ဆိုးသြမ္းစစ္သား အတြက္ ျပည္သူေတြ ကို ေတာင္ပန္ၿပီး မ်က္ရည္က် ခဲ့တဲ့ ထိုင္းကာခ်ဳပ္

ထိုင္းႏိုင္ငံမွာ လူ (၂၉) ေယာက္ ေသဆုံးၿပီး (၅၇) ေယာက္ ဒဏ္ရာရခဲ့တဲ့ ဆိုးသြမ္းစစ္သား ရဲ႕ လုပ္ရပ္အေပၚ ထိုင္းကာကြယ္ေရးဦးစီးခ်ဳပ္က ေဖေဖာ္ဝါရီ (၁၁) ရက္ေန႔က ျပည္သူေတြကို ေတာင္းပန္စဥ္မွာ မ်က္ရည္က်ခဲ့ ပါတယ္။

“ စစ္တပ္နဲ႕ တပ္သားေတြကို အျပစ္မတင္ၾကပါနဲ႕။ မေက်နပ္ရင္ က်ေနာ္႕ကို ေျပာၾကပါ ။ အျပစ္တင္မွဳအားလံုးကို က်ေနာ္ခံပါမယ္။ က်ေနာ္က ကာခ်ဳပ္ျဖစ္လို႕ က်ေနာ္႕မွာ တာဝန္အျပည့္အဝ ရွိပါတယ္။” လို႕ ထိုင္း ကာခ်ဳပ္ကေျပာပါတယ္ ။

ဆိုးသြမ္းစစ္သား အတြက္ ျပည္သူေတြ ကို ေတာင္ပန္ၿပီး မ်က္ရည္က် ခဲ့တဲ့ ထိုင္းကာခ်ဳပ္

ေဖေဖာ္ဝါရီ ၉ ရက္က ထိုင္းစစ္တပ္ အရာခံဗိုလ္ အဆင့္ရွိသူ အသက္ ၃၂ အ႐ြယ္ ႏိုင္းက်က ဖတ္ထုပ္မားဟာ နခြန္းရာ့ခ်္ဆီးမားခ႐ိုင္ရွိ Terminal 21 ေရွာ့ပင္းေမာ္လ္ကို ဝင္ေရာက္စီးနီးၿပီး ေဈးဝယ္သူေတြကို အစုလိုက္အၿပဳံလိုက္ ပစ္ခတ္ခဲ့ပါတယ္။

အဲဒီျဖစ္ရပ္ဟာ ထိုင္းႏိုင္ငံတႏိုင္ငံလုံးကို တုန္လႈပ္ေခ်ာက္ခ်ားေစခဲ့ပါတယ္။ ကာကြယ္ေရးဦးစီးခ်ဳပ္ အပီရက္ ခြန္ဆမ္ေပါင္ကေတာ့ ထိုင္းစစ္သားတေယာက္ေၾကာင့္ ဒီလိုျဖစ္ခဲ့ရတဲ့အေပၚမွာ သူ႔အေနနဲ႔ ေတာင္းပန္စကားေျပာၾကားၿပီး မ်က္ရည္က်ခဲ့ပါတယ္။

ဆိုးသြမ္းစစ္သား အတြက္ ျပည္သူေတြ ကို ေတာင္ပန္ၿပီး မ်က္ရည္က် ခဲ့တဲ့ ထိုင္းကာခ်ဳပ္

ထိုင္းစစ္တပ္အေနနဲ႔ ထိခိုက္ေသဆုံးရသူေတြနဲ႔ မိသားစုဝင္ေတြ အားလုံးကို ေလ်ာ္ေၾကးေပးအပ္သြားမယ္လို႔လည္း မိနစ္ ၉၀ ၾကာ သတင္းစာရွင္းလင္းပြဲအတြင္း ကာကြယ္ေရးဦးစီးခ်ဳပ္ အပီရက္က ေျပာခဲ့ပါတယ္။ ေသနတ္ေမာင္းဆြဲလိုက္တဲ့ အခိုက္အတန႔္မွာပဲ က်ဴးလြန္သူဟာ စစ္သားမဟုတ္ေတာ့ဘဲ ရာဇဝတ္ေကာင္ ျဖစ္တယ္လို႔ ကာခ်ဳပ္အပီရက္က ဆိုပါတယ္။

ဒါ့အျပင္ ဒီျဖစ္ရပ္မွာ ပါဝင္ပတ္သက္သူေတြကို စုံစမ္းသြားမယ္လို႔ ေျပာခဲ့ၿပီး စစ္မႈထမ္းေတြအေနနဲ႔ ကာကြယ္ေရးဦးစီးခ်ဳပ္ထံ တိုက္႐ိုက္ တိုင္ၾကားႏိုင္တဲ့ ဆက္သြယ္ေရး လမ္းေၾကာင္းသစ္ကို ဖြင့္လွစ္သြားမယ္လို႔လည္း ထိုင္းကာကြယ္ေရးဦးစီးခ်ဳပ္က သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

Unicode

ထိုင်းနိုင်ငံမှာ လူ (၂၉) ယောက် သေဆုံးပြီး (၅၇) ယောက် ဒဏ်ရာရခဲ့တဲ့ ဆိုးသွမ်းစစ်သား ရဲ့ လုပ်ရပ်အပေါ် ထိုင်းကာကွယ်ရေးဦးစီးချုပ်က ဖေဖော်ဝါရီ (၁၁) ရက်နေ့က ပြည်သူတွေကို တောင်းပန်စဉ်မှာ မျက်ရည်ကျခဲ့ ပါတယ်။

“ စစ်တပ်နဲ့ တပ်သားတွေကို အပြစ်မတင်ကြပါနဲ့။ မကျေနပ်ရင် ကျနော့်ကို ပြောကြပါ ။ အပြစ်တင်မှုအားလုံးကို ကျနော်ခံပါမယ်။ ကျနော်က ကာချုပ်ဖြစ်လို့ ကျနော့်မှာ တာဝန်အပြည့်အဝ ရှိပါတယ်။” လို့ ထိုင်း ကာချုပ်ကပြောပါတယ် ။

ဖေဖော်ဝါရီ ၉ ရက်က ထိုင်းစစ်တပ် အရာခံဗိုလ် အဆင့်ရှိသူ အသက် ၃၂ အရွယ် နိုင်းကျက ဖတ်ထုပ်မားဟာ နခွန်းရာ့ချ်ဆီးမားခရိုင်ရှိ Terminal 21 ရှော့ပင်းမော်လ်ကို ဝင်ရောက်စီးနီးပြီး ဈေးဝယ်သူတွေကို အစုလိုက်အပြုံလိုက် ပစ်ခတ်ခဲ့ပါတယ်။

အဲဒီဖြစ်ရပ်ဟာ ထိုင်းနိုင်ငံတနိုင်ငံလုံးကို တုန်လှုပ်ချောက်ချားစေခဲ့ပါတယ်။ ကာကွယ်ရေးဦးစီးချုပ် အပီရက် ခွန်ဆမ်ပေါင်ကတော့ ထိုင်းစစ်သားတယောက်ကြောင့် ဒီလိုဖြစ်ခဲ့ရတဲ့အပေါ်မှာ သူ့အနေနဲ့ တောင်းပန်စကားပြောကြားပြီး မျက်ရည်ကျခဲ့ပါတယ်။

ထိုင်းစစ်တပ်အနေနဲ့ ထိခိုက်သေဆုံးရသူတွေနဲ့ မိသားစုဝင်တွေ အားလုံးကို လျော်ကြေးပေးအပ်သွားမယ်လို့လည်း မိနစ် ၉၀ ကြာ သတင်းစာရှင်းလင်းပွဲအတွင်း ကာကွယ်ရေးဦးစီးချုပ် အပီရက်က ပြောခဲ့ပါတယ်။ သေနတ်မောင်းဆွဲလိုက်တဲ့ အခိုက်အတန့်မှာပဲ ကျူးလွန်သူဟာ စစ်သားမဟုတ်တော့ဘဲ ရာဇဝတ်ကောင် ဖြစ်တယ်လို့ ကာချုပ်အပီရက်က ဆိုပါတယ်။

ဒါ့အပြင် ဒီဖြစ်ရပ်မှာ ပါဝင်ပတ်သက်သူတွေကို စုံစမ်းသွားမယ်လို့ ပြောခဲ့ပြီး စစ်မှုထမ်းတွေအနေနဲ့ ကာကွယ်ရေးဦးစီးချုပ်ထံ တိုက်ရိုက် တိုင်ကြားနိုင်တဲ့ ဆက်သွယ်ရေး လမ်းကြောင်းသစ်ကို ဖွင့်လှစ်သွားမယ်လို့လည်း ထိုင်းကာကွယ်ရေးဦးစီးချုပ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *