စကၤာပူ ရဲ႕ အႀကီးဆံုးဘဏ္မွာ ဝန္ထမ္းတစ္ဦး ဗိုင္းရပ္စ္ကူးစက္ခံရမႈႏွင့္ ျမန္မာျပည္အေနအထား

စကၤာပူႏိုင္ငံ ရဲ႕ အႀကီးဆံုးဘဏ္ျဖစ္တဲ့ DBS Bank ရဲ႕ Marina Bay ရွိ Bank က ဝန္ထမ္းတစ္ဦးမွာ COVID-19 ကိရိုနာ ဗိုင္းရပ္ေတြ႕ေသာေၾကာင့္ ဝန္ထမ္း ၃၀၀ ကို အေရးေပၚ ေရႊ႕ေျပာင္းေပးခဲ့ရပါတယ္ ။ ဘဏ္ ကိုလဲ ပိုးသတ္ျခင္းလုပ္ငန္းေတြ လုပ္ထားပီး အခ်ိဳ႕ဝန္ထမ္းေတြကိုဘဏ္မလာပဲ အိမ္မွာပဲ ေနၾကဖို႕ညႊန္ၾကားထားပါ တယ္ ။

DBS ဘဏ္က ဝန္ထမ္းေတြရဲ ႕ က်န္းမာေရး အတြက္ ေဆးစစ္ခ်က္ ယူခဲ့ၿပီး မေန႕မနက္မွာ အဲ့ဒီဝန္ထမ္းတစ္ဦးမွာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ရွိေနေၾကာင္း အတည္ျပဳခ်က္ကို ရရွိခဲ့ေၾကာင္း သိရ ပါတယ္ ။

စင္ကာပူ မွာ ဗိုင္းရပ္ကူးစက္သူ ၅၀ ဦးရွိေနပီး တရုတ္ျပည္ျပင္ပမွာ ကူးစက္မွဳအမ်ားဆံုးႏိုင္ငံျဖစ္ပါတယ္။ အခုအခါမွာေတာ့ ေတာင္ကိုရီးယားႏွင့္ ထိုင္ဝမ္အပါအဝင္ ႏိုင္ငံ ၁၀ ႏိုင္ငံက စင္ကာပူကို ခရီးသြားလာခြင့္ ပိတ္ထားလိုက္ပါျပီ။ မေန့ကလဲ စင္ကာပူက ျပန္လာတဲ့ ျဗိတိန္ႏိုင္ငံသား တဦး ဗိုင္းရပ္ကူးစက္ေနပီး သူကတဆင့္ ေနာက္ထပ္ ၁၁ ေယာက္ကို ကူးစက္ေနတာကို ေတြ့ခဲ့ရပါေသးတယ္။

စကၤာပူ ရဲ႕ အႀကီးဆံုးဘဏ္မွာ ဝန္ထမ္းတစ္ဦး ဗိုင္းရပ္စ္ကူးစက္ခံရမႈႏွင့္ ျမန္မာျပည္အေနအထား

စကၤာပူ ႏိုင္ငံဟာ မၾကာေသးခင္ ရက္ပိုင္းအတြင္းကလည္း ေရာဂါကူးစက္ခံရမႈ လိေမၼာ္ေရာင္ အဆင့္ သတ္မွတ္ခဲ့လို႔ ကုန္တိုက္ စူပါမားကက္ေတြမွာ ပစၥည္းမ်ား ျပတ္လတ္သည့္ တိုင္ေအာင္ ႏိုင္ငံသားေတြက အလုအယက္ ဝယ္ယူၾကသည္ထိ အလန္႔တၾကား ျဖစ္ခဲ့ဖူးပါေသးတယ္။

စကၤာပူ ႏိုင္ငံ အက်ယ္အဝန္းဟာ စတုရန္းမိုင္ ၂၇၀ခန္႔သာ ရ္ွၿပီး လူဦးေရက ၂၀၂၀ စာရင္း အရ ၅.၈ သန္းခန္႔ ရွိတာမို႔ လူဦးေရ သိပ္သည္းဆ ၁ စတုရန္းမိုင္မွာ ၂၁၀၀၀ ေက်ာ္ ရွိပါတယ္။ ဒါဟာ အေတာ့္ကို လူဦးေရသိပ္သည္းဆျမင့္မား တယ္လို႔ ဆိုရမွာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံရဲ႕ အက်ယ္အဝန္းဟာ စတုရန္းမိုင္ ၂၆၁၂၂၈ ရွိတာေၾကာင့္ စကၤာပူ ႏိုင္ငံထက္ အဆ ၁၀၀ နီးပါး ရွိတာပါ။ လူဦးေရ ၅၄ သန္းေလာက္ရွိတဲ့ ျမန္မာျပည္ရဲ႕ လူဦးေရ သိပ္သည္းဆဟာ ၁ စတုရန္းမိုင္မွာ ၂၁၆ ႏႈန္းသာ ရွိပါတယ္။

အနီးစပ္ဆုံး ေျပာရရင္ စကၤာပူ ႏိုင္ငံဟာ ရန္ကုန္တိုင္းေဒသႀကီး ရဲ႕ ၁၄ ပုံ ၁ ပုံ ခန္႔သာ ရွိၿပီး ရန္ကုန္ၿမိဳ႕ေတာ္ နယ္နိမိတ္ ဧရိယာ အက်ယ္အဝန္း ၂၃၁ စတုရန္းမိုင္ နဲ႔ မတိမ္းမယိမ္း အနည္းငယ္မွ်သာ ပိုမို က်ယ္ဝန္းတဲ့ ႏိုင္ငံငယ္ တစ္ခုပါ။

စကၤာပူ ရဲ႕ အႀကီးဆံုးဘဏ္မွာ ဝန္ထမ္းတစ္ဦး ဗိုင္းရပ္စ္ကူးစက္ခံရမႈႏွင့္ ျမန္မာျပည္အေနအထား

ရန္ကုန္ၿမိဳ႕ေတာ္ႀကီး ဟာ လူဦးေရ ၅.၃ သန္းေက်ာ္ရွိၿပီး လူဦးေရသိပ္သည္းဆ ဟာ ၁ စတုရန္းမိုင္မွာ ၃၁၀၀၀ ေက်ာ္ ရွိတာမို႔ ရန္ကုန္ၿမိဳ႕ေတာ္ႀကီးရဲ႕ လူဦးေရသိပ္သည္းဆ ျမင့္မားမႈကလည္း စကၤာပူထက္ ပိုမ်ားလို႕ သတိျပဳဖြယ္ရာ ျဖစ္ပါတယ္။ တစ္ခုရွိတာက စကၤာပူက ကပ္ေရာဂါအေရးေပၚအေျခအေန ျဖစ္ခဲ့ရင္ ေျပးစရာ ေျမမရွိတဲ့ ဘဝပါ။ ရန္ကုန္ၿမိဳ႕ေတာ္က အေရးေပၚအေျခအေန ဆိုရင္ ေျပးစရာ ေျမ ေပါေပါမ်ားမ်ား ရွိေနေသးတာက အားသာခ်က္ တစ္ခုပါဘဲ။

လြန္ခဲ့တဲ့ ၁၂ႏွစ္ နာဂစ္မုန္တိုင္းေၾကာင့္ ရန္ကုန္ၿမိဳ႕ႀကီး သြားလာ ပို႔ေဆာင္ေရးေတြ ရပ္ဆိုင္းသြားစဥ္က ဆန္ဆီ ရိကၡာေတြ အလုအယက္ ဝယ္ယူၾကသည္ထိ ျဖစ္ခဲ့ဖူးေလ ေတာ့ စကၤာပူမွာ လူသုံးကုန္ ပစၥည္းေတြကို အလုအယက္ ဝယ္ယူ ၾကတယ္ ဆိုတာ မထူးဆန္းလွပါဘူး။ ကိုယ္ခ်င္းလည္း စာမိပါတယ္။ ဒါေပမယ့္ ရန္ကုန္ ရဲ႕ အားနည္းခ်က္ကို ပြင့္ပြင့္လင္းလင္း ေျပာရရင္ က်န္းမာေရး ျပႆနာေတြ ျဖစ္ခဲ့ရင္ စကၤာပူမွာလို အဆင့္ျမင့္ ေခတ္မီ ေဆး႐ုံနဲ႔ ေဆးပစၥည္း ကရိယာေတြ မရွိတဲ့ အခ်က္ပါဘဲ။

စကၤာပူ ရဲ႕ အႀကီးဆံုးဘဏ္မွာ ဝန္ထမ္းတစ္ဦး ဗိုင္းရပ္စ္ကူးစက္ခံရမႈႏွင့္ ျမန္မာျပည္အေနအထား

ဒါ့ျပင္ ရန္ကုန္ၿမိဳ႕ေတာ္မွ ျပည္သူအမ်ားစုက စကၤာပူျပည္သူေတြလို ခ်မ္းသာႂကြယ္ဝမႈ မရွ္ိသလို က်န္းမာေရး အသိပညာျမင့္မားမႈ မရွ္ိတဲ့ အတြက္ ကပ္ေရာဂါကို ရင္ဆိုင္ ေျဖရွင္းဖို႔ အလြန္ ခက္ခဲေစမွာပဲ ျဖစ္ပါတယ္။

ဥပမာ- ရန္ကုန္က က်ဴးေက်ာ္ရပ္ကြက္မွာ ေနသူ ျပည္သူ ေတြမွာ သန္႔ရွင္းတဲ့ ေရ၊ သန္႔ရွင္းတဲ့ အိမ္သာ၊ သန္႔ရွင္းတဲ့ ပတ္ဝန္းက်င္ ဆိုတာ မရွိပါဘူး။ တန္ဘိုးႀကီးတဲ့ လက္သန္႔စင္ ေဆးရည္ ဆိုတာ အေဝးႀကီးပါ။ ညစ္ပတ္ စုတ္ျပတ္ေနတဲ့ က်ဴးေက်ာ္တဲေတြက မ်က္ႏွာမွာ တပ္ဆင္အသုံးျပဳဖို႔ Mask တို႔ လက္သန္႔စင္ ေဆးရည္ (Hand sanitizer) တို႔ ဆိုတာေတြကို ေလွာင္ေျပာင္ ေနပါလိမ့္မယ္။

ဒါေၾကာင့္ ကြၽန္ေတာ္တို႔ ရန္ကုန္ၿမိဳ႕ေတာ္ႀကီးမွာ ကို႐ိုနာ ဗိုင္းရပ္စ္ ေရာဂါကဲ့သို႔ ကပ္ေရာဂါေတြ မက်ေရာက္ပါေစနဲ႔ လို႔ ဆုေတာင္း႐ုံမွတပါး ဘာမ်ား တတ္ႏိုင္ဦးမွာပါလဲဗ်ာ…

UThant Lwin Oo ( ေလးစားစြာျဖင့္ ခရက္ဒစ္ )

စင်္ကာပူနိုင်ငံ ရဲ့ အကြီးဆုံးဘဏ်ဖြစ်တဲ့ DBS Bank ရဲ့ Marina Bay ရှိ Bank က ဝန်ထမ်းတစ်ဦးမှာ COVID-19 ကိရိုနာ ဗိုင်းရပ်တွေ့သောကြောင့် ဝန်ထမ်း ၃၀၀ ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရပါတယ် ။ ဘဏ် ကိုလဲ ပိုးသတ်ခြင်းလုပ်ငန်းတွေ လုပ်ထားပီး အချို့ဝန်ထမ်းတွေကိုဘဏ်မလာပဲ အိမ်မှာပဲ နေကြဖို့ညွှန်ကြားထားပါ တယ် ။

DBS ဘဏ်က ဝန်ထမ်းတွေရဲ့ ကျန်းမာရေး အတွက် ဆေးစစ်ချက် ယူခဲ့ပြီး မနေ့မနက်မှာ အဲ့ဒီဝန်ထမ်းတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ရှိနေကြောင်း အတည်ပြုချက်ကို ရရှိခဲ့ကြောင်း သိရ ပါတယ် ။

စင်ကာပူ မှာ ဗိုင်းရပ်ကူးစက်သူ ၅၀ ဦးရှိနေပီး တရုတ်ပြည်ပြင်ပမှာ ကူးစက်မှုအများဆုံးနိုင်ငံဖြစ်ပါတယ်။ အခုအခါမှာတော့ တောင်ကိုရီးယားနှင့် ထိုင်ဝမ်အပါအဝင် နိုင်ငံ ၁၀ နိုင်ငံက စင်ကာပူကို ခရီးသွားလာခွင့် ပိတ်ထားလိုက်ပါပြီ။ မနေ့ကလဲ စင်ကာပူက ပြန်လာတဲ့ ဗြိတိန်နိုင်ငံသား တဦး ဗိုင်းရပ်ကူးစက်နေပီး သူကတဆင့် နောက်ထပ် ၁၁ ယောက်ကို ကူးစက်နေတာကို တွေ့ခဲ့ရပါသေးတယ်။

စင်္ကာပူ နိုင်ငံဟာ မကြာသေးခင် ရက်ပိုင်းအတွင်းကလည်း ရောဂါကူးစက်ခံရမှု လိမ္မော်ရောင် အဆင့် သတ်မှတ်ခဲ့လို့ ကုန်တိုက် စူပါမားကက်တွေမှာ ပစ္စည်းများ ပြတ်လတ်သည့် တိုင်အောင် နိုင်ငံသားတွေက အလုအယက် ဝယ်ယူကြသည်ထိ အလန့်တကြား ဖြစ်ခဲ့ဖူးပါသေးတယ်။

စင်္ကာပူ နိုင်ငံ အကျယ်အဝန်းဟာ စတုရန်းမိုင် ၂၇၀ခန့်သာ ရ်ှပြီး လူဦးရေက ၂၀၂၀ စာရင်း အရ ၅.၈ သန်းခန့် ရှိတာမို့ လူဦးရေ သိပ်သည်းဆ ၁ စတုရန်းမိုင်မှာ ၂၁၀၀၀ ကျော် ရှိပါတယ်။ ဒါဟာ အတော့်ကို လူဦးရေသိပ်သည်းဆမြင့်မား တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အကျယ်အဝန်းဟာ စတုရန်းမိုင် ၂၆၁၂၂၈ ရှိတာကြောင့် စင်္ကာပူ နိုင်ငံထက် အဆ ၁၀၀ နီးပါး ရှိတာပါ။ လူဦးရေ ၅၄ သန်းလောက်ရှိတဲ့ မြန်မာပြည်ရဲ့ လူဦးရေ သိပ်သည်းဆဟာ ၁ စတုရန်းမိုင်မှာ ၂၁၆ နှုန်းသာ ရှိပါတယ်။

အနီးစပ်ဆုံး ပြောရရင် စင်္ကာပူ နိုင်ငံဟာ ရန်ကုန်တိုင်းဒေသကြီး ရဲ့ ၁၄ ပုံ ၁ ပုံ ခန့်သာ ရှိပြီး ရန်ကုန်မြို့တော် နယ်နိမိတ် ဧရိယာ အကျယ်အဝန်း ၂၃၁ စတုရန်းမိုင် နဲ့ မတိမ်းမယိမ်း အနည်းငယ်မျှသာ ပိုမို ကျယ်ဝန်းတဲ့ နိုင်ငံငယ် တစ်ခုပါ။

ရန်ကုန်မြို့တော်ကြီး ဟာ လူဦးရေ ၅.၃ သန်းကျော်ရှိပြီး လူဦးရေသိပ်သည်းဆ ဟာ ၁ စတုရန်းမိုင်မှာ ၃၁၀၀၀ ကျော် ရှိတာမို့ ရန်ကုန်မြို့တော်ကြီးရဲ့ လူဦးရေသိပ်သည်းဆ မြင့်မားမှုကလည်း စင်္ကာပူထက် ပိုများလို့ သတိပြုဖွယ်ရာ ဖြစ်ပါတယ်။ တစ်ခုရှိတာက စင်္ကာပူက ကပ်ရောဂါအရေးပေါ်အခြေအနေ ဖြစ်ခဲ့ရင် ပြေးစရာ မြေမရှိတဲ့ ဘဝပါ။ ရန်ကုန်မြို့တော်က အရေးပေါ်အခြေအနေ ဆိုရင် ပြေးစရာ မြေ ပေါပေါများများ ရှိနေသေးတာက အားသာချက် တစ်ခုပါဘဲ။

လွန်ခဲ့တဲ့ ၁၂နှစ် နာဂစ်မုန်တိုင်းကြောင့် ရန်ကုန်မြို့ကြီး သွားလာ ပို့ဆောင်ရေးတွေ ရပ်ဆိုင်းသွားစဉ်က ဆန်ဆီ ရိက္ခာတွေ အလုအယက် ဝယ်ယူကြသည်ထိ ဖြစ်ခဲ့ဖူးလေ တော့ စင်္ကာပူမှာ လူသုံးကုန် ပစ္စည်းတွေကို အလုအယက် ဝယ်ယူ ကြတယ် ဆိုတာ မထူးဆန်းလှပါဘူး။ ကိုယ်ချင်းလည်း စာမိပါတယ်။ ဒါပေမယ့် ရန်ကုန် ရဲ့ အားနည်းချက်ကို ပွင့်ပွင့်လင်းလင်း ပြောရရင် ကျန်းမာရေး ပြဿနာတွေ ဖြစ်ခဲ့ရင် စင်္ကာပူမှာလို အဆင့်မြင့် ခေတ်မီ ဆေးရုံနဲ့ ဆေးပစ္စည်း ကရိယာတွေ မရှိတဲ့ အချက်ပါဘဲ။

ဒါ့ပြင် ရန်ကုန်မြို့တော်မှ ပြည်သူအများစုက စင်္ကာပူပြည်သူတွေလို ချမ်းသာကြွယ်ဝမှု မရှိသလို ကျန်းမာရေး အသိပညာမြင့်မားမှု မရှိတဲ့ အတွက် ကပ်ရောဂါကို ရင်ဆိုင် ဖြေရှင်းဖို့ အလွန် ခက်ခဲစေမှာပဲ ဖြစ်ပါတယ်။

ဥပမာ- ရန်ကုန်က ကျူးကျော်ရပ်ကွက်မှာ နေသူ ပြည်သူ တွေမှာ သန့်ရှင်းတဲ့ ရေ၊ သန့်ရှင်းတဲ့ အိမ်သာ၊ သန့်ရှင်းတဲ့ ပတ်ဝန်းကျင် ဆိုတာ မရှိပါဘူး။ တန်ဘိုးကြီးတဲ့ လက်သန့်စင် ဆေးရည် ဆိုတာ အဝေးကြီးပါ။ ညစ်ပတ် စုတ်ပြတ်နေတဲ့ ကျူးကျော်တဲတွေက မျက်နှာမှာ တပ်ဆင်အသုံးပြုဖို့ Mask တို့ လက်သန့်စင် ဆေးရည် (Hand sanitizer) တို့ ဆိုတာတွေကို လှောင်ပြောင် နေပါလိမ့်မယ်။

ဒါကြောင့် ကျွန်တော်တို့ ရန်ကုန်မြို့တော်ကြီးမှာ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါကဲ့သို့ ကပ်ရောဂါတွေ မကျရောက်ပါစေနဲ့ လို့ ဆုတောင်းရုံမှတပါး ဘာများ တတ်နိုင်ဦးမှာပါလဲဗျာ…

UThant Lwin Oo ( ေလးစားစြာျဖင့္ ခရက္ဒစ္ )

Add a Comment

Your email address will not be published. Required fields are marked *