ဘန္ေကာက္ၿမိဳ႕လယ္ေခါင္ အထင္ကရ ေနရာတစ္ခု တြင္ ေသနတ္ျဖင့္ အခ်က္ေပါင္း (၄၀) မက ပစ္ခတ္သံေၾကာင့္ အထူးရဲတပ္ဖြဲ႕မွ ဖမ္းဆီးထိန္းသိမ္းနိုင္ခဲ့

ေဖေဖာ္၀ါရီ ၁၄ , ၂၀၂၀

ထိုင္းနိုင္ငံ ဘန္ေကာက္ၿမိဳ႕ ပထုမ္းဝမ္းၿမိဳ႕နယ္ ဘန္းထတ္ေထာင္းလမ္းမေဘး အမွတ္ ( ၁၀ ) က်ဴလာေလာင္ကြန္ လမ္းသြယ္ရွိ အားကစားဝတ္စုံမ်ားေရာင္းသည့္ ” Sport Zone Market ” မွ ဆိုင္အမွတ္ ၈၃၃ မွ ေဖဖဝါရီလ ၁၄ ရက္ေန႕ ခ်စ္သူမ်ားေန႕ မနက္ ဝ၄:၀၀ ခ်ိန္ တြင္ ႐ုတ္တရက္ေသနတ္သံမ်ားထြက္ေပၚလာ သျဖင့္ လမ္းထဲရွိ ဆိုင္ဖြင့္ဘို႔လာၾကသူမ်ား ထိတ္လန႔္ေၾကာက္႐ြံ႕ကာ ကစဉ့္ ကလ်ားထြက္ေျပးၾကရင္း ရဲတပ္ဖြဲ႕သို႔အေၾကာင္းၾကားမႈေၾကာင့္ အမွတ္ (၂၆) Arintharath အၾကမ္းဖက္ႏွိမ္ႏွင္းေရး ရဲတပ္ရင္းမွ အထူးကြန္မန္ဒိုအဖြဲ႕ မွ ေသနတ္သံၾကားရသည့္ေနအိမ္ဆိုင္ခန္းအား ပိတ္ဆို႔ဝိုင္းရံခဲ့ေၾကာင္းThe Nation သတင္း မွ သိရ ။

ဘန္ေကာက္ၿမိဳ႕လယ္ေခါင္ ၌ အထင္ကရ ေနရာတစ္ခု တြင္ ေသနတ္ျဖင့္ အခ်က္ေပါင္း (၄၀) မက ပစ္ခတ္သံေၾကာင့္ အထူးရဲတပ္ဖြဲ႕မွ ဖမ္းဆီးထိန္းသိမ္းနိုင္ခဲ့
ဘန္ေကာက္ၿမိဳ႕လယ္ေခါင္ ၌ အထင္ကရ ေနရာတစ္ခု တြင္ ေသနတ္ျဖင့္ အခ်က္ေပါင္း (၄၀) မက ပစ္ခတ္သံေၾကာင့္ အထူးရဲတပ္ဖြဲ႕မွ ဖမ္းဆီးထိန္းသိမ္းနိုင္ခဲ့

ရဲတပ္ဖြဲ႕ႏွင့္အထူးႏွိမ္ႏွင္းေရးအဖြဲ႕ မွ အခ်ိန္ ( ၅ ) နာရီအၾကာေဖ်ာင္းဖ်နားခ်ၿပီး မနက္ ၀၈:၃၀ အခ်ိန္ခန႔္တြင္ ၾကည္ျဖဴစြာအဖမ္းခံခဲ့ၿပီး၎ကိုင္ေဆာင္ေသာ ခြင့္ျပဳခ်က္လိုင္စင္ပါ၉မမ ပစၥတိုေသနတ္ (၁ ) လက္ ၊ ၎က်ည္ကဒ္ ၄ ခုတို႔နဲ႕အတူထိန္းသိမ္းဖမ္းဆီးနိုင္ခဲ့ၿပီး ပထုမ္းဝမ္းရဲစခန္းတြင္လိုအပ္သလိုစစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ ။

ေသနတ္ပစ္ေဖာက္သူသည္ အသက္ (၄၄) ႏွစ္အ႐ြယ္ Mr.EakaChai Jurluksing ( နိုင္ေအ့ကခ်ိဳင္း က်ာလုက္ဆင္ ) ျဖစ္ၿပီးသူ၏မိသားစုျပသနာႏွင့္ေရာင္းဝယ္စီးပြားေရးထိခိုက္မႈေၾကာင့္ စိတ္ထြက္ေပါက္တစ္ခုအေနျဖင့္ယခုလိုမိုးေထာင္၍ပစ္ေဖာက္မိခဲ့ေၾကာင္း ၊ အျခားသူမ်ားအားထိခိုက္ဒဏ္ရာရေစလိုေၾကာင္းပစ္ခတ္ခဲ့ျခင္းမဟုတ္ေၾကာင္း ထြက္ဆိုခဲ့ၿပီး ယခုျဖစ္စဥ္ေၾကာင့္ ေသဆုံးထိခိုက္ဒဏ္ရာရရွိသူမ်ားမရွိခဲ့ေၾကာင္း ရဲခ်ဳပ္႐ုံးမွေျပာေရးဆိုခြင့္ရွိသူ ရဲမႉးႀကီး ကရစၥန ဖတၳနာက်႐ုန္းမွ သတင္းစာရွင္းလင္းပြဲတြင္အတည္ျပဳေျပာၾကားခဲ့သည္ ။

ဘန္ေကာက္ၿမိဳ႕လယ္ေခါင္ ၌ အထင္ကရ ေနရာတစ္ခု တြင္ ေသနတ္ျဖင့္ အခ်က္ေပါင္း (၄၀) မက ပစ္ခတ္သံေၾကာင့္ အထူးရဲတပ္ဖြဲ႕မွ ဖမ္းဆီးထိန္းသိမ္းနိုင္ခဲ့
ဘန္ေကာက္ၿမိဳ႕လယ္ေခါင္ ၌ အထင္ကရ ေနရာတစ္ခု တြင္ ေသနတ္ျဖင့္ အခ်က္ေပါင္း (၄၀) မက ပစ္ခတ္သံေၾကာင့္ အထူးရဲတပ္ဖြဲ႕မွ ဖမ္းဆီးထိန္းသိမ္းနိုင္ခဲ့

အခင္းျဖစ္ပြားသည့္အခ်ိန္တြင္ အသက္ ၂၀ အ႐ြယ္ Mr.Phongdakon ThongDee သည္ ဆိုင္ခင္းရန္ျပင္ဆင္ေနခ်ိန္ ႐ုတ္တရက္ေသနတ္သံမ်ားၾကားလိုက္ရသျဖင့္ ၿပီးခဲ့သည့္ရက္ပိုင္းက ျဖစ္ပြားခဲ့တဲ့ Terminal -21 ကုန္တိုက္ျဖစ္စဥ္ကိုျမင္ေတြ႕ထားျခင္းေၾကာင့္ ေၾကာက္လန႔္ၿပီးထြက္ေျပးခဲ့ရာမွ ရဲတပ္ဖြဲ႕ကိုအေၾကာင္းၾကားခဲ့တာျဖစ္ေၾကာင္း သတင္းေထာက္ေတြကိုေျပာခဲ့သည္ ။
ရဲတပ္ဖြဲ႕မွလိုအပ္သလိုအေရးယူေဆာင္႐ြက္နိုင္ရန္စစ္ေဆးေမးျမန္းေနေၾကာင္းသတင္းရရွိပါသည္ ။

ဘန္ေကာက္ၿမိဳ႕လယ္ေခါင္ ၌ အထင္ကရ ေနရာတစ္ခု တြင္ ေသနတ္ျဖင့္ အခ်က္ေပါင္း (၄၀) မက ပစ္ခတ္သံေၾကာင့္ အထူးရဲတပ္ဖြဲ႕မွ ဖမ္းဆီးထိန္းသိမ္းနိုင္ခဲ့
ဘန္ေကာက္ၿမိဳ႕လယ္ေခါင္ ၌ အထင္ကရ ေနရာတစ္ခု တြင္ ေသနတ္ျဖင့္ အခ်က္ေပါင္း (၄၀) မက ပစ္ခတ္သံေၾကာင့္ အထူးရဲတပ္ဖြဲ႕မွ ဖမ္းဆီးထိန္းသိမ္းနိုင္ခဲ့

ထိုင္းနိုင္ငံတြင္လိုင္စင္ျဖင့္တရားဝင္လက္နက္ကိုင္ေဆာင္ခြင့္ျပဳထားေသာ္လည္း ယခုကဲ့သို႔( Public Area ) တြင္အမ်ားျပည္သူအထိတ္တလန႔္ျဖစ္ေစျခင္း ၊ အမ်ားျပည္သူေရွ႕တြင္ျမင္သာထင္သာကိုင္ေဆာင္ျခင္းႏွင့္ ယခုလိုမိုးေပၚေထာင္၍ပစ္ခတ္ျခင္းသည္ တည္ဆဲဥပေဒပုဒ္မ ၃၇၁ အရ ေထာင္ဒဏ္ (၁၀ ) ႏွစ္ထက္မနည္းျပစ္ဒဏ္ႏွင့္ေငြဒဏ္ ဘတ္ ၂၀၀၀၀ အထိျပစ္ဒဏ္ႏွစ္မ်ိဳးစလုံးခ်မွတ္နိုင္ေၾကာင္းသိရွိရပါသည္ ။

Photo Crd
Credit – SiThu Maung

Unicode

ဖေဖော်ဝါရီ ၁၄ , ၂၀၂၀

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ပထုမ်းဝမ်းမြို့နယ် ဘန်းထတ်ထောင်းလမ်းမဘေး အမှတ် ( ၁၀ ) ကျူလာလောင်ကွန် လမ်းသွယ်ရှိ အားကစားဝတ်စုံများရောင်းသည့် ” Sport Zone Market ” မှ ဆိုင်အမှတ် ၈၃၃ မှ ဖေဖဝါရီလ ၁၄ ရက်နေ့ ချစ်သူများနေ့ မနက် ဝ၄:၀၀ ချိန် တွင် ရုတ်တရက်သေနတ်သံများထွက်ပေါ်လာ သဖြင့် လမ်းထဲရှိ ဆိုင်ဖွင့်ဘို့လာကြသူများ ထိတ်လန့်ကြောက်ရွံ့ကာ ကစဉ့် ကလျားထွက်ပြေးကြရင်း ရဲတပ်ဖွဲ့သို့အကြောင်းကြားမှုကြောင့် အမှတ် (၂၆) Arintharath အကြမ်းဖက်နှိမ်နှင်းရေး ရဲတပ်ရင်းမှ အထူးကွန်မန်ဒိုအဖွဲ့ မှ သေနတ်သံကြားရသည့်နေအိမ်ဆိုင်ခန်းအား ပိတ်ဆို့ဝိုင်းရံခဲ့ကြောင်းThe Nation သတင်း မှ သိရ ။

ရဲတပ်ဖွဲ့နှင့်အထူးနှိမ်နှင်းရေးအဖွဲ့ မှ အချိန် ( ၅ ) နာရီအကြာဖျောင်းဖျနားချပြီး မနက် ၀၈:၃၀ အချိန်ခန့်တွင် ကြည်ဖြူစွာအဖမ်းခံခဲ့ပြီး၎င်းကိုင်ဆောင်သော ခွင့်ပြုချက်လိုင်စင်ပါ၉မမ ပစ္စတိုသေနတ် (၁ ) လက် ၊ ၎င်းကျည်ကဒ် ၄ ခုတို့နဲ့အတူထိန်းသိမ်းဖမ်းဆီးနိုင်ခဲ့ပြီး ပထုမ်းဝမ်းရဲစခန်းတွင်လိုအပ်သလိုစစ်ဆေးမှုများပြုလုပ်ခဲ့ ။

သေနတ်ပစ်ဖောက်သူသည် အသက် (၄၄) နှစ်အရွယ် Mr.EakaChai Jurluksing ( နိုင်အေ့ကချိုင်း ကျာလုက်ဆင် ) ဖြစ်ပြီးသူ၏မိသားစုပြသနာနှင့်ရောင်းဝယ်စီးပွားရေးထိခိုက်မှုကြောင့် စိတ်ထွက်ပေါက်တစ်ခုအနေဖြင့်ယခုလိုမိုးထောင်၍ပစ်ဖောက်မိခဲ့ကြောင်း ၊ အခြားသူများအားထိခိုက်ဒဏ်ရာရစေလိုကြောင်းပစ်ခတ်ခဲ့ခြင်းမဟုတ်ကြောင်း ထွက်ဆိုခဲ့ပြီး ယခုဖြစ်စဉ်ကြောင့် သေဆုံးထိခိုက်ဒဏ်ရာရရှိသူများမရှိခဲ့ကြောင်း ရဲချုပ်ရုံးမှပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ကရစ္စန ဖတ္ထနာကျရုန်းမှ သတင်းစာရှင်းလင်းပွဲတွင်အတည်ပြုပြောကြားခဲ့သည် ။

အခင်းဖြစ်ပွားသည့်အချိန်တွင် အသက် ၂၀ အရွယ် Mr.Phongdakon ThongDee သည် ဆိုင်ခင်းရန်ပြင်ဆင်နေချိန် ရုတ်တရက်သေနတ်သံများကြားလိုက်ရသဖြင့် ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ Terminal -21 ကုန်တိုက်ဖြစ်စဉ်ကိုမြင်တွေ့ထားခြင်းကြောင့် ကြောက်လန့်ပြီးထွက်ပြေးခဲ့ရာမှ ရဲတပ်ဖွဲ့ကိုအကြောင်းကြားခဲ့တာဖြစ်ကြောင်း သတင်းထောက်တွေကိုပြောခဲ့သည် ။
ရဲတပ်ဖွဲ့မှလိုအပ်သလိုအရေးယူဆောင်ရွက်နိုင်ရန်စစ်ဆေးမေးမြန်းနေကြောင်းသတင်းရရှိပါသည် ။

ထိုင်းနိုင်ငံတွင်လိုင်စင်ဖြင့်တရားဝင်လက်နက်ကိုင်ဆောင်ခွင့်ပြုထားသော်လည်း ယခုကဲ့သို့( Public Area ) တွင်အများပြည်သူအထိတ်တလန့်ဖြစ်စေခြင်း ၊ အများပြည်သူရှေ့တွင်မြင်သာထင်သာကိုင်ဆောင်ခြင်းနှင့် ယခုလိုမိုးပေါ်ထောင်၍ပစ်ခတ်ခြင်းသည် တည်ဆဲဥပဒေပုဒ်မ ၃၇၁ အရ ထောင်ဒဏ် (၁၀ ) နှစ်ထက်မနည်းပြစ်ဒဏ်နှင့်ငွေဒဏ် ဘတ် ၂၀၀၀၀ အထိပြစ်ဒဏ်နှစ်မျိုးစလုံးချမှတ်နိုင်ကြောင်းသိရှိရပါသည် ။

Photo Crd
Credit – SiThu Maung

Add a Comment

Your email address will not be published. Required fields are marked *