ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ေစတယ္လို႕ ယူဆၾကသည့္ လင္းႏို ့မ်ားကို အင္ဒိုနီးရွား တြင္ အထူးဟင္းလ်ာ အျဖစ္ ႏွစ္သက္စြာစားေနဆဲ

တ ရုတ္ႏိုင္ငံ ဟူေပးျပည္နယ္ ဝူဟန္ျမိဳ ့မွ စတင္ျဖစ္ ပြား ခဲ့တဲ့ Corona virusမွာ လင္းႏို ့မ်ားထံ မွ စတင္ ကူးစက္ျခင္းျဖစ္ႏိုင္သည္ ဟု ပညာရွင္မ်ား က ယူဆၾက ေသာ္လည္း အင္ ဒိုနီးရွားႏိုင္ငံ တြင္မူ လင္းႏို ့မ်ား ကို အထူးဟင္းလ်ာ အျဖစ္ လက္ရွိအခ်ိန္အထိ စားသံုးေနၾကဆဲျဖစ္ေၾကာင္း South China Morning Post မွေဖာ္ျပခဲ့သည္။လင္းႏို ့ဟင္းလ်ာမွာ အင္ ဒိုနီးရွားရွိ အခ်ိဳ ့ေသာေဒသမ်ားတြင္ ထင္ရွား ေရပန္းစားေနဆဲျဖစ္ သည္ ။ လင္းႏို ့ဟင္းလ်ာက ရင္က်ပ္ျခင္းကို ကုသရာတြင္ အကူအညီျဖစ္ေစႏိုင္သည္ဟုလည္း ေဒသခံမ်ားက ယံုၾကည္ၾကသည္။ကိုရိုနာဗိုင္းရပ္စ္ႏွင့္ပတ္သက္၍ စိုးထိတ္မွုမ်ားရွိေသာ္ လည္း လင္းႏို ့ေရာင္းခ်ရမွု က်ဆင္းျခင္း မရွိေၾကာင္း လင္းႏို ့ေရာင္းခ်သူမ်ားက ေျပာၾကား သည္ ။

လင္းႏို ့ေရာင္းခ်သူ တစ္ဦးျဖစ္သည့္ စတန္လီ တင္မ္ ဘူလန္က ” ဝယ္လိုအားကိုေတာ့ မထိခိုက္ပါဘူးဗ်။ ဝယ္သူေတြကလည္း ေျပာတယ္ေလ။ အဲ့ဒါက တရုတ္မွာပဲ ျဖစ္တာပါတဲ့။ တိုမိုဟြန္ (ဆီလာေဝစီျပည္နယ္မွ ျမိဳ ့တစ္ျမိဳ ့)မွာ မျဖစ္ဘူးတဲ့ ။ ဒါေၾကာင့္ ဆက္ ေရာင္းေနရတာပါပဲ ။ ေရာင္းခ်ရမွုကို မထိခိုက္ပါဘူး။အျမဲတမ္းအကုန္ေရာင္းရတယ္။ ဒီေန ့လက္ရွိေတာင္ ေရာင္းဖို ့လင္းႏို ့မရွိသေလာက္ နည္းေနျပီ” ဟု ဆိုသည္။

လင္းႏို ့မ်ားေရာင္းခ်ရမွုမွာ တစ္ေန ့ႏွင့္တစ္ေန ့မတူ ညီဘဲ ပ်မ္းမ်အားျဖင့္ တစ္ေန ့လွ်င္ လင္းႏို ့ေကာင္ေရ ၅၀ မွ ၆၀ ခန္ ့ေရာင္းခ်ရေလ့ရွိျပီး ပါတီမ်ားရွိသည့္အခါမ်ိဳးတြင္ အေကာင္ေရ ၅၀၀ မွ ၆၀၀ အထိ ေရာင္းခ်ရသည္ဟု လင္းႏို ့ေရာင္းခ်သူတစ္ဦးျဖစ္သည့္ ဂ်ယ္ရီက ေျပာၾကားသည္။စားေသာက္ဆိုင္မ်ားတြင္ လင္းႏို ့ဟင္းလ်ာက ဆာေလာင္ေနသည့္ စားသံုးသူမ်ားကို အထူးဆြဲေဆာင္ေနဆဲျဖစ္သည့္ ဟင္းလ်ာတစ္မ်ိဳးျဖစ္ေနသည္။

စားသံုးသူမ်ားကလည္း လံုးဝစိုးရိမ္ပူပန္မွု မရွိေပ။” မနာဒိုမွာ ဗိုင္းရပ္စ္ျဖစ္မယ္လို ့ က်ြန္မကေတာ့ မယံုၾကည္ဘူး။ လင္းႏို ့ေတြကို ဝယ္ယူစားသံုးသူ အေရအတြက္လည္း မထိခိုက္ပါဘူး” ဟု ဗီနာကာဆီဂါ အမည္ရစားသံုးသူ အမ်ိဳးသမီးငယ္က ဆိုသည္။

ထို ့အတြက္ လင္းႏို ့ကိုစားသည့္အတြက္ ကိုရိုနာဗိုင္းရပ္စ္ကို မေၾကာက္ဘူးလားဟု ေမးျမန္းသည့္အခါတြင္ မေၾကာက္ရြံ ့ေၾကာင္းႏွင့္ မည္သည့္ေနရာတြင္ ေနမေကာင္းျဖစ္ေစမည္ မျဖစ္ေစမည္တို ့ကို ဘုရားသခင္ကသာ ဆံုးျဖတ္သည္ဟုလည္း သူမက ဆိုသည္။

လင္းႏို ့မ်ားတြင္ ကိုရိုနာဗိုင္းရပ္စ္ရွိၾကသည္ဟု ေျပာၾကားမွုမ်ား ရွိေသာ္လည္း မိမိတို ့မနာဒိုတြင္ လင္းႏို ့မွျဖစ္ပြားမွု တစ္စံုတရာကိုမေတြ ့ရေသးေၾကာင္းလည္း လင္းႏို ့စားသံုးသူတစ္ဦးျဖစ္သည့္ ဂ်ဴဖရီမန္တက္ခ္က ဆိုသည္။ လက္ရွိအခ်ိန္အထိလည္း လင္းႏို ့မ်ားကို စားသံုးေနၾကသူအမ်ားအျပားရွိေၾကာင္း လင္းႏို ့ဟင္း လ်ာမွာအလြန္ေကာင္းေၾကာင္း အထူးသျဖင့္ အုန္းႏို ့ျဖင့္ခ်က္ပါက အလြန္အရသာရွိသည္ဟုလည္း ဂ်ဴဖရီမန္တက္ခ္က ေျပာၾကားခဲ့သည္။လင္းႏို ့မ်ားက ကိုရိုနာဗိုင္းရပ္စ္ကို လက္ခံေကာင္ျဖစ္ ႏိုင္သည္ဆိုသည့္အခ်က္ကိုလည္း က်ြမ္းက်င္ပညာရွင္ မ်ားက သံသယရွိေနၾကသည္။

တိရိစၧာန္မ်ားမွ ျဖစ္လာသည့္ေရာဂါမ်ားႏွင့္စိတ္ခ်ရသည့္ စားေသာက္ကုန္မ်ားဆိုင္ရာ WHO ဌာနခြဲ၏ အၾကီးအကဲျဖစ္သူ ေဒါက္တာပီတာဘန္အမ္ဘာရက္ခ္ က” လင္းႏို ့ေတြမွာ ကိုရိုနာနဲ ့ အလြန္ဆင္တူလြန္းတဲ့ဗိုင္းရပ္စ္ေတြကို မၾကာေသးခင္က ေတြ ့ရွိခဲ့ပါတယ္။ ဒါေၾကာင့္လည္း ကိုရိုနာရဲ ့မူလအစဟာ လင္းႏို ့ေတြက စတင္လာတယ္ဆိုျပီး က်ြန္ေတာ္တို ့ ယံုၾကည္ခဲ့ၾကတာပါ။” ဟုဆိုသည္။

” ဒါေပမယ့္ ဗိုင္းရပ္စ္က လင္းႏို ့ကေန လူေတြဆီကို တိုက္ရိုက္ၾကီး ကူးစက္သြားတာေတာ့လည္း မဟုတ္ ဘူး။ ဘာေၾကာင့္လည္းဆိုေတာ့ သာမန္အားျဖင့္လင္းႏို ့ေတြနဲ ့ထိေတြ ့မွု ့က အမ်ားၾကီး မရွိၾကဘူးေလ။ ဒီေတာ့ ၾကားထဲမွာ တိရိစၧာန္တစ္ေကာင္ေတာ့ ရွိေနႏိုင္ပါတယ္။ ဒီအတြက္ ဗိုင္းရပ္စ္က လင္းႏို ့ဆီကေန အဲ့ဒိတိရိစၧာန္ဆီကို ပထမဆံုး ကူးမယ္။ အဲ့ဒိ တိရိစၧာန္ကတစ္ဆင့္ လူေတြဆီကို ျပန္ကူးမယ္။ ျဖစ္ ႏိုင္ေျခရွိတဲ့အရင္းအျမစ္ကိုေတာ့ စိတ္ရွင္းရွင္းထားျပီး ၾကည့္ဖို ့လိုတယ္။ ဘာျဖစ္လာႏိုင္တယ္ဆိုတာကိုလည္း ပြင့္ပြင့္လင္းလင္းစဥ္းစားဆင္ျခင္ဖို ့လိုတယ္ ” ဟု ေဒါက္တာပီတာဘန္အမ္ဘာရက္ခ္က ဆိုသည္။

Unicode

တရုတ်နိုင်ငံ ဟူပေးပြည်နယ် ဝူဟန်မြို့မှ စတင်ဖြစ် ပွား ခဲ့တဲ့ Corona virusမှာ လင်းနို့များထံ မှ စတင် ကူးစက်ခြင်းဖြစ်နိုင်သည် ဟု ပညာရှင်များ က ယူဆကြ သော်လည်း အင်ဒိုနီးရှားနိုင်ငံ တွင်မူ လင်းနို့များ ကို အထူးဟင်းလျာ အဖြစ် လက်ရှိအချိန်အထိ စားသုံးနေကြဆဲဖြစ်ကြောင်း South China Morning Post မှဖော်ပြခဲ့သည်။လင်းနို့ဟင်းလျာမှာ အင်ဒိုနီးရှားရှိ အချို့သောဒေသများတွင် ထင်ရှား ရေပန်းစားနေဆဲဖြစ် သည် ။ လင်းနို့ဟင်းလျာက ရင်ကျပ်ခြင်းကို ကုသရာတွင် အကူအညီဖြစ်စေနိုင်သည်ဟုလည်း ဒေသခံများက ယုံကြည်ကြသည်။ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ စိုးထိတ်မှုများရှိသော် လည်း လင်းနို့ရောင်းချရမှု ကျဆင်းခြင်း မရှိကြောင်း လင်းနို့ရောင်းချသူများက ပြောကြား သည် ။

လင်းနို့ရောင်းချသူ တစ်ဦးဖြစ်သည့် စတန်လီ တင်မ် ဘူလန်က ” ဝယ်လိုအားကိုတော့ မထိခိုက်ပါဘူးဗျ။ ဝယ်သူတွေကလည်း ပြောတယ်လေ။ အဲ့ဒါက တရုတ်မှာပဲ ဖြစ်တာပါတဲ့။ တိုမိုဟွန် (ဆီလာဝေစီပြည်နယ်မှ မြို့တစ်မြို့)မှာ မဖြစ်ဘူးတဲ့ ။ ဒါကြောင့် ဆက် ရောင်းနေရတာပါပဲ ။ ရောင်းချရမှုကို မထိခိုက်ပါဘူး။အမြဲတမ်းအကုန်ရောင်းရတယ်။ ဒီနေ့လက်ရှိတောင် ရောင်းဖို့လင်းနို့မရှိသလောက် နည်းနေပြီ” ဟု ဆိုသည်။

လင်းနို့များရောင်းချရမှုမှာ တစ်နေ့နှင့်တစ်နေ့မတူ ညီဘဲ ပျမ်းမျအားဖြင့် တစ်နေ့လျှင် လင်းနို့ကောင်ရေ ၅၀ မှ ၆၀ ခန့်ရောင်းချရလေ့ရှိပြီး ပါတီများရှိသည့်အခါမျိုးတွင် အကောင်ရေ ၅၀၀ မှ ၆၀၀ အထိ ရောင်းချရသည်ဟု လင်းနို့ရောင်းချသူတစ်ဦးဖြစ်သည့် ဂျယ်ရီက ပြောကြားသည်။စားသောက်ဆိုင်များတွင် လင်းနို့ဟင်းလျာက ဆာလောင်နေသည့် စားသုံးသူများကို အထူးဆွဲဆောင်နေဆဲဖြစ်သည့် ဟင်းလျာတစ်မျိုးဖြစ်နေသည်။

စားသုံးသူများကလည်း လုံးဝစိုးရိမ်ပူပန်မှု မရှိပေ။” မနာဒိုမှာ ဗိုင်းရပ်စ်ဖြစ်မယ်လို့ ကျွန်မကတော့ မယုံကြည်ဘူး။ လင်းနို့တွေကို ဝယ်ယူစားသုံးသူ အရေအတွက်လည်း မထိခိုက်ပါဘူး” ဟု ဗီနာကာဆီဂါ အမည်ရစားသုံးသူ အမျိုးသမီးငယ်က ဆိုသည်။

ထို့အတွက် လင်းနို့ကိုစားသည့်အတွက် ကိုရိုနာဗိုင်းရပ်စ်ကို မကြောက်ဘူးလားဟု မေးမြန်းသည့်အခါတွင် မကြောက်ရွံ့ကြောင်းနှင့် မည်သည့်နေရာတွင် နေမကောင်းဖြစ်စေမည် မဖြစ်စေမည်တို့ကို ဘုရားသခင်ကသာ ဆုံးဖြတ်သည်ဟုလည်း သူမက ဆိုသည်။

လင်းနို့များတွင် ကိုရိုနာဗိုင်းရပ်စ်ရှိကြသည်ဟု ပြောကြားမှုများ ရှိသော်လည်း မိမိတို့မနာဒိုတွင် လင်းနို့မှဖြစ်ပွားမှု တစ်စုံတရာကိုမတွေ့ရသေးကြောင်းလည်း လင်းနို့စားသုံးသူတစ်ဦးဖြစ်သည့် ဂျူဖရီမန်တက်ခ်က ဆိုသည်။ လက်ရှိအချိန်အထိလည်း လင်းနို့များကို စားသုံးနေကြသူအများအပြားရှိကြောင်း လင်းနို့ဟင်း လျာမှာအလွန်ကောင်းကြောင်း အထူးသဖြင့် အုန်းနို့ဖြင့်ချက်ပါက အလွန်အရသာရှိသည်ဟုလည်း ဂျူဖရီမန်တက်ခ်က ပြောကြားခဲ့သည်။လင်းနို့များက ကိုရိုနာဗိုင်းရပ်စ်ကို လက်ခံကောင်ဖြစ် နိုင်သည်ဆိုသည့်အချက်ကိုလည်း ကျွမ်းကျင်ပညာရှင် များက သံသယရှိနေကြသည်။

တိရိစ္ဆာန်များမှ ဖြစ်လာသည့်ရောဂါများနှင့်စိတ်ချရသည့် စားသောက်ကုန်များဆိုင်ရာ WHO ဌာနခွဲ၏ အကြီးအကဲဖြစ်သူ ဒေါက်တာပီတာဘန်အမ်ဘာရက်ခ် က” လင်းနို့တွေမှာ ကိုရိုနာနဲ့ အလွန်ဆင်တူလွန်းတဲ့ဗိုင်းရပ်စ်တွေကို မကြာသေးခင်က တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ကိုရိုနာရဲ့မူလအစဟာ လင်းနို့တွေက စတင်လာတယ်ဆိုပြီး ကျွန်တော်တို့ ယုံကြည်ခဲ့ကြတာပါ။” ဟုဆိုသည်။

” ဒါပေမယ့် ဗိုင်းရပ်စ်က လင်းနို့ကနေ လူတွေဆီကို တိုက်ရိုက်ကြီး ကူးစက်သွားတာတော့လည်း မဟုတ် ဘူး။ ဘာကြောင့်လည်းဆိုတော့ သာမန်အားဖြင့်လင်းနို့တွေနဲ့ထိတွေ့မှု့က အများကြီး မရှိကြဘူးလေ။ ဒီတော့ ကြားထဲမှာ တိရိစ္ဆာန်တစ်ကောင်တော့ ရှိနေနိုင်ပါတယ်။ ဒီအတွက် ဗိုင်းရပ်စ်က လင်းနို့ဆီကနေ အဲ့ဒိတိရိစ္ဆာန်ဆီကို ပထမဆုံး ကူးမယ်။ အဲ့ဒိ တိရိစ္ဆာန်ကတစ်ဆင့် လူတွေဆီကို ပြန်ကူးမယ်။ ဖြစ် နိုင်ခြေရှိတဲ့အရင်းအမြစ်ကိုတော့ စိတ်ရှင်းရှင်းထားပြီး ကြည့်ဖို့လိုတယ်။ ဘာဖြစ်လာနိုင်တယ်ဆိုတာကိုလည်း ပွင့်ပွင့်လင်းလင်းစဉ်းစားဆင်ခြင်ဖို့လိုတယ် ” ဟု ဒေါက်တာပီတာဘန်အမ်ဘာရက်ခ်က ဆိုသည်။

Add a Comment

Your email address will not be published. Required fields are marked *