မွေးကတည်းက ဗိုက်ပွင့်ပြီး အသည်းတွေ အူတွေထွက်ေ နတဲ့ ကလေးငယ်လေး ရဲ့ သနားစရာ အဖြစ်


မွေးကတည်းက ဗိုက်ပွင့်ပြီး အသည်းတွေ အူတွေထွက်ေ နတဲ့ ကလေးငယ်လေး ရဲ့ သနားစရာ အဖြစ်


မွေးကတည်းက ဗိုက်ပွင့်ပြီး အသည်းတွေ အူတွေထွက်ေ နတဲ့ ကလေးငယ်လေး ရဲ့ သနားစရာ အဖြစ်


မွေးကတည်းက ဗိုက်ပွင့်ပြီး အသည်းတွေ အူတွေထွက်ေ နတဲ့ ကလေးငယ်လေး ရဲ့ သနားစရာ အဖြစ်

ခွဲစိတ်မှု (3)




Credit Myat Soe Htay

Unicode

ကုန်းဆေးရုံမှာ ကျန်နေခဲ့ပြီး သူလေးကတော့ ရန်ကင်းကလေးဆေးရုံကိုရောက်လာခဲ့တယ် ။ကျောင်းကုန်းဆေးရုံကြီးကိုနေ့လည်စာလှုမှာမို့ အလှူငွေပေးရင်း ရဲဘော်ရဲဘက် သူငယ်ချင်း ကိုအောင်သူ့ ကိုတွေ့ဖို့ ရန်ကင်းဆေးရုံကို ည ( ၉ ) နာရီလောက်ရောက်သွားခဲ့တယ်။ကားပေါ်ကအရင်ဆင်းလာတာ ကခေါင်းမြီးခြုံထားတဲ့ အစ္စလာမ်ညီမလေးတစ်ယောက် ။ သူကလဲ ကျောင်းကုန်းဆေးရုံမှာ လူနာမေးရင်းကလေးအဖြစ်ကိုတွေ့ပြီး ရန်ကင်းဆေးရုံအထိကူရအောင် လူနာတင်ကားပေါ် တက်လိုက်လာခဲ့သတဲ့ လူနာတင်ကားကလဲဘုန်းကြီး ရဲ့ကားဖြစ်တဲ့အပြင် ဘယ်လူနာမှ မတင်ရသေးတဲ့ ကားဖြစ်နေပြန်တယ် ။ လူနာတင်ကားတွေကိုဆီဖိုးတောင်မပေးနိုင်လို့ကိုအောင်သူကဘုန်းကြီးကားကြီးသွားအကူညီတောင်းလာတာတဲ့..။

ကလေးအဖေနဲ့အဒေါ်ပါလာပေမဲ့တောသူတောင်သားတွေဆိုတော့ဘာမှမသိတဲ့အပြင်ဆေးရုံကလိုက်လာတာဆိုတော့ခါးဝတ်ခါးစားပဲပါသတဲ့ အဲ့နေ့ကည 12 နာရီကျော်သွားပေမဲ့ မနက်ကျတော့ သူတို့အတွက်အဝတ်အစား၊အသုံးအဆောင်တွေဝယ်ခြမ်းပြီးရန်ကင်းဆေးရုံသွားရပြန်တယ်ဆေးရုံရောက်တော့အပေါက်စောင့်ကိုဘယ်လိုမှပြောမရတဲ့အဆုံးဧည့်တွေ့ချိန်ထိထိုင်စောင့်ရတော့တာပေါ့ကလေးကိုစတွေ့ဝော့ာအခုလိုပုံလေးတောင်မဟုတ်ဘူး။ကလီစာတွေအကုန်အိတ်နဲ့ထုတ်ထားတာ..။

ဆရာဝန်တွေဘာပြောလဲဆိုတော့လည်းဘာမှမပြောဘူးတဲ့။သူတို့ခမျာလဲမမေးရဲကြလေတော့ခွဲစိတ်ခန်းဝင်ပေးဖို့တာဝန်ကျဆရာဝန်နဲ့ဝင်တွေ့ပြီးသေချာအပ်ပေးခဲ့ပြီးပြန်လာခဲ့ရတယ် တကယ်တမ်း ဆိုရင်တော့အသက်ရှင်မယ်မထင်မိလောက်အောင်ကလေးအခြေနေကဆိုးရှာတယ်။ရေတစ်စက်၊နို့တစ်စက်တောင်မဝင်သေးပဲမွေးကတည်းကပိုက်တန်းလန်းနဲ့ကလေးခမျာအော်ငိုတာတောင်အသံမထွက်ရှာဘူးဒီနေ့ဆေးရုံရောက်တော့ခွဲစိတ်ခန်းဝင်ထားပေမဲ့သူ့ကိုယ်တွင်းအဂါတွေကိုတစ်ခါထဲပြန်ထည့်ရအောင်ကိုယ်ခန္ဓာထဲနေရာမရှိတဲ့အတွက်..။

ခွဲစိတ်မှု (3)

ကြိမ်လောက်ထပ်လုပ်ရမဲ့အပြင်ဆေးရုံမှာတစ်လလောက်အနည်းဆုံးကြာမဲ့အကြောင်းတာဝန်ကျဆရာမနဲ့တွေ့ပြီးမှသိခဲ့ရကြီးတတ်လွန်းတဲ့ကိုယ်၊အလုပ်များပြီးချာလပတ်လည်နေတဲ့ကိုယ်ဟာခြေထောက်တယ်သံယောဇဉ်မှာဆေးသွင်းထားပြီးအမေလဲမပါ၊အဖေကလဲဘာမှမသိ၊ပါလာတဲ့အဒေါ်ဆိုသူတွေကလည်းနားမလည်တဲ့အခြေနေကြားထဲကရအောင်အသက်ရှင်နေတဲ့သူ့ကိုကြည့်ပြီး ဘာလုပ်ရမှန်းမသိဝောာ့ဘူး။အိပ်ပျော်နေတဲ့သူ့လက်ကလေးကိုဖွဖွလေးကိုင်ကြည့်တော့သူ့အမေလို့ထင်ပြီးကိုယ့်လက်ချောင်းကိုလှမ်းဆုပ်ကိုင်ပြီးမလွှတ်တဲ့ကလေးကိုကြည့်ရင်းကံကောင်းလွန်းတဲ့ဘေးပတ်ဝန်းကျင်ကကလေးတွေကိုသတိရမိတယ်..။

သူ့ရဲ့ထူးဆန်းတဲ့ကံတရားကြောင့်၊အသက်ရှင်ချင်တဲ့စိတ်ကြောင့်ရှင်သန်နေတာလို့လဲခံစားမိတယ်။ဆက်လက်ရှင်သန်ဖို့အားအင်တွေရှိပါစေသားလေးရေလို့ဆုတောင်းပေးမိတယ်ကလေးကိုသနားပြီးအလှူခံပေးတဲ့အဖေ့ကိုလဲကျေးဇူးတင်ပါတယ်။လှူပေးကြတဲ့မိတ်ဆွေတွေကိုလဲအထူးကျေးဇူးတင်ပါတယ်မွေးလာပြီးအမေ့ရင်ခွင်ထဲလုံးဝမရောက်ဖူးသေးတဲ့၊မွေးလာပြီးတာနဲ့သေမင်းနဲ့မနည်းအသက်လုနေရတဲ့ချာတိတ်လေးကို ဟေ့ကောင်ကြီး အားတင်းထား၊အသက်ရှင်မှာပါကွာလို့တိုးတိုးလေးအားပေးခဲ့ပါတယ်..။

ဘဝကံတွေများသိပ်ကြောက်စရာကောင်းတယ်ဆိုတာတကယ်ပါပဲ..။

Credit Myat Soe Htay

Add a Comment

Your email address will not be published. Required fields are marked *