မြန်မာ – ထိုင်းနယ်စပ် တွင် လူသေအလောင်း ( ၇ ) လောင်း တွေ့ရှိ

၂၀၂၀ ဖေဖဝါရီ ။ ၂၇ ရက် ။ ။ ထိုင်း – မြန်မာနယ် စပ် မယ်ဆိုင်မြို့နယ် ကော့ချန်းကျေးရွာအုပ်စု ၊ ရပ်ကွက် ၁၁ နယ်မြေအတွင်း ၊ ပါဒဲန်းလွမ် Golden House Project အနီး နယ်စပ်ေ ချောင်းနှင့် ၁ ကီလို မီတာ အကွာ ရှိေ ရလှေကန် ထဲ တွင် အမျိုးသားရုပ် အလောင်း ၇ လောင်း မှာ ပုတ်ပွပြီးရေပေါ် သို့ပေါ်လာကြောင်း ရွာသားများမှ သတင်းပေးပို့လာ သဖြင့် ဖေဖဝါရီလ ၂၇ ရက်နေ့ မ နက် ၁၀:၀၀ ချိန်ခန့် တွင် အမှတ် (၂) ဖာမိန်းတပ်ရင်း မှ တပ်ခွဲ (၃) မှတပ်ဖွဲ့ဝင်များ ၊ မယ်ဆိုင်မြို့တော်ဝန် မစ္စတာစုမ်းချိုင်း ခနာခမ်း၊ ကော့ချန်းနယ်မြေခံရဲတပ်ဖွဲ့မှူး ၊ ရဲမှူးကြီး ပဝင်း ထောင်းစုမ်းဘွန်းတို့နှင့် အတူ ကျမ္မာရေး ဝန်ထမ်းများပါ သွားရောက် စစ်ဆေးခဲ့ကြ သည် ။

မြန်မာ – ထိုင်းနယ်စပ် တွင် လူသေအလောင်း ( ၇ ) လောင်း တွေ့ရှိ


မြန်မာ – ထိုင်းနယ်စပ် တွင် လူသေအလောင်း ( ၇ ) လောင်း တွေ့ရှိ


Photo Crd


Unicode

၂၀၂၀ ဖဖေဝါရီ ။ ၂၇ ရကျ ။ ။

ထိုင်း – မြန်မာနယ် စပ် မယ်ဆိုင်မြို့နယ် ကော့ချန်းကျေးရွာအုပ်စု ၊ ရပ်ကွက် ၁၁ နယ်မြေအတွင်း ၊ ပါဒဲန်းလွမ် Golden House Project အနီး နယ်စပ်ချောင်းနှင့် ၁ ကီလို မီတာ အကွာရှိရေလှေကန် ထဲ တွင် အမျိုးသားရုပ် အလောင်း ၇ လောင်း မှာ ပုတ်ပွပြီးရေပေါ် သို့ပေါ်လာကြောင်း ရွာသားများမှ သတင်းပေးပို့လာသဖြင့် ဖေဖဝါရီလ ၂၇ ရက်နေ့ မ နက် ၁၀:၀၀ ချိန်ခန့်တွင် အမှတ် (၂) ဖာမိန်းတပ်ရင်း မှ တပ်ခွဲ (၃) မှတပ်ဖွဲ့ဝင်များ ၊ မယ်ဆိုင်မြို့တော်ဝန် မစ္စတာစုမ်းချိုင်း ခနာခမ်း၊ ကော့ချန်းနယ်မြေခံရဲတပ်ဖွဲ့မှူး ၊ ရဲမှူးကြီး ပဝင်း ထောင်းစုမ်းဘွန်းတို့နှင့် အတူကျမ္မာရေး ဝန်ထမ်းများပါ သွားရောက် စစ်ဆေးခဲ့ကြ သည် ။

ရုပ်အလောင်းများ မှာ ပြန့်ကျဲလျှက်တစ်နေရာစီ မျောပါသောင်တင်နေသဖြင့် တာဝန်ရှိ တပ်ဖွဲ့ဝင်များ ၏ သုံးသပ်ချက်အရ ပြီးခဲ့တဲ့ ဖေဖဝါရီလ ၂၄ ရက်နေ့ က မူးယစ် ဆေးဝါး သယ်ဆောင်လာသောအဖွဲ့နှင့်ထိတွေ့ပစ်ခတ်မှုများဖြစ်ခဲ့ပြီး စိတ်ကြွဆေးပြား ၂,၀၀၀,၀၀၀ ပြားနှင့် အိုက်စ် ၁၄ ကီလိုတို့သိမ်းဆည်းရမိခဲ့ပေမယ့် အရှင်ဖမ်းဆီးမရမိခဲ့သည့်အတွက် တစ်ဖွဲ့တည်းဖြစ်နိုင်သလို အချင်းချင်းနှုတ်ပိတ်သတ်ဖြတ်ခြင်းလည်းဖြစ်နိုင်သည်ဟုသုံးသပ်ထားကြောင်းသိရ ။

အဆိုပါ ရုပ်အလောင်း ၇ လောင်းမှာ လွန်ခဲ့သည့် ၂/၃ ရက်ခန့်ကသေဆုံးထားကြောင်းနှင့် ခန္ဓာကိုယ်မှ ဒဏ်ရာ ဒဏ်ချက်များကိုတော့ အသေးစိတ်ဖော်ပြရေးသားထားခြင်းကို မတွေ့ရှိရဘဲ ချင်းရိုင်းပြည်နယ် ” ပရာချာနုခေါ့ ပြည်သူ့ဆေးရုံသို့ ၁၂:၀၀ ချိန်တွင် သယ်ဆောင်သွားပြီး ရဲမှုခင်းဆရာဝန်မှ ခွဲစိတ်စစ်ဆေးသွားမှာဖြစ်ကြောင်း သတင်းရရှိသည် ။

Photo Crd

Credit-SiThu Maung ( လေးစားစွာဖြင့် )

Add a Comment

Your email address will not be published. Required fields are marked *