ႏြယ္ေသာ အဖြဲ႔အစည္းမ်ား ကိုလည္း Al Qaeda International ႏိုင္ငံတကာ အယ္လ္ကိုင္ဒါ အၾကမ္းဖက္အဖြဲ႔မ်ားအျဖစ္ သတ္မွတ္ၾကရာ အာဖရိက အေနာက္ပိုင္းမွ ဘိုကိုဟာရမ္၊ အာဖရိက အေရွ႔ပိုင္း မွ ဆိုမာလီႏွင့္ ကင္ညာရွိ အယ္လ္ရွာဘက္၊ ဆီးရီးယားႏွင့္ အီရတ္ရွိ အယ္လ္နဴးဆာ၊ အင္ဒိုနီးရွားႏွင့္ ဖိလစ္ပိုင္ ပင္လယ္ျပင္တစ္၀ွိဳက္ရွိ အဘူေဆယက္ဖ္ တို႔သည္ အယ္လ္ကိုင္ဒါမ်ား ျဖစ္ၾက သည္။

ျပည္တြင္းစစ္ ျဖစ္ပြားလွ်က္ ရွိေသာ လစ္ဗ်ား၊ ယီမင္တို႔တြင္လည္း အယ္လ္ကိုင္ဒါမ်ား ရွိေနသည္။ တိုက္ခိုက္ေရးသမားမ်ားမွာ ေဒသတြင္းသာမက ဥေရာပႏွင့္ ႏိုင္ငံတကာမွ လာေရာက္သူမ်ားျဖစ္သည္။

IS အိုင္အက္စ္ေခၚ အစၥလာမ္မစ္ႏိုင္ငံေတာ္ ထူေထာင္သူမ်ား သည္ အယ္လ္ကိုင္ဒါ မွ ပိုမိုသေဘာထားတင္းမာ-အစြန္းေရာက္သူမ်ားႏွင့္ ဖြဲ႔စည္းထားျခင္းျဖစ္သည္။ အစၥလာမ္ႏိုင္ငံမ်ားမွ ျပည္ပၾသဇာလႊမ္းမိုးမွဳကို ေတာ္လွန္၍ အေသခံဗံုးခြဲေလ့ရွိေသာ ဂ်ီဟဒ္၀ါဒီမ်ားမွာလည္း အယ္လ္ကိုင္ဒါ ၏ အယူအဆ ကို လက္ခံက်င့္သံုးသူမ်ား ျဖစ္သည္။

အမွန္စင္စင္ 9 / 11 ျဖစ္စဥ္ သည္ ႏိုင္ငံတစ္ႏိုင္ငံ သို႔မဟုတ္ ႏိုင္ငံမ်ားစြာတို႔မွ “ အစိုးရ အဖြဲ႔အစည္း မဟုတ္သူတို႔ ” က အျခားႏိုင္ငံ ( အေမရိကန္ ) အား ႏိုင္ငံေရးရည္ရြယ္ခ်က္ ပါ၀င္ေသာ စစ္ျပဳတိုက္ခိုက္ျခင္းျဖစ္ျပီး လူ႔ သမိုင္းတြင္ ပထမဆံုး အၾကိမ္ဟု ဆိုႏို င္ပါသည္။ ။ သတင္း ဘာသာျပန္သူ HtayOung, OungMarine

မူရင္းလင့္ခ္ဖတ္ခ်င္သူမ်ား- https://www.thenational.ae/world/al-qaeda-gaining-strength-as-terror-fight-focuses-on-isis-1.1056441

https://www.aljazeera.com/news/2020/08/somalia-dead-gun-bomb-attack-mogadishu-hotel-200816154623368.html

Unicode

ဆိုမာလီနိုင်ငံ မိုဂါဒစ်ရှူးမြို့တော် တွင် အယ်လ်ကိုင်ဒါ အစွန်းရောက် အကြမ်းဖက် အဖွဲ့၏ ဒေသန္တရ အဖွဲ့ခွဲ တစ်ခုဖြစ်သော “ အယ်လ်ရှာဘက် “လက်နက်ကိုင် အဖွဲ့၏ ပင်လယ်ကမ်းခြေရှိ အဆင့်မြင့် ဟိုတယ် တစ်ခုအား စီးနင်းသိမ်းပိုက်မှု မှာ လုံခြုံရေးတပ်ဖွဲ့ ဝင်များနှင့် ၃-နာရီကျော်ကြာ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားပြီးနောက် အဆုံးသတ်သွားခဲ့ပြီဖြစ်ကြောင်း Al Jazeera က ယနေ့ရေး သားသည်။

တိုက်ပွဲဖြစ်ပွား စဉ် အယ်လ်ရှာဘက် တိုက်ခိုက်ရေးသမားများ ၏ သေနတ်နှင့် ဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၇ ဦး သေဆုံးပြီး လူပေါင်းများစွာ ဒဏ်ရာရရှိကြောင်း ဆိုမာလီလုံခြုံရေး အရာရှိများနှင့် မျက်မြင် သက်သေများက ပြောဆိုသည်။

သေဆုံးသူ ၁၂ ဦး တွင် အစိုးရ ဝန်ထမ်း- ၂ ဦး၊ ဟိုတယ်လုံခြုံရေးအစောင့် – ၃ ဦး တို့လည်း ပါဝင်ပြီး ဟိုတယ် အပိုင်စီးသူ အကြမ်းဖက်သမား ၄ – ဦး ကို လုံခြုံရေးတပ် ဖွဲ့ဝင်များက အသေပစ်သတ် ဖမ်းဆီးခဲ့သည် ဆို၏။

ယမန်နေ့ ညနေပိုင်းတွင် အကြမ်းဖက် တိုက်ခိုက်ရေး သမားများ သည် ဟိုတယ် လုံခြုံရေးဂိတ်ဝအနီးရှိ ကားတစ်စီးအား ဗုံးဖောက်ခွဲပြီးနောက် ဟိုတယ် အဆောက်အအုံအား အပိုင်စီးခဲ့ကြခြင်းဖြစ်သည်။ ထို့နောက် ဟိုတယ် ထမင်းစားခန်း အတွင် အမျိုးသမီးနှင့် လူငယ်များစွာ တို့ကို စုဝေးစေ ၍ ဓါးစာခံအဖြစ် ဖမ်းဆီးထား ခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ ဝင်များ ၏ ရှင်းလင်းမှု စတင်ချိန်တွင် ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ ဟိုတယ်ဧရိယာအနီးတစ်ဝှိုက်၌ လျှပ်စစ်မီး ပြတ်တောက်သွားပြီး သေနတ်ပစ်ခတ်သံ များ၊ အရေးပေါ် လူနာ တင်ယာဉ် ဥသြသံများ ကြားနေကြရသည်။ ညအမှောင်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ က ဟိုတယ်ပတ်ဝန်းကျင်၌ ဝိုင်းရံထားကြ၍ စစ်ဖက်မော်တော် ယာဉ်များကိုလည်း တွေ့မြင်ကြ ရသည် ။

အထပ် ၄-ထပ်ပါ ဟိုတယ် အဆောက် အအုံ မှ ဧည့်သည် အများစုကို ကယ်တင်နိုင်ခဲ့သည်ဟု သိရှိရပြီး ဒါဏ်ရာရရှိသူ ၂၈-ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း ဒေသခံ အရေးပေါ်ဝန်ဆောင်မှုဋ္ဌာနက ပြောဆိုသည်။

မိုဂါဒစ်ရှူး ဟိုတယ် တိုက်ခိုက်မှု မှာ မိမိတို့ လက်ချက်ဖြစ်သည် ဟု “ အယ်လ်ရှာဘက် “ အဖွဲ့က သတင်းထုတ်ပြန်ကြောင်း ၊ တိုက်ပွဲခေါ်သံ ကို မျှော်လင့်လျှက်ရှိသော အယ်လ်ရှာဘက် အာဇာနည် တို့က ဟိုတယ်အား ထိန်းချုပ်ထား သည်ဟု ပါရှိကြောင်း အမေရိကန်အခြေစိုက် SITE ထောက်လှမ်းရေးအဖွဲ့က ဖော်ပြသည်။

ဆိုမာလီယာသည် ၁၉၉၁ တွင် သမ္မတ ဆာအိဒ်ဘာရီ၏ စစ်အစိုးရပြုတ်ကျပြီးနောက် နိုင်ငံတစ်ဝှမ်းလုံး ပရမ်းပတာဖြစ်ကာ လက်နက်ကိုင်တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပေါ်လျှက် ရှိသည် ။ နိုင်ငံ ၏ နယ်မြေ အများစုနှင့် မြို့တော် မိုဂါဒစ်ရှူးတို့ကို ထိန်းချုပ်ခဲ့ဖူးသော “ အယ်လ်ရှာဘက် “ လက်နက်ကိုင်အဖွဲ့၏ ထကြွသောင်းကျန်းမှု များ အရှိန်မြင့် တက်လျှက် ရှိသည်။

၂၀၁၁ ခုနှစ်တွင် အယ်လ်ရှာဘက် တို့သည် မြို့တော်အား လက်လွှတ်ခဲ့ ရသော်လည်း ဆိုမာလီ အစိုးရအား ဖယ်ရှားရေး ပုံမှန်တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေသည်။

လွန်ခဲ့သည့် ရက်သတ္တပတ်တွင်လည်း မိုဂါဒစ်ရှူးဗဟိုအကျဉ်းထောင် တွင် ထိန်းသိမ်းထားသော အယ်လ်ရှာဘက် တိုက်ခိုက်ရေးသမား ၄-ဦးတို့မှာ လက်နက်ခိုးသွင်း ရန်ကြံစည်ကြောင်း သတင်းအရ ရှာဖွေစဉ် လုံခြုံရေး တပ်ဖွဲ့ဝင်များ ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။

စစ်မက်ဖြစ်ပွားခြင်းနှင့် ပတ်သက် ၍ နိုင်ငံတကာ သဘောတူညီချက်များ ရှိသော်လည်း “ အကြမ်းဖက်ခြင်း၊ အကြမ်းဖက်အဖွဲ့အစည်း ဆိုင်ရာ “ နိုင်ငံတကာ သဘော တူညီချက်များ ယနေ့တိုင် မရှိသေးပါ ။

သို့သော် ဘာသာရေး အစွန်းရောက် Al Qaeda “ အယ်လ်ကိုင်ဒါ “ လက်နက်ကိုင်အဖွဲ့အား “ အကြမ်းဖက် အဖွဲ့အစည်း “ အဖြစ် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက တစ်ညီ တစ်ညွတ်တည်း သတ်မှတ်ထားကြသည်။ အယ်လ်ကိုင်ဒါ၏ လုပ်ရပ်များကိုလည်း “ အကြမ်းဖက်ခြင်း” အဖြစ် ဖော်ပြကြပါသည်။ ကမ္ဘာအရပ်ရပ်ရှိ အယ်လ်ကိုင်ဒါနှင့် ဆက်နွယ်သော အဖွဲ့အစည်းများ ကိုလည်း Al Qaeda International နိုင်ငံတကာ အယ်လ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်ကြရာ အာဖရိက အနောက်ပိုင်းမှ ဘိုကိုဟာရမ်၊ အာဖရိက အရှေ့ပိုင်း မှ ဆိုမာလီနှင့် ကင်ညာရှိ အယ်လ်ရှာဘက်၊ ဆီးရီးယားနှင့် အီရတ်ရှိ အယ်လ်နူးဆာ၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် ပင်လယ်ပြင်တစ်ဝှိုက်ရှိ အဘူဆေယက်ဖ် တို့သည် အယ်လ်ကိုင်ဒါများ ဖြစ်ကြ သည်။

ပြည်တွင်းစစ် ဖြစ်ပွားလျှက် ရှိသော လစ်ဗျား၊ ယီမင်တို့တွင်လည်း အယ်လ်ကိုင်ဒါများ ရှိနေသည်။ တိုက်ခိုက်ရေးသမားများမှာ ဒေသတွင်းသာမက ဥရောပနှင့် နိုင်ငံတကာမှ လာရောက်သူများဖြစ်သည်။

IS အိုင်အက်စ်ခေါ် အစ္စလာမ်မစ်နိုင်ငံတော် ထူထောင်သူများ သည် အယ်လ်ကိုင်ဒါ မှ ပိုမိုသဘောထားတင်းမာ-အစွန်းရောက်သူများနှင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ အစ္စလာမ်နိုင်ငံများမှ ပြည်ပသြဇာလွှမ်းမိုးမှုကို တော်လှန်၍ အသေခံဗုံးခွဲလေ့ရှိသော ဂျီဟဒ်ဝါဒီများမှာလည်း အယ်လ်ကိုင်ဒါ ၏ အယူအဆ ကို လက်ခံကျင့်သုံးသူများ ဖြစ်သည်။

အမှန်စင်စင် 9 / 11 ဖြစ်စဉ် သည် နိုင်ငံတစ်နိုင်ငံ သို့မဟုတ် နိုင်ငံများစွာတို့မှ “အစိုးရအဖွဲ့အစည်း မဟုတ်သူတို့” က အခြားနိုင်ငံ ( အမေရိကန် ) အား နိုင်ငံရေးရည်ရွယ်ချက်ပါဝင်သော စစ်ပြုတိုက်ခိုက်ခြင်းဖြစ်ပြီး လူ့ သမိုင်းတွင် ပထမဆုံး အကြိမ်ဟု ဆိုနို င်ပါသည်။ ။ သတင်း ဘာသာပြန်သူ HtayOung, OungMarine

မူရင်းလင့်ခ်ဖတ်ချင်သူများ- https://www.thenational.ae/world/al-qaeda-gaining-strength-as-terror-fight-focuses-on-isis-1.1056441

https://www.aljazeera.com/news/2020/08/somalia-dead-gun-bomb-attack-mogadishu-hotel-200816154623368.html

Add a Comment

Your email address will not be published. Required fields are marked *