မေန႔က သံေစ်း မီးေလာင္မႈ ဓာတ္ပံုထဲက အေမ့ေလ်ာ့ခံ ပရဟိတသူရဲေကာင္း တစ္ဦး ရဲ႕ ဘဝဇာတ္ေၾကာင္း ဆင္းရဲသားနင္းျပားဆုိေပမဲ့ အထင္မေသးေစလုိ

“ ပံုထဲက လူဟာ ဟံသာရိပ္မြန္ ( ၅ ) ရပ္ကြက္ ကမာရြတ္ကပါ ။ ႏွစ္ေပါင္း မ်ားစြာ အရန္ မီးသတ္ဘဝ နဲ႔ ပရဟိတ ဝါသနာႀကီးစြာ လုပ္ကုိင္လာရင္း မိသားစု ဝမ္းေရး တာဝန္မ်ား ကုိ လည္း ဦးေဆာင္ေနရသူပါ ။

ရန္ကုန္ၿမဳိ႕ မွာ မီး သတင္းၾကားတာ နဲ႔ ေစ်းေရာင္းရင္း အေျပးအလႊား ေရာက္ေအာင္ သြားၿပီး ကူညီတတ္သူ ျဖစ္ပါတယ္ ။ အခုေတာ့ ျမင့္မားလာတဲ့ အိမ္ငွားခ မတတ္ႏုိင္ေတာ့လုိ႔ ၾကည့္ျမင္တိုင္ တဖက္ကမ္းမွာ ငွားေနရ တယ္ ။ ေစ်းေရာင္းတဲ့ အလုပ္ကေတာ့ ဆင္မလုိက္ သူ႔ဇာတိမွာပဲ လုပ္ေနတုန္းပါ။ ေလးစားဖုိ႔ ေကာင္းတဲ့ ကၽြန္ေတာ္တို႔ ရပ္ကြက္က လူေတာ္တေယာက္ပါ။ သူ႔အမည္က ဦးေမာ္စီပါ ။ ”

ခရက္ဒစ္ – Opa Zaw

Unicode

“ပုံထဲက လူဟာ ဟံသာရိပ်မွန် (၅) ရပ်ကွက် ကမာရွတ်ကပါ။ နှစ်ပေါင်းများစွာ အရန်မီးသတ်ဘဝနဲ့ ပရဟိတဝါသနာကြီးစွာ လုပ်ကိုင်လာရင်း မိသားစု ဝမ်းရေး တာဝန်များကိုလည်း ဦးဆောင်နေရသူပါ။

ရန်ကုန်မြို့မှာ မီးသတင်းကြားတာနဲ့ ဈေးရောင်းရင်း အပြေးအလွှား ရောက်အောင် သွားပြီး ကူညီတတ်သူ ဖြစ်ပါတယ်။ အခုတော့ မြင့်မားလာတဲ့ အိမ်ငှားခ မတတ်နိုင်တော့လို့ ကြည့်မြင်တိုင် တဖက်ကမ်းမှာ ငှားနေရတယ်။ ဈေးရောင်းတဲ့ အလုပ်ကတော့ ဆင်မလိုက် သူ့ဇာတိမှာပဲ လုပ်နေတုန်းပါ။ လေးစားဖို့ ကောင်းတဲ့ ကျွန်တော်တို့ ရပ်ကွက်က လူတော်တယောက်ပါ။ သူ့အမည်က ဦးမော်စီပါ။”

ခရက်ဒစ် – Opa Zaw

Add a Comment

Your email address will not be published. Required fields are marked *