ဌာေနျပန္ေရး မေရရာတဲ့ ဘဂၤါလီ ( မူရင္း ရိုဟင္ဂ်ာ ) ဒုကၡသည္မ်ား ႏုိင္ငံသစ္မွာ အေျခခ်ႏုိင္ေရး ေမွ်ာ္လင့္ေန

ဘဂၤါလီ ( မူရင္း ရိုဟင္ဂ်ာ ) ဒုကၡသည္ ေတြ ဘဂၤလားေဒ့ရွ္ ႏိုင္ငံ မွာ ခိုလံႈေနရတာ ၃ ႏွစ္ ျပည့္ခဲ့ ပါၿပီ ။ ဒုကၡသည္ စခန္း တြင္း က အျဖစ္ေဆာက္ထား တဲ့ ခိုလံႈေရး စခန္းေတြမွာ ေနထိုင္ေနရ တဲ့ ျမန္မာႏုိင္ငံ က မြတ္စလင္ လူနည္းစု၀င္ တသန္းေလာက္ ရဲ႕ ေရွ႕ေရးကေတာ့ မေရမရာ ရွိေနဆဲပါ ။

၂၀၁၈ နဲ႔ ၂၀၁၉ ခုႏွစ္ အတြင္း ဌာေနျပန္ေရး ၂ ႀကိမ္ စီစဥ္ခဲ့ေပမယ့္ လည္း ဒုကၡသည္ေတြက လက္မခံတာေၾကာင့္ မေအာင္ျမင္ ခဲ့ပါဘူး။ ျမန္မာအစိုးရကေတာ့ ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို လက္မခံေပမယ့္ ဒုကၡသည္ေတြ ကို ျပန္လက္ခံမယ္ လို႔ ေျပာထား တာပါ။

ဗုဒၶဘာသာ၀င္ေတြ အမ်ားစုျဖစ္ တဲ့ ျမန္မာႏုိင္ငံမွာ သူတို႔ကို ႏုိင္ငံျခားသားေတြ ျဖစ္တယ္ လို႔ သတ္မွတ္ထားၿပီး ႏုိင္ငံသားျဖစ္ခြင့္ ျငင္းပယ္ခံရ သလို အၾကမ္းဖက္မႈေတြ ကိုလည္း စိုးရိမ္တာေၾကာင့္ ဌာေနျပန္ဖို႔ ဒုကၡသည္ေတြ က လက္မခံၾက တာပါ ။

ဒုကၡသည္ တခ်ိဳ႕ကေတာ့ လူကုန္ ကူးသူေတြ နဲ႔ လုိက္ၿပီး အေရွ႕ေတာင္အာရွ ႏုိင္ငံေတြ ကို ေလွနဲ႔သြားၾက တဲ့ အႏၱရာယ္မ်ားလွ တဲ့ လမ္းေၾကာင္း ကို ေရြးခ်ယ္ပါတယ္။

ပင္လယ္ထဲ မွာ အစာေရစာ ျပတ္လပ္တာမ်ိဳး ၊ ေနာက္ မခိုင္ခံ့လွတဲ့ ေလွေတြမွာ လူအျပည့္အၾကပ္ လုိက္ပါၾက တဲ့ ပင္လယ္ျပင္ ခရီးစဥ္ အတြင္း ဒီဘက္ႏွစ္ပိုင္းေတြမွာ ေသဆံုးသူလည္း အမ်ားအျပား ရွိခဲ့ ပါတယ္။

အခု အခ်ိန္မွာေတာ့ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈေတြေၾကာင့္ အသြားအလာ တားျမစ္ကန္႔သတ္မႈေတြ ရွိေနခ်ိန္မွာ မေလးရွား လို ႏုိင္ငံေတြက အလုပ္အကိုင္ေတြ နဲ႔ အရင္းအျမစ္ေတြကို ကာကြယ္ႏုိင္ဖို႔ အတြက္ ႏုိင္ငံထဲကို ေလွေတြနဲ႔ ေရာက္လာရင္ ပင္လယ္ထဲကို ျပန္ေမာင္းထုတ္မယ္ လို႔ ၿခိမ္းေျခာက္မႈေတြနဲ႔အတူ အႏၱရာယ္ႀကီးလွ တဲ့ လမ္းေၾကာင္းေတြက ပိုၿပီးေတာ့ ခက္ခဲလာပါတယ္။

တခ်ိဳ႕ဘဂၤါလီ ( မူရင္း ရိုဟင္ဂ်ာ ) ေတြ ကေတာ့ ခ်မ္းသာတဲ့ႏုိင္ငံ တခုခုမွာ အေျခခ်ႏုိင္ေရး ဆိုတဲ့ တတိယ လမ္းေၾကာင္း အတြက္ ေမွ်ာ္လင့္ခ်က္ ဆက္ၿပီး ထားေနၾကဆဲ ျဖစ္ ပါတယ္ ။ ဒါေပမယ့္လည္း အေနာက္ႏုိင္ငံေတြ ကို အေျခခ်လိုသူေတြ ဒုကၡသည္ေတြ အျဖစ္ ႏုိင္ငံတြင္း ကို ၀င္ေရာက္လာမယ့္ အေရး စိုးရိမ္ခ်က္ နဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံက ဒုကၡသည္ အေျခခ်မႈဆိုင္ရာ အစီအစဥ္ကို ၂၀၁၀ ျပည့္ႏွစ္ မွာ အဆံုးသတ္ ထား ပါ တယ္ ။

Source;VOA

Unicode

ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာ ) ဒုက္ခသည် တွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံ မှာ ခိုလှုံနေရတာ ၃ နှစ် ပြည့်ခဲ့ ပါပြီ ။ ဒုက္ခသည် စခန်း တွင်း က အဖြစ်ဆောက်ထား တဲ့ ခိုလှုံရေး စခန်းတွေမှာ နေထိုင်နေရ တဲ့ မြန်မာနိုင်ငံ က မွတ်စလင် လူနည်းစုဝင် တသန်းလောက် ရဲ့ ရှေ့ရေးကတော့ မရေမရာ ရှိနေဆဲပါ ။

၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ် အတွင်း ဌာနေပြန်ရေး ၂ ကြိမ် စီစဉ်ခဲ့ပေမယ့် လည်း ဒုက္ခသည်တွေက လက်မခံတာကြောင့် မအောင်မြင် ခဲ့ပါဘူး။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမယ့် ဒုက္ခသည်တွေ ကို ပြန်လက်ခံမယ် လို့ ပြောထား တာပါ။

ဗုဒ္ဓဘာသာဝင်တွေ အများစုဖြစ် တဲ့ မြန်မာနိုင်ငံမှာ သူတို့ကို နိုင်ငံခြားသားတွေ ဖြစ်တယ် လို့ သတ်မှတ်ထားပြီး နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံရ သလို အကြမ်းဖက်မှုတွေ ကိုလည်း စိုးရိမ်တာကြောင့် ဌာနေပြန်ဖို့ ဒုက္ခသည်တွေ က လက်မခံကြ တာပါ ။

ဒုက္ခသည် တချို့ကတော့ လူကုန် ကူးသူတွေ နဲ့ လိုက်ပြီး အရှေ့တောင်အာရှ နိုင်ငံတွေ ကို လှေနဲ့သွားကြ တဲ့ အန္တရာယ်များလှ တဲ့ လမ်းကြောင်း ကို ရွေးချယ်ပါတယ်။

ပင်လယ်ထဲ မှာ အစာရေစာ ပြတ်လပ်တာမျိုး ၊ နောက် မခိုင်ခံ့လှတဲ့ လှေတွေမှာ လူအပြည့်အကြပ် လိုက်ပါကြ တဲ့ ပင်လယ်ပြင် ခရီးစဉ် အတွင်း ဒီဘက်နှစ်ပိုင်းတွေမှာ သေဆုံးသူလည်း အများအပြား ရှိခဲ့ ပါတယ်။

အခု အချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေကြောင့် အသွားအလာ တားမြစ်ကန့်သတ်မှုတွေ ရှိနေချိန်မှာ မလေးရှား လို နိုင်ငံတွေက အလုပ်အကိုင်တွေ နဲ့ အရင်းအမြစ်တွေကို ကာကွယ်နိုင်ဖို့ အတွက် နိုင်ငံထဲကို လှေတွေနဲ့ ရောက်လာရင် ပင်လယ်ထဲကို ပြန်မောင်းထုတ်မယ် လို့ ခြိမ်းခြောက်မှုတွေနဲ့အတူ အန္တရာယ်ကြီးလှ တဲ့ လမ်းကြောင်းတွေက ပိုပြီးတော့ ခက်ခဲလာပါတယ်။

တချို့ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာ ) တွေ ကတော့ ချမ်းသာတဲ့နိုင်ငံ တခုခုမှာ အခြေချနိုင်ရေး ဆိုတဲ့ တတိယ လမ်းကြောင်း အတွက် မျှော်လင့်ချက် ဆက်ပြီး ထားနေကြဆဲ ဖြစ် ပါတယ် ။ ဒါပေမယ့်လည်း အနောက်နိုင်ငံတွေ ကို အခြေချလိုသူတွေ ဒုက္ခသည်တွေ အဖြစ် နိုင်ငံတွင်း ကို ဝင်ရောက်လာမယ့် အရေး စိုးရိမ်ချက် နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည် အခြေချမှုဆိုင်ရာ အစီအစဉ်ကို ၂၀၁၀ ပြည့်နှစ် မှာ အဆုံးသတ် ထား ပါ တယ် ။

Source;VOA

Add a Comment

Your email address will not be published. Required fields are marked *