ပွက်လောရိုက် ခဲ့တဲ့ တောင်ကိုရီးယား က မူကြိုကျောင်း ကိစ္စ ( Vလေးလို ဖြစ်ရပ်မျိုး နောက်ထပ် ဘယ်ခလေး မှ မဖြစ်ဖို့ ဆုတောင်းမိတယ်…)

အ ခုတလော ပွက်လောရိုက်နေတဲ့ တောင်ကိုရီးယားက မူကြိုကျောင်း ကိစ္စ ၊ ဘယ်သူမှ မထင်မှတ်ထားတဲ့ ဒီဖြစ်ရပ်ဟာ သိပ်ပြီး တုန်လှုပ်ဖို့ကောင်းတယ်..။ မူကြိုကျောင်းက ၅ နှစ် အရွယ် ကလေးမလေး ရဲ့ အဖြစ် က ဆိုး တယ်..။ ဒီအဖြစ်ဆိုး ဟာ ၂၀၁၉ ခုနှစ် တောင်ကိုရီးယား ရဲ့ နိုဝင်ဘာလ ကို အကျည်းတန်စေ တယ်….။

တောင်ကိုရီးယား မူကြိုကျောင်းက ကလေးမိဘတွေ အလွန်ထိတ်လန့်ကုန်ကြတယ်..။ ဒီပြဿနာဟာ လွယ်လွယ်နဲ့ ပြီးမသွား..။ ဒါပေမယ့် ဒီလိုပြဿနာမျိုးဟာ အချိန်စောင့်ရတယ်…။သိပ်ပြီး သိမ်မွေ့တယ်..။ အထိအရှမခံဘူးတဲ့..။

◾️◾️

12

အဲဒီနေ့က ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၄ ရက်နေ့ ပေါ့..။ ကလေးနှစ်ယောက်အမေဟာ ကလေးကစားကွင်းမှာ ကလေးတွေနဲ့ ကစားနေတယ်..။ လမ်းသိပ်မလျှောက်တတ်တဲ့ အငယ် လေးကို မဲကြည့်နေတုန်း အကြီးမလေးက မြင်ကွင်းထဲက ပျောက်သွားတယ်..။

“ သမီးရေ..သမီး ”

◾️◾️

ကလေးအမေက သမီးလေးကို လိုက်ရှာတယ်..။

သမီးလေးက ကစားကွင်းအနောက်နားကစက်ဘီးတွေရပ်တဲ့ စက်ဘီးပါကင်အနောက်နားက ခပ်မှောင်မှောင် အခန်းလိုဖြစ်နေတဲ့ နေရာလေးက ထွက်လာတယ်…။

ခြေထောက်လေး ထော့နင်းထော့နင်း နဲ့.. ။ ငိုမဲ့ငိုမဲ့ နဲ့ သမီးလေးက လျှောကျနေတဲ့ စကတ်အောက်က အတွင်းခံ ဘောင်းဘီကို ဆွဲတင်လိုက်တယ်။

◾️◾️

ဟင်..?! မိခင်ဟာ အတော် စိုးရိမ်သွားတယ်…။ သမီးလေးအနောက်မှာ မူကြိုကျောင်းက ငါးနှစ်အရွယ် သူငယ်ချင်း ကောင်လေး ၄ ယောက်ကလည်း တစ်ယောက်ပြီး တစ်ယောက် ထွက်လာတယ်။ မိခင်က တော်ပါသေးရဲ့ဆိုတဲ့ အတွေးနဲ့ သက်ပြင်းချလိုက်တယ်..။ ဒါပေမဲ့ သူငယ်ချင်း ကောင်လေး ၄ ယောက်က သမီးလေးရဲ့ အမေကိုတွေ့တော့ ကြောက်လန့်တကြား ထွက်ပြေးကြတယ်..။ေ ကာင်လေးတွေ မဟုတ်တာ တစ်ခုခုတော့ လုပ်ထားပြီ..။

◾️◾️

13

သမီးလေးက မျက်နှာမကောင်း…။ အမေဖြစ်သူက…

“ သမီးလေး ဘာဖြစ်လို့လဲ?”

“ စက်ဘီးပါကင်အနောက်က အခန်းထဲမှာ သမီးတို့ ဘာဝင်လုပ်တာလဲ..?”

“သမီးမဖြေဘူး..မသိဘူး..မသိဘူး” တဲ့..။

◾️◾️

သမီးလေးနဲ့ သူငယ်ချင်းတွေ အရွယ်က ၂၀၁၄ ခုနှစ်မွေးမို့…. ၅ နှစ်အရွယ်လေးတွေ..။ မိခင်ဖြစ်သူဟာ သမီးလေး သူငယ်ချင်းတွေနဲ့ ရန်ဖြစ်တယ်လို့ပဲ ထင်နေတယ်။

အိမ်ရောက်တော့ အမေက သမီးကို ဖက်ပြီး ချော့မေးတော့ သမီးလေးက ဒီလိုဖြေတယ်…။

“ သူငယ်ချင်း *** က သူ့ သူငယ်ချင်းတွေခေါ်လာပြီး သူတို့က သမီးရဲ့ အောက်က အပေါက်တွေထဲကို အမြဲတမ်း လက်ညှိုးနဲ့ ထိုးထည့်တယ်။ ကျန်တဲ့ သူငယ်ချင်းတွေကတခြားလူတွေ မမြင်အောင် ကာပေးတယ်။”

“ဘာ…?!”

မိခင်ရဲ့ ဘဝပျက်မှုဟာ အဲဒီက စတင်ခဲ့တယ်…။ ၅ နှစ် အရွယ် သမီးလေးဟာ ၅ နှစ်အရွယ် သူငယ်ချင်းဆီမှာ လိင်စော်ကားခံရမယ်လို့ ဘယ်မိဘက တွေးမိမှာလဲ…။ မျက်ရည်တွေ တားဆီးမရ…။

◾️◾️

မိခင်ဟာ သူတို့မိသားစု ဒီလို အဖြစ်ဆိုးမျိုးကြုံရမယ်လို့ ဘယ်သောအခါမှ စိတ်ကူးထဲတောင်မတွေးခဲ့ဖူးပါ..။

◾️◾️

ဒါပေမဲ့ ကလေးရဲ့ စကားဆိုတာ မယုံရဘူးဆိုတဲ့ အတွေးနဲ့ မိခင် စိတ်တင်းတယ်..။ မိခင်က ကြင်ကြင်နာနာ ထပ်မေးတော့ သမီးလေးက အောက်ထဲကနာတယ်လို့ ပြောလာ ပြန်တယ်…။ မိခင်က လိုလိုမယ်မယ် သားဖွားမီးယပ် အထူးကု ဆေးရုံကိုသွားပြီးတော့ ပြတယ်။ အဲဒီမှာ ဆရာဝန်က ပြောတော့တယ်…။ သမီးလေးရဲ့မစင်စွန့်တဲ့အင်္ဂါနဲ့ မိန်းမအင်္ဂါ အထဲမှာ စုတ်ပြတ် ပွန်းပဲ့နေပြီးတော့ ရောင်အန်း နေတယ်…။

ပိုးလည်းဝင်နေတယ်..။ လိင်အစော်ကားခံရတဲ့ ပုံစံရှိတယ်လို့ အဖြေရတယ်။ ဆေးစစ်ချက်ပေးခဲ့တယ်..။ မိခင် ဝမ်းနည်းပက်လက် ငိုတယ်…။ ကလေးတွေ စူးစမ်းတဲ့စိတ်နဲ့ တစ်ခါတစ်လေဖြစ်တာထင်ပါရဲ့..လို့ဖြေတွေးနေသေးတယ်..။

◾️◾️

“သမီးလေး… ကစားကွင်းနောက်က စက်ဘီးရပ်တဲ့ နားမှာပဲ ဒီလိုဖြစ်တာလား..?”

“ ဒီတစ်ခါတည်းမဟုတ်ဘူး။ မူကြိုကျောင်းမှာလည်း သမီးကို ဒီလိုအမြဲလုပ်တယ်“

ဒီတစ်ခါတော့ မိခင်ရဲ့ မျက်ရည်တွေ မဆည်နိုင်တော့ပြီ…။

သမီးလေး ဘယ်လောက်များ စိတ်ဆင်းရဲနေလိမ့်မလဲ…။

“ သမီး မူကြိုကျောင်း မသွားချင်ဘူး” ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကို မိခင် အခုမှသိတယ်…။

◾️◾️

14

စိတ်ပူလွန်းနေပြီဖြစ်တဲ့ သမီးရဲ့မိခင်ဟာ ဒီအကြောင်းကို ကောင်လေးရဲ့မိဘတွေနဲ့ မူကြိုကျောင်းက ဆရာမတွေကို မက်ဆေ့ခ်ျပို့ပြီးတော့ အကြောင်းကြားတယ်…။

“ ဒီကိစ္စကိုဖြေရှင်းပေးပါ။ ပြီးတော့ CCTV တွေကြည့်ချင်ပါတယ်”

လို့တောင်းဆိုလိုက်တယ်။ သိသိချင်း ပထမတော့ ကောင်လေး မိဘတွေဘက်က တောင်းပန်တယ်..။

◾️◾️

မူကြိုကျောင်းမှာ ပြဿနာနဲ့ ဆက်စပ်နေတဲ့ ကလေး လူကြီး မျက်နှာစုံညီ ကလေးတွေကိုခေါ်တယ်..။ သမီးလေးကို အနိုင်ကျင့်တဲ့ ကောင်လေးက

“ဟုတ်တယ်…သား အဲလိုလုပ်တယ်…”

◾️◾️

အဲဒီလိုလုပ်တိုင်း ဘေးနားမှာရှိခဲ့တဲ့ကလေးသုံးယောက်ကို မေးကြည့်တော့လည်း သူတို့က …

“ *** က နာလို့ ငိုတယ်..။ *** က အနိုင်ကျင့်တယ်..။ ကျွန်တော်တို့က သူ့ကိုကြောက်လို့ ဝိုင်းကာပေးတာ ”

“ကျွန်တော်တို့ကို ဆရာမကိုမတိုင်နဲ့ ၊မိဘတွေကို တိုင်မပြောနဲ့လို့ သူငယ်ချင်းက ပြောတယ်”

“ ကောင်မလေးကို သူက ပါးရိုက်ဖူးတယ်..”

◾️◾️

15

မူကြိုကျောင်း CCTV ကို မူကြိုကျောင်းပိုင်ရှင်ရယ်.. သမီးလေးရဲ့ မိခင်ရယ်.. CCTV လုံခြုံရေး တာဝန်ကျသူရယ် စစ်ကြည့်ကြတယ်..။ သမီးနဲ့ အဲဒီယောက်ျားလေး၎ ယောက်ပဲ…။ သူတို့ ဟာ သမီးလေးကို ဆရာမရဲ့ စားပွဲခုံအောက်ခေါ်သွားတာကို တွေ့ရတယ်..။ အဲဒီ စားပွဲခုံအောက်အထိတော့ CCTV က မမြင်ရဘူး..။ ခဏကြာတော့ သမီးအပါအဝင် ကလေး ၅ ယောက်ဟာ ဆရာမစားပွဲခုံအောက် ကထွက်လာတယ်…။

သမီးလေးက ငိုမဲ့မဲ့နဲ့ အောက်ခံဘောင်းဘီဆွဲတင် တယ်…။ ဒီလိုဖြစ်တာ တစ်ခါတည်းမဟုတ်ပါ..။ ဒီတစ်ခါတော့ မိခင်ဟာ ဟော်အစ် ငိုကြွေးလိုက်တယ်…။ အားလုံးက တောင်းပန် ကြတယ်…။

◾️◾️

၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့ တနင်္လာနေ့…

စနေ တနင်္ဂနွေ မှာ မူကြိုကျောင်းပိုင်ရှင်၊ အတန်းပိုင် ဆရာမ၊ ကောင်လေး မိဘတွေ ၄ ယောက်တွေ့ အစည်းအဝေးလုပ်ပြီးတနင်္လာနေ့ကျတော့

စကားတွေ ပြောင်းကုန်ကြပြီ…။

“ ဒီအရွယ်ဘာသိမှာလဲ… ကလေးတွေ ဆော့တာပဲဟာ…”

“ လက်ညှိုး ထိုးထည့်တာ သက်သေရှိလား.. လက်ညှိုး ထည့်လည်း ဒါ လိင်စော်ကားတာလို့ နာမည်တပ်လို့မရဘူး..”

မူကြိုကျောင်း နာမည်ပျက်မှာစိုးတဲ့ မူကြိုကျောင်းပိုင်ရှင်နဲ့ အတန်းပိုင် ဆရာမက

“ သမီးလေးက ယားလို့ ကိုယ့်လက်နဲ့ကိုယ် ကုတ်တာဖြစ်မှာပေါ့… “

“ ကလေးမလေး က တစ်ယောက်တည်း (masturbation -자위) လုပ်တာလည်းဖြစ်နိုင်တယ်.. “

“CCTV က စားပွဲခုံအောက်အထိ မပါဘူး… သက်သေရှိလား ”

သမီးလေးကို ကိုင်တွယ်ပါတယ်ဆိုတဲ့ CCTV တိုက်ရိုက် သက်သေကမရှိ…။

ကလေးတွေက မလိမ်တတ် ၊အားလုံး အမှန်အတိုင်းပြောပေမဲ့ ဝန်မခံတာက လူကြီးတွေ…။

◾️◾️

16

မိခင်ဟာ ဒီအကြောင်းကို သားဖွားမီးယပ် အထူးကု ဆရာဝန်ရဲ့ ဆေးစာနဲ့အတူတွဲတင်ပြီး အင်တာနက်ထဲတင်တယ်..။ြ ပဿနာကို ကြီးကျယ်လာမှာစိုးတဲ့ မူကြိုကျောင်းတွေ စိစစ် ထိန်းချုပ်ရတဲ့ social welfare ဌာနက

“ ဒါဟာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါပဲ..။ ကလေးလေးတွေ အသက်အရွယ်ကပေးလာတဲ့ ဖွံ့ဖြိုးမှု မှတ်တိုင် ( milestone ) တစ်ခုပါပဲ…စူးစမ်းလေ့လာချင်တဲ့စိတ်ပေါ့…” လို့ သတင်းစာ ရှင်းလင်းပွဲလုပ်တယ်..။

မိခင် ရဲ့ ဝမ်းနည်း ဒေါသတွေကြောင့် အံကြိတ် မျက်ရည်ကျ … နှုတ်ခမ်းတွေလည်း ယောင်ကိုင်းလှပြီ..။

◾️◾️

၅ နှစ်အရွယ် ကောင်ကလေးကို မုဒိမ်းကောင်လို့ ဘယ်သူမှ စွပ်စွဲချင်တာမဟုတ်ခဲ့ပါ…။ ကိုယ့်သားသမီးကြောင့် သူများသားသမီး စိတ်ဝေဒနာခံစားရတာကို စာနာ နားလည်တတ်ပြီး အစ အဆုံးတောင်းပန်ခဲ့ရင် ဒီလို ပြဿနာကြီးသွားမှာမဟုတ်…။ အခုတော့ တာဝန်မယူ ခေါင်းမခံချင်တဲ့ လူတစ်စုကြောင့် ကလေးမမိခင်ရဲ့ ဝမ်းနည်းမှုဟာ ဒေါသကိုပြောင်းတယ်..။မူကြိုကျောင်းက ကလေးတွေရဲ့ မိခင်တွေက ဆူပူကြတယ်..။တိုင်းပြည်တစ်ခုလုံး အငြင်းပွါးမှုတွေနဲ့ ပိုဆိုးတော့တာပဲ။ ဒီပြဿနာက သမ္မတအိမ်ပြာတော် (Cheong Wa Dae- Blue House) အထိရောက်ကုန်တယ်..။

◾️◾️

ကောင်လေးရဲ့ မိဘတွေ က အနေအထိုင် မတတ်လို့ မဟုတ်ဘူးလား…။ သမီးလေးက ကိုယ့်လက်နဲ့ ကိုယ်ကုတ်မိရင်တောင် အတွင်းထဲအထိ ကုတ်နိုင်ပါ့မလား..။၅ နှစ်အရွယ် ကောင်ကလေးတွေရဲ့ စူစမ်းလေ့လာချင်တဲ့ စိတ်က ဒါလား.. ဒါဆိုရင်လည်း ၆ လလုံးလုံး ဆက်တိုက်ဖြစ်နေတာ တစ်ခုခုလွဲနေပြီ..။၅ နှစ် အရွယ်ကလေးမလေးကို masturbation လို့ပြောရက်တဲ့ မူကြိုကျောင်းပိုင်ရှင်…။

◾️◾️

၅ နှစ်အရွယ်ကလေးက ၅ နှစ် အရွယ်ကလေးကို ဒီလိုလုပ်တယ်ဆိုကတည်းက အရမ်း တုန်လှုပ်ဖို့ ကောင်းတဲ့ဖြစ်ရပ်တစ်ခု..။

◾️◾️

၅ နှစ်အရွယ်ကောင်လေးဟာ လိင်ကိစ္စနဲ့ပတ်သက်ပြီးတော့နားမလည်ပါ…။ဒါပေမဲ့ သူမဟုတ်တာတစ်ခုခု လုပ်တယ်ဆိုတာကို သိနေခဲ့တယ်.. မတရားတာတစ်ခုကို လူကြီးတွေ မသိအောင်လုပ် မယ်ဆိုတဲ့ဆန္ဒ…။ အုပ်စုလိုက် အနိုင်ကျင့်မယ်ဆိုတဲ့ ဆန္ဒ..။ဒါဟာ လည်း တုန်လှုပ်ဖို့ ကောင်းတဲ့ အချက်…။ဒါကြောင့်မို့ ဆရာမနဲ့မတိုင်နဲ့…မိဘတွေကိုမတိုင်နဲ့ ဟန့်တားပြီး သူငယ်ချင်း ၃ ယောက်ကို လူတွေ မမြင်အောင် ကာခိုင်းတာ ဖြစ်တယ်။

◾️◾️

17

ကလေးမလေးက မကြာခဏ ဒီလိုပြောတယ်..။

“ အမေ အဲဒီကောင်လေးကို ရန်ဖြစ်ပေးပါ.. သမီးကို ဝိုင်းကြည့်နေတဲ့ သူငယ်ချင်းတွေကို သွားပြီး အော်ငေါက်ပေးပါ..”

“ အမေ.. သမီး သူတို့ကို မတွေ့ချင်ဘူး..”

◾️◾️

၂၀၁၉ ခုနှစ် ၁၂ လပိုင်း ၁၂ရက်နေ့

မူကြိုကျောင်းက မိဘတွေ အားလုံးအစည်းအဝေးလုပ်ကြတယ်..။ကလေးမလေး နဲ့ မိခင်ကိုသနားတဲ့သူတွေက တစ်ဘက်… သူတို့ရပ်ကွက်နဲ့ သူတို့ရဲ့မူကြိုကျောင်းနာမည်က တစ်တိုင်းပြည်လုံး သိသွားတဲ့ အတွက် ရပ်ကွက်နာမည်ပျက်တယ် ဆိုသူတွေက တစ်ဘက်…။ ဒီလို တစ်ကိုယ်ကောင်းဆန်သူတို့ရဲ့ စကားတွေကိုကြားလိုက်ရတဲ့အခါမှာ ကလေးမလေး ရဲ့ အမေဟာ အလွန်တရာ ဝမ်းနည်းသွားတယ်…။

ဒူးတုပ်ပြီး ထိုင်ချလိုက်တယ်။ပြီးတော့အားလုံးကို ထိုင်ကန်တော့လိုက်တယ်…။

“ကျွန်မတောင်းပန်ပါတယ်ရှင်…ကျွန်မအတွက် အားလုံးဒုက္ခရောက်ရတယ်ဆိုရင်တော့ ကျွန်မတောင်းပန်ပါတယ်လို့..” ငိုပြီးပြောခဲ့တယ်။

◾️◾️

“ကိုယ့်သမီးလေးများ ဖြစ်ခဲ့ရင်..?” ဆိုတဲ့ အတွေးမရှိ…မစာနာတတ်တဲ့ လူမှုရေးအဖွဲ့ အစည်းက ကလေးမလေးဘက်မှာ မရပ်တည်ခဲ့သလို …တရားဥပဒေကလည်း ကလေးမလေးဘက်မှာ မရှိခဲ့ပါ..။

တရားဥပဒေအရ ကောင်မလေးရဲ့အမေက အဲဒီအကြောင်းကို အင်တာနက်ထဲမှာရေးချပြီးတော့ တစ်တိုင်းပြည်လုံးသိအောင်လုပ်တဲ့အတွက် ကောင်မလေးရဲ့ အမေဟာ အပြစ်ရှိတယ်….။ကောင်လေးရဲ့ နာမည်ကို ထည့်မရေးပေမဲ့ သွယ်ဝိုက်ပြီး မူကြိုကျောင်းရဲ့ နာမည်ပါနေတယ်… ကွန်မန့်တွေထဲမှာ ပါနေတာကြောင့် post တင်သူ.. ကွန်မန့်ရေးသူ တွေအားလုံး အပြစ်ရှိတယ်..။ကောင်လေးဖက်က တရားစွဲမယ်လို့ သတိပေးလိုက်တယ်…။ကောင်လေးရဲ့ ဖခင်က ကျောထောက်နောက်ခံရှိတဲ့ rugby နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားတစ်ဦးလေ…..။

◾️◾️

တောင်ကိုရီးယားမှာ ၁၄ နှစ်အောက် အရွယ်ကလေးတွေ ကျူးလွန်တဲ့အမှုကို ရာဇဝတ်မှု လို့ အမည် တပ်ခွင့်မရှိပါ..။ Civil law ၇၅၃ အရ ၁၀ နှစ်အောက်ဆို လုံးဝအပြစ်ပေးလို့ မရ..။ဒါပေမဲ့ သမီးလေးအမှုကို “ ** မူကြိုကျောင်း လိင်အစော်ကားခံရတဲ့အမှု” အသိများတယ်…။ ဒီပြဿနာမှာ အပြစ်ပေးလို့ရမယ့်သူ မရှိပါ..။၂ နှစ် ၃ နှစ်လောက်အကြာ.. သမီးလေးအသက် ၈ နှစ်လောက်မှ တရားစွဲဆိုခွင့်ရှိပေမယ့် အဲဒီ အချိန်မှ သမီးလေးက ဒီအကြောင်းတွေ တရားခွင်မှာ ထပ်ပြောပြနိုင်ပါမှ…။

ဒါဟာ လူ့လောကကြီးမှာ လက်တွေ့ဖြစ်နေတဲ့ ဖြစ်စဉ်ပါပဲ…။တရားလိုကို တရားပြန်စွဲလို့ရတဲ့ ဥပဒေ…။တရားလိုပဲရှိပြီး တရားခံမရှိတဲ့ လောကကြီး။ ခံရတဲ့လူကို အပြစ်ပြောတဲ့ လောကကြီး။ ဒါကြောင့် ဒီလိုပြဿနာမျိုးဟာ သိပ်ပြီး သိမ်မွေ့ ခက်ခဲတယ်..။ ဒေါသတကြီး ဖြေရှင်းလို့မရ….။ နားလည်တဲ့ ရှေ့နေတွေနဲ့ ဥပဒေကြောင်းအတိုင်း ပညာသားပါပါ ကိုင်တွယ်ဖြေရှင်းရမှာဖြစ်တယ်..။ပြည်သူတွေကလည်း စေတနာနဲ့ ကူညီရာကနေ တစ်ခါတစ်ရံ ပိုပြီး ဒုက္ခပေးသလိုဖြစ်သွားတတ်တယ်…။

◾️◾️

ဥပဒေအရ ကလေးချင်းရန်ဖြစ်၊ အမှားအယွင်းရှိရင် ကလေးမိဘတွေက ဒဏ်ငွေ ဆောင်ရတာမျိုးရှိတယ်..။မူကြိုကျောင်းမှာဖြစ်ရင် အလုပ်တာဝန်ပျက်ကွက်မှုနဲ့ မူကြိုကျောင်း ဆရာမတွေ အရေးယူခံရတာမျိုးရှိတယ်..။

◾️◾️

လူမှုရေးအရ ကြည့်မယ်ဆိုရင် ကောင်လေးမိဘတွေရဲ့ ယဉ်ကျေးမှု၊ တာဝန်သိမှု၊ တာဝန်ယူမှုကပဲ အရေးကြီးတယ်..။သူတို့နေတဲ့ ရပ်ကွက်ကလေးက ကလေးတွေအရမ်းနည်းတယ်။ အဲဒါကြောင့်မို့ ကလေးတွေအားလုံး မူကြိုကျောင်း တစ်ခုတည်းကို အတူတူသွားကြတယ်…။ဒီကလေးတွေဟာ မူလတန်းကျောင်း၊အလယ်တန်းကျောင်း၊အထက်တန်းကျောင်း အတူတူ တက်ရမှာဖြစ်တယ်။ဒီမိသားစုနှစ်ခုထဲက မိသားစုတစ်ခုက အဲဒီရပ်ကွက်ကနေ အိမ်ပြောင်းပေးမှဖြစ်မယ်။

◾️◾️

မကြာသေးခင်ကပဲ ပြည်သူတွေရဲ့ ဖိအားနဲ့ ကောင်လေးရဲ့ မိဘတွေက ကောင်လေးကို မူကြိုကျောင်းက ထုတ်ပစ်လိုက်ပါပြီ…။သမီးလေးကလည်း အဲဒီနေ့က စ ပြီး မူကြိုကျောင်း မတက်တော့ပါ..။ဘေးနားက ဝန်းရံပေးတဲ့ ကလေး ၃ ယောက်ကတော့ ဆက်ပြီး တက်နေတုန်းဖြစ်ပါတယ်..။ပထမ အိမ်လည်းပြောင်းပေးပါ့မယ်လို့ ကတိပေးပေမဲ့ CCTV သက်သေမရှိတော့ သူတို့ အိမ်မပြောင်း..။သမီးရဲ့ မိခင်က ဖုန်းမက်ဆွေခ်ျ ပို့မေးတော့ စာမပြန်တော့ ..။ကောင်လေး ဘက်ကလည်း ဒီကိစ္စကို ပုံကြီးချဲ့တယ်ဆိုပြီး ခပ်တင်းတင်းပဲ..။

◾️◾️

ကလေးမလေးဟာ သူမ လိင် အစော်ကားခံရတယ်ဆိုတာ မသိပါ။ ဒါပေမဲ့ သူမကိုအနိုင်ကျင့်တယ်ဆိုတာတော့ သူမ နားလည်တယ်။နောင် အသက် ၁၄ နှစ်ကျော်လာလို့ ကျောင်းမှာ sex education သင်ရလို့ လိင်ကိစ္စကို နားလည်ရတဲ့အခါမှာ သူဒီလိုမျိုး လိင်စော်ကားခံရတယ်ဆိုတာ သူမ နားလည်လာမယ်..။ ဒီကိစ္စဟာ အသေးအဖွဲ ကိစ္စမဟုတ်ပါဘူး။
ကိုယ့်ကိုယ်ကို သတ်သေကြတဲ့ အထိ ဖြစ်တတ်တယ်..။

ဒါကို butterfly effect လို့ခေါ်တယ်…။butterfly effect ဆိုတာ လိပ်ပြာတွေ ရဲ့ အတောင်ပံခတ်မှု တွေကစပြီး လေဆင်နှာမောင်းကြီး (tornado) အထိဖြစ်နိုင်တာမို့ လိပ်ပြာတွေ ရဲ့ အတောင်ပံခတ်မှု အသေးအမွှားလေး ကို လစ်လျှူရှုလို့မရဘူးလို့ ဆိုလိုတယ်…။ကနဦး အခြေအနေ သေးသေးလေးတစ်ခုဟာ နောင်မှာ သိသိသာသာကွဲပြားတဲ့ ရလဒ်အကြီးကြီး ထွက်ပေါ်လာနိုင်တယ်ဆိုတာပဲ…။

◾️◾️

18

ဒီပြဿနာဟာ သူများသားသမီးဆီမှာဖြစ်တာမို့ ကိုယ်နဲ့မဆိုင်ဘူးလို့ ပေါ့ပေါ့နေလို့မရ….။ စမတ်ဖုန်းတွေဆီက မကောင်းတဲ့ အတုခိုးလွယ်တဲ့ ဒီဘက်ခေတ်မှာ ကိုယ့်သားသမီးတွေဆီ ဒီလို ပြဿနာမျိုး အချိန်မရွေးရောက်လာနိုင်တယ်လို့ သတိထားရမှာဖြစ်တယ်…။

◾️◾️

စိတ်ပညာရှင်တွေက ဒီလို ဒုက္ခတွေကို ရင်ဆိုင်နေရတဲ့ ကလေးတွေဟာ အပြောင်းအလဲတွေ ဖြစ်လာတတ်တယ်လို့ သတိပေးတယ်..။

▪️ရုတ်တရက် ကလေးဟာ နေ့လယ်ပိုင်းအချိန်တွေမှာတောင် ထူးထူးဆန်းဆန်း ကြောက်လာတယ်..။

▪️မီးဖွင့်ထားတာတောင် အိပ်မပျော်နိုင်အောင် ကြောက်တတ်လာတယ်။ အိပ်မက်ဆိုးတွေမက်ပြီး ငိုတတ်လာတယ်..။

▪️သူတို့ဟာ တခြားကလေးတွေ မကြောက်တတ်တဲ့နေရာတွေမျိုး…တခြားကလေးတွေ မကြောက်တဲ့ပစ္စည်းတွေကို ကြောက်လန့်လာတယ်..။

▪️ရုတ်တရက် မိဘကို ကလေးလေး တစ်ယောက်လို အရမ်းတွယ်ကပ်လာတယ်..။

▪️မွေးကင်းစ ကလေးလေးတွေလို လက်မတွေစုပ်..။ ကလေးငယ်လေးတွေမှ လုပ်တတ်တဲ့ အမူအရာတွေ လုပ်လာတယ်။

▪️ဘာမှပြဿနာ ကြီးကြီးကျယ်ကျယ် မရှိဘဲနဲ့ ဒေါသတကြီး အော်ဟစ်တယ်။ ငိုယိုတယ်။

▪️ရုတ်တရက် အစားအသောက်တွေ သိပ်မစားတော့ဘူး..။ဒါမှမဟုတ်အစားအသောက်တွေ အငမ်းမရ စားလာတယ်။

▪️မကြာခဏ ခေါင်းကိုက်တယ်၊ ဗိုက်နာတယ် ပြောလာတယ်။

▪️အရာရာကို အာရုံစူးစိုက်မှု နည်းလာတယ်။

▪️ကျောင်းစာသင်တာတွေကို ရုတ်တရက်စိတ်မဝင်စားတော့ပဲ..သူငယ်ချင်းတွေနဲ့လည်းတူတူ မဆော့ချင်တော့…။

▪️ကလေးက မိမိရဲ့ အင်္ဂါတွေက ယားယံ၊ နာကျင်တယ်လို့ပြောလာတယ်..။ အနံ့တွေနံ လာတယ်။

▪️မိမိရဲ့အင်္ဂါထဲကို အရုပ်တွေ၊ တွေ့ကရာ ပစ္စည်းတွေထိုးထည့်တယ်..။

▪️အရုပ်တွေနဲ့ လိင်ဆက်ဆံသလို ကစားနည်းတွေ ကစားလာတယ်။

▪️ကိုယ့်ထက်ငယ်တဲ့သူကို သူခံရတဲ့အတိုင်းပြန်လုပ်လာတယ်။

◾️◾️

သင့်ကလေးရဲ့ ခန္ဓာကိုယ် နဲ့ စိတ်ထဲမှာ ဒါဏ်ရာတစ်ခု မစွဲမြဲစေဖို့ ဒီလိုဖြစ်လာရင် အထူးကုဆရာဝန်ရဲ့ အကူအညီနဲ့ ကလေးကို ဂရုစိုက်ရမှာဖြစ်တယ်..။ဒီလို ပြဿနာဖြစ်လာရင် ဒေါတကြီးနဲ့ အမှားတွေလုပ်.. စိတ်ရှုပ်ပြီး အရေးအကြီးဆုံးဖြစ်တဲ့ သင်ဟာ သင့်ကလေးရဲ့ စိတ်ဝေဒနာကို ဂရုမစိုက်မိဖြစ်နေတတ်တယ်…။

◾️◾️

ကလေးမလေးကတော့…သူမကို နာကျင်အောင်လုပ်တဲ့ လက်ညှိုးတွေကို မုန်းတယ်…။လက်ညှိုးတွေမှာ လက်သည်းရှိရင် ကလေးမလေးက ကြောက်တယ်…။အဲဒါကြောင့် သူမဟာ သူမရဲ့လက်ညှိုးတွေက လက်သည်းတွေကို ကိုက်ထုတ်ပစ်တယ်…။ကလေးမလေးဟာ လက်သည်းခွံတွေကို ကိုက်လွန်းလို့ လက်သည်းခွံတွေ ကျွတ်ကုန်တယ်..။ကလေး မလေးဟာ လက်သည်းခွံတွေကို မုန်းတယ်…။

မရွှေမိုး ( ကိုရီးယား )
December 24th, 2019.

Zawgyi font – https://www.facebook.com/100042819450009/posts/140803684023613/?d=n

References

성남 어린이집 사건 충격적인 범인의 정체 [킴킴변호사]
Dec 6, 2019

성남 어린이집 성폭행사건 처음부터 현재까지 정리해봤어요!
프로필
민나리
2019. 12. 3. 13:04

성남 어린이집 성폭행 사건
최근 수정 시각: 2019-12-20 12:51:39

Credit-Shwe Moe

Add a Comment

Your email address will not be published. Required fields are marked *