ကမ္ဘာ့နိုင်ငံ နှင့် နယ်မြေ (၅၂) ခု ကို ပျံ့နှံ့ရောက်ရှိနေပြီ ဖြစ်တဲ့ ကိုရိုနာဗိုင်းရဗ်စ်

ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားတာကြောင့် သေဆုံးသူဦးရေဟာ စုစုပေါင်း သေဆုံးသူဦးရေ (၂၈၅၈) ဦး ရှိသွားပြီ ဖြစ်ပါတယ် ။နောက်ဆုံးရရှိသောစာရင်းများအရ နိုင်ငံနှင့် နယ်မြေ ၅၂ ခုတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသူလူနာပေါင်း ၈၃၁၀၆ ဦး၌ ၂၈၅၈ ဦးသေဆုံးပြီး ၃၆၅၂၅ ဦးမှာ ရောဂါသက်သာပျောက်ကင်းသွားပြီဖြစ်ကြောင်းသိရပါတယ်။ ဒိန်းမတ်၊ အက်စတိုနီးယား၊ စန်မာရီနို နဲ့ နယ်သာလန်နိုင်ငံ တို့မှာလည်း မနေ့က စတင်ဖြစ်ပွားလာခဲ့ပါတယ်။

1

အခုဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်ဟာ တကမ္ဘာလုံးကို ပြန့်နှံ့သွားမယ့် အခြေအနေရှိနေတာကြောင့် ကြိုတင် ပြင်ဆင်ထားကြဖို့ လိုအပ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်ဇ် က မနေ့က သတိပေးပြောကြားလိုက်ပါတယ်။

“ ကိုရိုနာဗိုင်းရဗ်စစ်ရောဂါပိုးဟာ ကမ္ဘာ့နိုင်ငံအများအပြားကို ကူးစက်ပြန့်နှံ့နေတာကြောင့် ကာကွယ် တားဆီးနိုင်ဖို့ နိုင်ငံတိုင်းက အစွမ်းကုန် ကြိုးစားလုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။ ဒီလိုတာဆီးကာကွယ်ဖို့လုပ်ဆောင်ရာမှာ လူ့အခွင့်အရေးအရ တဦးတယောက်ကို ဖိနှိပ် ချုပ်ချယ်မှုမပါဘဲ အစွမ်းကုန် ကြိုးစား ဟန့်တားကြဖို့ လိုအပ်ပါတယ်။”

2

တောင်ကိုရီးယားနိုင်င်ငံမှာ ကိုရိုနာဗိုင်းရဗ်စ်ရောဂါ ကူးစက်မူတွေ မြင့်တက်လာတဲ့အတွက်ကြောင့် ရုရှားအစိုးရက တောင်ကိုရီးယားနိုင်ငံကို သွားလာပျံသန်းတဲ့ လေယာဉ်ခရီးစဉ်တွေကို ရပ်ဆိုင်းသွားမယ်လို့ မနေ့ကကြေညာလိုက်ပါတယ်။

ဂျပန်နိုင်ငံမှာ ခရီးသွားဧည့်သည်ဘတ်စ်ကားလမ်းညွှန် လုပ်ကိုင်နေတဲ့ အမျိုးသမီးတစ်ဦးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားလို့ ပျောက်ကင်းကုသအပြီး သီတင်းပတ်တွေအတွင်းမှာပဲ နောက်တစ်ကြိမ် ကိုရိုနာဖြစ်ပွားတာကို စစ်ဆေးတွေ့ရှိကြောင်း အိုဆာကာစီရင်းစုအစိုးရက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ကိုရိုနာကူးစက်မှုအရေး စိုးရိမ်ပူပန်လျက် ရှိနေကြချိန်မှာ နိုင်ငံအတွင်း ပထမဆုံးအဖြစ် လူတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် နှစ်ကြိမ် ကူးစက်ခံရမှုလည်း ဖြစ်ပါတယ်။

ကိုရိုနာ ကူးစက်လာမှာကို ကြိုတင်ပြင်ဆင်ရန် အမေရိကန်က မြို့နဲ့ စီရင်စုတွေဟာ ကျန်းမာရေးအရေးပေါ် အခြေအနေ ကြေညာပေမယ့် ကြောက်လန့်တကြား ဖြစ်စရာ မလိုဘူးလို့ ဆိုပါတယ်။

ဆန်ဖရန်စစ္စကိုလို မြို့တွေနဲံ ဆန်ဒီယာဂို၊ အောရန့်နဲ့ ဆန်တာကလာရာလို စီရင်စုတွေမှာ ကိုရိုနာဖြစ်ပွားလာရင် ကိုင်တွယ်ဖြေရှင်းရေး ရန်ပုံငွေ ရရှိအောင် အရေးပေါ် အခြေအနေ ကြေညာလာကြတာ ဖြစ်ပါတယ်။

ဇန်နဝါရီနှောင်းပိုင်းမှာ ဝါရှင်တန်ပြည်နယ်ဟာ COVID-19 ခေါ် ကိုရိုနာဗိုင်းရပ်စ်အရေးအတွက် အဆင့် ၁ အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။ ဝါရှင်တန်ပြည်နယ်ဟာ ကိုရိုနာကို ပထမဆုံး စစ်ဆေးတွေ့ရှိတဲ့ အမေရိကန်ပြည်နယ်တစ်ခုပဲ ဖြစ်ပါတယ်။

3

ခုလို အရေးပေါ် အခြေအနေကြေညာခြင်းဟာ ပြည်နယ်နဲ့ ဗဟိုအစိုးရတွေက ကိုရိုနာအရေး ပြင်ဆင်ရာမှာ ကုန်ကျစရိတ်ကို ပြန်လည်ဖာထေးမယ့် ရန်ပုံငွေ ရရှိစေမယ်လို့ CNN က ဆိုပါတယ်။ တောမီးဘေး၊ ဟာရီကိန်း၊ ငလျင်နဲ့ အခြားရာသီဥတုဖြစ်စဉ်လို သဘာဝဘေးတွေနဲ့ အဓိကရုန်းလို အဓိကအရေးပေါ် ကိစ္စတွေမှာလည်း အရေးပေါ်အခြေအနေ ကြေညာလေ့ရှိပါတယ်။

4

ဆန်ဖရန်စစ္စကိုဟာ ကိုရိုနာကူးစက်သေးခြင်း မရှိတဲ့ မြို့ဖြစ်ပေမယ့် မြို့တော်ဝန် လန်ဒန်ဘရိဒ်က အရေးပေါ်အခြေအနေ ကြေညာတာဟာ ကြိုတင်ပြင်ဆင်မှုပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီလို ကြေညာတဲ့အတွက် ခိုလှုံရေးစခန်းတွေလို၊ အခြားသော အခွင့်အလမ်းတွေမှာ ကျွန်မတို့ ကုန်ကျစရိတ်ကို ရှာဖွေပေးနိုင်မှာ ဖြစ်တယ်။ ကိုရိုနာ ကူးစက်လာခဲ့ရင် မြို့ရဲ့ တုံ့ပြန်နိုင်စွမ်းကို ကြိုတင်အားဖြည့်ပေးနိုင်မှာ ဖြစ်တယ်။”လို့ လန်ဒန်ဘရိဒ်က ပြောခဲ့ပါတယ်။

Rf; Business Insider
Writer_ မောင်သံဆင့်(XYZ News)

Add a Comment

Your email address will not be published. Required fields are marked *