သူ မ်ား လာတိုက္ တာကို ခံမလား၊ ကိုယ္ က အရင္ ဦးေအာင္ တိုက္မလား (ဆာမူရိုင္းေတြ ဘာလုပ္မလဲ)

ဂ်ပန္ တို႔ လက္ နက္ တပ္ဆ င္ၾကေတာ့မည္ေ လာ…

လက္ ရွိတြင္ ကိုရိုနာ ဗိုင္းရပ္စ္ တဖန္ ပ်ံႏွံ႕လာေ နမႈ ႏွင့္ အတူ စီးပြားေရး တုန႔္ဆိုင္း လာေနမႈမ်ား အေပၚ အစိုးရ၏ ကိုင္တြ ယ္မႈ ညံ့ဖ်င္းေၾကာင္း လူထု၏ ေဝဖန္ျခင္းကိုခံေနရတဲ့ ဂ်ပန္ ဝန္ႀကီးခ်ဳပ္ ရွင္တာ ရို အာေ ဘးသည္ ျပည္ပမွ ၿခိမ္းေျခာက္ လာေနမႈကို အာ ႐ုံစိုက္လာေ နရၿပီ ျဖစ္ပါတယ္။ ဤသ ည္က ကမာၻ ရန္သူေတာ္ႀကီးမ်ား ျဖစ္တဲ့ ေျမာက္ကိုရီယား ႏွင့္ တ႐ုတ္မွ ဒုံးက်ည္မ်ား နဲ႕ အခ်ိန္မေ႐ြး ပစ္ခတ္ တိုက္ခိုက္ လာမယ့္ အေရးပဲ ျဖစ္ပါတယ္။

ထို႔အတြက္ ဂ်ပန္က တာေဝးပစ္ ဒုံးက်ည္မ်ား ပိုင္ဆိုင္ဖို႔ သင့္မသင့္ ဆိုသည္ကို လူသိရွင္ၾကား ခ်ျပလာခဲ့ပါတယ္။

တ႐ုတ္မွ အာရွတခြင္ စစ္သံေ ပးလာေနၿပီး ေျမာက္ကိုရီယား မွလည္း ၎တို႔၏ န်ဴကလီးယား လက္နက္တိုက္ႀကီးကို အစြမ္းကုန္ တိုးခ်ဲ့လာေနတာနဲ႕ အမွ် ေဒၚနယ္ထရန႔္အစိုးရမွ ဂ်ပန္ကို အခိုင္အမာ ကာကြယ္ေပးမယ္ ဆိုတဲ့ အေမရိကန္ရဲ႕ ကတိအေပၚ ေလ်ာ့တိေလ်ာ့ရဲ သေဘာထား လာေနမႈမ်ား အၾကား မွာ ဘာလုပ္ရမွန္း မသိ ျဖစ္လာေနပါတယ္။

ထို႔အျပင္ ဂ်ပန္လူထုက ၁၉၄၇ အတြင္း အေမ ရိကန္တို႔ ဦးေဆာင္ေရးဆြဲ ျပဌာန္းေပးခဲ့တဲ့ ေ႐ႊျပည္ေအး ဖြဲ႕စည္းပုံ အတိုင္း စစ္လက္နက္ မတပ္ဆင္ေရး၊ ၿငိမ္းခ်မ္းစြာ ေနထိုင္သြားေရး တို႔ကို အထူး အားသန္ေနၾက တဲ့ အေရး ကိုလည္း ထည့္သြင္းစဥ္းစားေနရပါတယ္။ အာေဘးရဲ႕ ၫႊန္ေပါင္းအစိုးရမွာ ပါဝင္ေနတဲ့ ကိုမီတို ပါတီ မွ တာေဝးပစ္ ဒုံးက်ည္မ်ား ပိုင္ဆိုင္ရန္ ႀကိဳးပမ္းမႈ မွန္သမွ်ကို အျပင္းအ ထန္ ဆန႔္က်င္ေနတဲ့ အတြက္ ေရွ႕တိုးမရ ျဖစ္ေနပါတယ္။

ကမာၻ အင္အားႀကီး နိုင္ငံမ်ား အဖို႔ အခုလို ကိစၥမ်ိဳးသည္ လုပ္ရိုးလုပ္စဥ္သာ ျဖစ္ေသာ္လည္း ဂ်ပန္အဖို႔ ၎တို႔ ျပည္သူမ်ား နဲ႕ အႀကိတ္အနယ္ ေဆြးေႏြးရမယ့္ အေရး ျဖစ္လာေနပါတယ္။ ဂ်ပန္ျပည္သူမ်ားက “တိုက္ခိုက္ေရး” ဆိုတဲ့ စ ကားၾကားတိုင္း ေသြး လန႔္ေနပါတယ္။ သူမ်ားကို တိုက္ဖို႔ ျပင္ဆင္ထားရင္ ကိုယ့္ကို လက္ဦးမႈ ယူၿပီး အတိုက္ခံရမယ့္ အေရးေၾကာင့္လည္း ျဖစ္ပါတယ္။ သို႔ေသာ္လည္း ရန္သူ ဒုံးက်ည္မ်ား အား ေနာက္ဆုံး ငါးမိနစ္ အၾကာ လမ္းခုလတ္မွ ႀကိဳတင္ ဖ်က္ဆီး ပစ္နိုင္မယ့္ ဒုံးခြင္းဒုံး လက္နက္မ်ား ကိုေတာ့ စိတ္ဝင္စားမႈ ရွိၾကတယ္လို႔ စစ္တမ္းမ်ားက ဆိုပါတယ္။

အဆိုပါ ဖြဲ႕စည္းပုံကို အေမရိကန္တို႔က ဂ်ပန္ လက္နက္တ ပ္ဆင္စရာ မလိုေအာင္ မိမိတို႔မွ အခိုင္အမာ ကာကြယ္ ေပးသြားမယ္ ဆိုတဲ့ အာမခံခ်က္နဲ႕ ျပဌာန္းေပးလာခဲ့တာလည္း ျဖစ္ပါတယ္။ အမ်ားသုံးေနတဲ့ စကား ကေတာ့ ဂ်ပန္သည္ ဒိုင္း ကို ကိုင္၊ ဓါးကို လက္ခံ ဆိုတာပဲ ျဖစ္ပါတယ္။ ေဒၚနယ္ ထရန႔္ သမၼတ ျဖစ္လာခ်ိန္မွာေတာ့ ဂ်ပန္အား ကာကြယ္ေရး အသုံးစရိတ္ အတြက္ ထည့္ဝင္ဖို႔ ေတာင္းဆိုလာတာေၾကာင့္ ဒိုင္း နဲ႕ ဓါး သီအိုရီလည္း ပ်က္ျပားစ ျပဳလာေနပါတယ္။

နိုင္ငံရဲ႕ ေျမာက္ပိုင္း နဲ႕ အေနာ က္ပိုင္းမွ ျဖန႔္က်က္ခ်ထားဖို႔ ရည္႐ြယ္ၿပီး အေမရိကန္ကေန ဒုံးက်ည္ကာကြယ္ေရး စနစ္ကို ဝယ္ယူဖို႔ စီစဥ္ထားတာကို ၿပီးခဲ့တဲ့ ဇြန္လအတြင္း ပယ္ဖ်က္ၿပီး နိုင္ငံအတြင္း က်ေရာက္လာမယ့္ ဒုံးက်ည္ေတြကို ဒိုင္း ႀကီး သဖြယ္ အကာအကြယ္ ေပးနိုင္မယ့္ ေနာက္ထပ္ စနစ္တခု နဲ႕ အစားထိုး ဖို႔ စဥ္းစားလာရာမွ အခုလို အပူတျပင္း ေျပာဆို ေဆြးေႏြးလာၾကတာ ျဖစ္ပါတယ္။ အဆိုပါ ဒုံးက်ည္မ်ား အတြက္ တြန္းအားျမႇင့္ booster သည္ ဂ်ပန္နိုင္ငံ အတြင္း ျပန္က်လာနိုင္ၿပီး ေဈးႏႈန္းကလည္း ျမင့္ေနတာေၾကာင့္ မတန္ဖူးလို႔ ဆုံးျဖတ္ၿပီး ပယ္ခ်ခဲ့ၾကတာ ျဖစ္ပါတယ္။

ဂ်ပန္အစိုးရ ထဲမွာလည္း အေ လာသုံးဆယ္ မဆုံးျဖတ္ေသးပဲ အခုလာမယ့္ အေမရိကန္ သမၼတ ေ႐ြးေကာက္ပြဲ ၿပီးသည့္အထိ ေ႐ႊ႕ဆိုင္းထားဖို႔ နဲ႕ သမၼတ အျဖစ္ ထရန႔္ ျပန္အေ႐ြးခံရမွသာ မျဖစ္မေန စီစဥ္ၾကရန္ တိုက္တြန္းမႈေတြ လည္း ရွိေနပါတယ္။

ဂ်ပန္သည္ အျခားနို င္ငံမ်ားသို႔ လက္ဦးမႈ ယူၿပီး ဒုံးက်ည္မ်ား စတင္ပစ္ခတ္ဖို႔ ၁၉၅၆ ကတည္းက ေျပာဆိုမႈေတြ ရွိလာေနခဲ့တယ္လို႔ ဆိုပါတယ္။ ထိုစဥ္က ဂ်ပန္ ဝန္ႀကီးခ်ဳပ္ ျဖစ္သူ အီခ်ီယို ဟာတိုရာမာက “လက္ရွိ ဖြဲ႕စည္းပုံက ဒီတိုင္း ေခါင္းငုံ႕ၿပီး အေသခံ ရမယ္လို႔ ရည္႐ြယ္ ေရးဆြဲခဲ့တာ မဟုတ္ဖူးလို႔ က်ဳပ္ေတာ့ ယုံတယ္” ဟု ေျပာခဲ့ဖူးပါတယ္။

၂၀၁၃ ခုႏွစ္ အတြင္းက ကာကြ ယ္ေရး ဝန္ႀကီး ျဖစ္သူ ရွီဂါယူ အီခ်ီဘား မွ ရန္သူနယ္ေျမ အတြင္း မွ မိမိတို႔ အား ပစ္ခတ္ရန္ ဒုံးက်ည္ ကို ေလာင္စာဆီ ျဖည့္ၿပီး ပစ္စင္ ေပၚတင္လိုက္တာနဲ႕ ဂ်ပန္က စၿပီး ပစ္ခတ္နိုင္မယ့္ အေသးစိတ္ အစီအစဥ္ေတြ ခ်ျပခဲ့ဖူးပါတယ္။ မိမိကို ပစ္မွာလို႔ မေသခ်ာေသးပဲ ကိုယ္ဖက္က စၿပီး စစ္ပြဲကို ဖန္တီးလိုက္သလို ျဖစ္သြားနိုင္တာကို စိုးရိမ္တာတို႔၊ အဲ့လို လုပ္နိုင္ဖို႔ ဘယ္အခ်ိန္မွ စၿပီး ဒုံးက်ည္ေတြ ခ်ထားမွာလဲ ဆိုတဲ့ အေမးမ်ား နဲ႕ အဆုံးသတ္သြားခဲ့ရပါတယ္။ သို႔ေသာ္လည္း ဂ်ပန္မွာ ထိုသို႔ ျပဳလုပ္နိုင္စြမ္း ရွိေနၿပီလို႔ ထင္ေၾကးေတြ ထြက္ေပၚလာခဲ့ပါတယ္။

ေလာေလာ ဆယ္ေတာ့ တ႐ုတ္ သေဘၤာေတြ အေရွ႕တ႐ုတ္ပင္လယ္ရွိ ရွင္ကာကူ ကြၽန္းတန္း အနီး လႈပ္ရွားမႈေတြကို ဂ်ပန္ ကမ္းေျခေစာင့္ တပ္ေတြက အနီးကပ္ ေစာင့္ၾကည့္ေနၾကပါတယ္။ ဒါ့အျပင္ ဗီယက္နမ္ကိုလည္း ကင္းလွည့္သေဘၤာေတြ ငွားရမ္းဖို႔ သေဘာတူညီခ်က္ လက္မွတ္ေရးထိုး ခဲ့ျပန္ပါတယ္။

တ႐ုတ္သတင္းစာ ေတြက ၂၀၁၃ အတြင္း အိုကီနာဝါ ကြၽန္းသည္ ၁၃၇၂ မွ စၿပီး ဂ်ပန္တို႔ မသိမ္းပိုက္မီ အထိ တ႐ုတ္ဧကရာဇ္ ေတြကို လက္ေဆာင္ ပဏၰာ ဆက္သရတဲ့ လက္ေအာက္ခံ နယ္ေျမ ျဖစ္ခဲ့ၿပီး၊ ဂ်ပန္တို႔ သားစဥ္ေျမးဆက္ အခ်ဳပ္အျခာ အာဏာပိုင္ျခင္း မရွိတာ ေသခ်ာတယ္လို႔ ေျပာဆိုခဲ့ဖူးတဲ့ အတြက္ ဂ်ပန္တို႔ ေဒါသအမ်က္ေခ်ာင္းေခ်ာင္း ထြက္ခဲ့ျပန္ပါတယ္။

ဒီအတြက္ ဂ်ပန္က မိမိနိုင္ငံ ကာကြယ္ေရး အတြက္ အၿမဲလိုလို သတိထား ေစာင့္ၾကည့္ေနရၿပီး မိမိတို႔ ဖက္မွ စစ္ျပင္ဆင္ေနၿပီ ဆိုတဲ့ သေဘာမ်ိဳး မသက္ေရာက္ေအာင္ေတာ့ ဂ်ပန္နည္း ဂ်ပန္ဟန္နဲ႕ ကာကြယ္သြားဖို႔ သတိႀကီးစြာ ထားၿပီး လႈပ္ရွားေနၿပီ ျဖစ္ပါတယ္။ (လွစိုးေဝ)

Unicode

ဂျပန် တို့ လက်နက် တပ်ဆ င်ကြတော့မည်ေ လာ…

လက် ရှိတွင် ကိုရိုနာ ဗိုင်းရပ်စ် တဖန် ပျံနှံ့လာေ နမှု နှင့် အတူ စီးပွားရေး တုန့်ဆိုင်း လာနေမှုများ အပေါ် အစိုးရ၏ ကိုင်တွ ယ်မှု ညံ့ဖျင်းကြောင်း လူထု၏ ဝေဖန်ခြင်းကိုခံနေရတဲ့ ဂျပန် ဝန်ကြီးချုပ် ရှင်တာ ရို အာေ ဘးသည် ပြည်ပမှ ခြိမ်းခြောက် လာနေမှုကို အာ ရုံစိုက်လာေ နရပြီ ဖြစ်ပါတယ်။ ဤသ ည်က ကမ္ဘာ ရန်သူတော်ကြီးများ ဖြစ်တဲ့ မြောက်ကိုရီယား နှင့် တရုတ်မှ ဒုံးကျည်များ နဲ့ အချိန်မရွေး ပစ်ခတ် တိုက်ခိုက် လာမယ့် အရေးပဲ ဖြစ်ပါတယ်။

ထို့အတွက် ဂျပန်က တာဝေးပစ် ဒုံးကျည်များ ပိုင်ဆိုင်ဖို့ သင့်မသင့် ဆိုသည်ကို လူသိရှင်ကြား ချပြလာခဲ့ပါတယ်။

တရုတ်မှ အာရှတခွင် စစ်သံေ ပးလာနေပြီး မြောက်ကိုရီယား မှလည်း ၎င်းတို့၏ နျူကလီးယား လက်နက်တိုက်ကြီးကို အစွမ်းကုန် တိုးချဲ့လာနေတာနဲ့ အမျှ ဒေါ်နယ်ထရန့်အစိုးရမှ ဂျပန်ကို အခိုင်အမာ ကာကွယ်ပေးမယ် ဆိုတဲ့ အမေရိကန်ရဲ့ ကတိအပေါ် လျော့တိလျော့ရဲ သဘောထား လာနေမှုများ အကြား မှာ ဘာလုပ်ရမှန်း မသိ ဖြစ်လာနေပါတယ်။

ထို့အပြင် ဂျပန်လူထုက ၁၉၄၇ အတွင်း အမေ ရိကန်တို့ ဦးဆောင်ရေးဆွဲ ပြဌာန်းပေးခဲ့တဲ့ ရွှေပြည်အေး ဖွဲ့စည်းပုံ အတိုင်း စစ်လက်နက် မတပ်ဆင်ရေး၊ ငြိမ်းချမ်းစွာ နေထိုင်သွားရေး တို့ကို အထူး အားသန်နေကြ တဲ့ အရေး ကိုလည်း ထည့်သွင်းစဉ်းစားနေရပါတယ်။ အာဘေးရဲ့ ညွှန်ပေါင်းအစိုးရမှာ ပါဝင်နေတဲ့ ကိုမီတို ပါတီ မှ တာဝေးပစ် ဒုံးကျည်များ ပိုင်ဆိုင်ရန် ကြိုးပမ်းမှု မှန်သမျှကို အပြင်းအ ထန် ဆန့်ကျင်နေတဲ့ အတွက် ရှေ့တိုးမရ ဖြစ်နေပါတယ်။

ကမ္ဘာ အင်အားကြီး နိုင်ငံများ အဖို့ အခုလို ကိစ္စမျိုးသည် လုပ်ရိုးလုပ်စဉ်သာ ဖြစ်သော်လည်း ဂျပန်အဖို့ ၎င်းတို့ ပြည်သူများ နဲ့ အကြိတ်အနယ် ဆွေးနွေးရမယ့် အရေး ဖြစ်လာနေပါတယ်။ ဂျပန်ပြည်သူများက “တိုက်ခိုက်ရေး” ဆိုတဲ့ စ ကားကြားတိုင်း သွေး လန့်နေပါတယ်။ သူများကို တိုက်ဖို့ ပြင်ဆင်ထားရင် ကိုယ့်ကို လက်ဦးမှု ယူပြီး အတိုက်ခံရမယ့် အရေးကြောင့်လည်း ဖြစ်ပါတယ်။ သို့သော်လည်း ရန်သူ ဒုံးကျည်များ အား နောက်ဆုံး ငါးမိနစ် အကြာ လမ်းခုလတ်မှ ကြိုတင် ဖျက်ဆီး ပစ်နိုင်မယ့် ဒုံးခွင်းဒုံး လက်နက်များ ကိုတော့ စိတ်ဝင်စားမှု ရှိကြတယ်လို့ စစ်တမ်းများက ဆိုပါတယ်။

အဆိုပါ ဖွဲ့စည်းပုံကို အမေရိကန်တို့က ဂျပန် လက်နက်တ ပ်ဆင်စရာ မလိုအောင် မိမိတို့မှ အခိုင်အမာ ကာကွယ် ပေးသွားမယ် ဆိုတဲ့ အာမခံချက်နဲ့ ပြဌာန်းပေးလာခဲ့တာလည်း ဖြစ်ပါတယ်။ အများသုံးနေတဲ့ စကား ကတော့ ဂျပန်သည် ဒိုင်း ကို ကိုင်၊ ဓါးကို လက်ခံ ဆိုတာပဲ ဖြစ်ပါတယ်။ ဒေါ်နယ် ထရန့် သမ္မတ ဖြစ်လာချိန်မှာတော့ ဂျပန်အား ကာကွယ်ရေး အသုံးစရိတ် အတွက် ထည့်ဝင်ဖို့ တောင်းဆိုလာတာကြောင့် ဒိုင်း နဲ့ ဓါး သီအိုရီလည်း ပျက်ပြားစ ပြုလာနေပါတယ်။

နိုင်ငံရဲ့ မြောက်ပိုင်း နဲ့ အနော က်ပိုင်းမှ ဖြန့်ကျက်ချထားဖို့ ရည်ရွယ်ပြီး အမေရိကန်ကနေ ဒုံးကျည်ကာကွယ်ရေး စနစ်ကို ဝယ်ယူဖို့ စီစဉ်ထားတာကို ပြီးခဲ့တဲ့ ဇွန်လအတွင်း ပယ်ဖျက်ပြီး နိုင်ငံအတွင်း ကျရောက်လာမယ့် ဒုံးကျည်တွေကို ဒိုင်း ကြီး သဖွယ် အကာအကွယ် ပေးနိုင်မယ့် နောက်ထပ် စနစ်တခု နဲ့ အစားထိုး ဖို့ စဉ်းစားလာရာမှ အခုလို အပူတပြင်း ပြောဆို ဆွေးနွေးလာကြတာ ဖြစ်ပါတယ်။ အဆိုပါ ဒုံးကျည်များ အတွက် တွန်းအားမြှင့် booster သည် ဂျပန်နိုင်ငံ အတွင်း ပြန်ကျလာနိုင်ပြီး ဈေးနှုန်းကလည်း မြင့်နေတာကြောင့် မတန်ဖူးလို့ ဆုံးဖြတ်ပြီး ပယ်ချခဲ့ကြတာ ဖြစ်ပါတယ်။

ဂျပန်အစိုးရ ထဲမှာလည်း အေ လာသုံးဆယ် မဆုံးဖြတ်သေးပဲ အခုလာမယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲ ပြီးသည့်အထိ ရွှေ့ဆိုင်းထားဖို့ နဲ့ သမ္မတ အဖြစ် ထရန့် ပြန်အရွေးခံရမှသာ မဖြစ်မနေ စီစဉ်ကြရန် တိုက်တွန်းမှုတွေ လည်း ရှိနေပါတယ်။

ဂျပန်သည် အခြားနို င်ငံများသို့ လက်ဦးမှု ယူပြီး ဒုံးကျည်များ စတင်ပစ်ခတ်ဖို့ ၁၉၅၆ ကတည်းက ပြောဆိုမှုတွေ ရှိလာနေခဲ့တယ်လို့ ဆိုပါတယ်။ ထိုစဉ်က ဂျပန် ဝန်ကြီးချုပ် ဖြစ်သူ အီချီယို ဟာတိုရာမာက “လက်ရှိ ဖွဲ့စည်းပုံက ဒီတိုင်း ခေါင်းငုံ့ပြီး အသေခံ ရမယ်လို့ ရည်ရွယ် ရေးဆွဲခဲ့တာ မဟုတ်ဖူးလို့ ကျုပ်တော့ ယုံတယ်” ဟု ပြောခဲ့ဖူးပါတယ်။

၂၀၁၃ ခုနှစ် အတွင်းက ကာကွ ယ်ရေး ဝန်ကြီး ဖြစ်သူ ရှီဂါယူ အီချီဘား မှ ရန်သူနယ်မြေ အတွင်း မှ မိမိတို့ အား ပစ်ခတ်ရန် ဒုံးကျည် ကို လောင်စာဆီ ဖြည့်ပြီး ပစ်စင် ပေါ်တင်လိုက်တာနဲ့ ဂျပန်က စပြီး ပစ်ခတ်နိုင်မယ့် အသေးစိတ် အစီအစဉ်တွေ ချပြခဲ့ဖူးပါတယ်။ မိမိကို ပစ်မှာလို့ မသေချာသေးပဲ ကိုယ်ဖက်က စပြီး စစ်ပွဲကို ဖန်တီးလိုက်သလို ဖြစ်သွားနိုင်တာကို စိုးရိမ်တာတို့၊ အဲ့လို လုပ်နိုင်ဖို့ ဘယ်အချိန်မှ စပြီး ဒုံးကျည်တွေ ချထားမှာလဲ ဆိုတဲ့ အမေးများ နဲ့ အဆုံးသတ်သွားခဲ့ရပါတယ်။ သို့သော်လည်း ဂျပန်မှာ ထိုသို့ ပြုလုပ်နိုင်စွမ်း ရှိနေပြီလို့ ထင်ကြေးတွေ ထွက်ပေါ်လာခဲ့ပါတယ်။

လောလော ဆယ်တော့ တရုတ် သငေ်္ဘာတွေ အရှေ့တရုတ်ပင်လယ်ရှိ ရှင်ကာကူ ကျွန်းတန်း အနီး လှုပ်ရှားမှုတွေကို ဂျပန် ကမ်းခြေစောင့် တပ်တွေက အနီးကပ် စောင့်ကြည့်နေကြပါတယ်။ ဒါ့အပြင် ဗီယက်နမ်ကိုလည်း ကင်းလှည့်သငေ်္ဘာတွေ ငှားရမ်းဖို့ သဘောတူညီချက် လက်မှတ်ရေးထိုး ခဲ့ပြန်ပါတယ်။

တရုတ်သတင်းစာ တွေက ၂၀၁၃ အတွင်း အိုကီနာဝါ ကျွန်းသည် ၁၃၇၂ မှ စပြီး ဂျပန်တို့ မသိမ်းပိုက်မီ အထိ တရုတ်ဧကရာဇ် တွေကို လက်ဆောင် ပဏ္ဏာ ဆက်သရတဲ့ လက်အောက်ခံ နယ်မြေ ဖြစ်ခဲ့ပြီး၊ ဂျပန်တို့ သားစဉ်မြေးဆက် အချုပ်အခြာ အာဏာပိုင်ခြင်း မရှိတာ သေချာတယ်လို့ ပြောဆိုခဲ့ဖူးတဲ့ အတွက် ဂျပန်တို့ ဒေါသအမျက်ချောင်းချောင်း ထွက်ခဲ့ပြန်ပါတယ်။

ဒီအတွက် ဂျပန်က မိမိနိုင်ငံ ကာကွယ်ရေး အတွက် အမြဲလိုလို သတိထား စောင့်ကြည့်နေရပြီး မိမိတို့ ဖက်မှ စစ်ပြင်ဆင်နေပြီ ဆိုတဲ့ သဘောမျိုး မသက်ရောက်အောင်တော့ ဂျပန်နည်း ဂျပန်ဟန်နဲ့ ကာကွယ်သွားဖို့ သတိကြီးစွာ ထားပြီး လှုပ်ရှားနေပြီ ဖြစ်ပါတယ်။ (လှစိုးဝေ)

Add a Comment

Your email address will not be published. Required fields are marked *