






Unicode

ရခိုင် ပြည်နယ် စစ်တွေမြို့က ပြည်ပခရီး သွား ရာဇဝင်မရှိသူ တစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ခံထားရ တယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက သြဂုတ်လ ၁၆ မနေ့ညက ထုတ်ပြန်ပါတယ်။

ကူးစက်ရာဇဝင် ပြောက်နေတဲ့ စစ်တွေ က ဘဏ်ဝန်ထမ်း ကိုဗစ်လူနာ အမှတ်-၃၇၅ လက်ရှိအခြေအနေ

အသက် ၂၆ နှစ် အရွယ် စစ်တွေမြို့ဒေသခံ ဘဏ်ဝန်ထမ်း အမျိုးသမီး ဟာ သြဂုတ်လ ၁၂ ရက်နေ့မှာ နှာစေး၊ ဖျားနာပြီး အနံ့ခံအာရုံ ပျက်နေတဲ့ အတွက် စစ်ဆေးရာကနေ ကူးစက် ခံရကြောင်း တွေ့ရှိတာဖြစ် တယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီး ကဌာန လက်ထောက်ညွှန်ကြားရေမှူး ဒေါက်တာ စိုးဝင်းပိုင်က ပြောပါတယ်။

အဲဒီ ကိုဗစ်လူနာ အမှတ်-၃၇၅ ကို စစ်တွေဆေးရုံ မှာ ကုသပေးနေ ပါတယ်။ သူ့မိသားစု အပါအဝင် ၁၉ ဦးကို လိုအပ်တဲ့ ကျန်းမာရေး ဆိုင်ရာ စစ်ဆေးမှုတွေ လုပ်ထားပြီး သီးသန့်နေ ထိုင်အောင် စီစဉ်ထား တယ်လို့ ဆိုပါတယ်။

ကူးစက်ရာဇဝင် ပြောက်နေတဲ့ စစ်တွေ က ဘဏ်ဝန်ထမ်း ကိုဗစ်လူနာ အမှတ်-၃၇၅ လက်ရှိအခြေအနေ

အတည်ပြု လူနာ အလုပ်လုပ်ခဲ့တဲ့ CB ဘဏ်ခွဲ ကို ပိတ်ထားပြီး သူနဲ့ထိတွေ့ခဲ့တဲ့ ဘဏ် ဝန်ထမ်းတွေကိုလည်း အသွားအလာ ကန့်သတ် စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ လူနာဟာ မကြာသေးခင်က ကျောက်ဖြူ၊ ပုဏ္ဏားကျွန်းစ တဲ့မြို့တွေကို သွားလာခဲ့ တယ်လို့ သိရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *