မေလးရွား ပီနန္းေလဆိပ္တြင္ ၾကြက္ေၾကာ္ေတြ သယ္လာတဲ့ ျမန္မာတစ္ဦး ဖမ္းဆီးခံရ

မေလးရွားႏုိင္ငံ ပီနန္း အျပည္ျပည္ဆုိင္ရာ ေလဆိပ္ တြင္ ၾကြက္ေၾကာ္ေတြ သယ္ယူလာ ခဲ့တဲ့ ျမန္မာအမ်ဳိးသား တစ္ဦး ကုိ လဆိပ္ အာဏာပုိင္ေတြက ဟန္ ့တားဖမ္း ဆီးလုိက္ေၾကာင္း ေဖေဖာ္၀ါရီ ၁၁ ရက္ The Star သတင္းအရ သိရ ပါတယ္ ။

တရုတ္ႏိုင္ငံဝူဟန္ျမိဳ ့မွ စ တင္ကာ ကူးစက္ပ်ံ ့ပြားေနသည့္ ကိုရိုနာဗိုင္းရပ္စ္ ကို ကာကြယ္ႏိုင္ရန္ သက္ဆိုင္ရာ အစိုးရမ်ားက ၾကိဳးစားေနၾကခ်ိန္တြင္ ၾကြက္ေၾကာ္ မ်ားသယ္ေဆာင္ လာသျဖင့္ မေလးရွား ကူစက္ေရာဂါထိန္းခ်ဳပ္ေရးဌာနက ဖမ္းဆီးလိုက္ျခင္းျဖစ္သည္။

မေလးရွား ပီနန္းေလဆိပ္တြင္ ၾကြက္ေၾကာ္ေတြ သယ္လာတဲ့ ျမန္မာတစ္ဦး ဖမ္းဆီးခံရ

တနဂၤေႏြေန ့ည ၈ နာရီေလာက္က ဘန္ေကာက္မွ တဆင့္ ၀င္ေရာက္လာတဲ့ အသက္ ၃၀ အရြယ္ ခရီးသည္ကုိ ပုံမွန္စစ္ေဆးမႈေတြလုပ္ေဆာင္စဥ္ ၾကြက္ေၾကာ္ ၇၈၀ ဂရမ္ကုိ သိမ္းဆည္းမိခဲ့တာ ျဖစ္တယ္လုိ ့ မေလးရွား ကူးစက္ေရာဂါထိန္းခ်ဳပ္ဟန္႕တားေရးနဲ႕ စစ္ေေဆးေရးဌာန (Maqis) ညႊန္ၾကားေရးမွဴး ဇာရီနာ ရမ္မလီ က ေျပာဆုိပါတယ္။

အဆိုပါအမ်ိဳးသားတြင္ ၾကြက္ေၾကာ္မ်ားကို မေလးရွား ႏိုင္ငံအတြင္းသို ့တင္သြင္းႏိုင္သည့္ခြင့္ျပဳခ်က္ မပါဝင္ သလို အစားအစာမ်ား(ၾကြက္ေၾကာ္မ်ား) သည္လည္း ေဘးအႏၱရာယ္ကင္းရွင္းျပီး ဗိုင္းရပ္စ္မ်ား မပါဝင္သည့္ စားေသာက္ကုန္မ်ားျဖစ္သည္ဆိုသည့္ေထာက္ခံခ်က္ မပါဝင္ေၾကာင္း မေလးရွား ကူစက္ေရာဂါထိန္းခ်ဳပ္ေရးဌာန Maqis ၏ ဒါရိုက္တာျဖစ္သူ Zarina Ramli က ေဖေဖာ္ဝါရီ ၁၀တြင္ ေၾကညာခ်က္ထုတ္ျပန္ ေျပာၾကားထားသည္။

မေလးရွား ပီနန္းေလဆိပ္တြင္ ၾကြက္ေၾကာ္ေတြ သယ္လာတဲ့ ျမန္မာတစ္ဦး ဖမ္းဆီးခံရ

ယင္းျဖစ္စဥ္ေတြေၾကာင့္ ၄င္းတို ့ကို မေလးရွား၏ ၂၀၁၁ ကူးစက္ေရာဂါတားျမစ္ထိန္းခ်ဳပ္ေရးဥပေဒပုဒ္မ ၁၁ အပိုဒ္ခြဲ ၁အရ စြဲခ်က္တင္ထားျပီး ျပစ္မွုထင္ရွားသည္ ဆိုပါက မေလးရွားေငြ ရင္းဂစ္ ၁ သိန္း သို ့ ေထာင္ ၆ ႏွစ္သို ့မဟုတ္ ျပစ္ဒဏ္၂ ခုစလံုးကို တစ္ေပါင္းတည္း က်ခံရဖြယ္ရွိေနျခင္းျဖစ္သည္။

မေလးရွား ပီနန္းေလဆိပ္တြင္ ၾကြက္ေၾကာ္ေတြ သယ္လာတဲ့ ျမန္မာတစ္ဦး ဖမ္းဆီးခံရ
မေလးရွား ပီနန္းေလဆိပ္တြင္ ၾကြက္ေၾကာ္ေတြ သယ္လာတဲ့ ျမန္မာတစ္ဦး ဖမ္းဆီးခံရ

ဒါ့အျပင္ ယင္းတစ္ေန ့တည္းမွာပဲ အေထာက္အထား စာရြက္စာတမ္းမပါဘဲ ထုိင္းခရီးသည္တစ္ဦး သယ္ေဆာင္လာတဲ့ သရက္သီးမ်ားကုိလည္း Maqis က သိမ္းဆည္းခဲ့တယ္လုိ႔လည္း ဆုိပါတယ္။ မေလးရွားႏုိင္ငံရဲ႕ သရက္သီးလုပ္ငန္းအေပၚ ထိခုိက္ပ်က္စီးေစႏုိင္တဲ့ သရက္ပုိးေတြ မေလးရွားႏုိင္ငံအတြင္း ေရာက္ရွိလာျခင္းမွ ကာကြယ္ဖုိ ့ ယင္းသြင္းကုန္ကုိ ပိတ္ပင္ခဲ့တာျဖစ္တယ္လုိ ့ ဆုိခဲ့ၿပီး ထပ္တုိးသြင္းကုန္ ကန္႔သတ္ခ်က္ ေတြမွာ ေလေၾကာင္းကေန သရက္သီးေတြ တင္သြင္းတာလည္း တားျမစ္ထားတယ္လုိ ့ ဆုိပါတယ္။

Unicode

မလေးရှားနိုင်ငံ ပီနန်း အပြည်ပြည်ဆိုင်ရာ လေဆိပ် တွင် ကြွက်ကြော်တွေ သယ်ယူလာ ခဲ့တဲ့ မြန်မာအမျိုးသား တစ်ဦး ကို လဆိပ် အာဏာပိုင်တွေက ဟန့်တားဖမ်း ဆီးလိုက်ကြောင်း ဖေဖော်ဝါရီ ၁၁ ရက် The Star သတင်းအရ သိရ ပါတယ် ။

တရုတ်နိုင်ငံဝူဟန်မြို့မှ စ တင်ကာ ကူးစက်ပျံ့ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် ကို ကာကွယ်နိုင်ရန် သက်ဆိုင်ရာ အစိုးရများက ကြိုးစားနေကြချိန်တွင် ကြွက်ကြော် များသယ်ဆောင် လာသဖြင့် မလေးရှား ကူစက်ရောဂါထိန်းချုပ်ရေးဌာနက ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

တနင်္ဂနွေနေ့ည ၈ နာရီလောက်က ဘန်ကောက်မှ တဆင့် ဝင်ရောက်လာတဲ့ အသက် ၃၀ အရွယ် ခရီးသည်ကို ပုံမှန်စစ်ဆေးမှုတွေလုပ်ဆောင်စဉ် ကြွက်ကြော် ၇၈၀ ဂရမ်ကို သိမ်းဆည်းမိခဲ့တာ ဖြစ်တယ်လို့ မလေးရှား ကူးစက်ရောဂါထိန်းချုပ်ဟန့်တားရေးနဲ့ စစ်ေဆေးရေးဌာန (Maqis) ညွှန်ကြားရေးမှူး ဇာရီနာ ရမ်မလီ က ပြောဆိုပါတယ်။

အဆိုပါအမျိုးသားတွင် ကြွက်ကြော်များကို မလေးရှား နိုင်ငံအတွင်းသို့တင်သွင်းနိုင်သည့်ခွင့်ပြုချက် မပါဝင် သလို အစားအစာများ(ကြွက်ကြော်များ) သည်လည်း ဘေးအန္တရာယ်ကင်းရှင်းပြီး ဗိုင်းရပ်စ်များ မပါဝင်သည့် စားသောက်ကုန်များဖြစ်သည်ဆိုသည့်ထောက်ခံချက် မပါဝင်ကြောင်း မလေးရှား ကူစက်ရောဂါထိန်းချုပ်ရေးဌာန Maqis ၏ ဒါရိုက်တာဖြစ်သူ Zarina Ramli က ဖေဖော်ဝါရီ ၁၀တွင် ကြေညာချက်ထုတ်ပြန် ပြောကြားထားသည်။

ယင်းဖြစ်စဉ်တွေကြောင့် ၎င်းတို့ကို မလေးရှား၏ ၂၀၁၁ ကူးစက်ရောဂါတားမြစ်ထိန်းချုပ်ရေးဥပဒေပုဒ်မ ၁၁ အပိုဒ်ခွဲ ၁အရ စွဲချက်တင်ထားပြီး ပြစ်မှုထင်ရှားသည် ဆိုပါက မလေးရှားငွေ ရင်းဂစ် ၁ သိန်း သို့ ထောင် ၆ နှစ်သို့မဟုတ် ပြစ်ဒဏ်၂ ခုစလုံးကို တစ်ပေါင်းတည်း ကျခံရဖွယ်ရှိနေခြင်းဖြစ်သည်။

ဒါ့အပြင် ယင်းတစ်နေ့တည်းမှာပဲ အထောက်အထား စာရွက်စာတမ်းမပါဘဲ ထိုင်းခရီးသည်တစ်ဦး သယ်ဆောင်လာတဲ့ သရက်သီးများကိုလည်း Maqis က သိမ်းဆည်းခဲ့တယ်လို့လည်း ဆိုပါတယ်။ မလေးရှားနိုင်ငံရဲ့ သရက်သီးလုပ်ငန်းအပေါ် ထိခိုက်ပျက်စီးစေနိုင်တဲ့ သရက်ပိုးတွေ မလေးရှားနိုင်ငံအတွင်း ရောက်ရှိလာခြင်းမှ ကာကွယ်ဖို့ ယင်းသွင်းကုန်ကို ပိတ်ပင်ခဲ့တာဖြစ်တယ်လို့ ဆိုခဲ့ပြီး ထပ်တိုးသွင်းကုန် ကန့်သတ်ချက် တွေမှာ လေကြောင်းကနေ သရက်သီးတွေ တင်သွင်းတာလည်း တားမြစ်ထားတယ်လို့ ဆိုပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *