ဟိုင္းေဝးလမ္းမွာ ကားၿပိဳင္ေမာင္းရာ ကားထဲမွ ကေလးေလး လႊင့္စင္ထြက္က် ( ရုပ္သံ )

ယာ ဥ္မေတာ္ဆမႈျဖစ္ရတဲ့ အေၾကာင္းရင္း ရာခိုင္ႏႈန္း အေတာ္မ်ားမ်ားဟာ ဗရမ္းဗတာေမာင္းၾကတဲ့ တာဝန္မဲ့ ယာဥ္ေမာင္းမ်ားေၾကာင့္ ျဖစ္ ပါတယ္ ။ ဒီလို ယာဥ္ေမာင္းေတြေၾကာင့္ လမ္းေပၚမွာ သြားလာေနၾက တဲ့ အျခားေမာ္ေတာ္ယာဥ္ေတြ အတြက္ပါ အႏၲရာယ္ႀကီးမား ပါ တယ္ ။

ဟိုင္းေဝးလမ္းမွာ ကားၿပိဳင္ေမာင္းရာ ကားထဲမွ ကေလးေလး လႊင့္စင္ထြက္က် ( ရုပ္သံ )

လတ္တေလာ လူမႈကြန္ယက္ေပၚ ျပန႔္ႏွံ႔ေနတဲ့ ႐ုပ္သံတစ္ခုမွာေတာ့ ဟိုင္းေဝးလမ္းမႀကီးေပၚမွာ ကားၿပိဳင္ေမာင္းရာကေန ကားေပၚမွာ ပါလာတဲ့ အသက္ ၅ ႏွစ္ဝန္းက်င္ ကေလးတစ္ေယာက္ ကားထဲကေန လႊင့္စင္ထြက္က်ၿပီး ကားလမ္းမအလယ္မွာ ျပဳတ္က်က်န္ခဲ့တဲ့ ျဖစ္ရပ္ျဖစ္ပါတယ္။

႐ုပ္သံအရ Honda Civic အမ်ိဳးအစား အျဖဴေရာင္ကားဟာ ကားေတြကို အရွိန္ျပင္းစြာေမာင္းႏွင္ရင္း ဟိုဝင္ဒီထြက္နဲ႔ ေမာင္းႏွင္ခဲ့ရာ အျပာေရာင္ဆလြန္းကားတစ္စီးကို အရွိန္နဲ႔ ေက်ာ္တက္စဥ္ လမ္းနံေဘးက အကာအရံသံတန္းကို ကာေဘာ္ဒီနဲ႔ တိုက္မိၿပီးေနာက္ ကေလးကကားလမ္းမေပၚ လႊင့္က်ခဲ့တာျဖစ္ပါတယ္။ ေနာက္မွာ ကပ္ပါလာတဲ့ အျပာေရာင္ ဆလြန္းကားက ကေလးကို တက္က်ိတ္မိေတာ့မလိုျဖစ္ၿပီးမွ မနည္းေရွာင္ကြင္းေမာင္းႏွင္လိုက္တာကို ေတြ႕ရပါတယ္။

ကားလုံၿခဳံေရးကင္မရာအရ ရက္စြဲမွာ ၂၀၁၈ ခုႏွစ္ျဖစ္ေနေသာ္လည္း ဒီအျဖစ္ပ်က္ဟာ ၂၀၂၀ ခုႏွစ္ ေဖေဖာ္ဝါရီ ၁၀ ရက္ေန႔ ညေန ၃ နာရီ ၂၀ ခန႔္က ျဖစ္ပ်က္ခဲ့ေၾကာင္း၊ ကင္မရာရက္စြဲျပႆနာျဖစ္ေနေၾကာင္း ပိုစ့္ပိုင္ရွင္က ျပန္လည္ရွင္းျပခဲ့ပါတယ္။ မေလးရွားႏိုင္ငံ ပဒက္စ္လင္ဂီၿမိဳ႕ကေန နီဂရီဆမ္ဘီလန္ၿမိဳ႕ ကိုသြားတဲ့ ဟိုင္းေဝးလမ္းမႀကီးေပၚမွာ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

Unicode

ယာ ဉ်မတော်ဆမှုဖြစ်ရတဲ့ အကြောင်းရင်း ရာခိုင်နှုန်း အတော်များများဟာ ဗရမ်းဗတာမောင်းကြတဲ့ တာဝန်မဲ့ ယာဉ်မောင်းများကြောင့် ဖြစ် ပါတယ် ။ ဒီလို ယာဉ်မောင်းတွေကြောင့် လမ်းပေါ်မှာ သွားလာနေကြ တဲ့ အခြားမော်တော်ယာဉ်တွေ အတွက်ပါ အန္တရာယ်ကြီးမား ပါ တယ် ။

လတ်တလော လူမှုကွန်ယက်ပေါ် ပြန့်နှံ့နေတဲ့ ရုပ်သံတစ်ခုမှာတော့ ဟိုင်းဝေးလမ်းမကြီးပေါ်မှာ ကားပြိုင်မောင်းရာကနေ ကားပေါ်မှာ ပါလာတဲ့ အသက် ၅ နှစ်ဝန်းကျင် ကလေးတစ်ယောက် ကားထဲကနေ လွှင့်စင်ထွက်ကျပြီး ကားလမ်းမအလယ်မှာ ပြုတ်ကျကျန်ခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။

ရုပ်သံအရ Honda Civic အမျိုးအစား အဖြူရောင်ကားဟာ ကားတွေကို အရှိန်ပြင်းစွာမောင်းနှင်ရင်း ဟိုဝင်ဒီထွက်နဲ့ မောင်းနှင်ခဲ့ရာ အပြာရောင်ဆလွန်းကားတစ်စီးကို အရှိန်နဲ့ ကျော်တက်စဉ် လမ်းနံဘေးက အကာအရံသံတန်းကို ကာဘော်ဒီနဲ့ တိုက်မိပြီးနောက် ကလေးကကားလမ်းမပေါ် လွှင့်ကျခဲ့တာဖြစ်ပါတယ်။ နောက်မှာ ကပ်ပါလာတဲ့ အပြာရောင် ဆလွန်းကားက ကလေးကို တက်ကျိတ်မိတော့မလိုဖြစ်ပြီးမှ မနည်းရှောင်ကွင်းမောင်းနှင်လိုက်တာကို တွေ့ရပါတယ်။

ကားလုံခြုံရေးကင်မရာအရ ရက်စွဲမှာ ၂၀၁၈ ခုနှစ်ဖြစ်နေသော်လည်း ဒီအဖြစ်ပျက်ဟာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညနေ ၃ နာရီ ၂၀ ခန့်က ဖြစ်ပျက်ခဲ့ကြောင်း၊ ကင်မရာရက်စွဲပြဿနာဖြစ်နေကြောင်း ပိုစ့်ပိုင်ရှင်က ပြန်လည်ရှင်းပြခဲ့ပါတယ်။ မလေးရှားနိုင်ငံ ပဒက်စ်လင်ဂီမြို့ကနေ နီဂရီဆမ်ဘီလန်မြို့ ကိုသွားတဲ့ ဟိုင်းဝေးလမ်းမကြီးပေါ်မှာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Add a Comment

Your email address will not be published. Required fields are marked *