မေလးရွား နိုင္ငံမွာေတြ႕ရ တဲ့ Covid မ်ိဳးကြဲ D614G mutation ဗိုင္းရပ္စ္ဟာ ဆယ္ဆပိုၿပီး ကူးစက္လြယ္ဟု မေလးရွား က်န္းမာေရးၫႊန္ခ်ဳပ္ သတိေပး

မေန႕က (ဩဂတ္စ္ ၁၆ ရက္ေန႕) သူ႕ရဲ႕ Facebook page မွာ တင္ခဲ့ရာမွာ အခုမေ လးရွားမွာေ တြ႕တဲ့ Covid ဗိုင္းရပ္ စ္မ်ိဳးကြဲဟာ D614G mutation ျဖစ္ပါတယ္တဲ့။ အဲ့ဒီ D614G mutation ဟာ အျခား Covid ဗိုင္းရပ္စ္မ်ိဳး ကြဲေတြထက္ လူကိုကူး စက္ဖို႔ဆယ္ဆ ပိုမိုလြယ္ကူသလို လူေတြၾကားထဲ လွ်င္ျမန္စြာျပန႔္ႏွံ႕ဖို႔ ပိုၿပီး လြယ္ကူပါသတဲ့။

အဲ့ဒီ D614G mutation ကို Malaysian Institute for Medical Research မေလးရွား ေဆးသုေသသနက ေလ့လာေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ မေလးရွားရဲ႕ Sivagangga cluster နဲ႕ Uku Tiram cluster ေရာဂါပိုးျပန႔္ႏွံ႕မႈ အစုအဖြဲ႕ေတြကေန ေတြ႕ရွိရပါတယ္တဲ့။

အခုအဲ့ဒီ Sivagangga cluster နဲ႕ Uku Tiram cluster ေရာဂါပိုးျပန႔္ႏွံ႕မႈ အစုအဖြဲ႕ ႏွစ္ခုစလုံးကို ထိန္းခ်ဳပ္ထားနိုင္ၿပီး ဒါဟာ ျပည္သူ႕က်န္းမာေရး အတြက္ေရာဂါထိန္းခ်ဳပ္မႈကို အလြန္ လက္သြက္ေျခသြက္ နဲ႕လုပ္လိုက္လို႔ျဖစ္ပါတယ္တဲ့။

ပထမဆုံး Test လုပ္ၿပီးတဲ့အခါမွာ ပိုးေတြ႕တဲ့လူအနီးအနားက ထိေတြ႕နိုင္သမွ်လူအားလုံးကိုအကုန္လိုက္ၿပီး Test လုပ္ခဲ့လို႔ပါတဲ့။ အဲ့ဒီမွာ မေလးရွားက်န္းမာေရးၫႊန္ခ်ဳပ္ေျပာတဲ့ D614G mutation အေၾကာင္းကို က်ေနာ္နည္းနည္းျဖည့္ေျပာပါမယ္။ D614G mutation ဆိုတဲ့ Covid ဗိုင္းရပ္စ္မ်ိဳးကြဲကို ၿပီးခဲ့တဲ့လ ဇူလိုင္လအတြင္းကစၿပီး သိပၸံပညာရွင္ေတြ သတိထားမိခဲ့တာပါ။

Covid-19 ေရာဂါကိုျဖစ္ေစတဲ့ SARS-CoV-2 ဗိုင္းရပ္စ္ပိုးမွာ လူရဲ႕ကိုယ္ခႏၶာအတြင္းက ဆဲလ္ေတြထဲကို ေဖာက္ဝင္နိုင္တဲ့ Spike ပရိုတိန္းပါပါတယ္။ သေဘာက လူရဲ႕ကိုယ္ထဲကိုေဖာက္ဝင္နိုင္ဖို႔ Spike ပရိုတိန္းက ေသာ့တံလိုျဖစ္ေနပါတယ္။ အဲ့ဒီ Spike ပရိုတိန္းေၾကာင့္ က်ေနာ္တို႔လူေတြ ဒုကၡေရာက္ေနတာပါ။ အဲ့ဒီ Spike ပရိုတိန္းမွာ အမိုင္နိုအက္ဆစ္ေပါင္း ၁၃၀၀ ေလာက္ပါဝင္ပါတယ္။

D614G မ်ိဳးကြဲ ဗိုင္းရပ္စ္လို႔ေခၚ ရတာက အဲ့ဒီ Spike ပရိုတိန္းရဲ႕ အမိုင္နိုအက္ဆစ္ တစ္မ်ိဳးျဖစ္တဲ့ နံပါတ္ 614 ရဲ႕ မ်ိဳးရိုးဗီဇဟာ D ကေန G ကို ေျပာင္းသြားလို႔ျဖစ္ပါတယ္။ D ဆိုတာ aspartic acid ကို အတိုေကာက္ေခၚတာပါ။ G ဆိုတာ glycine ကို အတိုေကာက္ေခၚတာပါ။ ပရိုတိန္းရဲ႕ ေနရာကေတာ့ မေျပာင္းပါဘူး။ သေဘာက Spike ပရိုတိန္းရဲ႕ ေသာ့တံရဲ႕ ေသာ့အထစ္တစ္ခုက ပုံသ႑ာန္တစ္ခု ကေျပာင္းသြားတာပါ။

သိပၸံပညာရွင္ေတြ အမ်ားစုက D614G မ်ိဳးကြဲ ဗိုင္းရပ္စ္ကို G mutation အျဖစ္ပဲ အလြယ္တကူေခၚၾကပါတယ္။ ၂၀၂၀ မတ္လေနာက္ပိုင္း ကမာၻေပၚမွာ အမ်ားဆုံးေတြ႕ရတဲ့ Covid ဗိုင္းရပ္စ္မ်ိဳးကြဲဟာ D614G ေခၚ G mutation ပါပဲ။ G Strain လို႔လည္းေခၚၾကတယ္။ ဒါဆိုရင္ Covid ဗိုင္းရပ္စ္မ်ိဳးကြဲ ဘယ္ႏွစ္မ်ိဳးရွိသလဲ⁉️

ဝူဟန႔္မွာစေတြ႕တာက L Strain…ေျမာက္အေမရိကတိုက္မွာက GH Strain…ေတာင္အေမရိကတိုက္မွာက GR Strain…အေမရိကန္နဲ႕ စပိန္ေနရာအခ်ိဳ႕မွာ S Strain
အီတလီနဲ႕ ဥေရာပတိုက္မွာ G Stain အေတြ႕ရမ်ားတယ္။ Strain ဆိုတာလည္းရွိေသးတယ္။ mutaion အစား strain လို႔ေျပာင္းသုံးႏႈန္း လိုက္တာက မ်ိဳးကြဲဆိုတဲ့ သေဘာကိုပိုေပၚလြင္ေအာင္ပါ။

အေပၚက (၆) မ်ိဳး မွာ L နဲ႕ V မ်ိဳးကြဲက ေပ်ာက္သေလာက္ရွိေနၿပီ။

G မ်ိဳးကြဲက ပိုဆိုးပိုကူးလြယ္ၿပီး တစ္ကမာၻလုံးမွာပိုေတြ႕လာရတယ္။

ျမန္မာျပည္ မွာေတြ႕ရတာ G Strain လား⁉️ စစ္ေတြမွာ ကူးစက္မႈရာဇဝင္မသိရေသးတဲ့ ျပည္တြင္းကူးစက္မႈဟာ ဘယ္မ်ိဳးကြဲလဲ ⁉️

က်န္းမာေရးဝန္ႀကီးဌာနနဲ႕ WHO ကပဲသိပါလိမ့္မယ္။ တစ္ခုသိထားဖို႔က ကမာၻေပၚမွာ နမူနာ sample အခု ၁၀၀ ယူရင္ ၉၇ ခုက G Strain ျဖစ္ေနတာေတြ႕ရပါတယ္။ သိပၸံပညာရွင္ေတြက ကာကြယ္ေဆးထုတ္လုပ္မႈအေပၚမွာ စိုးရိမ္တဲ့အထဲမွာ ဒီ G Strain ကိစၥလဲပါပါတယ္။ အစပိုင္း L Strain နဲ႕ ကာကြယ္ေဆး ဒီဇိုင္းထုတ္ထားၿပီး တကယ္ရင္ဆိုင္ရမွာက G Strain ျဖစ္ေနခဲ့ရင္ အဆင္ေျပ အစြမ္းထက္ထိေရာက္မႈရွိပါ့မလားလို႔ စိတ္ပူၾကတာပါ။

Covid ဗိုင္းရပ္စ္ပိုးဟာ မ်ိဳးကြဲပြားတာ mutation ျဖစ္တာ အလြန္ျမန္သလား⁉️

Covid ဗိုင္းရပ္စ္ပိုးဟာ အျခားဗိုင္းရပ္စ္ေတြထက္စာရင္ mutation ျဖစ္တာ ေႏွးပါတယ္တဲ့။ အခု မေလးရွားက်န္းမာေရးၫႊန္ၾကားေရးမႈးခ်ဴပ္ရဲ႕ စကားကို ျပန္ေကာက္ရရင္….မေလးရွားဟာ Covid ကို ေအာင္ျမင္စြာထိန္းခ်ဳပ္နိုင္တဲ့အထဲမွာ ပါေနပါေသးတယ္တဲ့။ အဲ့လို Covid ကို ထိန္းခ်ဳပ္နိုင္ေသးလို႔ဆိုၿပီး ေပါ့ေပါ့ဆဆမေနၾကပါနဲ႕တဲ့။

ခပ္ခြာခြာေနၾကပါ။ Maskတပ္ၾကပါ။ လက္ကိုမၾကာခနသန႔္စင္ေအာင္ေဆးေၾကာၾကပါ။ မေပါ့ဆပဲျပည္သူအားလုံးကဝိုင္းဝန္းကာကြယ္ၾကပါ… တဲ့ခင္ဗ်ား။ တစ္ေယာက္ကေနတစ္ေယာက္ ဆီေရာဂါ ကူးစက္မႈ အခ်ိတ္အဆက္ကို ျဖတ္ေတာက္ တားဆီးနိုင္တာက ျပည္သူ တစ္ေယာက္ျခင္းစီ ပဲျဖစ္ပါတယ္တဲ့။

က်ေနာ္ထပ္ျဖည့္ေျပာခ်င္ တာကေတာ့ အဲ့ဒီျပည္သူ ဘက္ကလိုက္နာ ဖို႔လိုတာေတြကို မျဖစ္မေနလိုက္ နာေစရန္ နိုင္ငံအႏွံ႕ က်ယ္က်ယ္ျပန႔္ျပန ႔္ႀကိဳးပမ္းအားထု တ္ဖို႔လိုၿပီး စည္းကမ္းမ လိုက္နာရင္ အေရးယူတာမ်ိဳးလုပ္သင့္ပါတယ္။ လူေတြၿပဳံတိုး လုပ္ရမယ့္ ႐ုံးလုပ္ငန္းစဥ္ေတြကို အေရးေပၚဝန္ထမ္းထပ္တိုးၿပီး စနစ္တက်ျဖစ္ေအာင္ စီမံေပးသင့္ပါတယ္။

ျပည္သူေတြလိုက္နာၾကပါလို႔ သတိေပးေနေပမယ့္ ေအာက္ေျခအထိပါလာေအာင္မလုပ္နိုင္ရင္ အေရးယူမႈလုပ္မျပရင္ ဘယ္သူမွ ဂ႐ုျပဳၾကမွာမဟုတ္ပါဘူး။ ဘာပဲေျပာေျပာ Covid-19 က လူကိုမေစာင့္ပါ။ စစ္ေတြမွာ ကြင္းဆက္မေတြ႕ရေသးတဲ့ Local Transmission ျပည္တြင္းကူးစက္မႈေတြ႕ေနၿပီမို႔ စည္းကမ္းတကယ္လိုက္နာေအာင္ တစ္ခုခုလုပ္ဖို႔လိုေနၿပီျဖစ္ေၾကာင္း သတိေပးလိုက္ပါတယ္ ခင္ဗ်ား။

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

(က်ေနာ္ေရးခဲ့သမွ် အားလုံးဖတ္ရေစရန္ copy ကူးသူမ်ား profile link ပါထည့္ကူးေပးရန္ ေမတၱာရပ္ခံပါတယ္။)

Richard Myo Thant (Uniqco_for_kids) 17-Aug-2020

Unicode

မနေ့က (ဩဂတ်စ် ၁၆ ရက်နေ့) သူ့ရဲ့ Facebook page မှာ တင်ခဲ့ရာမှာ အခုမေ လးရှားမှာေ တွ့တဲ့ Covid ဗိုင်းရပ် စ်မျိုးကွဲဟာ D614G mutation ဖြစ်ပါတယ်တဲ့။ အဲ့ဒီ D614G mutation ဟာ အခြား Covid ဗိုင်းရပ်စ်မျိုး ကွဲတွေထက် လူကိုကူး စက်ဖို့ဆယ်ဆ ပိုမိုလွယ်ကူသလို လူတွေကြားထဲ လျှင်မြန်စွာပြန့်နှံ့ဖို့ ပိုပြီး လွယ်ကူပါသတဲ့။

အဲ့ဒီ D614G mutation ကို Malaysian Institute for Medical Research မလေးရှား ဆေးသုသေသနက လေ့လာတွေ့ရှိခဲ့တာဖြစ်ပါတယ်။ မလေးရှားရဲ့ Sivagangga cluster နဲ့ Uku Tiram cluster ရောဂါပိုးပြန့်နှံ့မှု အစုအဖွဲ့တွေကနေ တွေ့ရှိရပါတယ်တဲ့။

အခုအဲ့ဒီ Sivagangga cluster နဲ့ Uku Tiram cluster ရောဂါပိုးပြန့်နှံ့မှု အစုအဖွဲ့ နှစ်ခုစလုံးကို ထိန်းချုပ်ထားနိုင်ပြီး ဒါဟာ ပြည်သူ့ကျန်းမာရေး အတွက်ရောဂါထိန်းချုပ်မှုကို အလွန် လက်သွက်ခြေသွက် နဲ့လုပ်လိုက်လို့ဖြစ်ပါတယ်တဲ့။

ပထမဆုံး Test လုပ်ပြီးတဲ့အခါမှာ ပိုးတွေ့တဲ့လူအနီးအနားက ထိတွေ့နိုင်သမျှလူအားလုံးကိုအကုန်လိုက်ပြီး Test လုပ်ခဲ့လို့ပါတဲ့။ အဲ့ဒီမှာ မလေးရှားကျန်းမာရေးညွှန်ချုပ်ပြောတဲ့ D614G mutation အကြောင်းကို ကျနော်နည်းနည်းဖြည့်ပြောပါမယ်။ D614G mutation ဆိုတဲ့ Covid ဗိုင်းရပ်စ်မျိုးကွဲကို ပြီးခဲ့တဲ့လ ဇူလိုင်လအတွင်းကစပြီး သိပ္ပံပညာရှင်တွေ သတိထားမိခဲ့တာပါ။

Covid-19 ရောဂါကိုဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်ပိုးမှာ လူရဲ့ကိုယ်ခန္ဓာအတွင်းက ဆဲလ်တွေထဲကို ဖောက်ဝင်နိုင်တဲ့ Spike ပရိုတိန်းပါပါတယ်။ သဘောက လူရဲ့ကိုယ်ထဲကိုဖောက်ဝင်နိုင်ဖို့ Spike ပရိုတိန်းက သော့တံလိုဖြစ်နေပါတယ်။ အဲ့ဒီ Spike ပရိုတိန်းကြောင့် ကျနော်တို့လူတွေ ဒုက္ခရောက်နေတာပါ။ အဲ့ဒီ Spike ပရိုတိန်းမှာ အမိုင်နိုအက်ဆစ်ပေါင်း ၁၃၀၀ လောက်ပါဝင်ပါတယ်။

D614G မျိုးကွဲ ဗိုင်းရပ်စ်လို့ခေါ် ရတာက အဲ့ဒီ Spike ပရိုတိန်းရဲ့ အမိုင်နိုအက်ဆစ် တစ်မျိုးဖြစ်တဲ့ နံပါတ် 614 ရဲ့ မျိုးရိုးဗီဇဟာ D ကနေ G ကို ပြောင်းသွားလို့ဖြစ်ပါတယ်။ D ဆိုတာ aspartic acid ကို အတိုကောက်ခေါ်တာပါ။ G ဆိုတာ glycine ကို အတိုကောက်ခေါ်တာပါ။ ပရိုတိန်းရဲ့ နေရာကတော့ မပြောင်းပါဘူး။ သဘောက Spike ပရိုတိန်းရဲ့ သော့တံရဲ့ သော့အထစ်တစ်ခုက ပုံသဏ္ဍာန်တစ်ခု ကပြောင်းသွားတာပါ။

သိပ္ပံပညာရှင်တွေ အများစုက D614G မျိုးကွဲ ဗိုင်းရပ်စ်ကို G mutation အဖြစ်ပဲ အလွယ်တကူခေါ်ကြပါတယ်။ ၂၀၂၀ မတ်လနောက်ပိုင်း ကမ္ဘာပေါ်မှာ အများဆုံးတွေ့ရတဲ့ Covid ဗိုင်းရပ်စ်မျိုးကွဲဟာ D614G ခေါ် G mutation ပါပဲ။ G Strain လို့လည်းခေါ်ကြတယ်။ ဒါဆိုရင် Covid ဗိုင်းရပ်စ်မျိုးကွဲ ဘယ်နှစ်မျိုးရှိသလဲ⁉️

ဝူဟန့်မှာစတွေ့တာက L Strain…မြောက်အမေရိကတိုက်မှာက GH Strain…တောင်အမေရိကတိုက်မှာက GR Strain…အမေရိကန်နဲ့ စပိန်နေရာအချို့မှာ S Strain
အီတလီနဲ့ ဥရောပတိုက်မှာ G Stain အတွေ့ရများတယ်။ Strain ဆိုတာလည်းရှိသေးတယ်။ mutaion အစား strain လို့ပြောင်းသုံးနှုန်း လိုက်တာက မျိုးကွဲဆိုတဲ့ သဘောကိုပိုပေါ်လွင်အောင်ပါ။

အပေါ်က (၆) မျိုး မှာ L နဲ့ V မျိုးကွဲက ပျောက်သလောက်ရှိနေပြီ။

G မျိုးကွဲက ပိုဆိုးပိုကူးလွယ်ပြီး တစ်ကမ္ဘာလုံးမှာပိုတွေ့လာရတယ်။

မြန်မာပြည် မှာတွေ့ရတာ G Strain လား⁉️ စစ်တွေမှာ ကူးစက်မှုရာဇဝင်မသိရသေးတဲ့ ပြည်တွင်းကူးစက်မှုဟာ ဘယ်မျိုးကွဲလဲ ⁉️

ကျန်းမာရေးဝန်ကြီးဌာနနဲ့ WHO ကပဲသိပါလိမ့်မယ်။ တစ်ခုသိထားဖို့က ကမ္ဘာပေါ်မှာ နမူနာ sample အခု ၁၀၀ ယူရင် ၉၇ ခုက G Strain ဖြစ်နေတာတွေ့ရပါတယ်။ သိပ္ပံပညာရှင်တွေက ကာကွယ်ဆေးထုတ်လုပ်မှုအပေါ်မှာ စိုးရိမ်တဲ့အထဲမှာ ဒီ G Strain ကိစ္စလဲပါပါတယ်။ အစပိုင်း L Strain နဲ့ ကာကွယ်ဆေး ဒီဇိုင်းထုတ်ထားပြီး တကယ်ရင်ဆိုင်ရမှာက G Strain ဖြစ်နေခဲ့ရင် အဆင်ပြေ အစွမ်းထက်ထိရောက်မှုရှိပါ့မလားလို့ စိတ်ပူကြတာပါ။

Covid ဗိုင်းရပ်စ်ပိုးဟာ မျိုးကွဲပွားတာ mutation ဖြစ်တာ အလွန်မြန်သလား⁉️

Covid ဗိုင်းရပ်စ်ပိုးဟာ အခြားဗိုင်းရပ်စ်တွေထက်စာရင် mutation ဖြစ်တာ နှေးပါတယ်တဲ့။ အခု မလေးရှားကျန်းမာရေးညွှန်ကြားရေးမှုးချူပ်ရဲ့ စကားကို ပြန်ကောက်ရရင်….မလေးရှားဟာ Covid ကို အောင်မြင်စွာထိန်းချုပ်နိုင်တဲ့အထဲမှာ ပါနေပါသေးတယ်တဲ့။ အဲ့လို Covid ကို ထိန်းချုပ်နိုင်သေးလို့ဆိုပြီး ပေါ့ပေါ့ဆဆမနေကြပါနဲ့တဲ့။

ခပ်ခွာခွာနေကြပါ။ Maskတပ်ကြပါ။ လက်ကိုမကြာခနသန့်စင်အောင်ဆေးကြောကြပါ။ မပေါ့ဆပဲပြည်သူအားလုံးကဝိုင်းဝန်းကာကွယ်ကြပါ… တဲ့ခင်ဗျား။ တစ်ယောက်ကနေတစ်ယောက် ဆီရောဂါ ကူးစက်မှု အချိတ်အဆက်ကို ဖြတ်တောက် တားဆီးနိုင်တာက ပြည်သူ တစ်ယောက်ခြင်းစီ ပဲဖြစ်ပါတယ်တဲ့။

ကျနော်ထပ်ဖြည့်ပြောချင် တာကတော့ အဲ့ဒီပြည်သူ ဘက်ကလိုက်နာ ဖို့လိုတာတွေကို မဖြစ်မနေလိုက် နာစေရန် နိုင်ငံအနှံ့ ကျယ်ကျယ်ပြန့်ပြန့်ကြိုးပမ်းအားထု တ်ဖို့လိုပြီး စည်းကမ်းမ လိုက်နာရင် အရေးယူတာမျိုးလုပ်သင့်ပါတယ်။ လူတွေပြုံတိုး လုပ်ရမယ့် ရုံးလုပ်ငန်းစဉ်တွေကို အရေးပေါ်ဝန်ထမ်းထပ်တိုးပြီး စနစ်တကျဖြစ်အောင် စီမံပေးသင့်ပါတယ်။

ပြည်သူတွေလိုက်နာကြပါလို့ သတိပေးနေပေမယ့် အောက်ခြေအထိပါလာအောင်မလုပ်နိုင်ရင် အရေးယူမှုလုပ်မပြရင် ဘယ်သူမှ ဂရုပြုကြမှာမဟုတ်ပါဘူး။ ဘာပဲပြောပြော Covid-19 က လူကိုမစောင့်ပါ။ စစ်တွေမှာ ကွင်းဆက်မတွေ့ရသေးတဲ့ Local Transmission ပြည်တွင်းကူးစက်မှုတွေ့နေပြီမို့ စည်းကမ်းတကယ်လိုက်နာအောင် တစ်ခုခုလုပ်ဖို့လိုနေပြီဖြစ်ကြောင်း သတိပေးလိုက်ပါတယ် ခင်ဗျား။

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

(ကျနော်ရေးခဲ့သမျှ အားလုံးဖတ်ရစေရန် copy ကူးသူများ profile link ပါထည့်ကူးပေးရန် မေတ္တာရပ်ခံပါတယ်။)

Richard Myo Thant (Uniqco_for_kids) 17-Aug-2020

Add a Comment

Your email address will not be published. Required fields are marked *