တရုတ် မှာ တစ်နေ့ကို လူ (၁၀၀) ကျော်သေဆုံးနေဆဲ ဖြစ်တဲ့ ကိုရိုနာဗိုင်းရဗ်စ်(COVID-19) နောက်ဆုံးရ သတင်း

COVID-19 လို့ အမည်ပေးထား တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာတလွှား နိုင်ငံ နဲ့ ဒေသ ( ၃၀ ) မှာ ကူးစက်နေပြီး ဒီကနေ့မနက် မှာ နောက်ဆုံး ရထားတဲ့ သတင်း အရ ကူးစက်ခံ (၇၆၂၁၂) ယောက် နဲ့ သေဆုံးသူ ( ၂၂၄၈ ) ယောက် ရှိပြီ လို့ သိရ ပါ တယ် ။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မနေ့က တစ်ရက်ထဲတရုတ်မှာ လူ ၁၁၆ဦး သေဆုံးခဲ့တာဖြစ်ပြီး ကူးစက်ခံရသူ ၂သောင်းနီးပါး နေပြန်ကောင်းလာခဲ့ပြီလို့လဲသိရပါတယ်။

ဗိုင်းရပ်စ် စတင်ကူးစက်ရာ တရုတ်ပြည်မကြီး ဟူဘေးပြည်နယ် ဝူဟန်မြို့က ယာယီဆေးရုံထဲမှာ ရောဂါနုတဲ့ ကူးစက်ခံလူနာတွေကို ထားပါတယ်။

တရုတ် မှာ တစ်နေ့ကို လူ (၁၀၀) ကျော်သေဆုံးနေဆဲ ဖြစ်တဲ့ ကိုရိုနာဗိုင်းရဗ်စ်(COVID-19) နောက်ဆုံးရ သတင်း

တရုတ်အစိုးရဟာ ငှက်ဖျားတိုက်ဖျက်ဆေး ကရိုလိုကွင်းဖော့စ်ဖိတ်နဲ့ တရုတ်ရိုးရာ တိုင်းရင်းဆေးအပါအဝင် Covid-19 ဗိုင်းရပ်စ်သစ်အတွက် ထိရောက်တဲ့ ကုသဆေးကို ရှာတွေ့ခဲ့ပြီလို့ တရုတ် အာဏာပိုင်တွေက ဖေဖော်ဝါရီ ၁၇ ရက်မှာ ကြေညာပါတယ်။

ဒါ့အပြင် တရုတ်တောင်ပိုင်း ကွမ်တုံပြည်နယ်က နေပြန်ကောင်းလာတဲ့ ဗိုင်းရပ်စ်ကူးစက်ခံ လူနာ ၃ ယောက်ကလည်း တခြားလူနာတွေကို ကုသဖို့ သူတို့ရဲ့ သွေးရည်ကြည်တွေကို ဖေဖော်ဝါရီ ၁၄ ရက်မှာ လှူဒါန်းခဲ့ကြပါတယ်။

တရုတ် မှာ တစ်နေ့ကို လူ (၁၀၀) ကျော်သေဆုံးနေဆဲ ဖြစ်တဲ့ ကိုရိုနာဗိုင်းရဗ်စ်(COVID-19) နောက်ဆုံးရ သတင်း

ကနဦးရလဒ်အရ အသည်းအသန် အခြေအနေမှာ ရှိနေတဲ့ လူနာတွေကို နေပြန်ကောင်းလာသူတွေရဲ့ သွေးရည်ကြည် သွင်းပေးချိန်မှာ သိသိသာသာ ထိရောက်ခဲ့ပါတယ်။

လောလောဆယ်မှာ ကူးစက်မှု တိုက်ဖျက်ရေးအတွက် ကူညီဖို့ မျက်နှာဖုံးတွေနဲ့ တခြား အရေးကြီးတဲ့ အထောက်အပံ့တွေကို ထုတ်လုပ်ဖို့ တရုတ်လုပ်ငန်းရှင်တွေ ကြိုးစား အားထုတ်နေကြပါတယ်။

ဗိုင်းရပ်စ် စတင်ကူးစက်ရာ ဟူဘေးပြည်နယ် အပြင်ဘက်က ဒေသတွေမှာ နေ့စဉ် အတည်ပြုပေးထားတဲ့ ကူးစက်ခံ အရေအတွက်က ၁၅ ရက်ဆက်တိုက် ကျဆင်းလာပါတယ်။

တရုတ် မှာ တစ်နေ့ကို လူ (၁၀၀) ကျော်သေဆုံးနေဆဲ ဖြစ်တဲ့ ကိုရိုနာဗိုင်းရဗ်စ်(COVID-19) နောက်ဆုံးရ သတင်း

နိုင်ငံအနှံ့က ဆေးဝန်ထမ်း ၃၂၀၀၀ လည်း ဟူဘေးပြည်နယ်ကို ပြောင်းလာကြပြီး ဗိုင်းရပ်စ်ကူးစက်ခံ လူနာတွေကို ကုသပေးနေပါတယ်။

ပြည်တွင်း ပြည်ပ စီးပွားရေးလုပ်ငန်းတွေ၊ သုတေသနနဲ့ ဖွံ့ဖြိုးရေးဌာနတွေ၊ စက်ရုံတွေ ပြန်ဖွင့်နေကြပါပြီ။ တရုတ်ရဲ့ လုပ်ဆောင်ချက်တွေကို တကမ္ဘာလုံးက အသေအချာ ချီးကျူးပါတယ်။

“အန္တရာယ်ရှိတဲ့ ဗိုင်းရပ်စ်ကို ရင်ဆိုင်ရာမှာ သူမတူအောင် ပညာရှင်ပီသကြောင်း ပြသခဲ့တဲ့ တရုတ် ကျန်းမာရေးလုပ်သားတွေရဲ့ ရဲဝံ့သတ္တိရှိမှုကို ကျနော်တို့ တကယ်ချီးကျူးတယ်” လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ရဲ့ အရေးပေါ် ကျန်းမာရေးဌာန ညွှန်မှူး မိုက်ကယ်ရိုင်ယန်က ၅၆ ကြိမ်မြောက် မြူးနစ်ခ်ျ လုံခြုံရေးညီလာခံမှာ ပြောပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *