နေပြည်တော် မှာ မူကြိုကလေး အချင်းချင်း မဖွယ်မရာ ပြုကျင့်မှုဖြစ်ပွား

နေပြည် တော် ၊ မင်္ဂလာ သိဒ္ဓိရပ် ကွက်မှာ ဖွင့်လှစ်ထား တဲ့ မူကြိုကျောင်း မှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၀ရက်နေ့ က မူကြိုကျောင်းသူ အသက် (၄)နှစ် (၄) လအရွယ်ကို အတန်း အတူတက်တဲ့ အသက်အရွယ်တူ မူကြို ကျောင်းသား က အဓမ္မပြုကျင့် တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ လို့ အမှုဖွင့်တိုင် တန်းမှုတွေ ရှိ တဲ့ အကြောင်း ဇမ္ဗူသီရိမြို့နယ် ၊ အမှတ်( ၁ ) မြို့မရဲစခန်း ကနေ သိရ ပါတယ် ။

1

လူမှုဝန်ထမ်း ဦးစီးဌာနက ဖွင့်လှစ်ထားတဲ့ မူကြိုကျောင်းမှာထားတဲ့ သမီးဖြစ်သူ ကို မိခင်ဖြစ်သူက ရေချိုးပေးနေချိန် မိန်းမ ကိုယ်နာတယ်လို့ မေးမြန်းတဲ့ အခါ မူကြိုကျောင်းမှာ အိပ်ရာ မှနိုးတဲ့ အ ချိန် တစ်ခန်းတည်း အတူ မူကြိုတက်ရောက်နေ တဲ့ အသက်တူ ယောကျာင်္းလေးကျောင်းသား က ကာမဆက်ယှက်တဲ့ ပုံစံအတိုင်းလု ပ်ခဲ့တယ်လို့ပြောကြောင်းနဲ့ တခြား အတန်း ဖေါ်တွေက “ ကရော် ကရော် ” ရှက်ပါတယ် ဟု ဝိုင်းပြောကြကြောင်း ပြန်လည် ပြောပြ သိရှိခဲ့တာ့ကြောင့် မိခင်ဖြစ်သူက ဇဗ္ဗူသီရိမြို့နယ် အမှတ်(၁)မြို့မရဲစခန်းကို လာရောက် အမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။

2

သက်ဆိုင်ရာ ရဲစခန်းတာဝန်ရှိသူကို ဗီအိုအမ်က ဆက်သွယ်မေးကြည့်တော့ “ ဒီဖြစ်စဉ်ဟုတ်ပါတယ်။ ဒီကိစ္စ လျို့ဝက်အနေနဲ့ ဌာနပေါင်းစုံက စစ်ဆေးနေပြီး နှစ်ဘက်ညှိနိုင်းပြီး အရမ်းငယ် တဲ့ကလေးတွေ မို့ ပြစ်မှုမြောက် မမြောက် ဆွေးနွေးနေဆဲ ” လို့ ဆို ပါတယ် ။ ရဲစခန်း ကတော့ ဒီဖြစ်စဉ် ကို ( ပ ) ၁၉ / ၂၀၂၀ ၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ နဲ့ ကနဦး အမှုလက်ခံ ဖွင့်ဆောင် ရွက်ထားပြီး ကာယကံရှင် မိန်းကလေးငယ်ကို ခုတင် ၁၀၀၀ ဆေးရုံ မှာ ဆေးစာနဲ့ ပို့ပေးတာ ၊ သက်ဆို င်တဲ့ မူကြိုကျောင်း ကို သက်သေ ရှာဖွေတာတွေ နဲ့ မဖွယ်မရာလုပ်တဲက ယောကျာင်္းလေး ကို စစ်ဆေးမှု လုပ်ဖို့ ဆောင်ရွက်နေတယ် လို့ ရဲစခန်းကနေ စုံစမ်း သိရပါတယ် ။

3

သက်ဆိုင်ရာ ကျောင်း ကို နဲ့ မိဘတွေ ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ် ပါတယ် ။

ဗွိုက်စ်အော့ဖ်မြန်မာ

Add a Comment

Your email address will not be published. Required fields are marked *