ပထမဆုံးအႀကိမ္ စင္းလုံးငွားေလယာဥ္ျဖင့္ ဗိုင္းရပ္စ္ျဖစ္ပြားသည့္ ဝူဟန႔္သို႔ ေဆးပစၥည္းမ်ား ပို႔ေဆာင္

တ႐ုတ္ႏိုင္ငံ ရွမန္ေလေၾကာင္း ၏ ေလယာဥ္မႉး တစ္ဦးျဖစ္ေသာ ဩစေၾတးလ်ႏိုင္ငံသား မိုင္လ္စ္ ဘားနတ္ ဝက္စ္တန္ (Myles Bernard Weston) သည္ ေဖေဖာ္ဝါရီ ၁၃ ရက္တြင္ စင္းလုံးငွား ေလေၾကာင္း ခရီးစဥ္အမွတ္ MF8779 ကို ေမာင္းႏွင္ခဲ့ၿပီး ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ (COVID-19) ျဖစ္ပြားခ်ိန္ကစ၍ ဝူဟန႔္သို႔ ေမာင္းႏွင္ပ်ံသန္းသည့္ ပထမဆုံး ႏိုင္ငံျခားသား ေလယာဥ္မႉးမ်ား အနက္ တစ္ဦးျဖစ္သည္။

ပထမဆုံးအႀကိမ္ စင္းလုံးငွားေလယာဥ္ျဖင့္ ဗိုင္းရပ္စ္ျဖစ္ပြားသည့္ ဝူဟန႔္သို႔ ေဆးပစၥည္းမ်ား ပို႔ေဆာင္

ေဖေဖာ္ဝါရီ ၁၃ ရက္ ေဒသစံေတာ္ခ်ိန္ နံနက္ ၁၀:၀၀ နာရီတြင္ တ႐ုတ္ႏိုင္ငံ အေရွ႕ပိုင္း ဖူက်န႔္ျပည္နယ္၊ ရွမန္ၿမိဳ႕မွ ထြက္ခြာလာေသာ ေလယာဥ္တစ္စင္းသည္ ဝူဟန႔္ၿမိဳ႕တြင္ ကူညီေထာက္ပံ့မႈမ်ားေပးေနေသာ ဖူက်န႔္ ေဆးအဖြဲ႕အတြက္ ေထာက္ပံ့ပစၥည္း ၁၁,၂၅၉ ကီလိုဂရမ္အား တင္ေဆာင္ကာ တ႐ုတ္ႏိုင္ငံ အလယ္ပိုင္း ဟူေပျပည္နယ္၊ COVID-19 ျဖစ္ပြားရာ ဝူဟန႔္ၿမိဳ႕သို႔ ဦးတည္ပ်ံသန္းခဲ့သည္။

၎ေလယာဥ္သည္ တ႐ုတ္ႏိုင္ငံ ျပည္မႀကီးမွ ဝူဟန႔္ၿမိဳ႕ရွိ ေဆးဘက္ဆိုင္ရာအဖြဲ႕မ်ားထံ ေန႔စဥ္သုံးပစၥည္းမ်ား ပို႔ေဆာင္ေပးေနသည့္ ပထမဆုံး စင္းလုံးငွားေလယာဥ္မ်ားအနက္ တစ္စင္းလည္း ျဖစ္သည္။ဩစေၾတးလ်ႏိုင္ငံ ဘရစၥဘိန္းၿမိဳ႕မွ ေလယာဥ္မႉး ဝက္စ္တန္သည္ ရွမန္ေလေၾကာင္းလိုင္းတြင္ လုပ္ကိုင္ေနသည္မွာ တစ္ႏွစ္ခြဲခန႔္ရွိၿပီး အျခားေသာ ႏိုင္ငံျခားသား ေလယာဥ္မႉးမ်ား အားလပ္ရက္ယူေနခ်ိန္တြင္ ဝက္စ္တန္က ရွမန္ၿမိဳ႕၌ပင္ ေနထိုင္ရန္ ေ႐ြးခ်ယ္ခဲ့သည္။“ကြၽန္ေတာ့္ ဇနီး၊ သမီးႏွစ္ေယာက္နဲ႔ ရွမန္မွာပဲ ကြၽန္ေတာ္ေနပါတယ္။ ဒီေနရာေလးကို ကြၽန္ေတာ္ ခ်စ္တယ္။ အခု ရွမန္က ကြၽန္ေတာ့္အိမ္ပါပဲ။

ပထမဆုံးအႀကိမ္ စင္းလုံးငွားေလယာဥ္ျဖင့္ ဗိုင္းရပ္စ္ျဖစ္ပြားသည့္ ဝူဟန႔္သို႔ ေဆးပစၥည္းမ်ား ပို႔ေဆာင္

တကယ္ေတာ့ ရွမန္က ထြက္သြားဖို႔ ကြၽန္ေတာ္ ဘယ္တုန္းကမွ မစဥ္းစားခဲ့ဘူး” ဟု ဝက္စ္တန္က ေျပာခဲ့သည္။ ဝက္စ္တန္က ၎၏ စင္းလုံးငွားေလယာဥ္ျဖင့္ ဝူဟန႔္သို႔ ပ်ံသန္းမႈအား အလြန္ဂုဏ္ယူလ်က္ရွိသည္။ “ကြၽန္ေတာ္ ဒီကေန႔ (ေဖေဖာ္ဝါရီ ၁၃ ရက္) မွာ ထမ္းေထာင္ရတဲ့ တာဝန္အတြက္ ကြၽန္ေတာ့္မိသားစုက အင္မတန္ဂုဏ္ယူပါတယ္။ သူတို႔လည္း တ႐ုတ္ႏိုင္ငံကို ခ်စ္ၾကတယ္” ဟု ဝက္စ္တန္က ဆိုသည္။ ၎အေနျဖင့္ မိသားစုတစ္ခုလုံး၏ ကိုယ္စား ေရာဂါတိုက္ဖ်က္ေရးတြင္ ကူညီလုပ္ေဆာင္ေနသည္ဟု မိသားစုက သေဘာထားေၾကာင္း ဝက္စ္က ျဖည့္စြက္ေျပာၾကားခဲ့သည္။

ရွမန္ေလေၾကာင္းလိုင္းတြင္ ဗိုင္းရပ္စ္ တိုက္ဖ်က္ေရးတြင္ ပါဝင္လုပ္ေဆာင္ရန္ အသင့္ျဖစ္ေနသည့္ ႏိုင္ငံျခားသား ေလယာဥ္မႉး ၁၁ ဦး ရွိေၾကာင္း၊ ကုမၸဏီက စင္းလုံးငွားေလယာဥ္ ၁၄ စင္းျဖင့္ ေရာဂါျဖစ္ပြားမႈ အမ်ားဆုံး ဟူေပျပည္နယ္သို႔ က်န္းမာေရးဝန္ထမ္း ၁,၆၀၀ ေက်ာ္ႏွင့္ ေထာက္ပံ့ေရးပစၥည္း တန္ ၇၀၀ ေက်ာ္အား ပို႔ေဆာင္ေပးလ်က္ရွိသည္။ “ဝူဟန႔္မွာရွိတဲ့ ျပည္သူေတြကို ကြၽန္ေတာ္ေျပာခ်င္တာကေတာ့ ဝူဟန႔္ ဆက္လက္ အားတင္းထားပါ။ တ႐ုတ္ႏိုင္ငံႀကီးလည္း အားတင္းထားပါ” ဟု ဝက္စ္တန္က အားေပးေျပာၾကားခဲ့သည္။Ref-Xinhua

Unicode

တရုတ်နိုင်ငံ ရှမန်လေကြောင်း ၏ လေယာဉ်မှူး တစ်ဦးဖြစ်သော ဩစတြေးလျနိုင်ငံသား မိုင်လ်စ် ဘားနတ် ဝက်စ်တန် (Myles Bernard Weston) သည် ဖေဖော်ဝါရီ ၁၃ ရက်တွင် စင်းလုံးငှား လေကြောင်း ခရီးစဉ်အမှတ် MF8779 ကို မောင်းနှင်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားချိန်ကစ၍ ဝူဟန့်သို့ မောင်းနှင်ပျံသန်းသည့် ပထမဆုံး နိုင်ငံခြားသား လေယာဉ်မှူးများ အနက် တစ်ဦးဖြစ်သည်။

ဖေဖော်ဝါရီ ၁၃ ရက် ဒေသစံတော်ချိန် နံနက် ၁၀:၀၀ နာရီတွင် တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ်၊ ရှမန်မြို့မှ ထွက်ခွာလာသော လေယာဉ်တစ်စင်းသည် ဝူဟန့်မြို့တွင် ကူညီထောက်ပံ့မှုများပေးနေသော ဖူကျန့် ဆေးအဖွဲ့အတွက် ထောက်ပံ့ပစ္စည်း ၁၁,၂၅၉ ကီလိုဂရမ်အား တင်ဆောင်ကာ တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်၊ COVID-19 ဖြစ်ပွားရာ ဝူဟန့်မြို့သို့ ဦးတည်ပျံသန်းခဲ့သည်။

၎င်းလေယာဉ်သည် တရုတ်နိုင်ငံ ပြည်မကြီးမှ ဝူဟန့်မြို့ရှိ ဆေးဘက်ဆိုင်ရာအဖွဲ့များထံ နေ့စဉ်သုံးပစ္စည်းများ ပို့ဆောင်ပေးနေသည့် ပထမဆုံး စင်းလုံးငှားလေယာဉ်များအနက် တစ်စင်းလည်း ဖြစ်သည်။ဩစတြေးလျနိုင်ငံ ဘရစ္စဘိန်းမြို့မှ လေယာဉ်မှူး ဝက်စ်တန်သည် ရှမန်လေကြောင်းလိုင်းတွင် လုပ်ကိုင်နေသည်မှာ တစ်နှစ်ခွဲခန့်ရှိပြီး အခြားသော နိုင်ငံခြားသား လေယာဉ်မှူးများ အားလပ်ရက်ယူနေချိန်တွင် ဝက်စ်တန်က ရှမန်မြို့၌ပင် နေထိုင်ရန် ရွေးချယ်ခဲ့သည်။“ကျွန်တော့် ဇနီး၊ သမီးနှစ်ယောက်နဲ့ ရှမန်မှာပဲ ကျွန်တော်နေပါတယ်။ ဒီနေရာလေးကို ကျွန်တော် ချစ်တယ်။ အခု ရှမန်က ကျွန်တော့်အိမ်ပါပဲ။

တကယ်တော့ ရှမန်က ထွက်သွားဖို့ ကျွန်တော် ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူး” ဟု ဝက်စ်တန်က ပြောခဲ့သည်။ ဝက်စ်တန်က ၎င်း၏ စင်းလုံးငှားလေယာဉ်ဖြင့် ဝူဟန့်သို့ ပျံသန်းမှုအား အလွန်ဂုဏ်ယူလျက်ရှိသည်။ “ကျွန်တော် ဒီကနေ့ (ဖေဖော်ဝါရီ ၁၃ ရက်) မှာ ထမ်းထောင်ရတဲ့ တာဝန်အတွက် ကျွန်တော့်မိသားစုက အင်မတန်ဂုဏ်ယူပါတယ်။ သူတို့လည်း တရုတ်နိုင်ငံကို ချစ်ကြတယ်” ဟု ဝက်စ်တန်က ဆိုသည်။ ၎င်းအနေဖြင့် မိသားစုတစ်ခုလုံး၏ ကိုယ်စား ရောဂါတိုက်ဖျက်ရေးတွင် ကူညီလုပ်ဆောင်နေသည်ဟု မိသားစုက သဘောထားကြောင်း ဝက်စ်က ဖြည့်စွက်ပြောကြားခဲ့သည်။

ရှမန်လေကြောင်းလိုင်းတွင် ဗိုင်းရပ်စ် တိုက်ဖျက်ရေးတွင် ပါဝင်လုပ်ဆောင်ရန် အသင့်ဖြစ်နေသည့် နိုင်ငံခြားသား လေယာဉ်မှူး ၁၁ ဦး ရှိကြောင်း၊ ကုမ္ပဏီက စင်းလုံးငှားလေယာဉ် ၁၄ စင်းဖြင့် ရောဂါဖြစ်ပွားမှု အများဆုံး ဟူပေပြည်နယ်သို့ ကျန်းမာရေးဝန်ထမ်း ၁,၆၀၀ ကျော်နှင့် ထောက်ပံ့ရေးပစ္စည်း တန် ၇၀၀ ကျော်အား ပို့ဆောင်ပေးလျက်ရှိသည်။ “ဝူဟန့်မှာရှိတဲ့ ပြည်သူတွေကို ကျွန်တော်ပြောချင်တာကတော့ ဝူဟန့် ဆက်လက် အားတင်းထားပါ။ တရုတ်နိုင်ငံကြီးလည်း အားတင်းထားပါ” ဟု ဝက်စ်တန်က အားပေးပြောကြားခဲ့သည်။Ref-Xinhua

Add a Comment

Your email address will not be published. Required fields are marked *