မိခင္ျဖစ္သူအား ဆိုင္ကယ္ပူစာရာမွ မ၀ယ္ေပးသည္႔ အတြက္ ေနအိမ္ကို မီးရွို့ပစ္လိုက္ တဲ့ သားမိုက္ရဲ႔ လုပ္ရပ္

ရွမ္းျပည္နယ္ ေတာင္ပိုင္း၊ ကေလာၿမိဳ့တြင္ ေဖေဖာ္ဝါရီလ ၁၂ ရက္က မိခင္က ဆိုင္ကယ္ မဝယ္ေပးသျဖင့္ သားျဖစ္သူမွ ေနအိမ္အား မီးရွို့မွုျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“ဆိုင္ကယ္ လိုခ်င္လို့ ဝယ္ခိုင္းတာ မဝယ္ေပးလို့ဆိုၿပီး အခုလို လုပ္တာလို့ သိရပါတယ္” ဟု ကေလာၿမိဳ့မ ရဲစခန္းမွူး ဒုရဲမွူး လွနိုင္က ကေမၻာဇတိုင္းသို့ ေျပာသည္။

မိခင္ျဖစ္သူအား ဆိုင္ကယ္ပူစာရာမွ မ၀ယ္ေပးသည္႔ အတြက္ ေနအိမ္ကို မီးရွို့ပစ္လိုက္ တဲ့ သားမိုက္ရဲ႔ လုပ္ရပ္

ကေလာၿမိဳ့၊ အမွတ္ (၆) ရပ္ကြက္၊ သာယာကုန္းရပ္ေန ဇင္ကိုဦး (၁၉ ႏွစ္) သည္ ေဖေဖာ္ဝါရီလ ၁၂ ရက္၊ နံနက္ ၉ နာရီ ၄၅ မိနစ္ခန႔္က မိခင္ျဖစ္သူအား ဆိုင္ကယ္ဝယ္ခိုင္းရာ မဝယ္ေပးသည့္ အတြက္ ေနအိမ္အေရွ႕ရွိ အမွိုက္ပုံအတြင္း မွ တာယာ အား ယူေဆာင္ကာ ေနအိမ္အား ၎ကိုယ္တိုင္ မီးရွို့ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မိခင္ျဖစ္သူအား ဆိုင္ကယ္ပူစာရာမွ မ၀ယ္ေပးသည္႔ အတြက္ ေနအိမ္ကို မီးရွို့ပစ္လိုက္ တဲ့ သားမိုက္ရဲ႔ လုပ္ရပ္

ယင္းကဲ့သို့ မီးရွို့မွုေၾကာင့္ အလ်ား ၁၂ ေပ၊ အနံ ၁၀ ေပ၊ အျမင့္ ၁၀ ေပရွိ သြပ္မိုး၊ ပ်ဥ္ေထာင္ အိမ္တစ္လုံး မီးေလာင္ ဆုံးရွုံးခဲ့ၿပီး မီးေလာင္မွုျဖစ္ပြားရာသို့ ရပ္ကြက္ေနျပည္သူမ်ားမွ ဝိုင္းဝန္းျငႇိမ္းသတ္ ခဲ့ရာ နံနက္ ၁၀ နာရီ ခန႔္တြင္ မီးအား ျငႇိမ္းသတ္နိုင္ခဲ့ေၾကာင္း သိရသည္။

မိခင္ျဖစ္သူအား ဆိုင္ကယ္ပူစာရာမွ မ၀ယ္ေပးသည္႔ အတြက္ ေနအိမ္ကို မီးရွို့ပစ္လိုက္ တဲ့ သားမိုက္ရဲ႔ လုပ္ရပ္

အဆိုပါ အမွုမွ မိမိေနအိမ္အား မီးျဖင့္ရွို့ခဲ့သူ ဇင္ကိုဦး အား ကေလာၿမိဳ့မ ရဲစခန္းမွ (ပ)၂၁/၂၀၂၀ ရာဇသတ္ႀကီး ပုဒ္မ ၄၃၆ ျဖင့္အမွုဖြင့္ ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

Unicode

ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့တွင် ဖေဖော်ဝါရီလ ၁၂ ရက်က မိခင်က ဆိုင်ကယ် မဝယ်ပေးသဖြင့် သားဖြစ်သူမှ နေအိမ်အား မီးရှို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဆိုင်ကယ် လိုချင်လို့ ဝယ်ခိုင်းတာ မဝယ်ပေးလို့ဆိုပြီး အခုလို လုပ်တာလို့ သိရပါတယ်” ဟု ကလောမြို့မ ရဲစခန်းမှူး ဒုရဲမှူး လှနိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

ကလောမြို့၊ အမှတ် (၆) ရပ်ကွက်၊ သာယာကုန်းရပ်နေ ဇင်ကိုဦး (၁၉ နှစ်) သည် ဖေဖော်ဝါရီလ ၁၂ ရက်၊ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က မိခင်ဖြစ်သူအား ဆိုင်ကယ်ဝယ်ခိုင်းရာ မဝယ်ပေးသည့် အတွက် နေအိမ်အရှေ့ရှိ အမှိုက်ပုံအတွင်း မှ တာယာ အား ယူဆောင်ကာ နေအိမ်အား ၎င်းကိုယ်တိုင် မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ မီးရှို့မှုကြောင့် အလျား ၁၂ ပေ၊ အနံ ၁၀ ပေ၊ အမြင့် ၁၀ ပေရှိ သွပ်မိုး၊ ပျဉ်ထောင် အိမ်တစ်လုံး မီးလောင် ဆုံးရှုံးခဲ့ပြီး မီးလောင်မှုဖြစ်ပွားရာသို့ ရပ်ကွက်နေပြည်သူများမှ ဝိုင်းဝန်းငြှိမ်းသတ် ခဲ့ရာ နံနက် ၁၀ နာရီ ခန့်တွင် မီးအား ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အမှုမှ မိမိနေအိမ်အား မီးဖြင့်ရှို့ခဲ့သူ ဇင်ကိုဦး အား ကလောမြို့မ ရဲစခန်းမှ (ပ)၂၁/၂၀၂၀ ရာဇသတ်ကြီး ပုဒ်မ ၄၃၆ ဖြင့်အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Add a Comment

Your email address will not be published. Required fields are marked *