” ကူညီပါရေစ “ ဆိုတဲ့ ေဆာင္ပုဒ္ မရွိခင္ကတည္းက လူတန္းစား အဆင့္အတန္းမခြဲျခားဘဲ ကူညီခဲ့တဲ့ စံျပ ရဲဝန္ထမ္းေကာင္းႀကီးေမာင္ဖိုးစံ ( ဒူးယား )

” ကူညီပါရေစ ” ဆိုတဲ့ ေဆာင္ပုဒ္ မရွိခင္ကတည္းက လူတန္းစား အဆင့္အတန္းမခြဲျခားဘဲ စိတ္ေစတနာအရင္းခံနဲ႔ ကူညီခဲ့တဲ့ စံျပ ရဲဝန္ထမ္းေကာင္းႀကီး ေမာင္ဖိုးစံ ( ဒူးယား )… သို့..ဂုဏ္ျပဳမွတ္တမ္း

ေဖဖဝါရီလ ၁၄ ရက္ေန႔ ၊ တိတိက်က်ေျပာရရင္ လူငယ္ခ်စ္သူစုံတြဲေတြ ရင္ခုန္စိတ္လွုပ္ရွားတဲ့ေန႔ မွာ ကၽြန္ေတာ့္မိတ္ေဆြတစ္ေယာက္ ၊ ညီရင္းအကိုလို ခ်စ္ခင္ရတဲ့ ဒုရဲမွူး စံသိန္းကေတာ့ သူခ်စ္တဲ့ ျမန္မာနိုင္ငံ ရဲတပ္ဖြဲ႕ႀကိီးကို ရင္ခုန္စိတ္လွုပ္ရွားစြာနဲ႔ သက္ျပည့္ပင္စင္ယူၿပီး ရာသက္ပန္ အနားယူလိုက္ရတဲ့ ဒီေန႔ခ်စ္သူမ်ားေန႔ဟာ သူ႔ဘဝအတြက္ ခ်စ္လၽွက္နဲ႔စြန႔္ခြာခဲ့ရတဲ့ အမွတ္တရေန႔ေလး တစ္ေန႔ပါဘဲ..

ျပည္သူ႔ရဲတပ္ဖြဲ႕မွာ အင္မတန္ကို စိတ္ေကာင္းေစတနာေကာင္းရွိခဲ့တဲ့ ရဲဝန္ထမ္းတစ္ေယာက္ျဖစ္သလို သူနဲ႔ကၽြန္ေတာ္ ခင္မင္ရင္းႏွီးခဲ့တဲ့ သက္တမ္းက ႏွစ္ ၂၀ တင္တင္းရွိခဲ့ၿပီမို့ ယခုလိုဂုဏ္ျပဳေရးသားရျခင္းပါ ၊ ကၽြန္ေတာ့္ လိုဘဲ သူနဲ႔ထိေတြ႕ဆက္ဆံခဲ့ဖူးသူမိတ္ေဆြမွန္သမၽွ ၊ ရဲဝန္ထမ္းအခ်င္းခ်င္းမွန္သမၽွ သူ႔ရဲ့ေကာင္းသတင္းေတြကိုဘဲ ခ်ီးက်ဴးေထာပနာျပဳ ေျပာဆိုေနၾကသူေတြခ်ည္းမို့ အားလုံးႏွေျမာေနၾကမွာပါ…

စံျပ ရဲဝန္ထမ္းေကာင္းႀကီးေမာင္ဖိုးစံ ( ဒူးယား )

မွန္ပါတယ္..

သူ႔ ရဲ့ ရဲလုပ္ခဲ့တဲ့ သက္တမ္းတစ္ေလၽွာက္ ေရာက္တဲ့ေနရာ ၊ တာဝန္က်ရာေနရာမွန္သမၽွ ေဒသဖြံ့ၿဖိဳေရးဆိုင္ရာအက်ိဳး ၊ ရပ္ရြာရဲ့ဘာသာ သာသနာအက်ိဳး ၊ ဌာနအက်ိဳးေတြကို ကိုယ္က်ိဳးမငွဲ႕ကြက္ဘဲ လုပ္ေဆာင္ခဲ့တဲ့အတြက္ တစ္ခ်ိဳ့ကသူ႔ကို ရဲလို့ေတာင္ မထင္မိၾကပါဘူး.. တစ္ခါသူနဲ႔အတူ ခရီးတစ္ခုကိုအတူသြားခဲ့စဥ္ လမ္းေဘးမွာ ဆင္းရဲႏြမ္းပါးေနတဲ့သက္ႀကီးရြယ္အို အဖိုးအိုအဖြားအိုေတြေစ်းထိုင္ေရာင္းေန တာကိုေတြ႕လိုက္ေတာ့ ခ်က္ခ်င္းကားရပ္ၿပီး ေစ်းမဆစ္ဘဲ အကုန္ဝယ္ပစ္တာမ်ိဳးေတြ႕ခဲ့ဖူးတယ္ ၊

စံျပ ရဲဝန္ထမ္းေကာင္းႀကီးေမာင္ဖိုးစံ ( ဒူးယား )

ထမင္းစားခ်ိန္ေရာက္လို့ ဆိုင္တစ္ဆိုင္မွာ ထမင္းအတူစားေနရင္း ရဲပီပီေဘး ဘယ္ညာကိုဘယ္အခ်ိန္ကတည္းက အကဲခတ္ခဲ့တာလည္း မသိဘူး ၊ ေနာက္စားပြဲက ခရီးသြားအာဂႏၲဳ သံဃာေတာ္ဆရာေတာ္ေတြရဲ့ ဆြမ္းဝိုင္းကိုလမ္းၾကဳံရင္း အလွူဒါနအျဖစ္ ရွင္းေပးလိုက္တာျမင္ခဲ့ဖူးတယ္..႐ုပ္ဆြအဆုံး လမ္းေဘးကဆင္းရဲႏြမ္းပါးေနသူ ၊ သူဖုန္းစားကအစ ရက္ရက္ေရာေရာေပးကမ္း စြန႔္က်ဲတတ္တဲ့ေစတနာကိုေတာ့ အမွန္တကယ္ဘဲ ကၽြန္ေတာ္ေလစားမိခဲ့ပါတယ္..( ကၽြန္ေတာ္ေလးစားတဲ့ သူေတြအထဲမွာ ထိုကဲ့သို့ေသာသူမ်ိဳးပါ ) ။

စံျပ ရဲဝန္ထမ္းေကာင္းႀကီးေမာင္ဖိုးစံ ( ဒူးယား )

ၿပီးခဲ့တဲ့ ဒီဇင္ဘာလက ကၽြန္ေတာ့္မိတ္ေဆြ ၁၀ ေယာက္ေလာက္နဲ႔ ဇလြန္ျပည္ေတာ္ျပန္ ဘုရားဖူးသြားရင္း ဟသၤာတဘက္ေရာက္ေတာ့ ဒူးယားၿမိဳ့ေလးကို ကားကျဖတ္ေမာင္းေနခ်ိန္ ခ်က္ခ်င္း သူ႔ကိုသတိရတာနဲ႔ သူ႔ၿမိဳ့ကိုေရာက္ေနေၾကာင္း ဖုန္းဆက္အသိေပးလိုက္ေတာ့ တိုက္ဆိုင္စြာဘဲ သူကလည္းသူ႔ၿမိဳ့က ဆရာကန္ေတာ့ပြဲေရာက္ေနခ်ိန္နဲ ႔ကြက္တိျဖစ္ေနေလေတာ့ ” ညီေလးတို့ တစ္ဖြဲ႕လုံးကို အကိုထမင္းေႂကြးမယ္ လာခဲ့ ကြာ ” ဆိုလို့ ဟသၤာတၿမိဳ့က နာမည္ႀကီးထမင္းဆိုင္ ” ” မွာတစ္ဖြဲ႕လုံးဝါးတီးဆြဲျဖစ္ခဲ့ေသးတယ္..

ေျပာရ ေရးရရင္ေတာ့ ကုန္မည္မထင္ပါဘူး..

ရဲအရာရွိငယ္ ဘဝ ယာဥ္ထိန္းရဲတာဝန္ခံလုပ္ခဲ့ၿပီးေနာက္ တာခ်ီလိတ္ၿမိဳ့မွာ လမ္း ၄ ဆုံ ၅ ေနရာေလာက္ကို မီးပြိဳင့္ေတြရွိလာေအာင္ သူကိုယ္တိုင္လုပ္ငန္းရွင္ေတြ ကေနတဆင့္ အကူအညီနဲ႔ တပ္ဆင္ေပးခဲ့သလို တာခ်ီလတ္ခရိုင္ အတြင္း ၂၀၁၁ ခုႏွစ္ ၊ မတ္လက လွုပ္ခတ္ခဲ့တဲ့ေျမငလ်င္ႀကီးေၾကာင့္ ၿပိဳက်ပ်က္စီးသြားတဲ့ ေရွးေဟာင္း လြိဳင္ယြန္းခမ္း ေစတီေတာ္ႀကီး ျပန္လည္ျပဳျပင္မြမ္းမံ တည္ေဆာက္ေရးလုငန္းမွာလည္း သူကိုယ္တိုင္ ဥကၠဌအျဖစ္ တက္တက္ႂကြႂကြနဲ႔ ဦးစီးလုပ္ကိုင္ခဲ့တာကို မွတ္တမ္းဓါတ္ပုံ အရေတြ႕ရွိခဲ့ျပန္တယ္..

စံျပ ရဲဝန္ထမ္းေကာင္းႀကီးေမာင္ဖိုးစံ ( ဒူးယား )

မၾကာေသးမီကမွ စတင္အသုံးျပဳခဲ့တဲ့ တာခ်ီလိတ္ၿမိဳ့မ သုသာန္သစ္ ( ပုံလို့ ) ( မီးသၿဂိဳလ္စက္ႏွစ္လုံးပါ ) ျဖစ္ေျမာက္ေရးေကာ္မတီဥကၠဌအျဖစ္မနားမေနဘဲ တစ္ႏွစ္အတြင္းၿပီးေျမာက္ေအာင္ ေဆာင္ရြက္ခဲ့သလို ယခင္ကပ်က္စီးေနတဲ့ ေဘာလုံးအားကစားကြင္း နဲ႔ မိုးလုံေလလုံ အားကစား႐ုံကိုလည္း ျပန္လည္ျပဳျပင္ မြမ္းမံတည္ေဆာက္ေပးခဲ့ တဲ့အျပင္ တာခ်ီလိတ္ၿမိဳ့နယ္ အားကစားေအာင္နိုင္ေရး အေထာက္အကူျပဳနာယက အျဖစ္တာဝန္လည္း ထမ္းေဆာင္ေနဆဲပါဘဲ ၊ တာခ်ီလိတ္ၿမိဳ့နယ္ စာေရးဆရာအသင္းဥကၠဌတာဝန္ယူၿပီး စာၾကည့္တိုက္ႀကီး တစ္ခုကိုေအာင္ျမင္စြာ ဖြင့္လွစ္နိုင္ခဲ့ပါတယ္..

သူဘဝအေၾကာင္းကို ေလ့လာၾကည့္မိတဲ့အခါမွာေတာ့ သူဟာ ဧရာဝတီတိုင္းေဒသႀကီး ၊ ဟသၤာတၿမိဳ့နယ္ ဒူးယားေက်းရြာ ( ယခုၿမိဳ့နယ္အဆင့္ ) ေလးက အေျခခံလူတန္းစား ေတာင္သူလယ္သမားမ်ိဳးရိုး ကေနေပါက္ဖြားလာၿပီး ၁၉၇၆ ခုႏွစ္မွာ ဖခင္ျဖစ္သူမွာ ခရီးတစ္ခုသြားရင္း႐ု တ္တရက္ေပ်ာက္ဆုံးသြားလို့ သားျဖစ္သူမွာ ပညာကိုဆုံးခန္းတိုင္ေအာင္ ဆက္လက္ မသင္ယူခဲ့ရဘဲ ဖခင္ေပ်ာက္ကို ရွာေဖြရင္းနဲ႔ ၁၉၇၈ ခုႏွစ္မွာ ရန္ကုန္တိုင္းကေန ရဲတပ္ဖြဲ႕ထဲကို ဝင္ေရာက္ခဲ့ၿပီး သာယာဝတီ ဆရာစံနယ္ေျမမွာ ရဲသင္တန္းဆင္းခဲ့ကာ အျခားအဆင့္နဲ႔ စတင္အမွုထမ္းခဲ့သူပါ ။

စံျပ ရဲဝန္ထမ္းေကာင္းႀကီးေမာင္ဖိုးစံ ( ဒူးယား )

အထက္တန္း မေအာင္ျမင္ဘဲ သူရဲ့က်ိဳးစားမွုေၾကာင့္ အျခားအဆင့္ ( Other Ranks ) ကေန ဒုတိယရဲမွူး အဆင့္ထိရခဲ့တဲ့ သူ႔ရဲ့ ရဲသက္တမ္းတစ္ေလၽွာက္မွာ ဘြဲ႕ေလး တစ္ခုခုမ်ားရခဲ့မယ္ ဆိုရင္ေတာ့ ရဲမွူးႀကီးရာထူး အဆင့္အထိ တက္လွမ္းနိုင္မယ့္သူျဖစ္နိုင္ေသာ္လည္း ခုေတာ့သူႏွင့္ တစ္ပါတ္စဥ္ထဲေတြသာ ရာထူးေတြတိုးၿပီးသူကေတာ့ တာခ်ီလိတ္ၿမိဳ့ရဲ့ေဒသခံ တိုင္းရင္းသားျပည္သူေတြရဲ့ ခ်စ္ခင္ေလးစားမွု နဲ႔ၿမိဳ့ေမတၱာကို ရဲသက္တမ္း တစ္ေလၽွာက္ ၊ လူ႔ဘဝသက္တမ္း တစ္ေလၽွာက္ျပည့္ျပည့္ဝဝႀကီးကို ခံယူသြားနိုင္တဲ့သူ ဆိုတာေျမႀကီး လက္ခတ္မလြဲေတာ့ပါဘူး…

ဒီလိုလူမ်ိဳးကို သာလၽွင္ၿမိဳ့ဂုဏ္ရည္ဆုနဲ႔သာ ထိုက္တန္ပါေပသည္..

ဒီလိုျပည္သူခ်စ္ တဲ့ျပည္သူ႔ ရဲစစ္စစ္ျဖစ္ဘို့ဆိုတာ ရာထူးႀကီးေတြရွိတိုင္း ၊ ပညာေတြ ဘြဲ႕ထူး ဂုဏ္ထူးေတြ တစ္သီႀကီးရယူထားတိုင္း ဖန္တီးယူလို့မရတာေတာ့ အေသအခ်ာဘဲဗ်.. ဟိုအေရး ဒီအေရး လင္မယားခ်င္းရန္ျဖစ္လို့ စခန္းေရာက္လာတဲ့အေရး အေရးေပါင္းေမ်ာက္မ်ားစြာကို နားခ်ေဖ်ာင္းျဖၿပီးျပန္ေပါင္းထုပ္နိုင္ေအာင္ ဖူးစာေရး နတ္မင္းကိုယ္စားလွယ္လည္း ဝင္လုပ္နိုင္တဲ့ ရဲ ဝန္ထမ္းေကာင္းတစ္ဦးဟာ အခ်ိန္တန္လို့ျပည္သူ႔ရင္ခြင္ ကိုျပန္လည္ခိုဝင္ၿပီး ထာဝရနားခိုေပမယ့္လည္း ဟိုး….ယခင္ကတည္းက ေဒသခံျပည္သူေတြနဲ႔ တစ္သားနဲ႔ျဖစ္ခဲ့တာမို့.. အားလုံးကေတာ့ႏွေျမႇာ မိၾကပါတယ္..

စံျပ ရဲဝန္ထမ္းေကာင္းႀကီးေမာင္ဖိုးစံ ( ဒူးယား )

ပိုက္ဆံရွိလုပ္နိုင္တာ မဟုတ္ဘဲ သူဦးစီးၿပီး စတင္အေကာင္အထည္ေဖာ္လုပ္ကိုင္ခဲ့တဲ့ လုပ္ငန္းတိုင္းကို ေဒသခံစီးပြားေရး လုပ္ငန္းရွင္ေတြကအစ ဝိုင္းဝန္းရပ္တည္ေပးနိုင္ေအာင္ သူ႔မွာပင္ကိုယ္ စည္း႐ုံးေရးစြမ္းရည္က ေကာင္းၿပီးသားျဖစ္ေနလို့ပါဘဲဗ်ာ

ေနာက္ဆုံးေတာ့ ရာထူးဂုဏ္ရွိန္ဂုဏ္ဝါေတြ မွန္သမၽွအားလုံးဟာ မွန္ေဘာင္ထဲမွာထည့္ၿပီး ဧည့္ခန္းမွာ ဝံ့ႂကြားခ်ိတ္ထားယုံမွအပ ျပည္သူထဲကေပါက္ဖြားလာတဲ့ဝန္ထမ္းဟာ ျပည္သူ႔ရင္ခြင္ထဲမွာ ဘဲျပန္လည္ခိုလွုံေနထိုင္ၾကရ တာခ်ည္းမို့ မျဖစ္ေလာက္ရာထူးေတြနဲ႔ ေသရင္ယူသြားလို့မရတဲ့ ရာထူးဂုဏ္ပါဝါေတြၾကားမွာ အထက္ေအာက္ငယ္သားျပည္သူမ်ားကို ယဥ္ေက်းသိမ္ေမြ႕စြာေျပာဆို ဆက္ဆံတတ္ဘို့ အဓိကလိုအပ္ပါတယ္..ႏွုတ္ခ်ိဳျပည္စိုး ယုံတင္မကပါဘူး ၊ လူ႔မင္းနတ္မင္းေတြ ကအစ စိုးမိုးနိုင္စြမ္းရွိပါတယ္..

တစ္ခ်ိဳ့ရာထူးက အနားယူသြားခဲ့ရင္ ျပည္သူမေျပာနဲ႔ လက္ေဖာ္ကိုင္ဘက္ ရဲေဘာ္ရဲဘက္အေပါင္းနဲ႔ တပည့္သားသမီးေတြက လမ္းေတြ႕ရင္ေတာင္မႏွုတ္ဆက္ခ်င္ၾကတဲ့သူေတြကို ကိုယ္ေတြ႕ျမင္ဖူးခဲ့တာမို့ ျမန္မာျပည္မွာသူလိုျပည္သူ ဘက္ေတာ္သားျပည္သူ ႔ရဲဝန္ထမ္းေကာင္းေတြ အမ်ားႀကီးေပၚထြက္လာပါေစလို့ ဆုေတာင္းရင္း ဤေဆာင္းပါေလးနဲ႔ ဂုဏ္ျပဳေရးသား ဂုဏ္ျပဳလိုက္ပါတယ္ မိတ္ေဆြ ဒုတိယရဲမွူး စံသိန္း ( ေခၚ ) ေမာင္ဖိုးစံ ( ဒူးယား ) ေရ….

အကိုႀကီးရဲ့ ေပ်ာက္ဆုံးသြားတဲ့ ဖခင္ႀကီးကိုလည္း ကံမကုန္တဲ့ တစ္ေန႔ျပန္ဆုံနိုင္ၾကပါေစဗ်ာ

ေလးစားစြာျဖင့္..ညီေလးစည္သူေမာင္

Unicode

ကူညီပါရစေ “ ဆိုတဲ့ဆောင်ပုဒ် မရှိခင်ကတည်းက လူတန်းစား အဆင့်အတန်းမခွဲခြားဘဲ စိတ်စေတနာအရင်းခံနဲ့ ကူညီခဲ့တဲ့ စံပြ ရဲဝန်ထမ်းကောင်းကြီး မောင်ဖိုးစံ ( ဒူးယား )… သို့..ဂုဏ်ပြုမှတ်တမ်း

ဖေဖဝါရီလ ၁၄ ရက်နေ့ ၊ တိတိကျကျပြောရရင် လူငယ်ချစ်သူစုံတွဲတွေ ရင်ခုန်စိတ်လှုပ်ရှားတဲ့နေ့ မှာ ကျွန်တော့်မိတ်ဆွေတစ်ယောက် ၊ ညီရင်းအကိုလို ချစ်ခင်ရတဲ့ ဒုရဲမှူး စံသိန်းကတော့ သူချစ်တဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကြီးကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ သက်ပြည့်ပင်စင်ယူပြီး ရာသက်ပန် အနားယူလိုက်ရတဲ့ ဒီနေ့ချစ်သူများနေ့ဟာ သူ့ဘဝအတွက် ချစ်လျှက်နဲ့စွန့်ခွာခဲ့ရတဲ့ အမှတ်တရနေ့လေး တစ်နေ့ပါဘဲ..

ပြည်သူ့ရဲတပ်ဖွဲ့မှာ အင်မတန်ကို စိတ်ကောင်းစေတနာကောင်းရှိခဲ့တဲ့ ရဲဝန်ထမ်းတစ်ယောက်ဖြစ်သလို သူနဲ့ကျွန်တော် ခင်မင်ရင်းနှီးခဲ့တဲ့ သက်တမ်းက နှစ် ၂၀ တင်တင်းရှိခဲ့ပြီမို့ ယခုလိုဂုဏ်ပြုရေးသားရခြင်းပါ ၊ ကျွန်တော့် လိုဘဲ သူနဲ့ထိတွေ့ဆက်ဆံခဲ့ဖူးသူမိတ်ဆွေမှန်သမျှ ၊ ရဲဝန်ထမ်းအချင်းချင်းမှန်သမျှ သူ့ရဲ့ကောင်းသတင်းတွေကိုဘဲ ချီးကျူးထောပနာပြု ပြောဆိုနေကြသူတွေချည်းမို့ အားလုံးနှမြောနေကြမှာပါ…

မှန်ပါတယ်..

သူ့ ရဲ့ ရဲလုပ်ခဲ့တဲ့ သက်တမ်းတစ်လျှောက် ရောက်တဲ့နေရာ ၊ တာဝန်ကျရာနေရာမှန်သမျှ ဒေသဖွံ့ဖြိုရေးဆိုင်ရာအကျိုး ၊ ရပ်ရွာရဲ့ဘာသာ သာသနာအကျိုး ၊ ဌာနအကျိုးတွေကို ကိုယ်ကျိုးမငှဲ့ကွက်ဘဲ လုပ်ဆောင်ခဲ့တဲ့အတွက် တစ်ချို့ကသူ့ကို ရဲလို့တောင် မထင်မိကြပါဘူး.. တစ်ခါသူနဲ့အတူ ခရီးတစ်ခုကိုအတူသွားခဲ့စဉ် လမ်းဘေးမှာ ဆင်းရဲနွမ်းပါးနေတဲ့သက်ကြီးရွယ်အို အဖိုးအိုအဖွားအိုတွေဈေးထိုင်ရောင်းနေ တာကိုတွေ့လိုက်တော့ ချက်ချင်းကားရပ်ပြီး ဈေးမဆစ်ဘဲ အကုန်ဝယ်ပစ်တာမျိုးတွေ့ခဲ့ဖူးတယ် ၊

ထမင်းစားချိန်ရောက်လို့ ဆိုင်တစ်ဆိုင်မှာ ထမင်းအတူစားနေရင်း ရဲပီပီဘေး ဘယ်ညာကိုဘယ်အချိန်ကတည်းက အကဲခတ်ခဲ့တာလည်း မသိဘူး ၊ နောက်စားပွဲက ခရီးသွားအာဂန္တု သံဃာတော်ဆရာတော်တွေရဲ့ ဆွမ်းဝိုင်းကိုလမ်းကြုံရင်း အလှူဒါနအဖြစ် ရှင်းပေးလိုက်တာမြင်ခဲ့ဖူးတယ်..ရုပ်ဆွအဆုံး လမ်းဘေးကဆင်းရဲနွမ်းပါးနေသူ ၊ သူဖုန်းစားကအစ ရက်ရက်ရောရောပေးကမ်း စွန့်ကျဲတတ်တဲ့စေတနာကိုတော့ အမှန်တကယ်ဘဲ ကျွန်တော်လေစားမိခဲ့ပါတယ်..( ကျွန်တော်လေးစားတဲ့ သူတွေအထဲမှာ ထိုကဲ့သို့သောသူမျိုးပါ ) ။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကျွန်တော့်မိတ်ဆွေ ၁၀ ယောက်လောက်နဲ့ ဇလွန်ပြည်တော်ပြန် ဘုရားဖူးသွားရင်း ဟင်္သာတဘက်ရောက်တော့ ဒူးယားမြို့လေးကို ကားကဖြတ်မောင်းနေချိန် ချက်ချင်း သူ့ကိုသတိရတာနဲ့ သူ့မြို့ကိုရောက်နေကြောင်း ဖုန်းဆက်အသိပေးလိုက်တော့ တိုက်ဆိုင်စွာဘဲ သူကလည်းသူ့မြို့က ဆရာကန်တော့ပွဲရောက်နေချိန်နဲ့ကွက်တိဖြစ်နေလေတော့ ” ညီလေးတို့ တစ်ဖွဲ့လုံးကို အကိုထမင်းကြွေးမယ် လာခဲ့ ကွာ ” ဆိုလို့ ဟင်္သာတမြို့က နာမည်ကြီးထမင်းဆိုင် ” ” မှာတစ်ဖွဲ့လုံးဝါးတီးဆွဲဖြစ်ခဲ့သေးတယ်..

ပြောရ ရေးရရင်တော့ ကုန်မည်မထင်ပါဘူး..

ရဲအရာရှိငယ် ဘဝ ယာဉ်ထိန်းရဲတာဝန်ခံလုပ်ခဲ့ပြီးနောက် တာချီလိတ်မြို့မှာ လမ်း ၄ ဆုံ ၅ နေရာလောက်ကို မီးပွိုင့်တွေရှိလာအောင် သူကိုယ်တိုင်လုပ်ငန်းရှင်တွေ ကနေတဆင့် အကူအညီနဲ့ တပ်ဆင်ပေးခဲ့သလို တာချီလတ်ခရိုင် အတွင်း ၂၀၁၁ ခုနှစ် ၊ မတ်လက လှုပ်ခတ်ခဲ့တဲ့မြေငလျင်ကြီးကြောင့် ပြိုကျပျက်စီးသွားတဲ့ ရှေးဟောင်း လွိုင်ယွန်းခမ်း စေတီတော်ကြီး ပြန်လည်ပြုပြင်မွမ်းမံ တည်ဆောက်ရေးလုငန်းမှာလည်း သူကိုယ်တိုင် ဥက္ကဌအဖြစ် တက်တက်ကြွကြွနဲ့ ဦးစီးလုပ်ကိုင်ခဲ့တာကို မှတ်တမ်းဓါတ်ပုံ အရတွေ့ရှိခဲ့ပြန်တယ်..

မကြာသေးမီကမှ စတင်အသုံးပြုခဲ့တဲ့ တာချီလိတ်မြို့မ သုသာန်သစ် ( ပုံလို့ ) ( မီးသဂြိုလ်စက်နှစ်လုံးပါ ) ဖြစ်မြောက်ရေးကော်မတီဥက္ကဌအဖြစ်မနားမနေဘဲ တစ်နှစ်အတွင်းပြီးမြောက်အောင် ဆောင်ရွက်ခဲ့သလို ယခင်ကပျက်စီးနေတဲ့ ဘောလုံးအားကစားကွင်း နဲ့ မိုးလုံလေလုံ အားကစားရုံကိုလည်း ပြန်လည်ပြုပြင် မွမ်းမံတည်ဆောက်ပေးခဲ့ တဲ့အပြင် တာချီလိတ်မြို့နယ် အားကစားအောင်နိုင်ရေး အထောက်အကူပြုနာယက အဖြစ်တာဝန်လည်း ထမ်းဆောင်နေဆဲပါဘဲ ၊ တာချီလိတ်မြို့နယ် စာရေးဆရာအသင်းဥက္ကဌတာဝန်ယူပြီး စာကြည့်တိုက်ကြီး တစ်ခုကိုအောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်..

သူဘဝအကြောင်းကို လေ့လာကြည့်မိတဲ့အခါမှာတော့ သူဟာ ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတမြို့နယ် ဒူးယားကျေးရွာ ( ယခုမြို့နယ်အဆင့် ) လေးက အခြေခံလူတန်းစား တောင်သူလယ်သမားမျိုးရိုး ကနေပေါက်ဖွားလာပြီး ၁၉၇၆ ခုနှစ်မှာ ဖခင်ဖြစ်သူမှာ ခရီးတစ်ခုသွားရင်းရု တ်တရက်ပျောက်ဆုံးသွားလို့ သားဖြစ်သူမှာ ပညာကိုဆုံးခန်းတိုင်အောင် ဆက်လက် မသင်ယူခဲ့ရဘဲ ဖခင်ပျောက်ကို ရှာဖွေရင်းနဲ့ ၁၉၇၈ ခုနှစ်မှာ ရန်ကုန်တိုင်းကနေ ရဲတပ်ဖွဲ့ထဲကို ဝင်ရောက်ခဲ့ပြီး သာယာဝတီ ဆရာစံနယ်မြေမှာ ရဲသင်တန်းဆင်းခဲ့ကာ အခြားအဆင့်နဲ့ စတင်အမှုထမ်းခဲ့သူပါ ။

အထက်တန်း မအောင်မြင်ဘဲ သူရဲ့ကျိုးစားမှုကြောင့် အခြားအဆင့် ( Other Ranks ) ကနေ ဒုတိယရဲမှူး အဆင့်ထိရခဲ့တဲ့ သူ့ရဲ့ ရဲသက်တမ်းတစ်လျှောက်မှာ ဘွဲ့လေး တစ်ခုခုများရခဲ့မယ် ဆိုရင်တော့ ရဲမှူးကြီးရာထူး အဆင့်အထိ တက်လှမ်းနိုင်မယ့်သူဖြစ်နိုင်သော်လည်း ခုတော့သူနှင့် တစ်ပါတ်စဉ်ထဲတွေသာ ရာထူးတွေတိုးပြီးသူကတော့ တာချီလိတ်မြို့ရဲ့ဒေသခံ တိုင်းရင်းသားပြည်သူတွေရဲ့ ချစ်ခင်လေးစားမှု နဲ့မြို့မေတ္တာကို ရဲသက်တမ်း တစ်လျှောက် ၊ လူ့ဘဝသက်တမ်း တစ်လျှောက်ပြည့်ပြည့်ဝဝကြီးကို ခံယူသွားနိုင်တဲ့သူ ဆိုတာမြေကြီး လက်ခတ်မလွဲတော့ပါဘူး…

ဒီလိုလူမျိုးကို သာလျှင်မြို့ဂုဏ်ရည်ဆုနဲ့သာ ထိုက်တန်ပါပေသည်..

ဒီလိုပြည်သူချစ် တဲ့ပြည်သူ့ ရဲစစ်စစ်ဖြစ်ဘို့ဆိုတာ ရာထူးကြီးတွေရှိတိုင်း ၊ ပညာတွေ ဘွဲ့ထူး ဂုဏ်ထူးတွေ တစ်သီကြီးရယူထားတိုင်း ဖန်တီးယူလို့မရတာတော့ အသေအချာဘဲဗျ.. ဟိုအရေး ဒီအရေး လင်မယားချင်းရန်ဖြစ်လို့ စခန်းရောက်လာတဲ့အရေး အရေးပေါင်းမျောက်များစွာကို နားချဖျောင်းဖြပြီးပြန်ပေါင်းထုပ်နိုင်အောင် ဖူးစာရေး နတ်မင်းကိုယ်စားလှယ်လည်း ဝင်လုပ်နိုင်တဲ့ ရဲ ဝန်ထမ်းကောင်းတစ်ဦးဟာ အချိန်တန်လို့ပြည်သူ့ရင်ခွင် ကိုပြန်လည်ခိုဝင်ပြီး ထာဝရနားခိုပေမယ့်လည်း ဟိုး….ယခင်ကတည်းက ဒေသခံပြည်သူတွေနဲ့ တစ်သားနဲ့ဖြစ်ခဲ့တာမို့.. အားလုံးကတော့နှမြှော မိကြပါတယ်..

ပိုက်ဆံရှိလုပ်နိုင်တာ မဟုတ်ဘဲ သူဦးစီးပြီး စတင်အကောင်အထည်ဖော်လုပ်ကိုင်ခဲ့တဲ့ လုပ်ငန်းတိုင်းကို ဒေသခံစီးပွားရေး လုပ်ငန်းရှင်တွေကအစ ဝိုင်းဝန်းရပ်တည်ပေးနိုင်အောင် သူ့မှာပင်ကိုယ် စည်းရုံးရေးစွမ်းရည်က ကောင်းပြီးသားဖြစ်နေလို့ပါဘဲဗျာ

နောက်ဆုံးတော့ ရာထူးဂုဏ်ရှိန်ဂုဏ်ဝါတွေ မှန်သမျှအားလုံးဟာ မှန်ဘောင်ထဲမှာထည့်ပြီး ဧည့်ခန်းမှာ ဝံ့ကြွားချိတ်ထားယုံမှအပ ပြည်သူထဲကပေါက်ဖွားလာတဲ့ဝန်ထမ်းဟာ ပြည်သူ့ရင်ခွင်ထဲမှာ ဘဲပြန်လည်ခိုလှုံနေထိုင်ကြရ တာချည်းမို့ မဖြစ်လောက်ရာထူးတွေနဲ့ သေရင်ယူသွားလို့မရတဲ့ ရာထူးဂုဏ်ပါဝါတွေကြားမှာ အထက်အောက်ငယ်သားပြည်သူများကို ယဉ်ကျေးသိမ်မွေ့စွာပြောဆို ဆက်ဆံတတ်ဘို့ အဓိကလိုအပ်ပါတယ်..နှုတ်ချိုပြည်စိုး ယုံတင်မကပါဘူး ၊ လူ့မင်းနတ်မင်းတွေ ကအစ စိုးမိုးနိုင်စွမ်းရှိပါတယ်..

တစ်ချို့ရာထူးက အနားယူသွားခဲ့ရင် ပြည်သူမပြောနဲ့ လက်ဖော်ကိုင်ဘက် ရဲဘော်ရဲဘက်အပေါင်းနဲ့ တပည့်သားသမီးတွေက လမ်းတွေ့ရင်တောင်မနှုတ်ဆက်ချင်ကြတဲ့သူတွေကို ကိုယ်တွေ့မြင်ဖူးခဲ့တာမို့ မြန်မာပြည်မှာသူလိုပြည်သူ ဘက်တော်သားပြည်သူ့ရဲဝန်ထမ်းကောင်းတွေ အများကြီးပေါ်ထွက်လာပါစေလို့ ဆုတောင်းရင်း ဤဆောင်းပါလေးနဲ့ ဂုဏ်ပြုရေးသား ဂုဏ်ပြုလိုက်ပါတယ် မိတ်ဆွေ ဒုတိယရဲမှူး စံသိန်း ( ခေါ် ) မောင်ဖိုးစံ ( ဒူးယား ) ရေ….

အကိုကြီးရဲ့ ပျောက်ဆုံးသွားတဲ့ ဖခင်ကြီးကိုလည်း ကံမကုန်တဲ့ တစ်နေ့ပြန်ဆုံနိုင်ကြပါစေဗျာ

လေးစားစွာဖြင့်..ညီလေးစည်သူမောင်

Add a Comment

Your email address will not be published. Required fields are marked *