ကိုရိုနာ ဗိုင်းရဗ်စ်ကြောင့် တောင်ကိုရီးယားနိုင်ငံ မှာ အရေးပေါ် အခြေအနေကြညာ / မြို့နှစ်မြို့ ကို အထူးစောင့်ကြည့်ဇုန် အဖြစ် သတ်မှတ်လိုက်ပါပီ…

တောင်ကိုရီးယားနိုင်ငံမှာကိုရိုနာဗိုင်းရဗ်စ်ကြောင့် လူ ၁ ဦးသေဆုံးခဲ့ပြီး ကူးစက်သူ ဦးရေ ပိုမိုမြင့်တက် လာတာကြောင့် အရေးပေါ် အခြေအနေကြေညာ လိုက်ပြီ လို့ သိရ ပါတယ် ။

တရုတ်နိုင်ငံပြင်ပ မှာ ဆိုရင် ဂျပန်နိုင်ငံမှာ ကမ်းကပ်ထားတဲ့ Diamond Princess အပျော်စီးသင်္ဘောပေါ်က ခရီးသည်တွေ ဗိုင်းရပ်စ်ကူးစက်မှုပြီးရင် အဆိုးရွားဆုံး ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေမှု အဖြစ် တောင်ကိုးရီးယား မှာ ကြုံတွေ့နေရတယ် လို့သိရပါတယ် ။

ကိုရိုနာ ဗိုင်းရဗ်စ်ကြောင့် တောင်ကိုရီးယားနိုင်ငံ မှာ အရေးပေါ် အခြေအနေကြညာ / မြို့နှစ်မြို့ ကို အထူးစောင့်ကြည့်ဇုန် အဖြစ် သတ်မှတ်လိုက်ပါပီ…

တောင်ကိုရီးယားဝန်ကြီးချုပ် Lee Nak-yeon က နိုင်ငံမှာအရေးပေါ်အခြေအနေကြေညာထားပြီး မြို့နှစ်မြို့ကို အထူးစောင့်ကြည့်ဇုန်အဖြစ်သတ်မှတ်ကြေညာထားပါတယ်။

ဒီကနေ့ မနက်ပိုင်းအထိရရှိထားတဲ့သတင်းတွေအရ တောင်ကိုရီးယားမှာ ဒီဗိုင်းရပ်စ်ကူးစက်ခံထားရမှု ၁၅၉ ခုရှိပြီး မနေ့က ဒီဗိုင်းရပ်စ်နဲ့ လူတစ်ဦးသေဆုံးတယ်လို့ အာဏာပိုင်တွေက အတည်ပြုပြောကြားထားပါတယ်။

COVID-19 လို့ အမည်ပေးထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာတလွှား နိုင်ငံနဲ့ ဒေသ ၃၀ မှာ ကူးစက်နေပြီး ဒီကနေ့မနက်မှာ နောက်ဆုံး ရထားတဲ့ သတင်းအရ ကူးစက်ခံ ၇၆၂၁၂ ယောက်နဲ့ သေဆုံးသူ ၂၂၄၈ ယောက် ရှိပြီလို့ သိရပါတယ်။

ကိုရိုနာ ဗိုင်းရဗ်စ်ကြောင့် တောင်ကိုရီးယားနိုင်ငံ မှာ အရေးပေါ် အခြေအနေကြညာ / မြို့နှစ်မြို့ ကို အထူးစောင့်ကြည့်ဇုန် အဖြစ် သတ်မှတ်လိုက်ပါပီ…

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မနေ့က တစ်ရက်ထဲတရုတ်မှာ လူ ၁၁၆ဦး သေဆုံးခဲ့တာဖြစ်ပြီး ကူးစက်ခံရသူ ၂သောင်းနီးပါး နေပြန်ကောင်းလာခဲ့ပြီလို့လဲသိရပါတယ်။

ဗိုင်းရပ်စ် စတင်ကူးစက်ရာ တရုတ်ပြည်မကြီး ဟူဘေးပြည်နယ် ဝူဟန်မြို့က ယာယီဆေးရုံထဲမှာ ရောဂါနုတဲ့ ကူးစက်ခံလူနာတွေကို ထားပါတယ်။

လက်ရှိမှာ တောင်ကိုးရီးယားအာဏာပိုင်တွေဟာ ဗိုင်းရပ်စ် ပြည်တွင်းမှာကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ အပြင်းအထန် ကြိုးစားနေရပါတယ်။

Ref : BBC News
Writer_HULK ( XYZ News )

Add a Comment

Your email address will not be published. Required fields are marked *